< שופטים 9 >
וילך אבימלך בן ירבעל שכמה אל אחי אמו וידבר אליהם ואל כל משפחת בית אבי אמו לאמר | 1 |
၁ဂိဒေါင်၏သားအဘိမလက်သည်ရှေခင်မြို့ ရှိမိခင်ဘက်မှ ဆွေမျိုးအပေါင်းတို့ထံသို့ သွား၍မြို့သူမြို့သားတို့အား``သင်တို့သည် ဂိဒေါင်၏သားခုနစ်ဆယ်စလုံး၏အုပ်စိုး မှုကိုခံယူလိုကြပါသလော။ သို့တည်း မဟုတ်လူတစ်ဦးတည်း၏အုပ်စိုးမှုကို ခံယူလိုကြပါသလော။ အဘိမလက် သည်သင်တို့၏သွေးရင်းသားရင်းဖြစ် သည်ကိုမမေ့ပါနှင့်'' ဟုပြောကြားစေ၏။-
דברו נא באזני כל בעלי שכם מה טוב לכם--המשל בכם שבעים איש כל בני ירבעל אם משל בכם איש אחד וזכרתם כי עצמכם ובשרכם אני | 2 |
၂
וידברו אחי אמו עליו באזני כל בעלי שכם את כל הדברים האלה ויט לבם אחרי אבימלך כי אמרו אחינו הוא | 3 |
၃သူ့မိခင်၏ဆွေမျိုးသားချင်းတို့သည်လည်း ရှေခင်မြို့သားများအား ဤအကြောင်းကိစ္စ ကိုသူ၏ကိုယ်စားတင်ပြကြ၏။ အဘိ မလက်သည်မိမိတို့နှင့်ဆွေမျိုးတော်စပ် သူဖြစ်သဖြင့် ရှေခင်မြို့သားများကသူ ၏နောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်ကြ လေသည်။-
ויתנו לו שבעים כסף מבית בעל ברית וישכר בהם אבימלך אנשים ריקים ופחזים וילכו אחריו | 4 |
၄သူတို့သည်မိမိတို့ပဋိညာဉ်ပြုထားသည့် ဗာလဘုရား၏ဝတ်ကျောင်းမှ ငွေအခွက် ခုနစ်ဆယ်ကိုအဘိမလက်အားပေးကြ၏။ ထိုငွေဖြင့်သူသည်အခြေအနေမဲ့သူလူ ခုနစ်ဆယ်အား မိမိနောက်သို့လိုက်ရန်ငှား ရမ်းပြီးလျှင်၊-
ויבא בית אביו עפרתה ויהרג את אחיו בני ירבעל שבעים איש על אבן אחת ויותר יותם בן ירבעל הקטן--כי נחבא | 5 |
၅သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။-
ויאספו כל בעלי שכם וכל בית מלוא וילכו וימליכו את אבימלך למלך--עם אלון מצב אשר בשכם | 6 |
၆ထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။
ויגדו ליותם וילך ויעמד בראש הר גרזים וישא קולו ויקרא ויאמר להם שמעו אלי בעלי שכם וישמע אליכם אלהים | 7 |
၇ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-
הלוך הלכו העצים למשח עליהם מלך ויאמרו לזית מלוכה (מלכה) עלינו | 8 |
၈အခါတစ်ပါးကသစ်ပင်တို့သည်မိမိတို့ အတွက် ဘုရင်ရွေးချယ်ရန်ထွက်သွားခဲ့ကြ ၏။ သူတို့သည်သံလွင်ပင်အား`ငါတို့အပေါ် ၌မင်းလုပ်အုပ်စိုးပါ' ဟုပြောကြားကြ၏။-
