< ישעה 39 >
בעת ההיא שלח מרדך בלאדן בן בלאדן מלך בבל ספרים ומנחה--אל חזקיהו וישמע כי חלה ויחזק | 1 |
၁ထို ကာလ အခါ ဗာလဒန် သား ၊ ဗာဗုလုန် မင်းကြီး မေရောဒပ္ဗါလဒန် သည် ဟေဇကိမင်း နာ ၍ ၊ အနာ ပျောက်သည်ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက်၊ တမန်တို့ကို စေလွှတ် လေ၏။
וישמח עליהם חזקיהו ויראם את בית נכתה את הכסף ואת הזהב ואת הבשמים ואת השמן הטוב ואת כל בית כליו ואת כל אשר נמצא באצרתיו לא היה דבר אשר לא הראם חזקיהו בביתו--ובכל ממשלתו | 2 |
၂ဟေဇကိ မင်းသည် သူ တို့ရောက်သောကြောင့်ဝမ်းမြောက် ၍ ၊ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာ မျိုး၊ အဘိုးထိုက် သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကို ပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှ မ ရှိ။
ויבא ישעיהו הנביא אל המלך חזקיהו ויאמר אליו מה אמרו האנשים האלה ומאין יבאו אליך ויאמר חזקיהו מארץ רחוקה באו אלי מבבל | 3 |
၃ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့သွား ၍၊ ထိုသူတို့သည် အဘယ်သို့ ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံတော်သို့ လာ ကြပါသနည်းဟု မေး လျှောက်သော်၊ ဟေဇကိ မင်းက၊ ဝေး သောအရပ် ၊ ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏။
ויאמר מה ראו בביתך ויאמר חזקיהו את כל אשר בביתי ראו--לא היה דבר אשר לא הראיתים באוצרתי | 4 |
၄နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင်၊ ဟေဇကိမင်း က၊ နန်းတော် ၌ ရှိသမျှ ကို မြင်ရကြပြီ။ ဘဏ္ဍာ တော်တွင် ငါမပြ သောအရာ တစုံတခုမျှ မ ရှိဟုပြန်ပြော ၏။
ויאמר ישעיהו אל חזקיהו שמע דבר יהוה צבאות | 5 |
၅ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့။
הנה ימים באים ונשא כל אשר בביתך ואשר אצרו אבתיך עד היום הזה בבל לא יותר דבר אמר יהוה | 6 |
၆နန်းတော် ၌ ရှိသမျှ ကို ၎င်း၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း၊ ဗာဗုလုန် မြို့သို့ ယူသွား ရသောကာလ သည် ရောက် လိမ့်မည်။ တစုံတခု မျှ မ ကျန် ကြွင်းရဟု ထာဝရဘုရား မိန့် တော်မူ၏။
ומבניך אשר יצאו ממך אשר תוליד--יקחו והיו סריסים בהיכל מלך בבל | 7 |
၇သင် နှင့်နွှယ်၍ရသောသင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ ၊ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆို လေ၏။
ויאמר חזקיהו אל ישעיהו טוב דבר יהוה אשר דברת ויאמר כי יהיה שלום ואמת בימי | 8 |
၈ဟေဇကိ မင်းကလည်း ၊ သင်ပြန် ရသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကောင်း ပါ၏ဟူ၍၎င်း၊ အကယ် စင်စစ်ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာစောင့် ခြင်းရှိ ရလိမ့်မည်ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ ၏။