< בראשית 35 >

ויאמר אלהים אל יעקב קום עלה בית אל ושב שם ועשה שם מזבח--לאל הנראה אליך בברחך מפני עשו אחיך 1
ထိုနောက် ဘုရားသခင် က၊ သင်ထ ၍ ဗေသလ အရပ်သို့ သွားနေ လော့။ သင် သည် အစ်ကို ဧသော ထံ မှ ပြေး သောအခါ ၊ သင့် အား ထင်ရှား သော ဘုရား သခင်အဘို့ ၊ ထို အရပ်၌ ယဇ် ပလ္လင်ကို တည် လော့ဟု၊ ယာကုပ် အား မိန့် တော်မူ၏။
ויאמר יעקב אל ביתו ואל כל אשר עמו הסרו את אלהי הנכר אשר בתככם והטהרו והחליפו שמלתיכם 2
ထိုအခါ ယာကုပ် သည် အိမ်သူ အိမ်သားများနှင့် ၊ မိမိ ၌ ရှိသောသူ အပေါင်း တို့ကို ခေါ် ၍၊ သင် တို့တွင် ပါ သော၊ တပါး အမျိုးသားတို့၏ ဘုရား တို့ကို ပယ် ပစ် ကြလော့။ အဝတ် ကို လဲ ၍ သန့်ရှင်း ခြင်း ရှိစေကြလော့။
ונקומה ונעלה בית אל ואעשה שם מזבח לאל הענה אתי ביום צרתי ויהי עמדי בדרך אשר הלכתי 3
ယခုထ ၍ ဗေသလ အရပ်သို့သွား ကြစို့။ ငါသည် ဆင်းရဲ ခံရသောကာလ ငါ့ ကိုထူး ၍၊ ငါသွား သော လမ်း ၌ ကြွတော်မူသောဘုရား သခင်အဘို့ ထို အရပ်၌ ယဇ် ပလ္လင်ကို ငါတည် မည်ဟု ဆိုလေ၏။
ויתנו אל יעקב את כל אלהי הנכר אשר בידם ואת הנזמים אשר באזניהם ויטמן אתם יעקב תחת האלה אשר עם שכם 4
သူတို့သည်လည်း၊ မိမိ တို့၌ ပါ သောတပါး အမျိုးသားတို့၏ ဘုရား အပေါင်း တို့နှင့်၊ နား ၌ ပန်သော နား ပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ် အား ပေး ၍ ၊ ယာကုပ် လည်း၊ ရှေခင် မြို့နား တွင် ရှိသော သပိတ် ပင် အောက် ၌ မြှုပ် ထားလေ၏။
ויסעו ויהי חתת אלהים על הערים אשר סביבותיהם ולא רדפו אחרי בני יעקב 5
သူတို့ပြောင်း သွား ကြသောအခါ ၊ ပတ်ဝန်းကျင် မြို့ သားတို့သည်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ ၊ ယာကုပ် သား တို့ကို မ လိုက် ဝံ့ဘဲနေကြ၏။
ויבא יעקב לוזה אשר בארץ כנען--הוא בית אל הוא וכל העם אשר עמו 6
ယာကုပ် သည် မိမိ ၌ ပါသောသူ အပေါင်း နှင့်တကွ ၊ ခါနာန် ပြည် လုဇ မြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက် ကြသော်၊
ויבן שם מזבח ויקרא למקום אל בית אל כי שם נגלו אליו האלהים בברחו מפני אחיו 7
ယဇ် ပလ္လင်ကိုတည် ၍ ၊ ထိုအရပ် ကို ဗေသလ အမည်ဖြင့် တဖန် သမုတ် ပြန်လေ၏။ အကြောင်း မူကား၊ အစ်ကို ထံ မှ ပြေး သောအခါ ၊ ထို အရပ်၌ ဘုရားသခင် ထင်ရှား တော်မူသတည်း။
ותמת דברה מינקת רבקה ותקבר מתחת לבית אל תחת האלון ויקרא שמו אלון בכות 8
