< ויקרא 14 >
၁ထာဝရဘုရားကကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအားဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းဆိုင်ရာအောက်ဖော်ပြ ပါပညတ်များကိုမောရှေအားချမှတ်ပေး တော်မူ၏။ ထိုသူအားသန့်စင်သူအဖြစ် ကြေညာမည့်နေ့၌ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။-
זאת תהיה תורת המצרע ביום טהרתו והובא אל הכהן | 2 |
၂
ויצא הכהן אל מחוץ למחנה וראה הכהן והנה נרפא נגע הצרעת מן הצרוע | 3 |
၃ယဇ်ပုရောဟိတ်သည်သူ့ကိုစခန်းအပြင် သို့ထုတ်၍စစ်ဆေးရမည်။ သူ၏ရောဂါ ပျောက်ကင်းလျှင်၊-
וצוה הכהן ולקח למטהר שתי צפרים חיות טהרות ועץ ארז ושני תולעת ואזב | 4 |
၄ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။-
וצוה הכהן ושחט את הצפור האחת--אל כלי חרש על מים חיים | 5 |
၅ထို့နောက်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ ငှက်တစ်ကောင်ကိုသတ်စေရ မည်။-
את הצפר החיה יקח אתה ואת עץ הארז ואת שני התולעת ואת האזב וטבל אותם ואת הצפר החיה בדם הצפר השחטה על המים החיים | 6 |
၆ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-
והזה על המטהר מן הצרעת--שבע פעמים וטהרו ושלח את הצפר החיה על פני השדה | 7 |
၇ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
וכבס המטהר את בגדיו וגלח את כל שערו ורחץ במים וטהר ואחר יבוא אל המחנה וישב מחוץ לאהלו שבעת ימים | 8 |
၈ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
והיה ביום השביעי יגלח את כל שערו את ראשו ואת זקנו ואת גבת עיניו ואת כל שערו יגלח וכבס את בגדיו ורחץ את בשרו במים--וטהר | 9 |
၉သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
וביום השמיני יקח שני כבשים תמימם וכבשה אחת בת שנתה תמימה ושלשה עשרנים סלת מנחה בלולה בשמן ולג אחד שמן | 10 |
၁၀အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
והעמיד הכהן המטהר את האיש המטהר--ואתם לפני יהוה פתח אהל מועד | 11 |
၁၁ယဇ်ပုရောဟိတ်သည်ထိုသူကိုအထက်ပါ ပူဇော်သကာများနှင့်တကွ ထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ် ဆောင်ခဲ့ရမည်။-
ולקח הכהן את הכבש האחד והקריב אתו לאשם--ואת לג השמן והניף אתם תנופה לפני יהוה | 12 |
၁၂ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။-
ושחט את הכבש במקום אשר ישחט את החטאת ואת העלה--במקום הקדש כי כחטאת האשם הוא לכהן--קדש קדשים הוא | 13 |
၁၃သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။-
ולקח הכהן מדם האשם ונתן הכהן על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית | 14 |
၁၄ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ်ကို ပြုနေသောသူ၏လက်ယာနားပျဉ်း၊ လက် ယာလက်မနှင့်လက်ယာခြေမတို့တွင်သိုး ၏သွေးဖြင့်သုတ်ရမည်။-
ולקח הכהן מלג השמן ויצק על כף הכהן השמאלית | 15 |
၁၅ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက် ဝဲလက်ဖဝါးထဲသို့သံလွင်ဆီအနည်း ငယ်ကိုလောင်းထည့်လျက်၊-
