< יהושע 9 >
ויהי כשמע כל המלכים אשר בעבר הירדן בהר ובשפלה ובכל חוף הים הגדול אל מול הלבנון--החתי והאמרי הכנעני הפרזי החוי והיבוסי | 1 |
၁ယော်ဒန်မြစ်အနောက်ဘက်ရှိတောင်ကုန်းဒေသ၊ တောင်ခြေဒေသ၊ မြောက်ဘက်လေဗနုန်တောင် အထိရှည်လျားသောမြေထဲပင်လယ်ကမ်းရိုး တန်းဒေသတို့တွင်အုပ်စိုးသောမင်းအပေါင်း တို့သည်ဣသရေလအမျိုးသားတို့၏အောင်ပွဲ ခံသတင်းကိုကြားကြ၏။ ထိုမင်းများမှာ ဟိတ္တိအမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့၏ မင်းများဖြစ်ကြသည်။-
ויתקבצו יחדו להלחם עם יהושע ועם ישראל--פה אחד | 2 |
၂သူတို့သည်ယောရှုနှင့်ဣသရေလအမျိုး သားတို့အား စုပေါင်း၍တိုက်ခိုက်ရန်သဘော တူကြ၏။
וישבי גבעון שמעו את אשר עשה יהושע ליריחו--ולעי | 3 |
၃ဟိဝိအမျိုးသားများဖြစ်သောဂိဗောင်မြို့ သားတို့သည် ယေရိခေါမြို့နှင့် အာဣမြို့များ ကိုယောရှုမည်ကဲ့သို့တိုက်ခိုက်အောင်မြင်ခဲ့ ကြောင်းကြားသိရသောအခါ၊-
ויעשו גם המה בערמה וילכו ויצטירו ויקחו שקים בלים לחמוריהם ונאדות יין בלים ומבקעים ומצררים | 4 |
၄သူ့အားလိမ်လည်လှည့်စားရန်ကြံစည်ကြ လေသည်။ သူတို့သည်ဟောင်းနွမ်းသောရိက္ခာ အိတ်များနှင့်အဖာအထေးများရှိသော သားရေစပျစ်ရည်ဘူးများကိုမြည်းများ ပေါ်တွင်တင်ကြသည်။-
ונעלות בלות ומטלאות ברגליהם ושלמות בלות עליהם וכל לחם צידם יבש היה נקדים | 5 |
၅သူတို့သည်အဝတ်အစုတ်အပြဲများကို ဝတ်ဆင်၍ ဟောင်းနွမ်းသောဖိနပ်များကိုစီး ကြသည်။ ခြောက်သွေ့၍မှိုတက်သောအစား အစာများကိုယူဆောင်ကြသည်။-
וילכו אל יהושע אל המחנה הגלגל ויאמרו אליו ואל איש ישראל מארץ רחוקה באנו ועתה כרתו לנו ברית | 6 |
၆ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။
ויאמרו (ויאמר) איש ישראל אל החוי אולי בקרבי אתה יושב ואיך אכרות (אכרת) לך ברית | 7 |
၇ထိုအခါဣသရေလအမျိုးသားတို့က``သင် တို့သည်ငါတို့အနီးအပါးတွင်နေထိုင်သူ များဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဆိုလျှင်သင် တို့နှင့်အဘယ်ကြောင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမည်နည်း'' ဟုဆိုကြ၏။
ויאמרו אל יהושע עבדיך אנחנו ויאמר אליהם יהושע מי אתם ומאין תבאו | 8 |
၈သူတို့က``အကျွန်ုပ်တို့သည်ကိုယ်တော်၏အစေ ကိုခံပါမည်'' ဟုယောရှုအားပြန်ပြောကြ၏။ ယောရှုက``သင်တို့သည်မည်သူများဖြစ်ကြ သနည်း။ မည်သည့်အရပ်မှလာကြသနည်း'' ဟုမေးလေ၏။
ויאמרו אליו מארץ רחוקה מאד באו עבדיך לשם יהוה אלהיך כי שמענו שמעו ואת כל אשר עשה במצרים | 9 |
၉ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-
ואת כל אשר עשה לשני מלכי האמרי אשר בעבר הירדן--לסיחון מלך חשבון ולעוג מלך הבשן אשר בעשתרות | 10 |
