< ישעה 39 >
בעת ההיא שלח מרדך בלאדן בן בלאדן מלך בבל ספרים ומנחה--אל חזקיהו וישמע כי חלה ויחזק | 1 |
၁ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။-
וישמח עליהם חזקיהו ויראם את בית נכתה את הכסף ואת הזהב ואת הבשמים ואת השמן הטוב ואת כל בית כליו ואת כל אשר נמצא באצרתיו לא היה דבר אשר לא הראם חזקיהו בביתו--ובכל ממשלתו | 2 |
၂ဟေဇကိသည်စေတမန်တို့ကိုလက်ခံပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ကိရိယာ ရှိသမျှတို့ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများ နှင့်နိုင်ငံတော်အရပ်ရပ်တို့တွင်ထိုသူတို့ အားမင်းကြီးမပြသည့်အရာတစ်စုံ တစ်ခုမျှမရှိ။-
ויבא ישעיהו הנביא אל המלך חזקיהו ויאמר אליו מה אמרו האנשים האלה ומאין יבאו אליך ויאמר חזקיהו מארץ רחוקה באו אלי מבבל | 3 |
၃ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံ သွား၍``ထိုသူတို့သည်အဘယ်အရပ်မှလာ ပါသနည်း။ သူတို့ကအရှင့်အားအဘယ် သို့ပြောဆိုကြပါသနည်း'' ဟုမေး၏။ ဟေဇကိက``သူတို့သည်အလွန်ဝေးသော ဗာဗုလုန်ပြည်မှလာပါသည်'' ဟုဆိုလျှင်၊
ויאמר מה ראו בביתך ויאמר חזקיהו את כל אשר בביתי ראו--לא היה דבר אשר לא הראיתים באוצרתי | 4 |
၄``သူတို့သည်နန်းတော်တွင်း၌အဘယ်အရာ များကိုတွေ့မြင်သွားကြပါသနည်း'' ဟု မေးမြန်း၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများတွင်သူတို့အားငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
ויאמר ישעיהו אל חזקיהו שמע דבר יהוה צבאות | 5 |
၅ထိုအခါဟေရှာယသည်မင်းကြီးအား၊ ``အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့် တော်မူသည်ကိုကြားနာလော့၊-
הנה ימים באים ונשא כל אשר בביתך ואשר אצרו אבתיך עד היום הזה בבל לא יותר דבר אמר יהוה | 6 |
၆အရှင့်နန်းတော်တွင်ရှိသမျှသောအရာတို့ ကိုလည်းကောင်း၊ ယနေ့တိုင်အောင်အရှင့်ဘိုး ဘေးတို့စုဆောင်းထားရှိခဲ့သည့်ပစ္စည်းဥစ္စာ မှန်သမျှကိုလည်းကောင်း ဗာဗုလုန်ပြည်သို့ ဆောင်ယူသွားရာနေ့ရက်ကာလရောက်ရှိ လာလိမ့်မည်။ အဘယ်အရာတစ်စုံတစ်ခု မျှကျန်ရစ်လိမ့်မည်မဟုတ်။-
ומבניך אשר יצאו ממך אשר תוליד--יקחו והיו סריסים בהיכל מלך בבל | 7 |
၇အရှင့်သားမြေးအရင်းအချာအချို့တို့ သည်လည်းအဖမ်းခံရလျက် ဗာဗုလုန်ဘုရင် ၏နန်းတော်တွင်မိန်းမစိုးများအဖြစ်ဖြင့် အမှုထမ်းရကြလိမ့်မည်'' ဟုလျှောက်လေ သည်။
ויאמר חזקיהו אל ישעיהו טוב דבר יהוה אשר דברת ויאמר כי יהיה שלום ואמת בימי | 8 |
၈ဤလျှောက်ထားချက်ကိုဟေဇကိမင်းသည် မိမိ၏လက်ထက်၌ငြိမ်းချမ်းမှုနှင့်ဘေးမဲ့ လုံခြုံမှုရှိလိမ့်မည်ဟု အနက်အဋ္ဌိပ္ပါယ် ကောက်ယူလျက်``ငါ့အားသင်ဖော်ပြသည့် ထာဝရဘုရားထံမှသတင်းတော်သည် ကောင်းပေ၏'' ဟုဆို၏။