ויאמר להם הזית החדלתי את דשני אשר בי יכבדו אלהים ואנשים והלכתי לנוע על העצים | 9 |
၉သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
ויאמרו העצים לתאנה לכי את מלכי עלינו | 10 |
၁၀ထိုအခါသစ်ပင်တို့သည်သင်္ဘောသဖန်းပင်ထံ သို့သွား၍`ငါတို့အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုတောင်းပန်ကြ၏။-
ותאמר להם התאנה החדלתי את מתקי ואת תנובתי הטובה והלכתי לנוע על העצים | 11 |
၁၁သို့ရာတွင်သင်္ဘောသဖန်းပင်က`သင်တို့အား အုပ်စိုးနိုင်ရန် ငါသည်ကောင်း၍ချိုမြိန်သော အသီးများကိုသီးပေးခြင်းမှရပ်စဲရပေ လိမ့်မည်' ဟုဆို၏။-
ויאמרו העצים לגפן לכי את מלוכי (מלכי) עלינו | 12 |
၁၂သို့ဖြစ်၍သစ်ပင်တို့သည်စပျစ်နွယ်ပင်ထံ သို့သွားရောက်ကာ`သင်သည်လာ၍ငါတို့ အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုပန်ကြား ကြ၏။-
ותאמר להם הגפן החדלתי את תירושי המשמח אלהים ואנשים והלכתי לנוע על העצים | 13 |
၁၃သို့ရာတွင်စပျစ်နွယ်ပင်က`သင်တို့အားအုပ်စိုး နိုင်ရန် ငါသည်ဘုရားသခင်၏စိတ်နှင့်လူ၏ စိတ်ကိုရွှင်လန်းစေတတ်သော စပျစ်ရည်ကို ထုတ်လုပ်ပေးမှုမှရပ်စဲလိုက်ရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
ויאמרו כל העצים אל האטד לך אתה מלך עלינו | 14 |
၁၄ထို့ကြောင့်သစ်ပင်အပေါင်းတို့သည်ဆူးချုံ အား မိမိတို့အပေါ်၌မင်းလုပ်အုပ်စိုးရန် လျှောက်ထားကြ၏။-
ויאמר האטד אל העצים אם באמת אתם משחים אתי למלך עליכם באו חסו בצלי ואם אין--תצא אש מן האטד ותאכל את ארזי הלבנון | 15 |
၁၅ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။
ועתה אם באמת ובתמים עשיתם ותמליכו את אבימלך ואם טובה עשיתם עם ירבעל ועם ביתו ואם כגמול ידיו עשיתם לו | 16 |
၁၆ထိုနောက်ယောသံသည်ဆက်လက်၍``ထို့ကြောင့် သင်တို့သည်အဘိမလက်ကိုမင်းမြှောက်ရာ ၌ အမှန်တကယ်ပင်ရိုးသားစွာသစ္စာစောင့် သိသူများဖြစ်ကြပါ၏လော။ သင်တို့သည် ဂိဒေါင်၏ဂုဏ်ကျေးဇူးကိုအမှတ်ရလျက် သူပြုခဲ့သည့်အမှုအရာများနှင့်ထိုက် လျောက်စွာသူ၏အိမ်ထောင်စုအပေါ်၌ ကျေးဇူးတုံ့ပြန်ရာရောက်ပါ၏လော။-
אשר נלחם אבי עליכם וישלך את נפשו מנגד ויצל אתכם מיד מדין | 17 |