ရေဗက္က ၏အထိန်း ဒေဗောရ သေ ၍ ၊ ဗေသလ အရပ်၌ သပိတ် ပင်အောက် တွင် သင်္ဂြိုဟ် ခြင်းကို ခံရလေ ၏။ ထို အပင်ကို အာလုမ္ဘာကုတ် ဟူ၍တွင် သတည်း။
וירא אלהים אל יעקב עוד בבאו מפדן ארם ויברך אתו 9
ယာကုပ် သည် ပါဒနာရံ အရပ်မှ ပြန် လာသောနောက် ၊ တဖန်ဘုရားသခင် ထင်ရှား ၍ ကောင်းကြီး ပေး တော်မူပြီးလျှင်၊
ויאמר לו אלהים שמך יעקב לא יקרא שמך עוד יעקב כי אם ישראל יהיה שמך ויקרא את שמו ישראל 10
၁၀သင် သည် ယခု ယာကုပ် အမည် ရှိ၏။ နောင်၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ။ ဣသရေလ ဟူ၍ခေါ်ရမည်ဟု မိန့် တော်မူလျက် ဣသရေလ အမည် ဖြင့် သမုတ် တော်မူ၏။
ויאמר לו אלהים אני אל שדי פרה ורבה--גוי וקהל גוים יהיה ממך ומלכים מחלציך יצאו 11
၁၁တဖန် ဘုရားသခင် က၊ ငါ သည် အနန္တ တန်ခိုးရှင်ဘုရား သခင်ဖြစ်၏။ တိုးပွါး များပြားလော့။ လူ တမျိုး မက၊ အမျိုးမျိုးတို့သည် သင် ၌ ဖြစ် ကြလိမ့်မည်။ ရှင် ဘုရင်တို့သည် သင် ၏ အမျိုးအနွယ်၌ ဖြစ် ကြလိမ့်မည်။
ואת הארץ אשר נתתי לאברהם וליצחק--לך אתננה ולזרעך אחריך אתן את הארץ 12
၁၂အာဗြဟံ နှင့် ဣဇာက် အား ငါပေး သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်ဟု မိန့် တော်မူ ၏။
ויעל מעליו אלהים במקום אשר דבר אתו 13
၁၃ထိုသို့ ယာကုပ် နှင့် နှုတ်ဆက်၍ မိန့် မြွက်တော်မူရာအရပ် မှ ၊ ဘုရားသခင် တက် ကြွတော်မူ၏။
ויצב יעקב מצבה במקום אשר דבר אתו--מצבת אבן ויסך עליה נסך ויצק עליה שמן 14
၁၄ဘုရားသခင်နှုတ်ဆက်၍ မိန့် မြွက်တော်မူရာ အရပ် ၌ ၊ ယာကုပ် သည် ကျောက်တိုင် ကို စိုက် ၍ ၊ ကျောက်ဖျာ ပေါ် ၌ သွန်းလောင်း ရာ ပူဇော် သက္ကာကို၎င်း၊ ဆီ ကို ၎င်း လောင်း လေ၏။
ויקרא יעקב את שם המקום אשר דבר אתו שם אלהים--בית אל 15
၁၅ဗျာဒိတ် တော်ကို ခံရသောထိုအရပ် ကိုလည်း၊ ဗေသလ ဟူ၍တဖန် သမုတ် ပြန်လေ၏။
ויסעו מבית אל ויהי עוד כברת הארץ לבוא אפרתה ותלד רחל ותקש בלדתה 16
၁၆ထိုနောက် တဖန် ဗေသလ အရပ်မှ ခရီး သွားပြန်၍ ၊ ဧဖရတ် မြို့နှင့် နီးသောအခါ၊ ရာခေလ သည် သားဘွား အံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
ויהי בהקשתה בלדתה ותאמר לה המילדת אל תיראי כי גם זה לך בן 17
၁၇ထိုသို့ ပြင်းစွာခံနေရစဉ်တွင်၊ ဝမ်းဆွဲ က၊ မ စိုးရိမ် နှင့်၊ သား ယောက်ျားကို ရပြီဟုဆို လေ၏။
ויהי בצאת נפשה כי מתה ותקרא שמו בן אוני ואביו קרא לו בנימין 18
