< יהושע 10 >
ויהי כשמע אדני צדק מלך ירושלם כי לכד יהושע את העי ויחרימה--כאשר עשה ליריחו ולמלכה כן עשה לעי ולמלכה וכי השלימו ישבי גבעון את ישראל ויהיו בקרבם | 1 |
၁ယေရိခေါ မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ၊ အာဣ မြို့နှင့် မင်းကြီး ကို တိုက် ယူ၍ ရှင်းရှင်းဖျက်ဆီး ကြောင်းကို ၎င်း၊ ဂိဗောင် မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့၍ အတူနေ ကြောင်းကို၎င်း၊ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည် ကြား သောအခါ၊
וייראו מאד--כי עיר גדולה גבעון כאחת ערי הממלכה וכי היא גדולה מן העי וכל אנשיה גברים | 2 |
၂ဂိဗောင် မြို့သည် မြို့တော် ကဲ့သို့ ကြီးစွာသောမြို့၊ အာဣ မြို့ထက် ကြီး ၍ မြို့သားယောက်ျား အပေါင်း တို့ သည် ခွန်အား နှင့်ပြည့်စုံသောကြောင့် အလွန် ကြောက်ရွံ့ ကြ၏။
וישלח אדני צדק מלך ירושלם אל הוהם מלך חברון ואל פראם מלך ירמות ואל יפיע מלך לכיש ואל דביר מלך עגלון--לאמר | 3 |
၃ထိုအခါ ယေရုရှလင် မင်းကြီး အဒေါနိဇေဒက် သည်၊ ဟေဗြုန် မင်းကြီး ဟောဟံ ၊ ယာမုတ် မင်းကြီး ပိရံ ၊ လာခိရှ မင်းကြီး ယာဖျာ ၊ ဧဂလုန် မင်းကြီး ဒေပိရ တို့ထံ သို့စေလွှတ် ၍၊
עלו אלי ועזרני ונכה את גבעון כי השלימה את יהושע ואת בני ישראל | 4 |
၄ဂိဗောင် မြို့သည် ယောရှု မှစ၍ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယ ဖွဲ့သောကြောင့် ၊ ထိုမြို့ကို လုပ်ကြံ ခြင်းငှါငါ့ ထံ သို့လာ ၍ ငါ နှင့်အတူကူညီ ကြပါဟု နှိုးဆော် သည်အတိုင်း၊
ויאספו ויעלו חמשת מלכי האמרי מלך ירושלם מלך חברון מלך ירמות מלך לכיש מלך עגלון--הם וכל מחניהם ויחנו על גבעון וילחמו עליה | 5 |
၅ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး တည်း ဟူသောအာမောရိ မင်းကြီး ငါး ပါးတို့သည် စည်းဝေး ၍ မိမိ တို့ဗိုလ်ပါ စစ်သည်အပေါင်း တို့နှင့်တကွ စစ်ချီ ၍ ၊ ဂိဗောင် မြို့ရှေ့ မှာ တပ်ချ လျက် စစ်တိုက် ကြ၏။
וישלחו אנשי גבעון אל יהושע אל המחנה הגלגלה לאמר אל תרף ידיך מעבדיך עלה אלינו מהרה והושיעה לנו ועזרנו--כי נקבצו אלינו כל מלכי האמרי ישבי ההר | 6 |
၆ဂိဗောင် မြို့သား တို့သည် ယောရှု ရှိရာ ဂိလဂါလ မြို့သို့ စေလွှတ် ၍ ၊ ကိုယ်တော် ၏ ကျွန် တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန် ကြွ ၍ မစ ကယ်တင် တော်မူပါ။ တောင် ပေါ်မှာနေ သောအာမောရိ မင်းကြီး အပေါင်း တို့သည် ကျွန်တော် တို့ကို တိုက် ခြင်းငှါစည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
ויעל יהושע מן הגלגל הוא וכל עם המלחמה עמו וכל גבורי החיל | 7 |
၇ယောရှု သည်လည်း ၊ စစ်မှု ၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲ အပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ မြို့မှ တက် သွားလေ၏။
ויאמר יהוה אל יהושע אל תירא מהם כי בידך נתתים לא יעמד איש מהם בפניך | 8 |
