< בראשית 48 >
ויהי אחרי הדברים האלה ויאמר ליוסף הנה אביך חלה ויקח את שני בניו עמו--את מנשה ואת אפרים | 1 |
၁တစ်နေ့သောအခါယောသပ်သည်ယာကုပ် မကျန်းမမာသည့်သတင်းကိုကြားသိရ သဖြင့် သားနှစ်ယောက်ဖြစ်ကြသောမနာရှေ နှင့်ဧဖရိမ်တို့ကိုခေါ်၍ယာကုပ်ထံသို့သွား လေ၏။-
ויגד ליעקב--ויאמר הנה בנך יוסף בא אליך ויתחזק ישראל וישב על המטה | 2 |
၂ယာကုပ်သည်သားယောသပ်လာကြောင်းကို ကြားသိရလျှင် အားတက်လျက်အိပ်ရာပေါ် တွင်ထိုင်လေ၏။-
ויאמר יעקב אל יוסף אל שדי נראה אלי בלוז בארץ כנען ויברך אתי | 3 |
၃ယာကုပ်ကယောသပ်အား``အနန္တတန်ခိုးရှင် ဘုရားသခင်သည်ခါနာန်ပြည်၊ လုဇမြို့ ၌ရူပါရုံတွင်ငါ့အားကောင်းချီးပေး၍၊-
ויאמר אלי הנני מפרך והרביתך ונתתיך לקהל עמים ונתתי את הארץ הזאת לזרעך אחריך--אחזת עולם | 4 |
၄`သင်၏အဆက်အနွယ်တို့မှလူမျိုးများစွာ ပေါ်ထွန်းစေခြင်းငှာ သင့်အားသားသမီးများ စွာထွန်းကားစေမည်။ သင်၏အဆက်အနွယ် တို့အားဤပြည်ကိုအမြဲအပိုင်ရစေမည်'' ဟုဆိုလေ၏။
ועתה שני בניך הנולדים לך בארץ מצרים עד באי אליך מצרימה--לי הם אפרים ומנשה--כראובן ושמעון יהיו לי | 5 |
၅ထိုနောက်ဆက်လက်၍``ငါအီဂျစ်ပြည်သို့မ ရောက်မီမွေးဖွားသောသင်၏သားနှစ်ယောက် တို့သည်ငါနှင့်ဆိုင်၏။ ဧဖရိမ်နှင့်မနာရှေ တို့သည်ရုဗင်နှင့်ရှိမောင်တို့ကဲ့သို့ငါ့သား များဖြစ်ကြသည်။-
ומולדתך אשר הולדת אחריהם לך יהיו על שם אחיהם יקראו בנחלתם | 6 |
၆သင်၌နောက်ထပ်သားများရလျှင်ထိုသား တို့သည်ငါ၏သားများမဟုတ်။ ထိုသားတို့ သည်ဧဖရိမ်နှင့်မနာရှေတို့မှတစ်ဆင့် သာအမွေဆက်ခံခွင့်ရှိစေမည်။-
ואני בבאי מפדן מתה עלי רחל בארץ כנען בדרך בעוד כברת ארץ לבא אפרתה ואקברה שם בדרך אפרת הוא בית לחם | 7 |
၇ငါသည်သင်၏မိခင်ရာခေလအတွက် ကြောင့်ဤသို့စီမံရသည်။ ငါသည်မက်ဆို ပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာ စဉ် သင်၏မိခင်ရာခေလသည်ခါနာန်ပြည် ဧဖရတ်မြို့အနီး၌ကွယ်လွန်၍ငါသည် အလွန်ဝမ်းနည်းပူဆွေး၏။ ငါသည်သူ၏ အလောင်းကိုဧဖရတ်မြို့သို့သွားရာလမ်း အနီး၌သင်္ဂြိုဟ်ခဲ့၏'' ဟုဆိုလေ၏။ (ဧဖရတ် မြို့ကိုယခုအခါဗက်လင်မြို့ဟုခေါ် သည်။)
וירא ישראל את בני יוסף ויאמר מי אלה | 8 |
၈ယာကုပ်သည်ယောသပ်၏သားနှစ်ယောက် ကိုမြင်လျှင်``ဤသူငယ်တို့သည်မည်သူနည်း'' ဟုမေး၏။
ויאמר יוסף אל אביו בני הם אשר נתן לי אלהים בזה ויאמר קחם נא אלי ואברכם | 9 |
၉ယောသပ်က``ဘုရားသခင်ကအီဂျစ် ပြည်တွင် ကျွန်တော်အားပေးသနားတော် မူသောသားများဖြစ်ပါသည်'' ဟုဖြေ၏။ ထိုအခါယာကုပ်က``သူတို့အားငါ ကောင်းချီးပေးရန်ငါ့အနီးသို့ခေါ်ခဲ့ လော့'' ဟုဆိုလေ၏။-
ועיני ישראל כבדו מזקן לא יוכל לראות ויגש אתם אליו וישק להם ויחבק להם | 10 |
၁၀ယာကုပ်သည်အသက်အရွယ်အိုမင်းပြီ ဖြစ်သောကြောင့် မျက်စိမှုန်၍ကောင်းစွာမ မြင်နိုင်။ ယောသပ်သည်သူ၏သားများကို ယာကုပ်အနီးသို့ခေါ်ခဲ့ရာ သူသည်သူငယ် များကိုဖက်၍နမ်းရှုပ်လေ၏။-