၁၈ရာခေလ သည် သေ အံ့ဆဲဆဲရှိ၍ ၊ နံ ဝိညာဉ် ထွက် စဉ် အခါ၊ ထို သားကို ဗေနောနိ အမည် ဖြင့် မှည့် လေ ၏။ အဘ မူကား ဗင်္ယာမိန် အမည် ဖြင့် မှည့်သတည်း။
ותמת רחל ותקבר בדרך אפרתה הוא בית לחם 19
၁၉ရာခေလ သေ ၍ ၊ ဗက်လင် အမည်ရှိသောဧဖရတ် မြို့သို့ သွား သော လမ်းခရီးတွင်၊ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။
ויצב יעקב מצבה על קברתה--הוא מצבת קברת רחל עד היום 20
၂၀ယာကုပ် လည်း သင်္ချိုင်း အပေါ် မှာ မှတ်တိုင် ကို စိုက် လေ၏။ ထို မှတ်တိုင် ကား၊ ယနေ့ တိုင်အောင် ရာခေလ ၏ သင်္ချိုင်း မှတ်တိုင်ဖြစ်သတည်း။
ויסע ישראל ויט אהלה מהלאה למגדל עדר 21
၂၁ဣသရေလ သည် တဖန် ခရီး သွားပြန်၍ ၊ ဧဒါလင့်စင် ကို လွန် ပြီးမှတဲ ကိုဆောက် လေ၏။
ויהי בשכן ישראל בארץ ההוא וילך ראובן וישכב את בלהה פילגש אביו וישמע ישראל ויהיו בני יעקב שנים עשר 22
၂၂ထိုအရပ် ၌ နေ သောအခါ ၊ ရုဗင် သည်သွား ၍ အဘ ၏မယားငယ် ၊ ဗိလဟာ နှင့် အိပ် လေ၏။ ထို သတင်း ကို ဣသရေလ ကြား ၏။
בני לאה בכור יעקב ראובן ושמעון ולוי ויהודה ויששכר וזבלון 23
၂၃ယာကုပ် သား တကျိပ် နှစ် ပါးရှိ ၏။ လေအာ တွင် မြင်သော သား ကား၊ ယာကုပ် ၏သားဦး ရုဗင် ၊ အစရှိ သော ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန် တည်း။
בני רחל יוסף ובנימן 24
၂၄ရာခေလ သား ကား၊ ယောသပ် နှင့် ဗင်္ယာမိန် တည်း။
ובני בלהה שפחת רחל דן ונפתלי 25
၂၅ရာခေလ ၏ ကျွန်မ ဗိလဟာ သား ကား၊ ဒန် နှင့် နဿလိ တည်း။
ובני זלפה שפחת לאה גד ואשר אלה בני יעקב אשר ילד לו בפדן ארם 26
၂၆လေအာ ၏ ကျွန်မ ဇိလပ သား ကား၊ ဂဒ် နှင့် အာရှာ တည်း။ ဤ သူတို့ကား၊ ပါဒနာရံ ပြည်၌ ဘွားမြင် သော ယာကုပ် ၏သား များတည်း။
ויבא יעקב אל יצחק אביו ממרא קרית הארבע--הוא חברון אשר גר שם אברהם ויצחק 27
၂၇ထိုနောက် ယာကုပ် သည် အာဗြဟံ နှင့် ဣဇာက် တည်းခို ရာ၊ မံရေ အရပ်၊ ဟေဗြုန် မြို့တည်းဟူသော ကိရယသာဘ မြို့၌နေ သော၊ အဘ ဣဇာက် ထံ သို့ရောက် လေ၏။
ויהיו ימי יצחק--מאת שנה ושמנים שנה 28
၂၈ဣဇာက် အသက် သည် အနှစ် တရာ ရှစ်ဆယ် နှင့် ပြည့်စုံ သည်ရှိသော်၊
ויגוע יצחק וימת ויאסף אל עמיו זקן ושבע ימים ויקברו אתו עשו ויעקב בניו 29
၂၉အသက် ကြီးရင့်ရာ၊ ကာလ ပြည့်စုံ ရာ၌ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက် လေ၏။ သား ဧသော နှင့် ယာကုပ် တို့သည် သင်္ဂြိုဟ် ကြ၏။

< בראשית 35 >