< איוב 38 >
ויען-יהוה את-איוב מנהסערה (מן הסערה) ויאמר | 1 |
၁ထိုအခါ ထာဝရဘုရား သည် ယောဘ စကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်း ထဲက မိန့် တော်မူသည် ကား ၊
מי זה מחשיך עצה במלין-- בלי-דעת | 2 |
၂ပညာ မ ရှိဘဲစကား ပြောကာမျှနှင့် ငါ့အကြံ ကို မိုက် စေသော ဤ သူကား အဘယ်သူ နည်း။
אזר-נא כגבר חלציך ואשאלך והודיעני | 3 |
၃လူ ယောက်ျားကဲ့သို့ သင့် ခါး ကို စီး လော့။ ငါမေးမြန်း သော ပြဿနာတို့ကို ဖြေ လော့။
איפה היית ביסדי-ארץ הגד אם-ידעת בינה | 4 |
၄မြေကြီး အမြစ်ကို ငါ တည် သောအခါ ၊ သင်သည် အဘယ်မှာ ရှိ သနည်း။ နားလည် လျှင် ဘော်ပြ လော့။
מי-שם ממדיה כי תדע או מי-נטה עליה קו | 5 |
၅မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင် သနည်း။ နားလည် လျှင်ပြောလော့။ မျဉ်း ကြိုးကို အဘယ်သူ တန်း၍ချ သနည်း။
על-מה אדניה הטבעו או מי-ירה אבן פנתה | 6 |
၆မြေကြီးတိုက်မြစ် ကို အဘယ် အရပ်၌ စွဲ စေ သနည်း။
ברן-יחד כוכבי בקר ויריעו כל-בני אלהים | 7 |
၇နံနက် ကြယ် တို့သည် တညီတညွတ်တည်း သီချင်း ဆို၍ ၊ ဘုရား သခင်သား အပေါင်း တို့သည် ဝမ်းမြောက် သဖြင့်၊ ကြွေးကြော် ကြစဉ် ၊ တိုက်ထောင့် အထွဋ် ကျောက် ကို အဘယ်သူ တင်ထားသနည်း။
ויסך בדלתים ים בגיחו מרחם יצא | 8 |
၈သမုဒ္ဒရာ သည်အမိဝမ်း ထဲက ဘွား၍ ထွက် လာ သောအခါ ၊ အဘယ်သူသည် တံခါး ပိတ်နှင့် ပိတ် ထား သနည်း။
בשומי ענן לבשו וערפל חתלתו | 9 |
၉သမုဒ္ဒရာကို မိုဃ်းတိမ် နှင့် ငါခြုံ ၍ ထူထပ် သော မှောင်မိုက်နှင့် ထုပ် ရစ်သည်ကာလ၌ ၎င်း၊
ואשבר עליו חקי ואשים בריח ודלתים | 10 |
၁၀သင်သည်ဤ အရပ်တိုင်အောင် လာ ရ၏။
ואמר--עד-פה תבוא ולא תסיף ופא-ישית בגאון גליך | 11 |
၁၁တိုး ၍မ လွန်ရ၊ ဤ အရပ်၌သင် ၏ ထောင်လွှား သောလှိုင်း တံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍၊ တံခါး ပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထား သည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း။
המימיך צוית בקר ידעתה שחר (ידעת השחר) מקמו | 12 |
၁၂သင် သည်တသက်လုံး တွင် တခါမျှ နံနက် ကို မှာထား ဘူးသလော။ မိုဃ်းသောက် လင်းကို နေရာ ချဘူး သလော။
לאחז בכנפות הארץ וינערו רשעים ממנה | 13 |
၁၃နံနက်အလင်းသည် မြေကြီး စွန်း ကို ကိုင် လျက်၊ လူဆိုး တို့ကိုခါ ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