၁၇ငါ၏ဖခင်သည်သင်တို့အတွက်စစ်ပွဲဝင်ခဲ့ သည်ကိုလည်းကောင်း၊ မိမိအသက်ကိုပဋ္ဌာန မထားဘဲသင်တို့အား မိဒျန်အမျိုးသားတို့ လက်မှကယ်ဆယ်ခဲ့သည်ကိုလည်းကောင်း အောက်မေ့သတိရကြလော့။-
ואתם קמתם על בית אבי היום ותהרגו את בניו שבעים איש על אבן אחת ותמליכו את אבימלך בן אמתו על בעלי שכם כי אחיכם הוא | 18 |
၁၈သို့ရာတွင်သင်တို့သည်ယနေ့ပင်လျှင်သူ၏ အိမ်ထောင်စုအား ဆန့်ကျင်ဘက်ပြုခဲ့ကြ လေပြီ။ သူ၏သားခုနစ်ဆယ်ကိုကျောက်တုံး တစ်ခုတည်းအပေါ်၌သတ်ပစ်ခဲ့ကြလေ ပြီ။ ကျွန်မိန်းမနှင့်ရသောသားအဘိမလက် သည်သင်တို့၏ဆွေမျိုးသားချင်းဖြစ်ကာ မျှဖြင့် သူ့အားသင်တို့မင်းမြှောက်ခဲ့ကြ၏။-
ואם באמת ובתמים עשיתם עם ירבעל ועם ביתו היום הזה--שמחו באבימלך וישמח גם הוא בכם | 19 |
၁၉ထို့ကြောင့်ဂိဒေါင်နှင့်သူ၏အိမ်ထောင်စုအား သင်တို့ယနေ့ပြုသည့်အမှုသည်ရိုးသား ဖြောင့်မှန်သည်ဆိုပါမူ သင်တို့သည်အဘိ မလက်နှင့်အတူတကွဝမ်းမြောက်နိုင်ကြ ပါစေသော။-
ואם אין--תצא אש מאבימלך ותאכל את בעלי שכם ואת בית מלוא ותצא אש מבעלי שכם ומבית מלוא ותאכל את אבימלך | 20 |
၂၀သို့ရာတွင်အကယ်၍ဤအမှုသည်မရိုး မဖြောင့်လျှင်မူကား အဘိမလက်ထံမှ မီးလျှံထွက်၍ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့ ရှိလူတို့အားကျွမ်းလောင်ပါစေသော။ ရှေခင် မြို့နှင့်ဗေသမိလ္လောမြို့ရှိလူတို့ထံမှလည်း မီးလျှံထွက်၍အဘိမလက်အားကျွမ်း လောင်ပါစေသော။''
וינס יותם ויברח וילך בארה וישב שם מפני אבימלך אחיו | 21 |
၂၁ထိုနောက်ယောသံသည်မိမိအစ်ကိုအဘိ မလက်ကိုကြောက်သဖြင့် ထွက်ပြေးပြီး လျှင်ဗေရမြို့သို့သွားရောက်နေထိုင်လေ၏။-
וישר אבימלך על ישראל שלש שנים | 22 |
၂၂အဘိမလက်သည်ဣသရေလပြည်ကို သုံးနှစ်မျှအုပ်စိုးရ၏။ ထိုနောက်ဘုရားသခင်သည်သူနှင့်ရှေခင်မြို့သားတို့အား ပဋိပက္ခဖြစ်စေတော်မူသဖြင့် ထိုသူတို့ သည်အဘိမလက်အားပုန်ကန်ကြ၏။-
וישלח אלהים רוח רעה בין אבימלך ובין בעלי שכם ויבגדו בעלי שכם באבימלך | 23 |
၂၃
לבוא חמס שבעים בני ירבעל ודמם לשום על אבימלך אחיהם אשר הרג אותם ועל בעלי שכם אשר חזקו את ידיו להרג את אחיו | 24 |
၂၄ဤသို့ဖြစ်ပျက်ရခြင်းမှာဂိဒေါင်၏သား ခုနစ်ဆယ်ကိုသတ်ပစ်ရန် အားပေးသူရှေခင် မြို့သားများနှင့်အဘိမလက်အား မိမိတို့ ကူးလွန်ခဲ့သည့်အပြစ်၏အခကိုပေးဆပ် ကြစေရန်ပင်ဖြစ်သတည်း။-
