< איוב 2 >

ויהי היום--ויבאו בני האלהים להתיצב על יהוה ויבוא גם השטן בתכם להתיצב על יהוה 1
တဖန် ဘုရား သခင်၏ သား တို့သည် ထာဝရဘုရား ထံ တော်၌ ခစား ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။
ויאמר יהוה אל השטן אי מזה תבא ויען השטן את יהוה ויאמר משט בארץ ומהתהלך בה 2
ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။
ויאמר יהוה אל השטן השמת לבך אל עבדי איוב--כי אין כמהו בארץ איש תם וישר ירא אלהים וסר מרע ועדנו מחזיק בתמתו ותסיתני בו לבלעו חנם 3
ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူ၊ မ ကောင်းသောအကျင့်ကို ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ ကိုပျက်စီး စေခြင်းငှါ သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား မိန့် တော်မူ၏။
ויען השטן את יהוה ויאמר עור בעד עור וכל אשר לאיש--יתן בעד נפשו 4
စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။
אולם שלח נא ידך וגע אל עצמו ואל בשרו--אם לא אל פניך יברכך 5
ယခု တဖန် လက် တော်ကိုဆန့် ၍ သူ့ အရိုး နှင့် သူ့ အသား ကို ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
ויאמר יהוה אל השטן הנו בידך אך את נפשו שמר 6
ထာဝရဘုရား ကလည်း ၊ သူ သည် သင့် လက် ၌ ရှိ၏။ သူ့ အသက် တခုကိုသာ လွတ် စေဟုမိန့် တော်မူလျှင်၊
ויצא השטן מאת פני יהוה ויך את איוב בשחין רע מכף רגלו עד (ועד) קדקדו 7
စာတန် သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး ပေါက်စေ၏။
ויקח לו חרש להתגרד בו והוא ישב בתוך האפר 8
ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး ခြမ်းကို ကိုင် ယူ၍ မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။
ותאמר לו אשתו עדך מחזיק בתמתך ברך אלהים ומת 9
ထိုအခါ မယား က၊ သင် သည် ဖြောင့်မတ် သောတရားကို စွဲလမ်း သေးသလော။ ဘုရား သခင်ကို စွန့်ပယ် ၍ သေ လော့ဟုဆို၏။
ויאמר אליה כדבר אחת הנבלות תדברי--גם את הטוב נקבל מאת האלהים ואת הרע לא נקבל בכל זאת לא חטא איוב בשפתיו 10
၁၀ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင် ၏လက်တော်မှ သုခ ချမ်းသာကို ခံယူ သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ ခံ မယူရာသလောဟုဆို ၏။ ယောဘ သည် ဤ အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။
וישמעו שלשת רעי איוב את כל הרעה הזאת הבאה עליו ויבאו איש ממקמו אליפז התימני ובלדד השוחי וצופר הנעמתי ויועדו יחדו לבוא לנוד לו ולנחמו 11
၁၁ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ ၌ ရောက် သော ဤ အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍ သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။
וישאו את עיניהם מרחוק ולא הכירהו וישאו קולם ויבכו ויקרעו איש מעלו ויזרקו עפר על ראשיהם השמימה 12
၁၂ထိုသူတို့သည် အဝေး က မျှော် ကြည့်၍ ယောဘ ကို မ သိ လျှင် ၊ အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ အသီး အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍ မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့ ပစ် တင်ကြ၏။
וישבו אתו לארץ שבעת ימים ושבעת לילות ואין דבר אליו דבר--כי ראו כי גדל הכאב מאד 13
၁၃ခုနစ် ရက် ပတ်လုံးယောဘ နှင့်အတူ မြေ ပေါ် မှာထိုင် ၍ ၊ သူသည်ပြင်းစွာ သောဆင်းရဲ ခံရကြောင်းကို သိမြင် လျှင်၊ အဘယ် သူမျှစကားမပြော မဆိုဘဲနေကြ၏။

< איוב 2 >