< שופטים 8 >
ויאמרו אליו איש אפרים מה הדבר הזה עשית לנו לבלתי קראות לנו כי הלכת להלחם במדין ויריבון אתו בחזקה | 1 |
၁ထိုနောက်ဧဖရိမ်နယ်သားတို့ကဂိဒေါင် အား``သင်သည်မိဒျန်အမျိုးသားတို့ထံသွား ရောက်တိုက်ခိုက်စဉ်အခါက အဘယ်ကြောင့် ငါတို့အားမခေါ်ဘဲနေပါသနည်း။ အဘယ် ကြောင့်ဤသို့ငါတို့အားပြုပါသနည်း'' ဟု ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
ויאמר אליהם מה עשיתי עתה ככם הלא טוב עללות אפרים--מבציר אביעזר | 2 |
၂သို့ရာတွင်ဂိဒေါင်က``သင်တို့ပြုခဲ့သမျှ နှင့်နှိုင်းယှဉ်ကြည့်လျှင် ငါပြုခဲ့သမျှသည် ဘာမျှမဖြစ်လောက်ပါ။ သင်တို့ပြုသည့် အမှုအနည်းငယ်ကပင်လျှင် ငါတို့သား ချင်းစုတစ်ရပ်လုံးပြုသည့်အမှုထက်ပို၍ တန်ဖိုးရှိပါ၏။-
בידכם נתן אלהים את שרי מדין את ערב ואת זאב ומה יכלתי עשות ככם אז רפתה רוחם מעליו בדברו הדבר הזה | 3 |
၃သင်တို့သည်ဘုရားသခင်၏တန်ခိုးတော် အားဖြင့် မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့အားကွပ်မျက်နိုင်ခဲ့ ကြလေပြီတကား။ ထိုအမှုနှင့်နှိုင်းယှဉ် လောက်အောင်ငါသည်အဘယ်အမှုကိုပြု နိုင်ခဲ့ပါသနည်း'' ဟုပြန်ပြောသောစကား ကိုကြားလျှင်သူတို့သည်အမျက်ပြေ ကြ၏။
ויבא גדעון הירדנה עבר הוא ושלש מאות האיש אשר אתו עיפים ורדפים | 4 |
၄ထိုအခါ၌ဂိဒေါင်နှင့်သူ၏တပ်သားသုံး ရာတို့သည် ယော်ဒန်မြစ်သို့ရောက်ရှိလာ ကာမြစ်ကူးဖြတ်ပြီးဖြစ်သည်။ သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်လျက်နေကြသော် လည်းရန်သူအားဖိ၍လိုက်လျက်ပင်။-
ויאמר לאנשי סכות תנו נא ככרות לחם לעם אשר ברגלי כי עיפים הם--ואנכי רדף אחרי זבח וצלמנע מלכי מדין | 5 |
၅ဂိဒေါင်သည်သုကုတ်မြို့သို့ရောက်သော အခါထိုမြို့သားတို့အား``ငါ၏တပ်သား တို့ကိုအစားအစာအနည်းငယ်ပေးကြ ပါ။ သူတို့သည်ပင်ပန်းနွမ်းနယ်လျက်ရှိ ကြပါ၏။ ငါသည်မိဒျန်ဘုရင်ဇေဘဟနှင့် ဇာလမုန္နတို့ကိုလိုက်လံဖမ်းဆီးနေပါ သည်'' ဟုဆို၏။
ויאמר שרי סכות הכף זבח וצלמנע עתה בידך כי נתן לצבאך לחם | 6 |
၆သို့ရာတွင်သုကုတ်မြို့မှခေါင်းဆောင်များ က``ငါတို့သည်အဘယ်ကြောင့်သင်၏တပ် သားများအား အစာရေစာပေးရပါမည် နည်း။ ဇေဘဟနှင့်ဇာလမုန္နတို့ကိုသင်တို့ မဖမ်းမိသေးပါတကား'' ဟုပြန်ပြော ကြ၏။
