< בראשית 27 >

ויהי כי זקן יצחק ותכהין עיניו מראת ויקרא את עשו בנו הגדל ויאמר אליו בני ויאמר אליו הנני 1
ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
ויאמר הנה נא זקנתי לא ידעתי יום מותי 2
အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။
ועתה שא נא כליך תליך וקשתך וצא השדה וצודה לי צידה (ציד) 3
မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊
ועשה לי מטעמים כאשר אהבתי והביאה לי--ואכלה בעבור תברכך נפשי בטרם אמות 4
ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။
ורבקה שמעת--בדבר יצחק אל עשו בנו וילך עשו השדה לצוד ציד להביא 5
ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင်၊
ורבקה אמרה אל יעקב בנה לאמר הנה שמעתי את אביך מדבר אל עשו אחיך לאמר 6
ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍၊
הביאה לי ציד ועשה לי מטעמים ואכלה ואברככה לפני יהוה לפני מותי 7
သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ။
ועתה בני שמע בקלי--לאשר אני מצוה אתך 8
သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့။
לך נא אל הצאן וקח לי משם שני גדיי עזים טבים ואעשה אתם מטעמים לאביך כאשר אהב 9
ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
והבאת לאביך ואכל בעבר אשר יברכך לפני מותו 10
၁၀သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
ויאמר יעקב אל רבקה אמו הן עשו אחי איש שער ואנכי איש חלק 11
၁၁ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ်၏။
אולי ימשני אבי והייתי בעיניו כמתעתע והבאתי עלי קללה ולא ברכה 12
၁၂ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ၏။
ותאמר לו אמו עלי קללתך בני אך שמע בקלי ולך קח לי 13
၁၃အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကား ကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း၊
וילך ויקח ויבא לאמו ותעש אמו מטעמים כאשר אהב אביו 14
၁၄သူသည် သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။
ותקח רבקה את בגדי עשו בנה הגדל החמדת אשר אתה בבית ותלבש את יעקב בנה הקטן 15
၁၅ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သော အဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊
ואת ערת גדיי העזים הלבישה על ידיו--ועל חלקת צואריו 16
၁၆ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏ လက်၌၎င်း၊ လည်ပင်ချောသော ဘက်၌၎င်း ဆင်ယင်ပြီး လျှင်၊
ותתן את המטעמים ואת הלחם אשר עשתה ביד יעקב בנה 17
၁၇မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက်၌အပ်ပေး၏။
ויבא אל אביו ויאמר אבי ויאמר הנני מי אתה בני 18
၁၈ယာကုပ်လည်း အဘထံသို့ သွား၍၊ အဘဟု ခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား။ သင်သည် အဘယ်သူနည်းဟု မေး၏။
ויאמר יעקב אל אביו אנכי עשו בכרך--עשיתי כאשר דברת אלי קום נא שבה ואכלה מצידי--בעבור תברכני נפשך 19
၁၉ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။
ויאמר יצחק אל בנו מה זה מהרת למצא בני ויאמר כי הקרה יהוה אלהיך לפני 20
၂၀အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်း ဟု သားအားမေးလျှင်၊ အဘ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။
ויאמר יצחק אל יעקב גשה נא ואמשך בני האתה זה בני עשו אם לא 21
၂၁ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊
ויגש יעקב אל יצחק אביו וימשהו ויאמר הקל קול יעקב והידים ידי עשו 22
၂၂ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘ သည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။
ולא הכירו--כי היו ידיו כידי עשו אחיו שערת ויברכהו 23
၂၃ထိုသို့သူ၏ လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့်၊ ကောင်းကြီးပေးလေ၏။
ויאמר אתה זה בני עשו ויאמר אני 24
၂၄သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင်၊ မှန်ပါ သည်ဟု ဆို၏။
ויאמר הגשה לי ואכלה מציד בני--למען תברכך נפשי ויגש לו ויאכל ויבא לו יין וישת 25
၂၅အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကို လည်း ပေး၍ အဘသောက်လေ၏။
ויאמר אליו יצחק אביו גשה נא ושקה לי בני 26
၂၆ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘ ကို နမ်းလေ၏။
ויגש וישק לו וירח את ריח בגדיו ויברכהו ויאמר ראה ריח בני כריח שדה אשר ברכו יהוה 27