၁၀ယော်ဒန်မြစ်အရှေ့ဘက်တွင်စိုးစံသောအာ မောရိမင်းနှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင် ရှိဟုန်နှင့်အာရှတရုတ်မြို့၌နန်းစိုက်သော ဗာရှန်ဘုရင်သြဃတို့အား မည်ကဲ့သို့နှိမ် နင်းခဲ့ကြောင်းကိုလည်းကောင်းအကျွန်ုပ်တို့ ကြားရပါသည်။-
ויאמרו אלינו זקינינו וכל ישבי ארצנו לאמר קחו בידכם צידה לדרך ולכו לקראתם ואמרתם אליהם עבדיכם אנחנו ועתה כרתו לנו ברית | 11 |
၁၁သို့ဖြစ်၍အကျွန်ုပ်တို့၏ခေါင်းဆောင်များ နှင့်အမျိုးသားအပေါင်းတို့ကခရီးအတွက် ရိက္ခာယူဆောင်လျက် ကိုယ်တော်နှင့်တွေ့ဆုံရန် အကျွန်ုပ်တို့အားစေလွှတ်ကြပါသည်။ ကိုယ် တော်ထံ၌အညံ့ခံ၍ငြိမ်းချမ်းရေးတောင်း ဆိုရန်အကျွန်ုပ်တို့အားမှာကြားလိုက်ပါ သည်။-
זה לחמנו חם הצטידנו אתו מבתינו ביום צאתנו ללכת אליכם ועתה הנה יבש והיה נקדים | 12 |
၁၂အကျွန်ုပ်တို့၏နေအိမ်မှကိုယ်တော်ထံသို့ ခရီးစထွက်ချိန်တွင်ရိက္ခာများမှာပူနွေး လတ်ဆတ်လျက်ရှိခဲ့ပါသည်။ ယခုထိုရိက္ခာ များကိုကြည့်ပါ။ ခြောက်သွေ့၍မှိုတက်လျက် ရှိပါသည်။-
ואלה נאדות היין אשר מלאנו חדשים והנה התבקעו ואלה שלמותינו ונעלינו בלו מרב הדרך מאד | 13 |
၁၃စပျစ်ရည်ထည့်စဉ်ကသားရေဘူးများသည် လည်းအသစ်ဖြစ်ပါသည်။ ယခုကြည့်ပါ၊ ဘူး များစုတ်ပြဲလျက်ရှိပါသည်။ ခရီးဝေးမှလာ ခဲ့ရသဖြင့်အကျွန်ုပ်တို့၏အဝတ်နှင့်ဖိနပ် များသည်ဟောင်းနွမ်းလျက်ရှိပါသည်'' ဟု ယောရှုအားလျှောက်ထားကြ၏။
ויקחו האנשים מצידם ואת פי יהוה לא שאלו | 14 |
၁၄ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအားမေးမြန်းလျှောက်ထားခြင်းမပြု ဘဲ ထိုသူတို့ထံမှရိက္ခာကိုလက်ခံကြသည်။-
ויעש להם יהושע שלום ויכרת להם ברית לחיותם וישבעו להם נשיאי העדה | 15 |
၁၅ယောရှုသည်သူတို့နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍သူတို့အားအသက်ချမ်းသာပေး လေ၏။ ဣသရေလအကြီးအကဲတို့ကလည်း ငြိမ်းချမ်းရေးစာချုပ်ကိုတည်စေမည်ဟုကတိ သစ္စာပြုကြ၏။
ויהי מקצה שלשת ימים אחרי אשר כרתו להם ברית וישמעו כי קרבים הם אליו ובקרבו הם ישבים | 16 |
၁၆ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း ရေးစာချုပ်ချုပ်ဆိုပြီးနောက်သုံးရက်ကြာ သောအခါထိုသူတို့သည် မိမိတို့အနီး အနားတွင်နေထိုင်သူများဖြစ်ကြောင်း ကြားသိရလေသည်။-
ויסעו בני ישראל ויבאו אל עריהם--ביום השלישי ועריהם גבעון והכפירה ובארות וקרית יערים | 17 |
၁၇သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ထိုအရပ်မှထွက်ခွာခဲ့ကြရာသုံးရက်မြောက် သောနေ့၌ ထိုသူတို့နေထိုင်ရာမြို့များဖြစ် သောဂိဗောင်မြို့၊ ခေဖိရာမြို့၊ ဗေရုတ်မြို့နှင့် ကိရယတ်ယာရိမ်မြို့များသို့ရောက်ရှိကြ လေသည်။-
ולא הכום בני ישראל כי נשבעו להם נשיאי העדה ביהוה אלהי ישראל וילנו כל העדה על הנשיאים | 18 |