וישימו לו בעלי שכם מארבים על ראשי ההרים ויגזלו את כל אשר יעבר עליהם בדרך ויגד לאבימלך | 25 |
၂၅ရှေခင်မြို့သားတို့သည်အဘိမလက်အား တောင်ထိပ်များတွင် ချုံခိုချောင်းမြောင်းစေရန် အစောင့်ထားကြ၏။ ထိုအစောင့်တို့သည်ဖြတ် သန်းသွားလာသူတို့၏ဥစ္စာပစ္စည်းများကို လု ယူကြ၏။ ထိုသတင်းကိုအဘိမလက်ကြား သိရလေသည်။
ויבא געל בן עבד ואחיו ויעברו בשכם ויבטחו בו בעלי שכם | 26 |
၂၆ထိုအခါ၌ဧဗက်၏သားဂါလသည်မိမိညီ အစ်ကိုများနှင့်အတူ ရှေခင်မြို့သို့ရောက်ရှိလာ ၏။ ရှေခင်မြို့သားတို့ကလည်းသူ့အားယုံကြည် အားကိုးကြ၏။-
ויצאו השדה ויבצרו את כרמיהם וידרכו ויעשו הלולים ויבאו בית אלהיהם ויאכלו וישתו ויקללו את אבימלך | 27 |
၂၇ထိုသူအပေါင်းတို့သည်စပျစ်ဥယျာဉ်များ သို့သွားရောက်ကာ စပျစ်သီးများကိုခူး၍ စပျစ်ရည်ပြုလုပ်ပြီးလျှင် ပွဲလမ်းသဘင် တစ်ရပ်ကိုဆင်နွှဲကြ၏။ သူတို့သည်မိမိ တို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စား သောက်ကာအဘိမလက်အားပြက်ရယ် ပြုကြ၏။-
ויאמר געל בן עבד מי אבימלך ומי שכם כי נעבדנו--הלא בן ירבעל וזבל פקידו עבדו את אנשי חמור אבי שכם ומדוע נעבדנו אנחנו | 28 |
၂၈ဂါလက``ငါတို့ရှေခင်မြို့သားများကား အဘယ်သို့သောသူများပေနည်း။ အဘိ မလက်၏အစေကိုအဘယ်ကြောင့်ငါတို့ ခံနေကြပါသနည်း။ သူကားအဘယ်သူ နည်း။ သူသည်ဂိဒေါင်၏သားမဟုတ်လော။ ဇေဗုလသည်သူ၏အမိန့်ကိုနာခံရသော် လည်း ငါတို့ကားအဘယ်ကြောင့်သူ၏အစေ ကိုခံပါမည်နည်း။ သင်တို့သားချင်းစုကို စတင်တည်ထောင်ပေးခဲ့သူဟာမော်အား သစ္စာစောင့်ကြလော့။-
ומי יתן את העם הזה בידי ואסירה את אבימלך ויאמר לאבימלך רבה צבאך וצאה | 29 |
၂၉အကယ်၍ငါသာဤလူစု၏ခေါင်းဆောင်ဖြစ် ပါလျှင် အဘိမလက်ကိုဖယ်ရှားပစ်မည်။ `သင် ၏တပ်ကိုအင်အားဖြည့်၍ ငါ့ကိုလာရောက် တိုက်ခိုက်လော့' ဟုသူ့အားငါပြောမည်။''
וישמע זבל שר העיר את דברי געל בן עבד ויחר אפו | 30 |
၃၀မြို့အုပ်ဇေဗုလသည်ဂါလ၏စကားကို ကြားသောအခါ အမျက်ထွက်သဖြင့်၊-
וישלח מלאכים אל אבימלך בתרמה לאמר הנה געל בן עבד ואחיו באים שכמה והנם צרים את העיר עליך | 31 |
၃၁စေတမန်များကိုလွှတ်၍အရုမမြို့ရှိ အဘိမလက်အားလျှောက်ထားစေ၏။ ``ဧဗက် ၏သားဂါလသည်မိမိညီအစ်ကိုများနှင့် အတူ ရှေခင်မြို့သို့ရောက်ရှိနေပါသည်။ သူတို့ သည်ကိုယ်တော်အားမြို့ထဲသို့ဝင်ခွင့်ပြုကြ လိမ့်မည်မဟုတ်ပါ။-
