< ישעה 59 >
הן לא קצרה יד יהוה מהושיע ולא כבדה אזנו משמוע | 1 |
၁ထာဝရဘုရားသည်သင်တို့အားမကယ်နိုင် လောက်အောင်အားအင်ချည့်နဲ့တော်မူသည် မဟုတ်။ ကူမတော်မူပါဟုသင်တို့ဟစ်အော် တောင်းလျှောက်သံကိုမကြားနိုင်လောက်အောင် နားမလေး။-
כי אם עונתיכם היו מבדלים בינכם לבין אלהיכם וחטאותיכם הסתירו פנים מכם--משמוע | 2 |
၂ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။-
כי כפיכם נגאלו בדם ואצבעותיכם בעון שפתותיכם דברו שקר--לשונכם עולה תהגה | 3 |
၃သင်တို့သည်လိမ်လည်ကောက်ကျစ်စွာပြော ဆိုမှု၊ သင်တို့၏လက်များနှင့်လက်ချောင်း များသည် သွေးများပေကျံမှု၊ လူသတ်မှု တို့အတွက်အပြစ်ရှိကြ၏။
אין קרא בצדק ואין נשפט באמונה בטוח על תהו ודבר שוא הרו עמל והוליד און | 4 |
၄သင်တို့သည်တရားရုံးတော်သို့သွားသော် လည်း တရားမျှတမှုမရှိ၊ တရားသည့် ဘက်၌မနေကြ။ မိမိတို့အမှုနိုင်ရန် အတွက်မုသားစကားပြောဆိုလျက် အကြောင်းမဲ့ငြင်းခုံတတ်ကြ၏။
ביצי צפעוני בקעו וקורי עכביש יארגו האכל מביציהם ימות והזורה תבקע אפעה | 5 |
၅သင်တို့၏ဆိုးရွားသောအကြံစည်များသည် မြွေဆိုးဥများကဲ့သို့ပေါက်ပွားစေ၏။ တစ် ခုကိုဖျက်ဆီးလိုက်လျှင် မြွေဆိုးတစ်ကောင် ပေါက်လာတတ်ပါသည်တကား။ သင်တို့၏ အကြံအစည်များသည်သင်တို့ကိုအကျိုး ပေးလိမ့်မည်မဟုတ်။-
קוריהם לא יהיו לבגד ולא יתכסו במעשיהם מעשיהם מעשי און ופעל חמס בכפיהם | 6 |
၆ယင်းတို့သည်ပင့်ကူမြှေးဖြင့်ယက်လုပ်သော အထည်ကဲ့သို့ အချည်းနှီးသာလျှင်ဖြစ်ကြ ၏။ မိမိတို့ယက်လုပ်သောအရာသည် လုံခြုံ မှုကိုမပေးနိုင်၊ ဆိုးညစ်၍အကြမ်းဖက် သောအမှုတို့ပြုလုပ်ကြ၏။-
רגליהם לרע ירצו וימהרו לשפך דם נקי מחשבותיהם מחשבות און--שד ושבר במסלותם | 7 |
၇သင်တို့သည်မကောင်းမှုတစ်ခုခုကိုထာဝ စဉ်ကြံစည်လျက် အပြစ်ကိုမဆိုင်းမတွ ပြုကျင့်တတ်ကြ၏။ အပြစ်မရှိသောသူ ကိုသတ်ရန်ပင်လျှင်လက်မနှေးကြ။ သင် တို့ရောက်လေရာအရပ်တိုင်း၌ဆုံးပါး ပျက်စီးမှုသာလျှင်ကျန်ရှိခဲ့တတ်၏။-
דרך שלום לא ידעו ואין משפט במעגלותם נתיבותיהם עקשו להם--כל דרך בה לא ידע שלום | 8 |
၈သင်တို့ရောက်ရှိနေချိန်၌လည်းအဘယ်သူ မျှအသက်စည်းစိမ်လုံခြုံမှုမရှိ။ သင်တို့ ပြုသောအမှုမှန်သမျှသည်မတရား သောအမှုများဖြစ်၏။ သင်တို့သည်လမ်း ကောက်ကိုလိုက်တတ်ကြ၏။ ထိုလမ်းကို လိုက်သောသူတိုင်းအဘယ်အခါ၌မျှ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်မဟုတ်။