ויאמר ישראל אל יוסף ראה פניך לא פללתי והנה הראה אתי אלהים גם את זרעך | 11 |
၁၁ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။-
ויוצא יוסף אתם מעם ברכיו וישתחו לאפיו ארצה | 12 |
၁၂ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
ויקח יוסף את שניהם--את אפרים בימינו משמאל ישראל ואת מנשה בשמאלו מימין ישראל ויגש אליו | 13 |
၁၃ထိုနောက်ဧဖရိမ်ကိုယာကုပ်၏အနီးလက်ဝဲ ဘက်၌လည်းကောင်း၊ မနာရှေကိုလက်ယာ ဘက်၌လည်းကောင်းရပ်စေ၏။-
וישלח ישראל את ימינו וישת על ראש אפרים והוא הצעיר ואת שמאלו על ראש מנשה שכל את ידיו כי מנשה הבכור | 14 |
၁၄သို့ရာတွင်ယာကုပ်သည်မိမိလက်ကိုယှက် ၍သားငယ်ဖြစ်သူ ဧဖရိမ်၏ဦးခေါင်းပေါ် တွင်လက်ယာလက်ကိုလည်းကောင်း၊ သားကြီး ဖြစ်သူမနာရှေ၏ဦးခေါင်းပေါ်တွင်လက် ဝဲလက်ကိုလည်းကောင်းတင်၍၊
ויברך את יוסף ויאמר האלהים אשר התהלכו אבתי לפניו אברהם ויצחק--האלהים הרעה אתי מעודי עד היום הזה | 15 |
၁၅ယောသပ်အားကောင်းချီးပေးလေသည်။ ``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်တင်တော်မူသောကောင်းကင်တမန်သည် ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည် သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။ သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
המלאך הגאל אתי מכל רע יברך את הנערים ויקרא בהם שמי ושם אבתי אברהם ויצחק וידגו לרב בקרב הארץ | 16 |
၁၆
וירא יוסף כי ישית אביו יד ימינו על ראש אפרים--וירע בעיניו ויתמך יד אביו להסיר אתה מעל ראש אפרים--על ראש מנשה | 17 |
၁၇ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊-
ויאמר יוסף אל אביו לא כן אבי כי זה הבכר שים ימינך על ראשו | 18 |
၁၈``အဖလက်အထားမှားနေပါသည်။ ဤသူ ငယ်သည်သားကြီးဖြစ်ပါ၏။ သူ၏ဦးခေါင်း ပေါ်မှာအဖ၏လက်ယာလက်ကိုတင်ပါ'' ဟုဆိုလေ၏။
וימאן אביו ויאמר ידעתי בני ידעתי--גם הוא יהיה לעם וגם הוא יגדל ואולם אחיו הקטן יגדל ממנו וזרעו יהיה מלא הגוים | 19 |
၁၉သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။
ויברכם ביום ההוא לאמור בך יברך ישראל לאמר ישמך אלהים כאפרים וכמנשה וישם את אפרים לפני מנשה | 20 |
၂၀သို့ဖြစ်၍ယာကုပ်က``ဣသရေလအမျိုးသား တို့သည်သင်တို့၏နာမည်များကိုအသုံး ပြုလျက်ကောင်းချီးပေးကြလိမ့်မည်။ သူတို့ က`ဧဖရိမ်နှင့်မနာရှေတို့ကဲ့သို့သင့်ကိုကြီး ပွားစေရန်ဘုရားသခင်ကူမတော်မူပါစေ သော' ဟုဆိုကြလိမ့်မည်'' ဟူ၍ထိုနေ့၌သူ ငယ်တို့အားကောင်းချီးပေးလေ၏။ ဤနည်း အားဖြင့်ယာကုပ်သည်ဧဖရိမ်၏နာမည် ကိုမနာရှေ၏နာမည်ရှေ့၌ထားသတည်း။
ויאמר ישראל אל יוסף הנה אנכי מת והיה אלהים עמכם והשיב אתכם אל ארץ אבתיכם | 21 |
၂၁ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
ואני נתתי לך שכם אחד--על אחיך אשר לקחתי מיד האמרי בחרבי ובקשתי | 22 |
၂၂ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။