ועתה קום לילה אתה והעם אשר אתך וארב בשדה | 32 |
၃၂သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုနှင့်ညဥ့် အခါ လာရောက်၍လယ်တောများတွင်ပုန်း အောင်းနေပြီးလျှင်၊-
והיה בבקר כזרח השמש תשכים ופשטת על העיר והנה הוא והעם אשר אתו יצאים אליך ועשית לו כאשר תמצא ידך | 33 |
၃၃နောက်တစ်နေ့နံနက်နေထွက်ချိန်၌ထ၍မြို့ ကိုရုတ်တရက်တိုက်ခိုက်တော်မူပါ။ ဂါလနှင့် သူ၏လူစုတို့သည်ကိုယ်တော်အားတိုက်ခိုက် ရန်ထွက်လာသောအခါ ကိုယ်တော်သည်မိမိ ၏အလုံးအရင်းနှင့်သူတို့ကိုတိုက်ခိုက် တော်မူပါ။''
ויקם אבימלך וכל העם אשר עמו לילה ויארבו על שכם ארבעה ראשים | 34 |
၃၄သို့ဖြစ်၍အဘိမလက်နှင့်သူ၏လူအပေါင်း တို့သည် ညဥ့်အခါလာရောက်ပြီးလျှင်လေးစု ခွဲ၍ရှေခင်မြို့ပြင်၌ပုန်းအောင်းနေကြ၏။-
ויצא געל בן עבד ויעמד פתח שער העיר ויקם אבימלך והעם אשר אתו מן המארב | 35 |
၃၅သူတို့သည်ဂါလထွက်၍မြို့တခါးဝ၌ရပ် နေသည်ကိုမြင်သောအခါ မိမိတို့ပုန်းအောင်း ရာမှထွက်လာကြ၏။-
וירא געל את העם ויאמר אל זבל הנה עם יורד מראשי ההרים ויאמר אליו זבל את צל ההרים אתה ראה כאנשים | 36 |
၃၆ဂါလသည်သူတို့ကိုမြင်သဖြင့်ဇေဗုလ အား``ကြည့်လော့၊ တောင်ထိပ်များပေါ်မှလူ တို့ဆင်းလာနေကြ၏'' ဟုဆို၏။ ဇေဗုလက``ထိုအရာတို့သည်လူများမဟုတ်။ တောင်မှကျလာသောအရိပ်များသာဖြစ်သည်'' ဟုပြန်ပြော၏။
ויסף עוד געל לדבר ויאמר הנה עם יורדים מעם טבור הארץ וראש אחד בא מדרך אלון מעוננים | 37 |
၃၇ဂါလကလည်း``ကြည့်လော့၊ တောင်ထိပ်ပေါ်မှလူ များဆင်းလာနေကြ၏။ လူတစ်စုသည်ဗေဒင် ဆရာသပိတ်ပင်မှလာသောလမ်းဖြင့်လာ နေကြ၏'' ဟုဆိုပြန်၏။
ויאמר אליו זבל איה אפוא פיך אשר תאמר מי אבימלך כי נעבדנו הלא זה העם אשר מאסתה בו צא נא עתה והלחם בו | 38 |
၃၈ထိုအခါဇေဗုလက``သင်၏လေလုံးကြီး သမျှသည် ယခုအဘယ်သို့ရောက်ရှိသွားပြီ နည်း။ ဤသူအဘိမလက်၏အစေကို ငါတို့ အဘယ်ကြောင့်ခံပါမည်နည်းဟုပြောဆိုခဲ့ သူမှာသင်ပင်မဟုတ်ပါလော။ ထိုသူတို့သည် ကား သင်မထီမဲ့မြင်ပြောဆိုခဲ့သူများဖြစ် သည်။ ယခုသင်ထွက်၍သူတို့အားတိုက်ခိုက် ပါလော့'' ဟုဆို၏။-
ויצא געל לפני בעלי שכם וילחם באבימלך | 39 |
၃၉ဂါလသည်ရှေခင်မြို့သားတို့ကိုရှေ့ဆောင်၍ အဘိမလက်အားတိုက်လေသည်။ အဘိမလက် သည်ဂါလကိုလိုက်၍တိုက်၏။-