על כן רחק משפט ממנו ולא תשיגנו צדקה נקוה לאור והנה חשך לנגהות באפלות נהלך | 9 |
၉လူတို့က``ဘုရားသခင်သည်ငါတို့အား မတရားပြုသူတို့လက်မှအဘယ်ကြောင့် ကယ်တော်မမူကြောင်းကိုလည်းငါတို့သိ ရပြီ။ ငါတို့သည်မိမိလျှောက်သွားရန်လမ်း ခရီးအတွက် အလင်းရောင်ကိုမျှော်လင့်တောင့် တကြသော်လည်းမှောင်မိုက်အရိပ်ကိုသာ လျှင်ရရှိကြ၏။-
נגששה כעורים קיר וכאין עינים נגששה כשלנו בצהרים כנשף באשמנים כמתים | 10 |
၁၀ငါတို့သည်မျက်မမြင်များကဲ့သို့လက်နှင့် စမ်း၍သွားလာရကြ၏။ မွန်းတည့်ချိန်၌ပင် ငါတို့သည်ညဥ့်အခါမှာကဲ့သို့ သန်စွမ်းသူ တို့၏အလယ်၌ မှောင်မိုက်ရာမရဏာနိုင်ငံ သို့ရောက်ရှိနေဘိသကဲ့သို့ခြေချော်၍ လဲကျကြ၏။-
נהמה כדבים כלנו וכיונים הגה נהגה נקוה למשפט ואין לישועה רחקה ממנו | 11 |
၁၁ငါတို့သည်ကြောက်လန့်တုန်လှုပ်လျက်စိတ် သောကရောက်ရကြ၏။ မိမိတို့ကိုမတရား ပြုသူများလက်မှကယ်တော်မူရန် ဘုရားသခင်အားတမ်းတကြပါသော်လည်း အလွန် ဝေးကွာနေလျက်အချည်းနှီးပင်ဖြစ်ပါ၏။
כי רבו פשעינו נגדך וחטאותינו ענתה בנו כי פשעינו אתנו ועונתינו ידענום | 12 |
၁၂``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန် တော်မျိုးတို့ပြစ်မှားသည့်အပြစ်များသည် များလှပါ၏။ ထိုအပြစ်များကကျွန်တော် မျိုးတို့အားစွဲချက်တင်သည်ဖြစ်၍ကျွန်တော် မျိုးတို့သည်မိမိတို့၏အပြစ်များကိုကောင်း စွာသိရကြပါ၏။-
פשע וכחש ביהוה ונסוג מאחר אלהינו דבר עשק וסרה הרו והגו מלב דברי שקר | 13 |
၁၃ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကိုပုန်ကန် ကြပါ၏။ ကိုယ်တော်ရှင်ကိုပစ်ပယ်ကာနောက် တော်သို့လိုက်ရန်ငြင်းဆန်ခဲ့ကြပါ၏။ ကျွန် တော်မျိုးတို့သည်သူတစ်ပါးတို့အားနှိပ်စက် ညှင်းဆဲ၍ကိုယ်တော်ရှင်ကိုလည်းပုန်ကန်ကြ ပါပြီ။ ကျွန်တော်မျိုးတို့၏အကြံအစည် များသည်မူမမှန်ပါ။ ကျွန်တော်မျိုးတို့၏ စကားများသည်လည်းမုသားဖြစ်ပါ၏။-
והסג אחור משפט וצדקה מרחוק תעמד כי כשלה ברחוב אמת ונכחה לא תוכל לבוא | 14 |
၁၄တရားမျှတမှုသည်အဝေးသို့အနှင်ခံရ လျက် အမှန်တရားသည်လည်းအနီးသို့မချဉ်း ကပ်နိုင်ပါ။ တရားစီရင်ရာဌာနများ၌အမှန် တရားမရှိ၊ သစ္စာတရားသည်ရပ်တည်၍မ နေနိုင်။-