וטבל הכהן את אצבעו הימנית מן השמן אשר על כפו השמאלית והזה מן השמן באצבעו שבע פעמים לפני יהוה | 16 |
၁၆လက်ယာလက်ညှိုးဖြင့်ဆီကိုတို့၍ ထာဝရ ဘုရား၏ရှေ့တော်တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
ומיתר השמן אשר על כפו יתן הכהן על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית--על דם האשם | 17 |
၁၇တစ်ဖန်သူသည်ဘာသာရေးထုံးနည်း အရ သန့်စင်ခြင်းဝတ်ကိုပြုနေသူ၏ လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက် ယာခြေမတို့တွင်လက်ဖဝါးထဲမှဆီ နှင့်သိုး၏သွေးအနည်းငယ်ဖြင့်သုတ် ရမည်။-
והנותר בשמן אשר על כף הכהן יתן על ראש המטהר וכפר עליו הכהן לפני יהוה | 18 |
၁၈လက်ဖဝါးထဲတွင်ကျန်ရှိသောဆီဖြင့် ထို သူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအား ဖြင့်သူသည်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
ועשה הכהן את החטאת וכפר על המטהר מטמאתו ואחר ישחט את העלה | 19 |
၁၉ထိုနောက်ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကိုပူဇော်၍ သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရမည်။ ထိုနောက်သူသည်မီးရှို့ရာယဇ် ကောင်ကိုသတ်၍၊-
והעלה הכהן את העלה ואת המנחה המזבחה וכפר עליו הכהן וטהר | 20 |
၂၀ဘောဇဉ်ပူဇော်သကာနှင့်တကွ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအား ဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ် ကိုဆောင်ရွက်ပြီးနောက်ရောဂါပျောက်ကင်း သူသည်သန့်စင်လိမ့်မည်။
ואם דל הוא ואין ידו משגת--ולקח כבש אחד אשם לתנופה לכפר עליו ועשרון סלת אחד בלול בשמן למנחה--ולג שמן | 21 |
၂၁ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-
ושתי תרים או שני בני יונה אשר תשיג ידו והיה אחד חטאת והאחד עלה | 22 |
၂၂အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ် အတွက်တစ်ကောင်စီပူဇော်ရန် ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင်ကိုလည်းယူခဲ့ရမည်။-
והביא אתם ביום השמיני לטהרתו--אל הכהן אל פתח אהל מועד לפני יהוה | 23 |
၂၃သန့်စင်ခြင်းဝတ်ကိုပြုသည့်အဋ္ဌမနေ့၌ သူသည် ထိုပူဇော်သကာတို့ကိုယဇ်ပုရော ဟိတ်ထံတဲတော်တံခါးဝသို့ယူဆောင်ခဲ့ ရမည်။-
ולקח הכהן את כבש האשם ואת לג השמן והניף אתם הכהן תנופה לפני יהוה | 24 |
၂၄ယဇ်ပုရောဟိတ်သည်သိုးနှင့်သံလွင်ဆီကို ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးပူဇော်သကာအဖြစ်ဆက်ကပ်ရမည်။-
ושחט את כבש האשם ולקח הכהן מדם האשם ונתן על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית | 25 |
၂၅သူသည်သိုးကိုသတ်ပြီးလျှင်သွေးအနည်း ငယ်ဖြင့် ထိုသူ၏လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့ကိုသုတ်ရမည်။-
ומן השמן יצק הכהן על כף הכהן השמאלית | 26 |
၂၆ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက်ဝဲ လက်ဖဝါးထဲတွင်ဆီအနည်းငယ်ကိုထည့် ၍၊-
והזה הכהן באצבעו הימנית מן השמן אשר על כפו השמאלית--שבע פעמים לפני יהוה | 27 |
၂၇လက်ယာလက်ညှိုးဖြင့် ထာဝရဘုရား၏ ရှေ့တော်၌ခုနစ်ကြိမ်ဖျန်းရမည်။-