וירדפהו אבימלך וינס מפניו ויפלו חללים רבים עד פתח השער | 40 |
၄၀ထိုအခါဂါလထွက်ပြေးလေ၏။ မြို့တံခါး အနီး၌ပင်လျှင် လူအမြောက်အမြားထိခိုက် ဒဏ်ရာရရှိကြသည်။-
וישב אבימלך בארומה ויגרש זבל את געל ואת אחיו משבת בשכם | 41 |
၄၁အဘိမလက်သည်အရုမမြို့၌နေ၏။ ဇေဗုလ သည်ဂါလနှင့်သူ၏ညီအစ်ကိုများအားရှေခင် မြို့မှနှင်ထုတ်လိုက်ရာ သူတို့သည်ထိုမြို့သို့ နောက်တစ်ဖန်လာရောက်နေထိုင်ခြင်းမပြုနိုင် တော့ချေ။
ויהי ממחרת ויצא העם השדה ויגדו לאבימלך | 42 |
၄၂နောက်တစ်နေ့၌ရှေခင်မြို့သားတို့သည်လယ် တောသို့ထွက်ရန် အကြံအစည်ပြုလျက်ရှိ ကြောင်းကိုအဘိမလက်ကြားသိရသဖြင့်၊-
ויקח את העם ויחצם לשלשה ראשים ויארב בשדה וירא והנה העם יצא מן העיר ויקם עליהם ויכם | 43 |
၄၃မိမိ၏လူတို့ကိုသုံးစုခွဲ၍လယ်များတွင်ပုန်း အောင်းစောင့်ဆိုင်းလျက်နေ၏။ မြို့ထဲမှလူတို့ ထွက်လာသည်ကိုမြင်လျှင် သူသည်ပုန်းအောင်း ရာမှထွက်၍သူတို့အားလုပ်ကြံလေ၏။-
ואבימלך והראשים אשר עמו פשטו ויעמדו פתח שער העיר ושני הראשים פשטו על כל אשר בשדה--ויכום | 44 |
၄၄အဘိမလက်နှင့်သူ၏လူစုသည်မြို့တံခါး ကိုစောင့်ထိန်းရန်သွားကြစဉ် အခြားလူနှစ်စု တို့လယ်ထဲမှလူတို့အားတိုက်ခိုက်သတ်ဖြတ် ပစ်လိုက်ကြလေသည်။-
ואבימלך נלחם בעיר כל היום ההוא וילכד את העיר ואת העם אשר בה הרג ויתץ את העיר ויזרעה מלח | 45 |
၄၅တိုက်ပွဲမှာတစ်နေကုန်တစ်နေခန်းဖြစ်သတည်း။ အဘိမလက်သည်မြို့ကိုသိမ်းယူလိုက်ပြီးနောက် မြို့သားတို့ကိုသတ်ဖြတ်၍ မြို့ရိုးတို့ကိုဖြိုချ ကာမြို့တည်ရာကိုဆားနှင့်ကြဲဖြန့်လေသည်။
וישמעו כל בעלי מגדל שכם ויבאו אל צריח בית אל ברית | 46 |
၄၆ရှေခင်ရဲတိုက်ရှိခေါင်းဆောင်အပေါင်းတို့သည် ထိုသတင်းကိုကြားသောအခါ မိမိတို့ပဋိ ညာဉ်ပြုထားသည့်ဗာလဘုရားဝတ်ကျောင်း ရှိခိုင်ခံ့သောအခန်းထဲသို့ဝင်၍နေကြ၏။-
ויגד לאבימלך כי התקבצו כל בעלי מגדל שכם | 47 |
၄၇ယင်းသို့သူတို့ဝင်နေကြကြောင်းကိုအဘိ မလက်သိလေလျှင်၊-
ויעל אבימלך הר צלמון הוא וכל העם אשר אתו ויקח אבימלך את הקרדמות בידו ויכרת שוכת עצים וישאה וישם על שכמו ויאמר אל העם אשר עמו מה ראיתם עשיתי--מהרו עשו כמוני | 48 |
၄၈မိမိ၏လူတို့နှင့်အတူဇာလမုန်တောင်သို့ တက်ပြီးနောက် ပုဆိန်ဖြင့်သစ်ကိုင်းတစ်ခုကို ခုတ်၍ထမ်း၏။ မိမိ၏လူတို့အားလည်းထို နည်းတူအလျင်အမြန်ပြုရန်ပြောလေသည်။-