၂၇အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။
ויתן לך האלהים מטל השמים ומשמני הארץ--ורב דגן ותירש 28
၂၈ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
יעבדוך עמים וישתחו (וישתחוו) לך לאמים--הוה גביר לאחיך וישתחוו לך בני אמך ארריך ארור ומברכיך ברוך 29
၂၉သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။
ויהי כאשר כלה יצחק לברך את יעקב ויהי אך יצא יצא יעקב מאת פני יצחק אביו ועשו אחיו בא מצידו 30
၃၀ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။
ויעש גם הוא מטעמים ויבא לאביו ויאמר לאביו יקם אבי ויאכל מציד בנו--בעבר תברכני נפשך 31
၃၁သူသည်လည်း အမဲဟင်းလျာကို ချက်၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကို ထ၍စားပါလော့ဟုဆိုလေ၏။
ויאמר לו יצחק אביו מי אתה ויאמר אני בנך בכרך עשו 32
၃၂အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊
ויחרד יצחק חרדה גדלה עד מאד ויאמר מי אפוא הוא הצד ציד ויבא לי ואכל מכל בטרם תבוא ואברכהו גם ברוך יהיה 33
၃၃အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူ့ကို ကောင်းကြီးပေးမိပြီ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
כשמע עשו את דברי אביו ויצעק צעקה גדלה ומרה עד מאד ויאמר לאביו ברכני גם אני אבי 34
၃၄အဘဆိုသော စကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
ויאמר בא אחיך במרמה ויקח ברכתך 35
၃၅အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
ויאמר הכי קרא שמו יעקב ויעקבני זה פעמים--את בכרתי לקח והנה עתה לקח ברכתי ויאמר הלא אצלת לי ברכה 36
၃၆ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍ နိုင်ပါပြီ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ။ ယခုလည်း တဖန် အကျွန်ုပ် ၏ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ၍၎င်း၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ၍၎င်း ဆိုလေ၏။
ויען יצחק ויאמר לעשו הן גביר שמתיו לך ואת כל אחיו נתתי לו לעבדים ודגן ותירש סמכתיו ולכה אפוא מה אעשה בני 37
၃၇ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ် စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန်ပြောလျှင်၊
ויאמר עשו אל אביו הברכה אחת הוא לך אבי--ברכני גם אני אבי וישא עשו קלו ויבך 38
၃၈ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလောဟု အဘအား ပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
ויען יצחק אביו ויאמר אליו הנה משמני הארץ יהיה מושבך ומטל השמים מעל 39
၃၉အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏ နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်း ကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။
ועל חרבך תחיה ואת אחיך תעבד והיה כאשר תריד ופרקת עלו מעל צוארך 40
၄၀ထားဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင် သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
וישטם עשו את יעקב על הברכה אשר ברכו אביו ויאמר עשו בלבו יקרבו ימי אבל אבי ואהרגה את יעקב אחי 41
၄၁အဘသည် ယာကုပ်အား ပေးသော ကောင်းကြီး မင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကို အငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု၊ အကြံနှင့် ပြောလေ၏။
ויגד לרבקה את דברי עשו בנה הגדל ותשלח ותקרא ליעקב בנה הקטן ותאמר אליו הנה עשו אחיך מתנחם לך להרגך 42
၄၂ထိုသို့သားကြီး ဧသောပြောသောစကားကို အမိ အရဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏ အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်။
ועתה בני שמע בקלי וקום ברח לך אל לבן אחי חרנה 43
၄၃ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ၍ ပြေးသွား ပါလော့။
וישבת עמו ימים אחדים--עד אשר תשוב חמת אחיך 44
၄၄သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍ နေပါလော့။
עד שוב אף אחיך ממך ושכח את אשר עשית לו ושלחתי ולקחתיך משם למה אשכל גם שניכם יום אחד 45
၄၅သင်၏အစ်ကို စိတ်ပြေ၍၊ သင်သည် သူ၌ ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက် လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟု ဆိုလေ၏။
ותאמר רבקה אל יצחק קצתי בחיי מפני בנות חת אם לקח יעקב אשה מבנות חת כאלה מבנות הארץ--למה לי חיים 46
၄၆တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။

< בראשית 27 >