၈ထာဝရဘုရား ကလည်း ၊ သူ တို့ကို မ ကြောက် နှင့်။ သင် ၏လက် ၌ ငါအပ် မည်။ သင့် ရှေ့ မှာ လူတစုံတယောက် မျှ မ ခံ မရပ်နိုင်ရာဟု ယောရှု အား မိန့် တော်မူ၏။
ויבא אליהם יהושע פתאם כל הלילה עלה מן הגלגל | 9 |
၉ယောရှု သည် ဂိလဂါလ မြို့မှ တညဉ့်လုံး ချီ သွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့ တိုက် လာ သဖြင့်၊
ויהמם יהוה לפני ישראל ויכם מכה גדולה בגבעון וירדפם דרך מעלה בית חורן ויכם עד עזקה ועד מקדה | 10 |
၁၀ထာဝရဘုရား သည် သူ တို့ကို ဣသရေလ အမျိုးသားရှေ့ မှာ ရှုံး စေ၍ ၊ ဂိဗောင် မြို့အနား မှာ ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ၍ ၊ ဗေသောရုံ မြို့သို့ သွား သော လမ်း ၌ လိုက် လျက်၊ အဇေကာ မြို့၊ မက္ကဒါ မြို့တိုင်အောင် လုပ်ကြံ တော်မူ၏။
ויהי בנסם מפני ישראל הם במורד בית חורן ויהוה השליך עליהם אבנים גדלות מן השמים עד עזקה--וימתו רבים אשר מתו באבני הברד מאשר הרגו בני ישראל בחרב | 11 |
၁၁ထိုသူ တို့သည် ဣသရေလ လူတို့ရှေ့ မှာ ပြေး ၍ ဗေသောရုန် မြို့သို့ ဆင်း သွားရာတွင် ၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် မှ ကြီးစွာ သော မိုဃ်းသီး ကို အဇေကာ မြို့တိုင်အောင် သူ တို့အပေါ် ၌ ချ တော်မူ၍၊ သူတို့သည် ဣသရေလ လူတို့၏ ထား ကြောင့် သေ သည်ထက် မိုဃ်းသီး ကြောင့် သာ ၍သေ ကြ၏။
אז ידבר יהושע ליהוה ביום תת יהוה את האמרי לפני בני ישראל ויאמר לעיני ישראל שמש בגבעון דום וירח בעמק אילון | 12 |
၁၂ထိုသို့ အာမောရိ လူတို့ကို ဣသရေလ အမျိုးသားတို့၌ အပ် တော်မူသောနေ့ မှာ ၊ ယောရှု သည် ထာဝရဘုရား ကို ဆုတောင်း ပြီးလျှင် ၊ အိုနေ ၊ သင်သည် ဂိဗောင် မြို့၌ ၎င်း ၊ အိုလ ၊ သင်သည် အာယလုန် ချိုင့် ၌ ၎င်း ငြိမ်ဝပ် စွာ နေလော့ဟု ဣသရေလ အမျိုးသားများရှေ့ တွင် မြွက်ဆို သည် အတိုင်း၊
וידם השמש וירח עמד עד יקם גוי איביו--הלא היא כתובה על ספר הישר ויעמד השמש בחצי השמים ולא אץ לבוא כיום תמים | 13 |
၁၃ဣသရေလလူတို့သည် ရန်သူ တို့အားအပြစ်ဒဏ် မပေးမှီတိုင်အောင် နေ သည် ငြိမ်ဝပ် စွာနေ၍ လ သည် ရပ် လေ၏။ ယာရှာ ၏စာ ၌ ပါ သည်ကား၊ မိုဃ်း ကောင်းကင် အလယ် ၌ နေ သည် ရပ် နေ၏။ ဝင် မြဲဝင်အံ့သောငှါ တနေ့လုံး အလျင် မ ပြုဟု ပါသည်မ ဟုတ်လော။
ולא היה כיום ההוא לפניו ואחריו לשמע יהוה בקול איש כי יהוה נלחם לישראל | 14 |
၁၄ထာဝရဘုရား သည် လူ စကား ကို နားထောင် ၍၊ ထိုသို့ သော နေ့ တနေ့မျှ မ ဖြစ် စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူ၏။
וישב יהושע וכל ישראל עמו אל המחנה הגלגלה | 15 |
၁၅ထိုနောက် ၊ ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ ဂိလဂါလ တပ် သို့ ပြန် သွား၏။
וינסו חמשת המלכים האלה ויחבאו במערה במקדה | 16 |
၁၆မင်းကြီး ငါး ပါးတို့သည် ပြေး ၍ မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေကြ၏။
ויגד ליהושע לאמר נמצאו חמשת המלכים נחבאים במערה במקדה | 17 |
၁၇မက္ကဒါ လိုင်ခေါင်း ၌ ပုန်း လျက်နေသောမင်းကြီး ငါး ပါးကို တွေ့ ပါပြီဟု ယောရှု အား ကြား လျှောက်လျှင်၊