ויכרתו גם כל העם איש שוכה וילכו אחרי אבימלך וישימו על הצריח ויציתו עליהם את הצריח באש וימתו גם כל אנשי מגדל שכם כאלף--איש ואשה | 49 |
၄၉သို့ဖြစ်၍လူတိုင်းပင်သစ်ကိုင်းတစ်ခုစီကို ခုတ်၍ အဘိမလက်၏နောက်ကလိုက်ပြီးလျှင် ခိုင်ခံ့သောအခန်းကိုမီးပုံရှို့ကြ၏။ ရဲတိုက် ထဲမှလူအပေါင်းတို့သည်သေကြကုန်၏။ ဤသူတို့၏အရေအတွက်မှာယောကျာ်း မိန်းမတစ်ထောင်ခန့်ရှိသတည်း။
וילך אבימלך אל תבץ ויחן בתבץ וילכדה | 50 |
၅၀ထိုနောက်အဘိမလက်သည် သေဗတ်မြို့သို့ သွားရောက်ဝိုင်းရံထားပြီးလျှင်သိမ်းယူ လိုက်လေသည်။-
ומגדל עז היה בתוך העיר וינסו שמה כל האנשים והנשים וכל בעלי העיר ויסגרו בעדם ויעלו על גג המגדל | 51 |
၅၁မြို့ထဲ၌ခိုင်ခံ့သည့်ရဲတိုက်ရှိ၏။ ခေါင်းဆောင် များအပါအဝင်ယောကျာ်းမိန်းမအပေါင်း တို့သည် ထိုရဲတိုက်ထဲသို့ဝင်ပြေးကြ၏။ သူ တို့သည်ရဲတိုက်ကိုအလုံပိတ်ပြီးလျှင် ခေါင်မိုးပေါ်သို့တက်၍နေကြ၏။-
ויבא אבימלך עד המגדל וילחם בו ויגש עד פתח המגדל לשרפו באש | 52 |
၅၂အဘိမလက်သည်လည်းရဲတိုက်ကိုတိုက်ခိုက် ရန်လာ၏။ သူသည်ရဲတိုက်တံခါးကိုမီးရှို့ရန် ချဉ်းကပ်သောအခါ၊-
ותשלך אשה אחת פלח רכב--על ראש אבימלך ותרץ את גלגלתו | 53 |
၅၃အမျိုးသမီးတစ်ယောက်သည်ကျိတ်ဆုံကျောက် တစ်လုံးကို သူ၏ဦးခေါင်းပေါ်သို့ပစ်ချလိုက် သဖြင့်သူ၏ဦးခေါင်းကွဲ၍သွားလေသည်။-
ויקרא מהרה אל הנער נשא כליו ויאמר לו שלף חרבך ומותתני--פן יאמרו לי אשה הרגתהו וידקרהו נערו וימת | 54 |
၅၄ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-
ויראו איש ישראל כי מת אבימלך וילכו איש למקמו | 55 |
၅၅ဣသရေလအမျိုးသားတို့သည် အဘိမလက် သေကြောင်းကိုကြားသိကြသောအခါ မိမိ တို့အိမ်သို့ပြန်သွားကြ၏။
וישב אלהים את רעת אבימלך אשר עשה לאביו להרג את שבעים אחיו | 56 |
၅၆ထိုသို့အဘိမလက်သည်မိမိ၏ညီအစ်ကို ခုနစ်ဆယ်ကိုသတ်ဖြတ်ခြင်းဖြင့် ဖခင်အား ပြုမိသည့်ဒုစရိုက်အပြစ်အတွက်ဘုရားသခင်ဒဏ်ခံစေတော်မူ၏။-
ואת כל רעת אנשי שכם השיב אלהים בראשם ותבא אליהם קללת יותם בן ירבעל | 57 |
၅၇ဂိဒေါင်၏သားယောသံကျိန်ဆဲခဲ့သည့် စကားအတိုင်းရှေခင်မြို့သားတို့သည်လည်း မိမိတို့၏ဆိုးယုတ်မှုအတွက်အပြစ်ဒဏ် ခံစေတော်မူသတည်း။