< בראשית 44 >
ויצו את אשר על ביתו לאמר מלא את אמתחת האנשים אכל כאשר יוכלון שאת ושים כסף איש בפי אמתחתו | 1 |
၁ယောသပ်သည်လည်း ဝန်စာရေးကိုခေါ်၍ ထိုသူတို့အိတ်များ၌ ရိက္ခာပါနိုင်သမျှ အပြည့်ထည့်လော့။ လူတိုင်းဆိုင်သောငွေကို မိမိတို့အိတ်ဝတွင်၎င်း၊
ואת גביעי גביע הכסף תשים בפי אמתחת הקטן ואת כסף שברו ויעש כדבר יוסף אשר דבר | 2 |
၂စပါးအဘိုးငွေနှင့် ငါငွေဖလားကို၊ အငယ်ဆုံးသော သူ၏အိတ်ဝတွင်၎င်း ထည့်ထားလော့ဟု မှာသည် အတိုင်း ဝန်စာရေးပြုလေ၏။
הבקר אור והאנשים שלחו המה וחמריהם | 3 |
၃နံနက်မိုဃ်းလင်းသောအခါ၊ ထိုသူတို့ကို မြည်းများနှင့်တကွ လွှတ်လိုက်လေ၏။
הם יצאו את העיר לא הרחיקו ויוסף אמר לאשר על ביתו קום רדף אחרי האנשים והשגתם ואמרת אלהם למה שלמתם רעה תחת טובה | 4 |
၄မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည် ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန် လိုက်လော့။ မှီသောအခါ သင်တို့သည် ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။
הלוא זה אשר ישתה אדני בו והוא נחש ינחש בו הרעתם אשר עשיתם | 5 |
၅ငါ့သခင်သောက်သော ဖလားမဟုတ်လော။ ထူးဆန်းသော ဥာဏ်ကိုဖြစ်စေတတ်သော ဖလားမဟုတ် လော။ သင်တို့ပြုသော ဤအမှုသည် မကောင်းပါတကား ဟု ပြောဆိုလော့ဟု မှာသည်အတိုင်း၊
וישגם וידבר אלהם את הדברים האלה | 6 |
၆ဝန်စာရေးလိုက်၍ မှီသောအခါ ပြောဆိုလေ၏။ သူတို့ကလည်း ဤစကားကို သခင်သည် အဘယ်ကြောင့် ပြောပါသနည်း။
ויאמרו אליו--למה ידבר אדני כדברים האלה חלילה לעבדיך מעשות כדבר הזה | 7 |
၇ကိုယ်တော်ကျွန်တို့နှင့် ထိုသို့သော အမှုဝေးပါ စေသတည်း။
הן כסף אשר מצאנו בפי אמתחתינו--השיבנו אליך מארץ כנען ואיך נגנב מבית אדניך כסף או זהב | 8 |
၈ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန် ပြည်မှ ကိုယ်တော်ထံသို့တဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။
אשר ימצא אתו מעבדיך ומת וגם אנחנו נהיה לאדני לעבדים | 9 |
၉ကိုယ်တော်၏ကျွန်တို့တွင် မည်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေ။ ကျွန်တော်တို့သည်လည်း သခင်၏ကျွန်ခံ ကြပါမည်ဟု ဆိုကြ၏။
ויאמר גם עתה כדבריכם כן הוא אשר ימצא אתו יהיה לי עבד ואתם תהיו נקים | 10 |
၁၀ဝန်စာရေးကလည်း၊ သင်တို့စကားအတိုင်း ဖြစ်စေ။ သို့သော်လည်း မည်သူ၌တွေ့လျှင်၊ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အပြစ်လွှတ်ကြစေဟု ဆိုသော်၊
וימהרו ויורדו איש את אמתחתו--ארצה ויפתחו איש אמתחתו | 11 |
၁၁ထိုသူအပေါင်းတို့သည် အသီးအသီး မိမိတို့အိတ် များကို မြေ၌ချ၍ဖွင့်ကြ၏။
ויחפש--בגדול החל ובקטן כלה וימצא הגביע באמתחת בנימן | 12 |
၁၂ဝန်စာရေးသည်လည်၊ အကြီးမှစ၍ အငယ်တိုင်အောင်ရှာသဖြင့် ဗင်္ယာမိန်အိတ်၌ ဖလားကိုတွေ့၏။
ויקרעו שמלתם ויעמס איש על חמרו וישבו העירה | 13 |
၁၃ထိုအခါ သူတို့သည် မိမိအဝတ်ကိုဆုတ်၍ လူတိုင်းမိမိမြည်းပေါ်မှာ ဝန်ကို တင်ပြန်သဖြင့် မြို့သို့ ပြန်သွားကြ၏။
