< ירמיה 52 >
בן עשרים ואחת שנה צדקיהו במלכו ואחת עשרה שנה מלך בירושלם ושם אמו חמיטל (חמוטל) בת ירמיהו מלבנה | 1 |
၁ဇေဒကိမင်းသည် အသက်နှစ်ဆယ်တနှစ် ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သူ ယေရမိသမီး ဟာမုတလဖြစ်သတည်း။
ויעש הרע בעיני יהוה ככל אשר עשה יהויקם | 2 |
၂ထိုမင်းသည်ယောယကိမ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၏။
כי על אף יהוה היתה בירושלם ויהודה עד השליכו אותם מעל פניו וימרד צדקיהו במלך בבל | 3 |
၃ထာဝရဘုရားသည် ယုဒပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။
ויהי בשנה התשעית למלכו בחדש העשירי בעשור לחדש בא נבוכדראצר מלך בבל הוא וכל חילו על ירושלם ויחנו עליה ויבנו עליה דיק סביב | 4 |
၄ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌ တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
ותבא העיר במצור עד עשתי עשרה שנה למלך צדקיהו | 5 |
၅ဇေဒကိမင်းနန်းစံ တဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
בחדש הרביעי בתשעה לחדש ויחזק הרעב בעיר ולא היה לחם לעם הארץ | 6 |
၆ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
ותבקע העיר וכל אנשי המלחמה יברחו ויצאו מהעיר לילה דרך שער בין החמתים אשר על גן המלך וכשדים על העיר סביב וילכו דרך הערבה | 7 |
၇ခါလဒဲလူတို့သည် မြို့ရိုးကို ဖြိုဖေါက်၍၊ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်း တို့သည် ညဉ့်အခါပြေး၍၊ မြို့ရိုးနှစ်ထပ်စပ်ကြား၊ ဥယျာဉ် တော်နား တံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့သွားကြ၏။
וירדפו חיל כשדים אחרי המלך וישיגו את צדקיהו בערבת ירחו וכל חילו--נפצו מעליו | 8 |
၈ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ဇေဒကိကို လိုက်၍၊ ယေရိခေါလွင်ပြင်၌မှီသဖြင့် ဇေဒကိမင်း၏ စစ်သူရဲအပေါင်းတို့သည် လွင့်ပြေးကြ၏။
ויתפשו את המלך ויעלו אתו אל מלך בבל רבלתה בארץ חמת וידבר אתו משפטים | 9 |
၉ရန်သူတို့သည် ရှင်ဘုရင်ကို ဘမ်းဆီး၍၊ ဗာဗုလုန်ရှင်ဘုရင်ရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင် သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိ၏အမှုကို စစ်ကြောစီရင်၍၊
וישחט מלך בבל את בני צדקיהו לעיניו וגם את כל שרי יהודה שחט ברבלתה | 10 |
၁၀ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်လေ၏။ ရိဗလမြို့မှာ ယုဒမှူးမတ်အပေါင်းတို့ကို လည်း သတ်လေ၏။
ואת עיני צדקיהו עור ויאסרהו בנחשתים ויבאהו מלך בבל בבלה ויתנהו בבית (בית) הפקדת עד יום מותו | 11 |
၁၁ဇေဒကိမျက်စိကိုလည်း ဖေါက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား သဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထား လေ၏။
ובחדש החמישי בעשור לחדש היא שנת תשע עשרה שנה למלך נבוכדראצר מלך בבל--בא נבוזראדן רב טבחים עמד לפני מלך בבל בירושלם | 12 |
၁၂ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံ တဆယ်ကိုးနှစ်၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ အမှုတော် ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့ သို့လာ၍၊
וישרף את בית יהוה ואת בית המלך ואת כל בתי ירושלם ואת כל בית הגדול שרף באש | 13 |
၁၃ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
ואת כל חמות ירושלם סביב נתצו כל חיל כשדים אשר את רב טבחים | 14 |
၁၄ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲ စစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
ומדלות העם ואת יתר העם הנשארים בעיר ואת הנפלים אשר נפלו אל מלך בבל ואת יתר האמון--הגלה נבוזראדן רב טבחים | 15 |
၁၅ထိုအခါ ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောဆင်းရဲသား၊ ဗာဗုလုန်ရှင်ဘုရင် ဘက်သို့ကူးသွားနှင့်သောမြို့သား၊ ကြွင်းသမျှသော သူတို့ကို သိမ်းသွားလေ၏။
ומדלות הארץ--השאיר נבוזראדן רב טבחים לכרמים וליגבים | 16 |
၁၆သို့ရာတွင်၊ စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ဆင်းရဲ သားအချို့တို့ကို ထားခဲ့လေ၏။
ואת עמודי הנחשת אשר לבית יהוה ואת המכנות ואת ים הנחשת אשר בבית יהוה--שברו כשדים וישאו את כל נחשתם בבלה | 17 |
၁၇ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည်ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန် မြို့သို့ ယူသွားကြ၏။
ואת הסרות ואת היעים ואת המזמרות ואת המזרקת ואת הכפות ואת כל כלי הנחשת אשר ישרתו בהם--לקחו | 18 |
၁၈အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။