ויאמר יהושע גלו אבנים גדלות אל פי המערה והפקידו עליה אנשים לשמרם | 18 |
၁၈ယောရှု က၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို လှိမ့် ပုံ၍ လူ စောင့် တို့ကို ထား ကြလော့။
ואתם אל תעמדו--רדפו אחרי איביכם וזנבתם אותם אל תתנום לבוא אל עריהם כי נתנם יהוה אלהיכם בידכם | 19 |
၁၉သင်တို့မူကား မ ဆိုင်း မလင့်။ ရန်သူ တို့ကို လိုက် ၍ မှီသမျှသောသူ တို့ကို ကွပ်မျက် ကြ။ မြို့ ထဲ သို့ မ ဝင် စေ ကြနှင့်။ သင် တို့ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် တို့လက် ၌ အပ် တော်မူပြီဟု မှာ ထားလေ၏။
ויהי ככלות יהושע ובני ישראל להכותם מכה גדולה מאד--עד תמם והשרידים שרדו מהם ויבאו אל ערי המבצר | 20 |
၂၀ယောရှု နှင့် ဣသရေလ လူတို့သည် ရန်သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သုတ်သင် ပယ်ရှင်းပြီး မှ၊ ကျန် ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့ သောမြို့ သို့ ဝင် ၍ နေ ကြ၏။
וישבו כל העם אל המחנה אל יהושע מקדה בשלום לא חרץ לבני ישראל לאיש--את לשנו | 21 |
၂၁လူ အပေါင်း တို့သည် ယောရှု ရှိရာ မက္ကဒါ တပ် သို့ ငြိမ်ဝပ် စွာ ပြန် လာကြ၏။ ဣသရေလ လူ တစုံတယောက်ကို အဘယ်သူ မျှအပြစ် မတင်ရ။
ויאמר יהושע פתחו את פי המערה והוציאו אלי את חמשת המלכים האלה--מן המערה | 22 |
၂၂ယောရှု ကလည်း၊ လိုင်ခေါင်း ကို ဖွင့် ပြီးလျှင် ၊ ထို မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ထုတ်၍ ငါ့ ထံ သို့ဆောင် ခဲ့ကြဟု မှာ လိုက်သည်အတိုင်း၊
ויעשו כן--ויציאו אליו את חמשת המלכים האלה מן המערה את מלך ירושלם את מלך חברון את מלך ירמות את מלך לכיש את מלך עגלון | 23 |
၂၃သူတို့သည် ပြု ၍ ၊ ယေရုရှလင် မင်းကြီး ၊ ဟေဗြုန် မင်းကြီး ၊ ယာမုတ် မင်းကြီး ၊ လာခိရှ မင်းကြီး ၊ ဧဂလုန် မင်းကြီး ငါး ပါးတို့ကို လိုင်ခေါင်း ထဲက ဆောင် ခဲ့၍၊
ויהי כהוציאם את המלכים האלה אל יהושע ויקרא יהושע אל כל איש ישראל ויאמר אל קציני אנשי המלחמה ההלכוא אתו קרבו שימו את רגליכם על צוארי המלכים האלה ויקרבו וישימו את רגליהם על צואריהם | 24 |
၂၄ယောရှု ထံ သို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိ နှင့်အတူ စစ်ချီ သော ဗိုလ်မင်းတို့နှင့် ဣသရေလ လူ အပေါင်း တို့ကို ခေါ် လျှင် ၊ ချဉ်း လာကြ။ ဤ မင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြဟု ဗိုလ်မင်း တို့အား ဆို သည် အတိုင်း ၊ သူတို့သည် ချဉ်း လာ၍ ထိုမင်းကြီး တို့၏ လည်ကုပ် အပေါ် ၌ ခြေ ကို တင် ကြ၏။
ויאמר אליהם יהושע אל תיראו ואל תחתו חזקו ואמצו--כי ככה יעשה יהוה לכל איביכם אשר אתם נלחמים אותם | 25 |
၂၅ယောရှု ကလည်း သင် တို့တိုက် ရသောရန်သူ အပေါင်း တို့ကို ထာဝရဘုရား သည် ဤ ကဲ့သို့ပြု တော်မူမည် ဖြစ်၍ မ ကြောက် ကြနှင့်၊ စိတ် မ ပျက်ကြနှင့်။ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့ဟု ဆို ပြီးမှ၊