ויאמר גדעון--לכן בתת יהוה את זבח ואת צלמנע בידי ודשתי את בשרכם את קוצי המדבר ואת הברקנים | 7 |
၇သို့ဖြစ်၍ဂိဒေါင်က``ကောင်းပြီ၊ ဇေဘဟ နှင့်ဇာလမုန္နတို့အား ငါ၏လက်သို့ဘုရားသခင်အပ်တော်မူသောအခါ ငါသည်သင် တို့ကိုသဲကန္တာရမှဆူးပင်များနှင့်ရိုက် နှက်မည်'' ဟုဆိုလေသည်။-
ויעל משם פנואל וידבר אליהם כזאת ויענו אותו אנשי פנואל כאשר ענו אנשי סכות | 8 |
၈ထိုနောက်သူသည်ပေနွေလမြို့သို့သွား၍ ရှေးနည်းတူ ထိုမြို့သားတို့ထံမှအကူအညီ တောင်းခံသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားတို့နည်းတူပြန်လည်ဖြေ ကြားကြ၏။-
ויאמר גם לאנשי פנואל לאמר בשובי בשלום אתץ את המגדל הזה | 9 |
၉ထို့ကြောင့်ဂိဒေါင်သည်သူတို့အား``စစ်ငြိမ်း၍ ငါပြန်လာသောအခါ၌ ဤခံတပ်မျှော်စင် ကိုဖျက်ဆီးပစ်အံ့'' ဟုဆိုလေသည်။
וזבח וצלמנע בקרקר ומחניהם עמם כחמשת עשר אלף--כל הנותרים מכל מחנה בני קדם והנפלים מאה ועשרים אלף איש שלף חרב | 10 |
၁၀ဇေဘဟနှင့်ဇာလမုန္နတို့သည် မိမိတို့၏တပ်မ တော်နှင့်အတူ ကာကော်မြို့၌ရှိကြ၏။ သဲကန္တာရ နေသူတို့၏တပ်မတော်ကြီးတစ်ခုလုံးအနက် လူတစ်သိန်းနှစ်သောင်းကျဆုံး၍တစ်သောင်း ငါးထောင်သာကျန်တော့၏။-
ויעל גדעון דרך השכוני באהלים מקדם לנבח ויגבהה ויך את המחנה והמחנה היה בטח | 11 |
၁၁ဂိဒေါင်သည်နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ ဘက်သဲကန္တာရအစွန်လမ်းအတိုင်းလိုက်ပြီး လျှင် ထိုတပ်မတော်အားရုတ်တရက်အမှတ် မထင်ဝင်ရောက်တိုက်ခိုက်လေသည်။-
וינסו זבח וצלמנע וירדף אחריהם וילכד את שני מלכי מדין את זבח ואת צלמנע וכל המחנה החריד | 12 |
၁၂ထိုအခါမိဒျန်ဘုရင်နှစ်ပါးဖြစ်သော ဇေဘဟ နှင့်ဇာလမုန္နတို့သည်ထွက်ပြေးကြ၏။ သို့ရာ တွင်ဂိဒေါင်သည်သူတို့ကိုလိုက်လံဖမ်းဆီးရ မိသဖြင့် သူတို့၏တပ်မတော်ကြီးတစ်ခုလုံး မှာကစဥ့်ကရဲပြိုလဲ၍သွားတော့၏။
וישב גדעון בן יואש מן המלחמה מלמעלה החרס | 13 |
၁၃ဂိဒေါင်သည်ဟေရက်တောင်ကြားလမ်းဖြင့် တိုက်ပွဲမှပြန်လာသောအခါ၊-
וילכד נער מאנשי סכות וישאלהו ויכתב אליו את שרי סכות ואת זקניה--שבעים ושבעה איש | 14 |