ואת הספים ואת המחתות ואת המזרקות ואת הסירות ואת המנרות ואת הכפות ואת המנקיות אשר זהב זהב ואשר כסף כסף--לקח רב טבחים | 19 |
၁၉ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော အင်တုံ၊ လင်ပန်း၊ အိုး၊ အိုးကင်း၊ မီးခုံ၊ ဇွန်း၊ ဖလားများကို၊ ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွား လေ၏။
העמודים שנים הים אחד והבקר שנים עשר נחשת אשר תחת המכנות אשר עשה המלך שלמה לבית יהוה--לא היה משקל לנחשתם כל הכלים האלה | 20 |
၂၀ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သော တိုင်နှစ်တိုင်၊ ရေကန်တခု၊ ရေကန်ခံစရာအခြေအမြစ် ကြေးဝါနွားတဆယ်နှစ်ခု၌ပါသော ကြေးဝါသည် အချိန် အားဖြင့် အတိုင်းမသိများ၏။
והעמודים שמנה עשרה אמה קומה (קומת) העמד האחד וחוט שתים עשרה אמה יסבנו ועביו ארבע אצבעות נבוב | 21 |
၂၁တိုင်အမြင့်ကား၊ တဆယ်ရှစ်တောင်ရှိ၏။ လုံးပတ်မှုကား၊ တဆယ်နှစ်တောင်ရှည်သော ကြိုးတပတ် ရှိ၏။ ခေါင်းပါဖြစ်၍ဒုလေးသစ်ရှိ၏။
וכתרת עליו נחשת וקומת הכתרת האחת חמש אמות ושבכה ורמונים על הכותרת סביב הכל נחשת וכאלה לעמוד השני ורמונים | 22 |
၂၂ကြေးဝါတိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့် ကား၊ ငါးတောင်ရှိ၍ ထိပ်ပတ်လည်ကြေးဝါကွန်ရွက်၊ ကြေးဝါသလဲသီးတို့နှင့်ပြည့်စုံ၏။ အခြားသော တိုင်သည် လည်း၊ ထိုအတူဖြစ်၍ သလဲသီးတို့နှင့်ပြည့်စုံ၏။
ויהיו הרמנים--תשעים וששה רוחה כל הרמונים מאה על השבכה סביב | 23 |
၂၃တိုင်တမျက်နှာ၌ သလဲသီးကိုးဆယ်ခြောက်လုံး စီရှိ၍၊ ကွန်ရွက်တဘက်၌ သလဲသီးပေါင်းတရာ ရှိသတည်း။
ויקח רב טבחים את שריה כהן הראש ואת צפניה כהן המשנה--ואת שלשת שמרי הסף | 24 |
၂၄ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယဇ်ပုရော ဟိတ်မင်းစရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန် တော်တံခါးမှူးသုံးယောက်တို့ကို ဘမ်းဆီးလေ၏။
ומן העיר לקח סריס אחד אשר היה פקיד על אנשי המלחמה ושבעה אנשים מראי פני המלך אשר נמצאו בעיר ואת ספר שר הצבא המצבא את עם הארץ וששים איש מעם הארץ הנמצאים בתוך העיר | 25 |
၂၅စစ်သူရဲတို့ကို အုပ်သောဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ခုနှစ်ယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ် တို့ကို မြို့ထဲကခေါ်သွား၍၊
ויקח אותם נבוזראדן רב טבחים וילך אותם אל מלך בבל רבלתה | 26 |
၂၆ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ပြီးလျှင်၊
ויכה אותם מלך בבל וימתם ברבלה בארץ חמת ויגל יהודה מעל אדמתו | 27 |
၂၇ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတို့ကို ဒဏ်ပေး၍ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှသိမ်းသွားခြင်းကို ခံရသတည်း။
זה העם אשר הגלה נבוכדראצר בשנת שבע--יהודים שלשת אלפים ועשרים ושלשה | 28 |
၂၈နေဗုခဒ်နေဇာမင်းသိမ်းသွားသော လူဟူမူကား၊ နန်းစံခုနစ်နှစ်တွင်၊ ယုဒအမျိုးသားသုံးထောင်နှစ်ဆယ် သုံးယောက်တို့ကို သိမ်းသွားလေ၏။
בשנת שמונה עשרה לנבוכדראצר מירושלם--נפש שמנה מאות שלשים ושנים | 29 |
၂၉တဆယ်ရှစ်နှစ်တွင်၊ လူရှစ်ရာသုံးဆယ် နှစ်ယောက်တို့ကို ယေရုရှလင်မြို့မှ သိမ်းသွားလေ၏။
בשנת שלש ועשרים לנבוכדראצר הגלה נבוזראדן רב טבחים יהודים נפש שבע מאות ארבעים וחמשה כל נפש ארבעת אלפים ושש מאות | 30 |
၃၀နှစ်ဆယ်သုံးနှစ်တွင်။ ကိုယ်ရံတော်မှူး နေဗုဇာရ ဒန်သည် ယုဒအမျိုးသားခုနှစ်ရာလေးဆယ်ငါးယောက် တို့ကို သိမ်းသွား၏။ လူအပေါင်းကား၊ လေးထောင် ခြောက်ရာရှိသတည်း။
ויהי בשלשים ושבע שנה לגלות יהויכן מלך יהודה בשנים עשר חדש בעשרים וחמשה לחדש נשא אויל מרדך מלך בבל בשנת מלכתו את ראש יהויכין מלך יהודה ויצא אתו מבית הכליא (הכלוא) | 31 |
၃၁ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ်ငါး ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ် ၍ ချမ်းသာပေး လေ၏။
וידבר אתו טבות ויתן את כסאו ממעל לכסא מלכים (המלכים) אשר אתו בבבל | 32 |
၃၂ကောင်းမွန်စွာ နှုတ်ဆက်၍သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ ထက်ချီးမြှင့်လေ၏။
ושנה את בגדי כלאו ואכל לחם לפניו תמיד כל ימי חיו | 33 |
၃၃ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော်၌ စားသောက်ရ၏။
וארחתו ארחת תמיד נתנה לו מאת מלך בבל דבר יום ביומו--עד יום מותו כל ימי חייו | 34 |
၃၄အသေမှီတိုင်အောင် အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူစားစရာဘို့၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနား တော်မူ၏။