ותהי האמת נעדרת וסר מרע משתולל וירא יהוה וירע בעיניו כי אין משפט | 15 |
၁၅ထိုအရပ်တွင်ရိုးသားဖြောင့်မှန်သူနည်းပါး လှသည်ဖြစ်၍ မကောင်းမှုကိုရှောင်ကြဉ်သူ သည်သူရူးဟုပင်အထင်ခံရတတ်ပါ၏။'' ဤအဖြစ်သနစ်ကိုမြင်တော်မူသဖြင့် ထာဝရဘုရားသည်တရားမျှတခြင်း ကင်းမဲ့မှုကိုနှစ်သက်တော်မမူ။-
וירא כי אין איש וישתומם כי אין מפגיע ותושע לו זרעו וצדקתו היא סמכתהו | 16 |
၁၆အနှိပ်အစက်ခံရသူတို့အားကယ်မမည့်သူ မရှိသည်ကိုလည်းမြင်တော်မူ၍အံ့သြတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားလက် တော်ဖြင့်ကယ်တော်မူ၍ ကိုယ်တော်ရှင်၏ဖြောင့် မတ်တော်မူခြင်းအားဖြင့်အောင်ပွဲခံတော်မူ လိမ့်မည်။-
וילבש צדקה כשרין וכובע ישועה בראשו וילבש בגדי נקם תלבשת ויעט כמעיל קנאה | 17 |
၁၇ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
כעל גמלות כעל ישלם--חמה לצריו גמול לאיביו לאיים גמול ישלם | 18 |
၁၈မိမိတို့အပြစ်အလျောက်ဒဏ်ခတ်တော်မူ လိမ့်မည်။ ကိုယ်တော်ရှင်၏ရန်သူများသည် အမျက်တော်ကိုခံရ၍ အကျိုးအပြစ်ကို ပေးဆပ်ရမည်။ ရပ်ဝေးတွင်နေထိုင်လျက်ရှိ ကြသူများပင်လျှင် ထိုအပြစ်ဒဏ်နှင့် ကင်းလွတ်ကြလိမ့်မည်မဟုတ်။-
ויראו ממערב את שם יהוה וממזרח שמש את כבודו כי יבוא כנהר צר רוח יהוה נססה בו | 19 |
၁၉အရှေ့မျက်နှာမှသည်အနောက်မျက်နှာသို့ တိုင်အောင် လူအပေါင်းတို့သည်ကိုယ်တော်၏ နာမတော်နှင့်ဘုန်းတန်ခိုးတော်တို့ကိုကြောက် ရွံ့လေးစားကြလိမ့်မည်။ ကိုယ်တော်သည်အရှိန် ပြင်းသည့်ချောင်းရေကဲ့သို့လည်းကောင်း၊ အဟုန် ကြီးသည့်လေကဲ့သို့လည်းကောင်းကြွလာ တော်မူလိမ့်မည်။
ובא לציון גואל ולשבי פשע ביעקב--נאם יהוה | 20 |
၂၀ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်အပြစ်များမှနောင်တရသူ ဣသရေလအမျိုးသားအပေါင်းတို့အား ကယ်တင်ရန်ဇိအုန်မြို့သို့ကြွလာတော်မူ မည်။-
ואני זאת בריתי אותם אמר יהוה--רוחי אשר עליך ודברי אשר שמתי בפיך לא ימושו מפיך ומפי זרעך ומפי זרע זרעך אמר יהוה מעתה ועד עולם | 21 |
၂၁သင်တို့နှင့်ပဋိညာဉ်ပြုမည်။ ငါသည်သင်တို့ အားငါ၏ဝိညာဉ်တော်နှင့်သြဝါဒများကို ပေးအပ်ခဲ့လေပြီ။ ယင်းတို့ကိုယခုမှစ၍ သင်တို့နှင့်သင်တို့၏သားမြေးများသည် ကာလအစဉ်အဆက်လိုက်နာစောင့်ထိန်း ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။