< יהושע 1 >
ויהי אחרי מות משה--עבד יהוה ויאמר יהוה אל יהושע בן נון משרת משה לאמר | 1 |
၁ထာဝရဘုရား၏ ကျွန်မောရှေသည် အနိစ္စ ရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သား ယောရှုအား ထာဝရဘုရားက၊
משה עבדי מת ועתה קום עבר את הירדן הזה אתה וכל העם הזה אל הארץ אשר אנכי נתן להם לבני ישראל | 2 |
၂ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍ ယော်ဒန်မြစ်တဘက်သို့ ကူးကြလော့။ ဣသရေ လအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။
כל מקום אשר תדרך כף רגלכם בו--לכם נתתיו כאשר דברתי אל משה | 3 |
၃မောရှေအား ငါဂတိရှိသည်အတိုင်း သင်တို့နင်း သမျှသောမြေကို သင်တို့အား ငါပေးမည်။
מהמדבר והלבנון הזה ועד הנהר הגדול נהר פרת כל ארץ החתים ועד הים הגדול מבוא השמש--יהיה גבולכם | 4 |
၄တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင် ၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တရှောက်လုံး ပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်၎င်း၊ သင်တို့နယ် အပိုင်းအခြားဖြစ်ရမည်။
לא יתיצב איש לפניך כל ימי חייך כאשר הייתי עם משה אהיה עמך לא ארפך ולא אעזבך | 5 |
၅သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။ မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။
חזק ואמץ כי אתה תנחיל את העם הזה את הארץ אשר נשבעתי לאבותם לתת להם | 6 |
၆အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ၍ အမွေပေးရမည်။
רק חזק ואמץ מאד לשמר לעשות ככל התורה--אשר צוך משה עבדי אל תסור ממנו ימין ושמאול למען תשכיל בכל אשר תלך | 7 |
၇သို့ဖြစ်၍ ငါ၏ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့။ ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။
לא ימוש ספר התורה הזה מפיך והגית בו יומם ולילה למען תשמר לעשות ככל הכתוב בו כי אז תצליח את דרכך ואז תשכיל | 8 |
၈ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့် မည်။
הלוא צויתיך חזק ואמץ אל תערץ ואל תחת כי עמך יהוה אלהיך בכל אשר תלך | 9 |
၉သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။
ויצו יהושע את שטרי העם לאמר | 10 |
၁၀ထိုအခါ ယောရှုသည် ဗိုလ်မင်းများတို့ကို ခေါ်၍၊
עברו בקרב המחנה וצוו את העם לאמר הכינו לכם צידה כי בעוד שלשת ימים אתם עברים את הירדן הזה לבוא לרשת את הארץ אשר יהוה אלהיכם נתן לכם לרשתה | 11 |
၁၁တပ်တရှောက်လုံးသို့ သွားကြလော့။ သင်တို့၏ ဘုရားသခင် ထာဝရဘုရား အပိုင်ပေးတော်မူသောပြည် ကို ဝင်စားခြင်းငှါ၊ သုံးရက်အတွင်းတွင် ဤယော်ဒန်မြစ် တဘက်သို့ ကူးရသောကြောင့် ရိက္ခာကို ပြင်ဆင်ရကြမည် အကြောင်း၊ လူများတို့အား ဆင့်ဆိုကြလော့ဟု မှာထား လေ၏။
ולראובני ולגדי ולחצי שבט המנשה--אמר יהושע לאמר | 12 |
၁၂တဖန် ယောရှုသည် ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သား၊ မနာရှေအမျိုးသားတဝက်တို့ကို ခေါ်၍၊
זכור את הדבר אשר צוה אתכם משה עבד יהוה לאמר יהוה אלהיכם מניח לכם ונתן לכם את הארץ הזאת | 13 |
၁၃ထာဝရဘုရား၏ ကျွန်မောရှေသည်၊ သင်တို့ အား မှာထားသော စကားဟူမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ဤပြည်၌ နေရာချတော်မူပြီ။
נשיכם טפכם ומקניכם ישבו בארץ אשר נתן לכם משה בעבר הירדן ואתם תעברו חמשים לפני אחיכם כל גבורי החיל ועזרתם אותם | 14 |
၁၄သင်တို့သားမယား၊ သူငယ်များနှင့် တိရစ္ဆာန် များတို့သည် ယော်ဒန်မြစ်အရှေ့ဘက် မောရှေပေးသော ပြည်၌ နေရစ်ရကြမည်။
עד אשר יניח יהוה לאחיכם ככם וירשו גם המה את הארץ אשר יהוה אלהיכם נתן להם ושבתם לארץ ירשתכם וירשתם אותה אשר נתן לכם משה עבד יהוה בעבר הירדן מזרח השמש | 15 |
၁၅ထာဝရဘုရားသည် သင်တို့အား နေရာချသည် အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမှီ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၊ သင်တို့တွင် ခွန်အား ကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍ မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရ ဘုရား၏ကျွန် မောရှေသည် ယော်ဒန်မြစ် နေထွက်ရာ ဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ ဝင်စားရကြ မည်ဟု ပြောဆို၏။
ויענו את יהושע לאמר כל אשר צויתנו נעשה ואל כל אשר תשלחנו נלך | 16 |
၁၆ထိုသူတို့ကလည်း၊ ကိုယ်တော်မှာထားတော်မူ သမျှကို ကျွန်တော်တို့ပြုပါမည်။ စေလွှတ်တော်မူသမျှ သော အရပ်သို့ သွားပါမည်။
ככל אשר שמענו אל משה כן נשמע אליך רק יהיה יהוה אלהיך עמך כאשר היה עם משה | 17 |
၁၇အရာရာတို့၌ မောရှေ၏စကားကို နားထောင် သည်နည်းတူ ကိုယ်တော်စကားကိုလည်း နားထောင်ပါ မည်။ သို့ဖြစ်၍ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား သည် မောရှေနှင့်အတူ ရှိသကဲ့သို့ ကိုယ်တော်နှင့်အတူ ရှိတော်မူပါစေသော။
כל איש אשר ימרה את פיך ולא ישמע את דבריך לכל אשר תצונו--יומת רק חזק ואמץ | 18 |
၁၈အာဏာတော်ကို ဆန်၍၊ မှာထားတော်မူသမျှ သောစကားကို နားမထောင်သောသူ မည်သည်ကား၊ အသေသတ်ခြင်းကို ခံစေရမည်။ သို့ဖြစ်၍ အားယူတော် မူပါ။ ရဲရင့်ခြင်းရှိတော်မူပါဟု ယေရှုအား ပြန်လျှောက် ကြ၏။