ויבא יהודה ואחיו ביתה יוסף והוא עודנו שם ויפלו לפניו ארצה | 14 |
၁၄ယုဒနှင့်ညီအစ်ကိုတို့သည်း ယောသပ်အိမ် သို့ရောက်၍၊ သူသည်အိမ်၌ရှိသေးသဖြင့်၊ သူ့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ၏။
ויאמר להם יוסף מה המעשה הזה אשר עשיתם הלוא ידעתם כי נחש ינחש איש אשר כמני | 15 |
၁၅ယောသပ်ကလည်း၊ သင်တို့သည် အဘယ်သို့ ပြုပြီးသနည်း။ ငါကဲ့သို့သောယောက်ျားသည် ထူးဆန်း သောဥာဏ်ရှိကြောင်းကို သင်တို့ မသိကြသလောဟု ဆို၏။
ויאמר יהודה מה נאמר לאדני מה נדבר ומה נצטדק האלהים מצא את עון עבדיך--הננו עבדים לאדני גם אנחנו גם אשר נמצא הגביע בידו | 16 |
၁၆ယုဒကလည်း၊ ကျွန်တော်တို့သည် သခင်အား အဘယ်စကားဖြင့် လျှောက်ရပါအံ့နည်း။ အဘယ်သို့ ပြောရပါအံ့နည်း။ ဤအမှုနှင့် အဘယ်သို့လွတ်နိုင်ပါအံ့နည်း။ ကိုယ်တော် ကျွန်တော်တို့၏အပြစ်ကို ဘုရားသခင် စစ်၍ တွေ့တော်မူပြီ။ အကြင်သူ၌ ဖလားတော်ကိုတွေ့၏။ ထိုသူမှစ၍ ကျွန်တော်တို့ ရှိသမျှသည် သခင်၏ ကျွန်ဖြစ်ကြပါ၏ဟု လျှောက်လေသော်၊
ויאמר--חלילה לי מעשות זאת האיש אשר נמצא הגביע בידו הוא יהיה לי עבד ואתם עלו לשלום אל אביכם | 17 |
၁၇ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကို တွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလောဟု စီရင်လေ၏။
ויגש אליו יהודה ויאמר בי אדני ידבר נא עבדך דבר באזני אדני ואל יחר אפך בעבדך כי כמוך כפרעה | 18 |
၁၈ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတခွန်းဖြင့် နားတော်လျှောက်ရသော အခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ် တော်သည် ဖါရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။
אדני שאל את עבדיו לאמר היש לכם אב או אח | 19 |
၁၉သခင်က၊ သင်တို့သည် အဘရှိသလော။ ညီရှိသလောဟု ကျွန်တော်တို့အား မေးတော်မူလျှင်၊
ונאמר אל אדני יש לנו אב זקן וילד זקנים קטן ואחיו מת ויותר הוא לבדו לאמו ואביו אהבו | 20 |
၂၀ကျွန်တော်တို့က၊ ကျွန်တော်တို့အဘ အသက် ကြီးသောသူရှိပါ၏။ အဘအသက်ကြီးစဉ်အခါ ရသော သားငယ်တယောက်ရှိပါ၏။ သူ၏အစ်ကိုသေပါပြီ။ သူ့အမိဘွားသောသားတို့တွင် သူတယောက်တည်း ကျန်ရစ်ပါ၏။ ထိုကြောင့် သူ၏အဘသည် သူ့ကို ချစ်ပါ၏ဟု သခင်အား ပြန်လျှောက်လေသော်၊
ותאמר אל עבדיך הורדהו אלי ואשימה עיני עליו | 21 |
၂၁ကိုယ်တော်က၊ ထိုသူကိုငါကြည့်ရှုရအောင် ငါ့ထံသို့ခေါ်ခဲ့ကြဟု ကိုယ်တော်ကျွန်တို့အား မိန့်တော် မူ၏။
ונאמר אל אדני לא יוכל הנער לעזב את אביו ועזב את אביו ומת | 22 |
၂၂ကျွန်တော်တို့က ထိုသူငယ်ကို အဘနှင့်မခွါနိုင်ပါ။ အဘနှင့်ခွါလျှင် အဘသေပါလိမ့်မည်ဟု သခင်အား လျှောက်လေသော်လည်း၊
ותאמר אל עבדיך אם לא ירד אחיכם הקטן אתכם--לא תספון לראות פני | 23 |
၂၃ကိုယ်တော်က၊ သင်တို့ညီမပါလျှင် သင်တို့သည် ငါ့မျက်နှာကိုနောက်တဖန်မမြင်ရဟု ကိုယ်တော်ကျွန်တို့ အား မိန့်တော်မူ၏။
ויהי כי עלינו אל עבדך אבי ונגד לו--את דברי אדני | 24 |
