< ישעה 4 >
והחזיקו שבע נשים באיש אחד ביום ההוא לאמר לחמנו נאכל ושמלתנו נלבש רק יקרא שמך עלינו--אסף חרפתנו | 1 |
၁ထိုအချိန်ကျရောက်လာသောအခါ အမျိုးသားတစ်ယောက်လျှင် အမျိုးသမီး ခုနစ်ယောက်ဝိုင်း၍``ကျွန်မတို့သည်မိမိ တို့စားရေးဝတ်ရေးအတွက် တာဝန်ယူ နိုင်ပါသည်။ အိမ်ထောင်မဲ့ဖြစ်၍ကျွန်မတို့ အရှက်မရကြစေရန် ရှင့်အားကျွန်မတို့ ၏ခင်ပွန်းအဖြစ်ဖြင့်ဖော်ပြပါရစေ'' ဟုပြောဆိုကြလိမ့်မည်။
ביום ההוא יהיה צמח יהוה לצבי ולכבוד ופרי הארץ לגאון ולתפארת לפליטת ישראל | 2 |
၂ထာဝရဘုရားသည်ပြည်တော်တွင်သစ်ပင် ကြီးငယ်အပေါင်းကို ထွားကြိုင်းသန်မာစိုပြေ စေတော်မူမည့်အချိန်ကျရောက်လာတော့မည်။ မသေဘဲကျန်ရှိနေသေးသောဣသရေလ အမျိုးသားအပေါင်းတို့သည် ပြည်တော်ထွက် သီးနှံများအတွက်ဂုဏ်ယူဝမ်းမြောက်ကြ လိမ့်မည်။-
והיה הנשאר בציון והנותר בירושלם--קדוש יאמר לו כל הכתוב לחיים בירושלם | 3 |
၃ထာဝရဘုရားရွေးချယ်တော်မူခြင်းကိုခံ ရ၍ ယေရုရှလင်မြို့တွင်သက်ရှင်ကျန်ရှိနေ သူမှန်သမျှသည် သန့်ရှင်းမြင့်မြတ်သူများ ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။-
אם רחץ אדני את צאת בנות ציון ואת דמי ירושלם ידיח מקרבה--ברוח משפט וברוח בער | 4 |
၄ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အားစစ်ဆေးစီရင်ကာ တန်ခိုးတော်အား ဖြင့်ဖြူစင်သန့်ရှင်းစေတော်မူလိမ့်မည်။ ယေရု ရှလင်မြို့၏အပြစ်ကိုလည်းကောင်း၊ ထိုမြို့ တွင်သွန်းသည့်သွေးများကိုလည်းကောင်း ဆေးကြောစင်ကြယ်စေတော်မူလိမ့်မည်။-
וברא יהוה על כל מכון הר ציון ועל מקראה ענן יומם ועשן ונגה אש להבה לילה כי על כל כבוד חפה | 5 |
၅ထိုနောက်ဇိအုန်တောင်တော်နှင့်ထိုအရပ်တွင် စုရုံးလျက်နေသောသူအပေါင်းတို့အပေါ် သို့ ထာဝရဘုရားသည်နေ့အချိန်၌မိုးတိမ်၊ ညဥ့်အချိန်၌မီးခိုးနှင့်မီးတောက်မီးလျှံ စေလွှတ်တော်မူလိမ့်မည်။ ဘုရားသခင်၏ ဘုန်းအသရေတော်သည် တစ်မြို့လုံးကိုလွှမ်း ခြုံလျက်ကာကွယ်စောင့်ရှောက်တော်မူပေအံ့။-
וסכה תהיה לצל יומם מחרב ולמחסה ולמסתור מזרם וממטר | 6 |
၆ကိုယ်တော်၏ဘုန်းအသရေတော်သည်မြို့ တော်ကို နေ၏အပူရှိန်မှကာကွယ်၍ မိုးသက် မုန်တိုင်း၏ဒဏ်နှင့်ကင်းဝေးစေပြီးလျှင် ဘေးမဲ့လုံခြုံရာဖြစ်စေတော်မူလိမ့်မည်။