תתהפך כחמר חותם ויתיצבו כמו לבוש | 14 |
၁၄မြေကြီး သည် တံဆိပ် ခတ်သကဲ့သို့ ပုံ ပေါ်၍ အဝတ် တန်ဆာဆင်သကဲ့သို့ ရှိ ၏။
וימנע מרשעים אורם וזרוע רמה תשבר | 15 |
၁၅လူဆိုး တို့၏ အလင်း သည်ကွယ် ၍ ချီကြွ သော လက် လည်း ကျိုး တတ်၏။
הבאת עד-נבכי-ים ובחקר תהום התהלכת | 16 |
၁၆သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲ သို့ ဝင် ဘူးသလော။ နက်နဲ သော အောက်ဆုံးအရပ်၌ လှည့်လည် ဘူး သလော။
הנגלו לך שערי-מות ושערי צלמות תראה | 17 |
၁၇သေ ခြင်းတံခါး တို့ကို သင့် အား ဖွင့် ဘူးသလော။ သေမင်း အရိပ်ထဲသို့ဝင်သော လမ်းဝ တို့ကို မြင် ဘူး သလော။
התבננת עד-רחבי-ארץ הגד אם-ידעת כלה | 18 |
၁၈မြေကြီး မျက်နှာတပြင်လုံး ကို ကြည့်ရှု ဘူး သလော။ အလုံးစုံ ကို သိမြင် လျှင် ဘော်ပြ လော့။
אי-זה הדרך ישכן-אור וחשך אי-זה מקמו | 19 |
၁၉အလင်း နေရာ သို့ အဘယ် မည်သော လမ်း ဖြင့် ရောက်ရသနည်း။ မှောင်မိုက် နေရာ လည်း အဘယ်မှာ ရှိသနည်း။
כי תקחנו אל-גבולו וכי-תבין נתיבות ביתו | 20 |
၂၀အကယ် စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင် နိုင်၏။ သူ တို့နေရာအိမ် သို့ ရောက်သောလမ်း တို့ကို သိ လိမ့်မည်။
ידעת כי-אז תולד ומספר ימיך רבים | 21 |
၂၁သင်သည်ရှေးကာလ၌ ဘွားမြင် ၍ အလွန် အသက် ကြီးသောကြောင့် သိ လိမ့်မည်။
הבאת אל-אצרות שלג ואוצרות ברד תראה | 22 |
၂၂သင်သည် မိုဃ်းပွင့် ဘဏ္ဍာတိုက် ထဲ သို့ ဝင် ဘူး သလော ။
אשר-חשכתי לעת-צר ליום קרב ומלחמה | 23 |
၂၃ဘေး ရောက်ရာအချိန် ကာလနှင့် စစ် ပြိုင်၍ တိုက် ရာအချိန် ကာလဘို့ ၊ ငါသိုထား သော မိုဃ်းသီး ဘဏ္ဍာ များကို မြင် ဘူးသလော။
אי-זה הדרך יחלק אור יפץ קדים עלי-ארץ | 24 |
၂၄အလင်း သည် အဘယ်သို့ သောလမ်း ဖြင့် နှံ့ပြား သနည်း။ အရှေ့ လေသည်မြေကြီး ပေါ် မှာ အဘယ်ကြောင့်လွင့် သနည်း။
מי-פלג לשטף תעלה ודרך לחזיז קלות | 25 |
၂၅လူ မ ရှိသောမြေ နှင့် လူမ နေသောတော ၌ မိုဃ်းရွာ စေ ခြင်းငှါ၎င်း၊
להמטיר על-ארץ לא-איש-- מדבר לא-אדם בו | 26 |
၂၆လွတ်လပ် သောလွင်ပြင် ကို ရေနှင့်ဝ စေ၍ ၊ နုသောမြက်ပင် အညှောက် ကို ထွက် စေ ခြင်းငှါ၎င်း၊
להשביע שאה ומשאה ולהצמיח מצא דשא | 27 |
၂၇လျှံ သောမိုဃ်းရေစီး ရာလမ်း၊ မိုဃ်းကြိုး နှင့် ဆိုင်သော လျှပ်စစ် ပြက်ရာလမ်း ကို အဘယ်သူ ဖွင့် သနည်း။
היש-למטר אב או מי-הוליד אגלי-טל | 28 |