၂၄ထိုနောက်ကျွန်တော်တို့သည် ကိုယ်တော်ကျွန် တည်းဟူသော ကျွန်တော်တို့ အဘထံသို့ပြန်၍ ရောက် သောအခါ၊ သခင်စကားတော်ကို အဘအား ပြန်ကြားပါ၏။
ויאמר אבינו שבו שברו לנו מעט אכל | 25 |
၂၅ကျွန်တော်တို့အဘကလည်း၊ တဖန်သွား၍ ငါတို့ စားစရာ အနည်းငယ်ကို ဝယ်ကြပါဟုဆိုသောအခါ၊
ונאמר לא נוכל לרדת אם יש אחינו הקטן אתנו וירדנו--כי לא נוכל לראות פני האיש ואחינו הקטן איננו אתנו | 26 |
၂၆ကျွန်တော်တို့က၊ အကျွန်ုပ်တို့သည် မသွားနိုင်ပါ။ ညီပါလျှင်သွားနိုင်ပါ၏။ ညီမပါလျှင် ထိုသူ၏ မျက်နှာကိုမမြင်ရပါဟု ပြန်ပြောပါ၏။
ויאמר עבדך אבי אלינו אתם ידעתם כי שנים ילדה לי אשתי | 27 |
၂၇ကိုယ်တော်ကျွန်၊ ကျွန်တော်အဘကလည်း၊ သင်တို့သိသည့်အတိုင်း ငါ့မယားသည် ငါ့အား သား နှစ်ယောက်ကို ဘွား၏။
ויצא האחד מאתי ואמר אך טרף טרף ולא ראיתיו עד הנה | 28 |
၂၈တယောက်ကား ငါ့ထံမှ ထွက်သွား၏။ အကယ်စင်စစ် သူသည် အပိုင်းအပိုင်း ကိုက်ဖြတ်ခြင်းကို ခံရပါပြီ တကားဟု ငါဆိုရ၏။ ထိုကာလမှစ၍ သူ့ကိုငါမမြင်ရ။
ולקחתם גם את זה מעם פני וקרהו אסון--והורדתם את שיבתי ברעה שאלה (Sheol ) | 29 |
၂၉ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေး ရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်း နှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အား ဆိုပါ၏။ (Sheol )
ועתה כבאי אל עבדך אבי והנער איננו אתנו ונפשו קשורה בנפשו | 30 |
၃၀သို့ဖြစ်၍ ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ကျွန်တော်အဘထံသို့ရောက်သောအခါ၊ သူငယ်မပါလျှင် အဘ၏အသက်သည် သူငယ်၏အသက်၌ မှီလျက်ရှိသော ကြောင့်၊
והיה כראותו כי אין הנער--ומת והורידו עבדיך את שיבת עבדך אבינו ביגון--שאלה (Sheol ) | 31 |
၃၁သူငယ်မရှိသည်ကို မြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တော်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘ ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြပါ လိမ့်မည်။ (Sheol )
כי עבדך ערב את הנער מעם אבי לאמר אם לא אביאנו אליך וחטאתי לאבי כל הימים | 32 |
၃၂ကိုယ်တော် ကျွန်က၊ အကျွန်ုပ်သည် တဖန်သူငယ် ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ အစဉ်မပြတ် အဘရှေ့မှာ အပြစ်ကိုခံပါစေဟုဆိုသဖြင့်၊ အဘထံမှာ သူငယ်၏အာမခံ ဖြစ်ပါ၏။
ועתה ישב נא עבדך תחת הנער--עבד לאדני והנער יעל עם אחיו | 33 |
၃၃သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် သူငယ်အတွက် နေရစ်၍ သခင်ထံကျွန်ခံရသောအခွင့်၊ သူငယ်ကိုကား အစ်ကိုတို့နှင့်အတူ သွားရသောအခွင့်ကို ပေးတော်မူ ပါ။
כי איך אעלה אל אבי והנער איננו אתי פן אראה ברע אשר ימצא את אבי | 34 |
၃၄သူငယ်သည် ကျွန်တော်တို့မပါလျှင်၊ ကျွန်တော် အဘထံသို့ အဘယ်သို့ ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ ရောကလတံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက် လေ၏။