၁၄သုကုတ်မြို့သားလူငယ်တစ်ဦးကိုဖမ်းဆီး၍ စစ်ဆေးမေးမြန်းကြည့်ရာ ထိုသူငယ်ကသုကုတ် မြို့မှခေါင်းဆောင်ခုနစ်ဆယ့်ခုနစ်ယောက်တို့ ၏အမည်များကိုဂိဒေါင်အားရေးပေး၏။-
ויבא אל אנשי סכות ויאמר הנה זבח וצלמנע אשר חרפתם אותי לאמר הכף זבח וצלמנע עתה בידך כי נתן לאנשיך היעפים לחם | 15 |
၁၅ထိုနောက်ဂိဒေါင်သည်သုကုတ်မြို့သားတို့ထံ သွား၍``ငါ့အားသင်တို့အကူအညီပေးရန် ငြင်းဆိုခဲ့သည်ကိုမှတ်မိကြလိမ့်မည်။ သင် တို့ကငါသည်ဇေဘဟနှင့်ဇာလမုန္နကို ဖမ်းဆီး၍မရသေးသဖြင့် ငါ၏မောပန်း နွမ်းနယ်နေသည့်တပ်သားတို့အားစားနပ် ရိက္ခာမပေးနိုင်ဟုဆိုခဲ့ကြ၏'' ဟုပြော ဆိုပြီးလျှင်၊-
ויקח את זקני העיר ואת קוצי המדבר ואת הברקנים וידע בהם את אנשי סכות | 16 |
၁၆သဲကန္တာရမှဆူးခက်များကိုယူ၍ သုကုတ် မြို့သားခေါင်းဆောင်တို့အားရိုက်နှက်လေ သည်။-
ואת מגדל פנואל נתץ ויהרג את אנשי העיר | 17 |
၁၇သူသည်ပေနွေလမြို့မှခံတပ်မျှော်စင်ကို လည်းဖြိုချ၍ ထိုမြို့သားတို့ကိုသုတ်သင် ပစ်လိုက်၏။
ויאמר אל זבח ואל צלמנע איפה האנשים אשר הרגתם בתבור ויאמרו כמוך כמוהם אחד כתאר בני המלך | 18 |
၁၈ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။ သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
ויאמר אחי בני אמי הם חי יהוה לו החיתם אותם--לא הרגתי אתכם | 19 |
၁၉ဂိဒေါင်က``သူတို့သည်ကားငါ့အမိ၏သား များဖြစ်၍ ငါ၏ညီများဖြစ်သည်။ အကယ် ၍သင်တို့သည်သူတို့အားမသတ်ခဲ့ပါမူ ငါသည်လည်းသင်တို့အားသတ်လိမ့်မည် မဟုတ်ကြောင်း ထာဝရဘုရားကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြော၏။-
ויאמר ליתר בכורו קום הרג אותם ולא שלף הנער חרבו כי ירא כי עודנו נער | 20 |
၂၀ထိုနောက်သူသည်မိမိ၏သားဦးယေသာ အား ထိုသူတို့ကိုထ၍သတ်ရန်စေခိုင်းလေ သည်။ သို့ရာတွင်သူငယ်သည်မိမိဋ္ဌားကိုဆွဲ ၍မထုတ်ဘဲနေ၏။ သူသည်အသက်အရွယ် ငယ်သောကြောင့်ယင်းသို့တုံ့နှေးလျက်နေ ခြင်းဖြစ်သည်။
ויאמר זבח וצלמנע קום אתה ופגע בנו--כי כאיש גבורתו ויקם גדעון ויהרג את זבח ואת צלמנע ויקח את השהרנים אשר בצוארי גמליהם | 21 |
၂၁ထိုအခါဇေဘဟနှင့်ဇာလမုန္နတို့က``ငါ တို့အားသင်ကိုယ်တိုင်သတ်ပါလော့။ လူကြီး ပြုရမည့်အမှုကိုလူကြီးသာလျှင်ပြုနိုင် ၏'' ဟုဆိုကြ၏။ ထို့ကြောင့်ဂိဒေါင်သည်သူတို့ နှစ်ယောက်အားသတ်ပြီးလျှင် သူတို့ကုလား အုတ်များ၏လည်ပင်း၌ဆင်ယင်ထားသော တန်ဆာတို့ကိုချွတ်ယူလေသည်။