၂၈မိုဃ်းရေ ၏အဘ ကား အဘယ်သူနည်း။ နှင်း ပေါက် တို့ကို အဘယ်သူ ဖြစ်ဘွားစေသနည်း။
מבטן מי יצא הקרח וכפר שמים מי ילדו | 29 |
၂၉ရေခဲ သည်အဘယ်သူ ၏ ဝမ်း ထဲက ထွက် လာ သနည်း။ မိုဃ်း ကောင်းကင်နှင်းခဲ ကို အဘယ်သူ သည် ပဋိသန္ဓေ ပေးသနည်း။
כאבן מים יתחבאו ופני תהום יתלכדו | 30 |
၃၀ရေ သည် ကျောက်ခဲ ကဲ့သို့ ဖြစ်၍ပင်လယ် မျက်နှာ တင်းမာ လျက် ရှိ၏။
התקשר מעדנות כימה או-משכות כסיל תפתח | 31 |
၃၁သင်သည် ခိမ ကြယ်စု၏သာယာ စွာ ပြုပြင်ခြင်း ကို ချုပ်တည်း နိုင်သလော။ ကသိလ ကြယ်၏ ချည်နှောင် ခြင်းကို ဖြည် နိုင်သလော။
התציא מזרות בעתו ועיש על-בניה תנחם | 32 |
၃၂မာဇရုတ် ကြယ်တို့ကို အချိန် ရောက်လျှင် ထုတ်ဘော် နိုင်သလော။ အာရှ ကြယ်နှင့်သူ ၏သား တို့ကို ပဲ့ပြင် နိုင်သလော။
הידעת חקות שמים אם-תשים משטרו בארץ | 33 |
၃၃မိုဃ်း ကောင်းကင်တရား တို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီး ကို အုပ်စိုး မည် အကြောင်းအခွင့်ပေး နိုင်သလော။
התרים לעב קולך ושפעת-מים תכסך | 34 |
၃၄များစွာ သော မိုဃ်းရေ သည် သင့် ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ် တို့ကို အသံ လွှင့် နိုင်သလော။
התשלח ברקים וילכו ויאמרו לך הננו | 35 |
၃၅လျှပ်စစ် တို့ကို လွှတ် နိုင်သလော။ သူတို့က ကျွန်တော် တို့ရှိ ပါ၏ဟု သင့် ကို လျှောက် လျက် သွား ကြ လိမ့်မည်လော။
מי-שת בטחות חכמה או מי-נתן לשכוי בינה | 36 |
၃၆ကိုယ် ခန္ဓါထဲ သို့ ပညာ ကို အဘယ်သူ သွင်း သနည်း။ နားလည်နိုင်သောဉာဏ် ကို အဘယ်သူ ပေး သနည်း။ ပညာ ရှိ၍ မိုဃ်းတိမ် တို့ကို အဘယ်သူ ရေတွက် နိုင်သနည်း။
מי-יספר שחקים בחכמה ונבלי שמים מי ישכיב | 37 |
၃၇
בצקת עפר למוצק ורגבים ידבקו | 38 |
၃၈မြေမှုန့် သည် လုံးထွေး ၍ မြေစိုင် တို့သည် ကပ် လျက်နေသောအခါ ၊ မိုဃ်း ကောင်းကင်၏ရေဘူး တို့ကို အဘယ်သူ သွန်းချ သနည်း။
התצוד ללביא טרף וחית כפירים תמלא | 39 |
၃၉သင်သည်ခြင်္သေ့မ အဘို့ စားစရာ အကောင်ကို လိုက်ရှာ နိုင်သလော။
כי-ישחו במעונות ישבו בסכה למו-ארב | 40 |
၄၀ခြင်္သေ့ ပျိုတို့သည် ခိုလှုံ ရာ၌ ဝပ် ၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝ စွာကျွေးနိုင်သလော။
מי יכין לערב צידו כי-ילדו אל-אל ישועו יתעו לבלי-אכל | 41 |
၄၁ကျီးအ သငယ် တို့သည် စားစရာ မ ရှိသောကြောင့် လှည့်လည် ၍ ဘုရား သခင်ကို အော်ဟစ် သောအခါ ၊ စားစရာ ကိုအဘယ်သူ ပေး သနည်း။