ויכם יהושע אחרי כן וימיתם ויתלם על חמשה עצים ויהיו תלוים על העצים עד הערב | 26 |
၂၆ထို မင်းကြီးတို့ကို ထားနှင့်ကွပ်မျက် ၍ သစ်ပင် ငါး ပင်တို့၌ ဆွဲ ထားလေ၏။ ညဦး တိုင်အောင် သစ်ပင် ၌ ဆွဲ ထားပြီးမှ၊
ויהי לעת בוא השמש צוה יהושע וירידום מעל העצים וישלכם אל המערה אשר נחבאו שם וישמו אבנים גדלות על פי המערה עד עצם היום הזה | 27 |
၂၇နေဝင် ချိန် ရောက် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း သစ်ပင် မှ ချ ပြီးလျှင် ၊ သူတို့ပုန်း လျက်နေရာ လိုင်ခေါင်း ၌ ပစ် ထား၍ ၊ လိုင်ခေါင်းဝ ပေါ် မှာ ကြီးစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
ואת מקדה לכד יהושע ביום ההוא ויכה לפי חרב ואת מלכה--החרם אותם ואת כל הנפש אשר בה לא השאיר שריד ויעש למלך מקדה כאשר עשה למלך יריחו | 28 |
၂၈ထို နေ့ ၌ ယောရှု သည် မက္ကဒါ မြို့ကို တိုက် ယူ၍ မြို့နှင့် မင်းကြီး ကို ထား နှင့် လုပ်ကြံ ပြီးလျှင် ၊ မင်းကြီးနှင့်တကွ မြို့သားအပေါင်း တို့ကို တယောက်မျှ မ ကျန် ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ မက္ကဒါ မင်းကြီး ကို ပြု သတည်း။
ויעבר יהושע וכל ישראל עמו ממקדה--לבנה וילחם עם לבנה | 29 |
၂၉ထိုနောက် ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ မက္ကဒါ မြို့မှ လိဗန မြို့သို့ချီ သွား၍ တိုက် သဖြင့်၊
ויתן יהוה גם אותה ביד ישראל ואת מלכה ויכה לפי חרב ואת כל הנפש אשר בה לא השאיר בה שריד ויעש למלכה כאשר עשה למלך יריחו | 30 |
၃၀ထာဝရဘုရား သည် ထိုမြို့ နှင့် မင်းကြီး ကို ဣသရေလ လူတို့လက် ၌ အပ် တော်မူ၍ ၊ မြို့နှင့် မြို့ သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ ၊ ယေရိခေါ မင်းကြီး ကို ပြု သကဲ့သို့ ထိုမင်းကြီး ကို ပြု ကြ၏။
ויעבר יהושע וכל ישראל עמו מלבנה--לכישה ויחן עליה וילחם בה | 31 |
၃၁ယောရှု သည် ဣသရေလ လူအပေါင်း တို့နှင့်တကွ ၊ လိဗန မြို့မှ လာခိရှ မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
ויתן יהוה את לכיש ביד ישראל וילכדה ביום השני ויכה לפי חרב ואת כל הנפש אשר בה--ככל אשר עשה ללבנה | 32 |
၃၂ထာဝရဘုရား သည် ထို မြို့ကို ဣသရေလ လူတို့ လက် ၌ အပ် တော်မူသဖြင့် ၊ ဒုတိယ နေ့ ၌ ရ ၍ လိဗန မြို့ကို ပြု သကဲ့သို့ ထိုမြို့နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ကြ၏။
אז עלה הרם מלך גזר לעזר את לכיש ויכהו יהושע ואת עמו עד בלתי השאיר לו שריד | 33 |
၃၃ထိုအခါ ဂေဇာ မင်းကြီး ဟောရံ သည်၊ လာခိရှ မြို့ ကို ကူညီ မည်ဟု လာ သောကြောင့်၊ ယောရှု သည် ထို မင်းကြီး နှင့် သူ ၏လူ အပေါင်းတို့ကို တယောက်မျှမ ကျန် ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံ လေ၏။
ויעבר יהושע וכל ישראל עמו מלכיש--עגלנה ויחנו עליה וילחמו עליה | 34 |
၃၄တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ လာခိရှ မြို့မှ ဧဂလုန် မြို့သို့ ချီ သွား၍ တပ်ချ လျက် တိုက် ကြ၏။