၁၈သို့ရာတွင်ဣသရေလအမျိုးသားအကြီး အကဲတို့သည် ဘုရားသခင်ထာဝရဘုရား ကိုတိုင်တည်၍ကတိသစ္စာပြုခဲ့ကြသဖြင့် သူတို့ကိုမသတ်ဖြတ်မသုတ်သင်နိုင်ကြ ချေ။ ထိုကြောင့်ဣသရေလအမျိုးသားတို့ သည် အကြီးအကဲတို့အားအပြစ်တင် ကြ၏။-
ויאמרו כל הנשיאים אל כל העדה אנחנו נשבענו להם ביהוה אלהי ישראל ועתה לא נוכל לנגע בהם | 19 |
၁၉ထိုအခါသူတို့က``ငါတို့သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားကိုတိုင်တည်၍ ကတိသစ္စာပြုထား ပြီးဖြစ်ခြင်းကြောင့် သူတို့ကိုလက်ဖျား နှင့်ပင်မတို့နိုင်။-
זאת נעשה להם והחיה אותם ולא יהיה עלינו קצף על השבועה אשר נשבענו להם | 20 |
၂၀ငါတို့ပြုထားသောကတိသစ္စာကြောင့်သူ တို့ကိုအသက်ချမ်းသာခွင့်ပေးရမည်။ ငါ တို့ကတိမတည်လျှင်ဘုရားသခင်သည် ငါတို့အားဒဏ်ခတ်တော်မူလိမ့်မည်။-
ויאמרו אליהם הנשיאים יחיו ויהיו חטבי עצים ושאבי מים לכל העדה כאשר דברו להם הנשיאים | 21 |
၂၁သူတို့အားအသက်ချမ်းသာခွင့်ပေးကြကုန် အံ့။ သို့ရာတွင်သူတို့အား ငါတို့အတွက်ရေ ခပ်ထင်းခုတ်အလုပ်များကိုလုပ်ကိုင်စေရ မည်'' ဟုအကြံပေးသည့်အတိုင်းဣသ ရေလအမျိုးသားတို့ကသဘောတူကြ ၏။
ויקרא להם יהושע וידבר אליהם לאמר למה רמיתם אתנו לאמר רחוקים אנחנו מכם מאד ואתם בקרבנו ישבים | 22 |
၂၂ယောရှုသည်ဂိဗောင်မြို့သားတို့ကိုဆင့်ခေါ် ၍``သင်တို့သည်ငါတို့အနီးတွင်နေထိုင်ပါ လျက်နှင့် ဝေးသောအရပ်မှလာသည်ဟု အဘယ်ကြောင့်ငါတို့ကိုလှည့်စားပြောဆို ကြပါသနည်း။-
ועתה ארורים אתם ולא יכרת מכם עבד וחטבי עצים ושאבי מים--לבית אלהי | 23 |
၂၃ထိုပြစ်မှုကြောင့်ဘုရားသခင်သည်သင်တို့ ကိုအပြစ်ဒဏ်စီရင်တော်မူပြီ။ သို့ဖြစ်၍ ငါ့ဘုရားသခင်၏အိမ်တော်အတွက် သင်တို့ သည်ရေခပ်ထင်းခုတ်အလုပ်ကိုလုပ်၍ အမြဲကျွန်ခံရကြမည်'' ဟုဆို၏။
ויענו את יהושע ויאמרו כי הגד הגד לעבדיך את אשר צוה יהוה אלהיך את משה עבדו לתת לכם את כל הארץ ולהשמיד את כל ישבי הארץ מפניכם ונירא מאד לנפשתינו מפניכם ונעשה את הדבר הזה | 24 |
၂၄ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
ועתה הננו בידך כטוב וכישר בעיניך לעשות לנו עשה | 25 |
၂၅ယခုအကျွန်ုပ်တို့သည်ကိုယ်တော်၏လက် တွင်းသို့ရောက်ရှိနေပြီဖြစ်၍ ကိုယ်တော် ပြုသင့်သည်ဟုထင်သည့်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြလေသည်။-
ויעש להם כן ויצל אותם מיד בני ישראל ולא הרגום | 26 |
၂၆ထိုကြောင့်ယောရှုသည်ဣသရေလအမျိုး သားတို့၏လက်ချက်ဖြင့် သေမည့်ဘေးမှ သူတို့ကိုကယ်ဆယ်လိုက်လေသည်။-
ויתנם יהושע ביום ההוא חטבי עצים ושאבי מים--לעדה ולמזבח יהוה עד היום הזה אל המקום אשר יבחר | 27 |
၂၇တစ်ချိန်တည်း၌ပင်သူတို့အားကျွန်များ အဖြစ်ဣသရေလအမျိုးသားများနှင့် ထာဝရဘုရား၏ယဇ်ပလ္လင်အတွက်ရေခပ် ထင်းခုတ်သည့်အလုပ်ကိုလုပ်စေ၏။ ယနေ့ တိုင်အောင်သူတို့သည်ထာဝရဘုရားရွေး ချယ်သောဝတ်ပြုကိုးကွယ်ရာဌာနတွင် ရေခပ်ထင်းခုတ်သည့်အလုပ်ကိုလုပ်ရ ကြလေသည်။