ויאמרו איש ישראל אל גדעון משל בנו גם אתה גם בנך גם בן בנך כי הושעתנו מיד מדין | 22 |
၂၂ထိုနောက်ဣသရေလအမျိုးသားတို့သည် ဂိဒေါင်အား``ကိုယ်တော်သည်အကျွန်ုပ်တို့အား မိဒျန်အမျိုးသားများလက်မှကယ်ဆယ်ခဲ့ ပါ၏။ ထို့ကြောင့်ကိုယ်တော်နှင့်သားမြေးစဉ် ဆက်အပေါင်းသည် အကျွန်ုပ်တို့ကိုအုပ်စိုး တော်မူပါ'' ဟုလျှောက်ထားကြ၏။
ויאמר אלהם גדעון לא אמשל אני בכם ולא ימשל בני בכם יהוה ימשל בכם | 23 |
၂၃ဂိဒေါင်ကလည်း``ငါသည်သင်တို့အားအုပ် စိုးလိမ့်မည်မဟုတ်။ ငါ၏သားသည်လည်း အုပ်စိုးလိမ့်မည်မဟုတ်။ သင်တို့အားထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်'' ဟုပြန် ပြောလေသည်။-
ויאמר אלהם גדעון אשאלה מכם שאלה ותנו לי איש נזם שללו כי נזמי זהב להם כי ישמעאלים הם | 24 |
၂၄သို့ရာတွင်သူသည်ဆက်လက်၍``သင်တို့ထဲ မှငါတောင်းခံလိုသည့်အရာတစ်ခုရှိပါ သည်။ သင်တို့ရယူထားသည့်ရွှေနားကွင်း များကိုငါ့အားပေးကြလော့'' ဟုဆို၏။ (မိဒျန်အမျိုးသားတို့သည်အခြားသဲကန္တာရ နေသူများကဲ့သို့ပင် ရွှေနားကွင်းများကို တပ်ဆင်လေ့ရှိသတည်း။)
ויאמרו נתון נתן ויפרשו את השמלה וישליכו שמה איש נזם שללו | 25 |
၂၅လူတို့ကလည်း``ရွှေနားကွင်းများကို အကျွန်ုပ် တို့ဝမ်းမြောက်စွာကိုယ်တော်အားပေးပါမည်'' ဟုပြန်လျှောက်ပြီးလျှင်စောင်ကိုခင်း၍ မိမိ တို့ရယူထားသမျှသောနားကွင်းများကို လူတိုင်းလာရောက်ချထားကြ၏။-
ויהי משקל נזמי הזהב אשר שאל אלף ושבע מאות זהב--לבד מן השהרנים והנטיפות ובגדי הארגמן שעל מלכי מדין ולבד מן הענקות אשר בצוארי גמליהם | 26 |
၂၆မိဒျန်ဘုရင်တို့ဝတ်ဆင်ထားသည့်တန်ဆာ များ၊ လည်ဆွဲများ၊ နီမောင်းသောအဝတ်နှင့် ကုလားအုတ်လည်ပတ်ကြိုးများအပြင်၊ ဂိ ဒေါင်ရရှိသည့်ရွှေနားကွင်းများ၏အလေး ချိန်မှာပေါင်လေးဆယ်ကျော်ရှိသတည်း။
ויעש אותו גדעון לאפוד ויצג אותו בעירו בעפרה ויזנו כל ישראל אחריו שם ויהי לגדעון ולביתו למוקש | 27 |