ונתן הכהן מן השמן אשר על כפו על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית--על מקום דם האשם | 28 |
၂၈တစ်ဖန်သူသည်သွေးသုတ်ပြီးသောနေရာ များဖြစ်သည့်လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့တွင်ဆီအနည်း ငယ်သုတ်ရမည်။-
והנותר מן השמן אשר על כף הכהן יתן על ראש המטהר--לכפר עליו לפני יהוה | 29 |
၂၉တစ်ဖန်သူသည်လက်ဖဝါးထဲတွင်ကျန်ရှိ သောဆီဖြင့် ထိုသူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအားဖြင့်သန့်စင်ခြင်းဝတ်ကိုပြု ရမည်။-
ועשה את האחד מן התרים או מן בני היונה מאשר תשיג ידו | 30 |
၃၀ထိုနောက်ယဇ်ပုရောဟိတ်သည်ချိုးတစ်ကောင်၊ သို့မဟုတ်ခိုတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အတွက်လည်းကောင်း၊-
את אשר תשיג ידו את האחד חטאת ואת האחד עלה--על המנחה וכפר הכהן על המטהר לפני יהוה | 31 |
၃၁အခြားတစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ ထာဝရဘုရားအားပူဇော်ရမည်။ ဤနည်း အားဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်း ဝတ်ကိုဆောင်ရွက်ရမည်။-
זאת תורת אשר בו נגע צרעת אשר לא תשיג ידו בטהרתו | 32 |
၃၂ဤပညတ်သည်ကားဆင်းရဲ၍မတတ်နိုင် သည့်ကိုယ်ရေပြားရောဂါသည် လိုက်နာရ မည့်သန့်စင်ခြင်းဝတ်နှင့်ဆိုင်သောပညတ် ဖြစ်သတည်း။
וידבר יהוה אל משה ואל אהרן לאמר | 33 |
၃၃ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အိမ်များတွင်ဖားဥစွဲခြင်းနှင့်ပတ်သက် ၍ အောက်ဖော်ပြပါပညတ်များကိုချမှတ် ပေးတော်မူ၏။ (ဤပညတ်သည် ဣသရေလ အမျိုးသားတို့ပိုင်ဆိုင်နေထိုင်ရန် ထာဝရ ဘုရားပေးတော်မူမည့်ခါနာန်ပြည်သို့ရောက် ရှိပြီးနောက်လိုက်လျှောက်ရမည့်ပညတ်များ ဖြစ်သည်။-)
כי תבאו אל ארץ כנען אשר אני נתן לכם לאחזה ונתתי נגע צרעת בבית ארץ אחזתכם | 34 |
၃၄
ובא אשר לו הבית והגיד לכהן לאמר כנגע נראה לי בבית | 35 |
၃၅တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။-
וצוה הכהן ופנו את הבית בטרם יבא הכהן לראות את הנגע ולא יטמא כל אשר בבית ואחר כן יבא הכהן לראות את הבית | 36 |
၃၆ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် မစစ်ဆေးမီ ပစ္စည်းရှိသမျှကိုအပြင်သို့ ထုတ်စေရမည်။ ထိုသို့မပြုလုပ်လျှင်အိမ်ထဲ ၌ရှိသမျှသောပစ္စည်းများကိုမသန့်စင်ဟု ကြေညာရမည်။ ထိုနောက်သူသည်အိမ်ထဲ သို့ဝင်၍၊-
וראה את הנגע והנה הנגע בקירת הבית שקערורת ירקרקת או אדמדמת ומראיהן שפל מן הקיר | 37 |
၃၇ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊-
ויצא הכהן מן הבית אל פתח הבית והסגיר את הבית שבעת ימים | 38 |
၃၈သူသည်အိမ်အပြင်သို့ထွက်၍အိမ်ကို ခုနစ်ရက်ပိတ်ထားစေရမည်။-
ושב הכהן ביום השביעי וראה והנה פשה הנגע בקירת הבית | 39 |
၃၉သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-
וצוה הכהן וחלצו את האבנים אשר בהן הנגע והשליכו אתהן אל מחוץ לעיר אל מקום טמא | 40 |
၄၀ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
ואת הבית יקצע מבית סביב ושפכו את העפר אשר הקצו אל מחוץ לעיר אל מקום טמא | 41 |
