< בראשית 3 >
והנחש היה ערום מכל חית השדה אשר עשה יהוה אלהים ויאמר אל האשה אף כי אמר אלהים לא תאכלו מכל עץ הגן | 1 |
၁မြွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်း တော်မူသမျှသောတိရစ္ဆာန်တို့တွင် အစဉ်းလဲဆုံး သတ္တဝါဖြစ်၏။ ``ဘုရားသခင်ကဥယျာဉ်ထဲ ရှိအပင်များမှအသီးကိုမစားရဟု အမှန် ပင်ပညတ်ထားပါသလော'' ဟူ၍မြွေက မိန်းမအားမေး၏။
ותאמר האשה אל הנחש מפרי עץ הגן נאכל | 2 |
၂မိန်းမက``ငါတို့သည်ဥယျာဉ်ထဲရှိအပင် များ၏အသီးကိုစားနိုင်၏။-
ומפרי העץ אשר בתוך הגן--אמר אלהים לא תאכלו ממנו ולא תגעו בו פן תמתון | 3 |
၃သို့ရာတွင်ဥယျာဉ်အလယ်၌ရှိသောအပင်၏ အသီးကိုမူကားမစားရ။ ကိုင်ပင်မကိုင်ရ။ ကိုင်မိစားမိလျှင်သေရကြမည်ဟု ဘုရားသခင်၏အမိန့်တော်ရှိမူ၏'' ဟူ၍ပြန်ဖြေ၏။
ויאמר הנחש אל האשה לא מות תמתון | 4 |
၄ထိုအခါမြွေက``မဟုတ်နိုင်ပါ။ သင်တို့သေ မည်မဟုတ်။-
כי ידע אלהים כי ביום אכלכם ממנו ונפקחו עיניכם והייתם כאלהים ידעי טוב ורע | 5 |
၅ထိုအသီးကိုစားလျှင်သင်တို့သည်ဘုရားသခင် ကဲ့သို့ အကောင်းနှင့်အဆိုးကိုခွဲခြားသိမြင်လာ နိုင်မည်။ ထို့ကြောင့်ဤကဲ့သို့ပညတ်ရခြင်းဖြစ် သည်'' ဟုပြန်ပြော၏။
ותרא האשה כי טוב העץ למאכל וכי תאוה הוא לעינים ונחמד העץ להשכיל ותקח מפריו ותאכל ותתן גם לאישה עמה ויאכל | 6 |
၆မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
ותפקחנה עיני שניהם וידעו כי עירמם הם ויתפרו עלה תאנה ויעשו להם חגרת | 7 |
၇ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။
וישמעו את קול יהוה אלהים מתהלך בגן--לרוח היום ויתחבא האדם ואשתו מפני יהוה אלהים בתוך עץ הגן | 8 |
၈ထိုနေ့ညနေခင်း၌သူတို့သည်ဥယျာဉ်ထဲ တွင်ထာဝရအရှင်ဘုရားသခင် ကြွလာ တော်မူသောအသံကိုကြားရလျှင် သူတို့ အားမတွေ့မမြင်စေရန်သစ်ပင်များအကြား တွင်ပုန်းကွယ်နေကြ၏။-
ויקרא יהוה אלהים אל האדם ויאמר לו איכה | 9 |
၉သို့ရာတွင်ထာဝရအရှင်ဘုရားသခင် က``သင်အဘယ်မှာရှိသနည်း''ဟုလူအား ခေါ်တော်မူ၏။
ויאמר את קלך שמעתי בגן ואירא כי עירם אנכי ואחבא | 10 |
၁၀ထိုအခါလူယောကျာ်းက``ကိုယ်တော်ဥယျာဉ်ထဲ ၌ကြွလာတော်မူသောအသံကိုကြားရ၍ အဝတ်အချည်းစည်းရှိသောကြောင့်ကြောက် ၍ပုန်းနေပါသည်'' ဟုလျှောက်လေ၏။
ויאמר--מי הגיד לך כי עירם אתה המן העץ אשר צויתיך לבלתי אכל ממנו--אכלת | 11 |
၁၁ဘုရားသခင်က``သင်တို့တွင်အဝတ်အချည်း စည်းရှိသည်ဟု မည်သူကပြောသနည်း။ သင်တို့ အားမစားရဟု ငါပညတ်ထားသောအပင်၏ အသီးကိုစားသလော'' ဟုမေးတော်မူ၏။
ויאמר האדם האשה אשר נתתה עמדי הוא נתנה לי מן העץ ואכל | 12 |
၁၂လူကလည်း``ကျွန်တော်အားကိုယ်တော်ပေး အပ်တော်မူသောမိန်းမက အသီးကိုပေး သဖြင့်ကျွန်တော်စားမိပါသည်'' ဟူ၍ပြန် လည်လျှောက်ထား၏။
ויאמר יהוה אלהים לאשה מה זאת עשית ותאמר האשה הנחש השיאני ואכל | 13 |
၁၃ထာဝရအရှင်ဘုရားသခင်ကမိန်းမအား``သင် သည်အဘယ်ကြောင့်ထိုသို့ပြုရသနည်း'' ဟု မေးတော်မူလျှင် ``မြွေကကျွန်မကိုလှည့်စား သဖြင့်စားမိပါသည်'' ဟုပြန်လည်လျှောက် လေ၏။