၂၇ဂိဒေါင်သည်ထိုရွှေများဖြင့်ရုပ်တုတစ်ခုကို သွန်းလုပ်ပြီးလျှင် မိမိနေထိုင်ရာသြဖရ မြို့၌ထားရှိ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ဘုရားသခင်ကိုစွန့် ပစ်ကာထိုရုပ်တုကိုဝတ်ပြုကိုးကွယ်ရန် သြဖရမြို့သို့သွားကြကုန်သည်။ ယင်း သည်ဂိဒေါင်နှင့်အိမ်ထောင်စုအတွက် ကျော့ကွင်းသဖွယ်ဖြစ်လာ၏။
ויכנע מדין לפני בני ישראל ולא יספו לשאת ראשם ותשקט הארץ ארבעים שנה בימי גדעון | 28 |
၂၈သို့ဖြစ်၍မိဒျန်အမျိုးသားတို့သည် ဣသ ရေလအမျိုးသားတို့၏နှိမ်နင်းခြင်းကိုခံ ရ၍ နောက်တစ်ဖန်သူတို့အတွက်ခြိမ်းခြောက်မှု အန္တရာယ်မဖြစ်တော့ချေ။ တိုင်းပြည်သည်လည်း ဂိဒေါင်ကွယ်လွန်ချိန်တိုင်အောင် နှစ်ပေါင်းလေး ဆယ်မျှငြိမ်းချမ်းသာယာလျက်နေသတည်း။
וילך ירבעל בן יואש וישב בביתו | 29 |
၂၉ဂိဒေါင်သည်မိမိ၏ကိုယ်ပိုင်နေအိမ်သို့ ပြန် လည်သွားရောက်နေထိုင်လေသည်။-
ולגדעון היו שבעים בנים יצאי ירכו כי נשים רבות היו לו | 30 |
၃၀သူ၌မယားအမြောက်အမြားရှိသဖြင့် သားခုနစ်ဆယ်ကိုရ၏။-
ופילגשו אשר בשכם ילדה לו גם היא בן וישם את שמו אבימלך | 31 |
၃၁ရှေခင်မြို့တွင်လည်းမယားငယ်တစ်ယောက်ရှိ သဖြင့် ထိုမယားမှသားတစ်ယောက်ကိုရရှိ ပြန်သည်။ သူသည်ထိုသားကိုအဘိမလက် ဟုအမည်မှည့်၏။-
וימת גדעון בן יואש בשיבה טובה ויקבר בקבר יואש אביו בעפרה אבי העזרי | 32 |
၃၂ယောရှ၏သားဂိဒေါင်သည်အသက်ကြီးရင့် ၍ကွယ်လွန်သော်သူ၏ရုပ်အလောင်းကို အဗျေ ဇာသားချင်းစု၏ဌာနေဖြစ်သောသြဖရမြို့ ရှိအဖယောရှ၏သင်္ချိုင်းဂူ၌သင်္ဂြိုဟ်ကြ၏။
ויהי כאשר מת גדעון וישובו בני ישראל ויזנו אחרי הבעלים וישימו להם בעל ברית לאלהים | 33 |
၃၃ဂိဒေါင်ကွယ်လွန်ပြီးနောက်ဣသရေလအမျိုး သားတို့သည် ဘုရားသခင်အားတစ်ဖန်သစ္စာ ဖောက်ကြပြန်၏။ ဗာလဘုရားများကိုဝတ် ပြုကိုးကွယ်ကြပြန်၏။ သူတို့ကပဋိညာဉ် ပြုထားသည့်ဗာလဘုရားကို မိမိတို့၏ ဘုရားအဖြစ်ချီးမြှောက်ကာ၊-
ולא זכרו בני ישראל את יהוה אלהיהם המציל אותם מיד כל איביהם מסביב | 34 |
၃၄မိမိတို့အားပတ်လည်ဝိုင်းလျက်နေသည့်ရန် သူများ၏လက်မှ ကယ်ဆယ်တော်မူခဲ့သော ဘုရားသခင်ထာဝရဘုရားကိုမူဝတ်မ ပြုတော့ချေ။-
ולא עשו חסד עם בית ירבעל גדעון ככל הטובה--אשר עשה עם ישראל | 35 |
၃၅သူတို့သည်ဣသရေလလူမျိုးအတွက် ဂိဒေါင် ပြုခဲ့သမျှသောကောင်းကျိုးများအတွက် သူ၏အိမ်ထောင်စုသားများအပေါ်တွင် ကျေးဇူးကန်းကြကုန်သည်။