၄၁ထိုနောက်အိမ်တွင်းထရံများမှအင်္ဂတေကို ခြစ်ခွာစေရမည်။ ခြစ်ခွာ၍ရသောအင်္ဂတေ ကိုမြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
ולקחו אבנים אחרות והביאו אל תחת האבנים ועפר אחר יקח וטח את הבית | 42 |
၄၂ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။
ואם ישוב הנגע ופרח בבית אחר חלץ את האבנים ואחרי הקצות את הבית ואחרי הטוח | 43 |
၄၃ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊-
ובא הכהן וראה והנה פשה הנגע בבית--צרעת ממארת הוא בבית טמא הוא | 44 |
၄၄ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။-
ונתץ את הבית את אבניו ואת עציו ואת כל עפר הבית והוציא אל מחוץ לעיר אל מקום טמא | 45 |
၄၅ထိုအခါအိမ်ကိုဖြိုချ၍ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကိုမြို့ပြင်ရှိအညစ်အကြေး စွန့်ရာအရပ်သို့ယူဆောင်သွားရမည်။-
והבא אל הבית כל ימי הסגיר אתו--יטמא עד הערב | 46 |
၄၆အိမ်ကိုပိတ်ထားသည့်ကာလအတွင်း အိမ်ထဲသို့ဝင်မိသူသည်ညဦးတိုင်အောင် မသန့်စင်ချေ။-
והשכב בבית יכבס את בגדיו והאכל בבית יכבס את בגדיו | 47 |
၄၇ထိုအိမ်ထဲတွင်အိပ်မိစားမိသူသည်လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။
ואם בא יבא הכהן וראה והנה לא פשה הנגע בבית אחרי הטח את הבית--וטהר הכהן את הבית כי נרפא הנגע | 48 |
၄၈အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။-
ולקח לחטא את הבית שתי צפרים ועץ ארז ושני תולעת ואזב | 49 |
၄၉ထိုအိမ်အတွက်သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရန်သူသည်ငှက်နှစ်ကောင်၊ သစ်ကတိုး သား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကို ယူဆောင်ခဲ့ရမည်။-
ושחט את הצפר האחת אל כלי חרש על מים חיים | 50 |
၅၀သူသည်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ငှက်တစ်ကောင်ကိုသတ်ရမည်။-
ולקח את עץ הארז ואת האזב ואת שני התולעת ואת הצפר החיה וטבל אתם בדם הצפר השחוטה ובמים החיים והזה אל הבית שבע פעמים | 51 |
၅၁ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
וחטא את הבית--בדם הצפור ובמים החיים ובצפר החיה ובעץ הארז ובאזב--ובשני התולעת | 52 |
၅၂ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
ושלח את הצפר החיה אל מחוץ לעיר--אל פני השדה וכפר על הבית וטהר | 53 |
၅၃ထိုနောက်ငှက်အရှင်ကိုမြို့ပြင်ကွင်းပြင် သို့လွှတ်လိုက်ရမည်။ ဤနည်းအားဖြင့်သူသည် အိမ်အတွက်သန့်စင်ခြင်းဝတ်ကိုပြုသဖြင့် အိမ်သည်ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။
זאת התורה לכל נגע הצרעת ולנתק | 54 |
၅၄ဤပညတ်သည်ကား ဆိုးရွားသည့်ကိုယ်ရေ ပြားရောဂါများနှင့်ဆိုင်၍လည်းကောင်း၊-
၅၅ကိုယ်ရေပြားပေါ်တွင်ပေါက်သောအနာ၊ အနာ စိမ်း၊ သို့မဟုတ်ဖူးယောင်နာနှင့်ဆိုင်၍လည်း ကောင်း၊ အဝတ်အထည်နှင့်အိမ်များတွင်ဖားဥ စွဲခြင်းနှင့်ဆိုင်၍လည်းကောင်းပြဋ္ဌာန်းသော ပညတ်များဖြစ်သည်။-
להורת ביום הטמא וביום הטהר זאת תורת הצרעת | 57 |
၅၇ဤပညတ်များသည်သန့်စင်သည်မသန့်စင် သည်ကို အဆုံးအဖြတ်ပေးသောပညတ်များ ဖြစ်သည်။