וילכדוה ביום ההוא ויכוה לפי חרב--ואת כל הנפש אשר בה ביום ההוא החרים ככל אשר עשה ללכיש | 35 |
၃၅ထိုနေ့ ခြင်းတွင် ရ ၍ လာခိရှ မြို့ကို ပြု သကဲ့သို့ ၊ ထိုမြို့ နှင့် မြို့သူ မြို့သားအပေါင်း တို့ကို ထား နှင့် လုပ်ကြံ ၍ တနေ့ ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
ויעל יהושע וכל ישראל עמו מעגלונה--חברונה וילחמו עליה | 36 |
၃၆တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဧဂလုန် မြို့မှ ဟေဗြုန် မြို့သို့ ချီ သွား၍ တိုက် ကြ ၏။
וילכדוה ויכוה לפי חרב ואת מלכה ואת כל עריה ואת כל הנפש אשר בה לא השאיר שריד ככל אשר עשה לעגלון ויחרם אותה ואת כל הנפש אשר בה | 37 |
၃၇ရ သောအခါ ၊ ဧဂလုန် မြို့ကို ပြု သကဲ့သို့ ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့ နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်း၊ မြို့သူ မြို့သားအပေါင်း တို့ကို၎င်း၊ တယောက်မျှ မ ကျန် ကြွင်းရဘဲ ထား နှင့် လုပ်ကြံ ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီး ကြ၏။
וישב יהושע וכל ישראל עמו דברה וילחם עליה | 38 |
၃၈တဖန် ယောရှု သည် ဣသရေလ လူအပေါင်း တို့ နှင့်တကွ ၊ ဒေဗိရ မြို့သို့ ပြန် လာ၍ တိုက် ကြ၏။
וילכדה ואת מלכה ואת כל עריה ויכום לפי חרב ויחרימו את כל נפש אשר בה לא השאיר שריד כאשר עשה לחברון כן עשה לדברה ולמלכה וכאשר עשה ללבנה ולמלכה | 39 |
၃၉ထိုမြို့ နှင့် မင်းကြီး ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ ရှိသမျှ တို့ကို၎င်းရ ၍ ၊ ထား နှင့် လုပ်ကြံ သဖြင့် မြို့သား အပေါင်း တို့ကို တယောက်မျှမ ကျန် ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။ ဟေဗြုန် မြို့၊ လိဗန မြို့နှင့် မင်းကြီး ကို ပြု သကဲ့သို့ ဒေဗိရ မြို့နှင့် မင်းကြီး ကို ပြု သတည်း။
ויכה יהושע את כל הארץ ההר והנגב והשפלה והאשדות ואת כל מלכיהם--לא השאיר שריד ואת כל הנשמה החרים כאשר צוה יהוה אלהי ישראל | 40 |
၄၀ထိုသို့ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် တောင် ပေါ်အရပ် ၊ တောင် မျက်နှာအရပ်၊ ချိုင့် ထဲအရပ်၊ စမ်းရေတွင်း အရပ်ရှိသမျှ တို့နှင့်တကွ ၊ မင်းကြီး အပေါင်း တို့ကို လုပ်ကြံ ၍၊ အသက် ရှင်သောသူတယောက်မျှ မ ကျန် ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီး လေ၏။
ויכם יהושע מקדש ברנע ועד עזה ואת כל ארץ גשן ועד גבעון | 41 |
၄၁ကာဒေရှဗာနာ မြို့မှစ၍ ဂါဇ မြို့တိုင်အောင် ၎င်း၊ ဂေါရှင် ပြည် တရှောက်လုံး နှင့်တကွ ၊ ဂိဗောင် မြို့တိုင်အောင် ၎င်း လုပ်ကြံ ၍၊
ואת כל המלכים האלה ואת ארצם לכד יהושע פעם אחת כי יהוה אלהי ישראל נלחם לישראל | 42 |
၄၂ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ၊ ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။
וישב יהושע וכל ישראל עמו אל המחנה הגלגלה | 43 |
၄၃ထိုနောက် ယောရှု သည်၊ ဣသရေလ လူအပေါင်း တို့နှင့်တကွ ဂိလဂါလ တပ် သို့ ပြန် သွား၏။