ויאמר יהוה אלהים אל הנחש כי עשית זאת ארור אתה מכל הבהמה ומכל חית השדה על גחנך תלך ועפר תאכל כל ימי חייך | 14 |
၁၄ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။-
ואיבה אשית בינך ובין האשה ובין זרעך ובין זרעה הוא ישופך ראש ואתה תשופנו עקב | 15 |
၁၅သင်နှင့်မိန်းမသည်တစ်ဦးကိုတစ်ဦးမုန်းလိမ့်မည်။ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် သည် ရန်ငြိုးဖွဲ့လိမ့်မည်။ လူသည်သင်၏ဦးခေါင်း ကိုချေလိမ့်မည်။ သင်သည်လည်း သူ၏ဖနောင့်ကို ပေါက်လိမ့်မည်'' ဟုမိန့်တော်မူ၏။
אל האשה אמר הרבה ארבה עצבונך והרנך--בעצב תלדי בנים ואל אישך תשוקתך והוא ימשל בך | 16 |
၁၆မိန်းမအားလည်း``သင်သည်ကိုယ်ဝန်ဆောင်ခြင်း ဖြင့်ဒုက္ခပိုများလာမည်။ သားဖွားခြင်းဝေဒနာ ကိုခံရမည်။ သို့သော်လည်းသင်သည် မိမိခင်ပွန်း ကိုစုံမက်နေလိမ့်မည်။ သင့်အပေါ်မှာသူ၏ သြဇာညောင်းရလိမ့်မည်'' ဟုမိန့်တော်မူ၏။
ולאדם אמר כי שמעת לקול אשתך ותאכל מן העץ אשר צויתיך לאמר לא תאכל ממנו--ארורה האדמה בעבורך בעצבון תאכלנה כל ימי חייך | 17 |
၁၇ယောကျာ်းအားလည်း``ထိုအပင်၏အသီးကို မစားရဟု ငါပညတ်ထားသော်လည်း သင် ၏မယား၏စကားကိုနားထောင်၍စားလေ ပြီ။ သင်ထိုသို့ပြုခြင်းကြောင့်မြေသည်ကျိန် စာသင့်ရ၏။ သင်သည်မိမိဝမ်းစာအတွက် မြေမှသီးနှံထွက်စေရန် တစ်သက်လုံးပင်ပန်း စွာလုပ်ကိုင်ရမည်။-
וקוץ ודרדר תצמיח לך ואכלת את עשב השדה | 18 |
၁၈မြေမှဆူးချုံနှင့်ပေါင်းပင်များပေါက်လိမ့်မည်။ သင်သည်အရိုင်းပေါက်သောအပင်တို့ကိုစား ရမည်။-
בזעת אפיך תאכל לחם עד שובך אל האדמה כי ממנה לקחת כי עפר אתה ואל עפר תשוב | 19 |
၁၉သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
ויקרא האדם שם אשתו חוה כי הוא היתה אם כל חי | 20 |
၂၀အာဒံ သည်မိမိ၏မယားအားဧဝဟုမှည့်ခေါ်လေ ၏။ အဘယ်ကြောင့်ဆိုသော်သူသည် လူသတ္တဝါ အပေါင်းတို့၏မိခင်ဖြစ်သောကြောင့်တည်း။-
ויעש יהוה אלהים לאדם ולאשתו כתנות עור--וילבשם | 21 |
၂၁ထာဝရအရှင်ဘုရားသခင်သည်အာဒံ နှင့်ဧဝတို့အတွက် သားရေဝတ်လုံများပြု လုပ်၍သူတို့အားဝတ်ဆင်ပေးတော်မူ၏။
ויאמר יהוה אלהים הן האדם היה כאחד ממנו לדעת טוב ורע ועתה פן ישלח ידו ולקח גם מעץ החיים ואכל וחי לעלם | 22 |
၂၂ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်ငါတို့ကဲ့သို့ဖြစ်လာ၍ အကောင်းနှင့်အ ဆိုးကိုသိမြင်လာလေပြီ။ အမြဲအသက် ရှင်စေသောအပင်မှအသီးကိုဆွတ်စား၍ အမြဲအသက်ရှင်ခွင့်မပြုရ'' ဟုမိန့်တော် မူ၏။-
וישלחהו יהוה אלהים מגן עדן--לעבד את האדמה אשר לקח משם | 23 |
၂၃ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုဧဒင်ဥယျာဉ်ထဲမှနှင်ထုတ်၍ မြေမှ ဖြစ်သောလူအားမြေကိုထွန်ယက်စိုက်ပျိုး စေတော်မူ၏။-
ויגרש את האדם וישכן מקדם לגן עדן את הכרבים ואת להט החרב המתהפכת לשמר את דרך עץ החיים | 24 |
၂၄ထိုနောက်အသက်ရှင်စေသောအပင်အနီး သို့မည်သူမျှမချဉ်းကပ်နိုင်စေရန် လည်ပတ် လျက်ရှိသောဋ္ဌားမီးစက်လက်နက်နှင့်တကွ ခေရုဗိမ် တို့ကိုဥယျာဉ်အရှေ့ဘက်တွင်အစောင့်ချ ထားတော်မူ၏။