< בראשית 2 >
ויכלו השמים והארץ וכל צבאם | 1 |
၁ဘုရားသခင်သည်စကြဝဠာတစ်ခုလုံး ကို ဤသို့ဖန်ဆင်း၍ပြီးဆုံး၏။-
ויכל אלהים ביום השביעי מלאכתו אשר עשה וישבת ביום השביעי מכל מלאכתו אשר עשה | 2 |
၂ဆဋ္ဌမနေ့၌ဘုရားသခင်သည် မိမိဖန်ဆင်း ခြင်းအမှုအလုံးစုံပြီးစီး၍ သတ္တမနေ့၌ ရပ်နားတော်မူ၏။-
ויברך אלהים את יום השביעי ויקדש אתו כי בו שבת מכל מלאכתו אשר ברא אלהים לעשות | 3 |
၃ထိုသို့သတ္တမနေ့၌ဖန်ဆင်းခြင်းအမှုပြီး သဖြင့်ရပ်နားသောကြောင့် ဘုရားသခင်သည် ထိုနေ့ရက်ကိုကောင်းချီးပေး၍ အထူးနေ့ အဖြစ်သတ်မှတ်တော်မူ၏။-
אלה תולדות השמים והארץ בהבראם ביום עשות יהוה אלהים--ארץ ושמים | 4 |
၄ဤနည်းအားဖြင့်စကြဝဠာကိုဖန်ဆင်း တော်မူ၏။ ထာဝရအရှင် ဘုရားသခင်သည်စကြဝဠာကို ဖန်ဆင်း တော်မူသောအခါ၊-
וכל שיח השדה טרם יהיה בארץ וכל עשב השדה טרם יצמח כי לא המטיר יהוה אלהים על הארץ ואדם אין לעבד את האדמה | 5 |
၅မြေပေါ်သို့မိုးကိုရွာစေတော်မမူသေးသ ဖြင့်အပင်မပေါက်၊ အညှောက်လည်းမထွက် သေး။ မြေကိုထွန်ယက်မည့်သူလည်းမရှိသေး။-
ואד יעלה מן הארץ והשקה את כל פני האדמה | 6 |
၆သို့ရာတွင်မြေအောက်မှရေထွက်သဖြင့်မြေ ကိုစိုစေ၏။
וייצר יהוה אלהים את האדם עפר מן האדמה ויפח באפיו נשמת חיים ויהי האדם לנפש חיה | 7 |
၇ထိုနောက်ထာဝရအရှင်ဘုရားသခင်သည် မြေဖြင့်လူကိုဖန်ဆင်းပြီးလျှင် လူ၏နှာခေါင်း ထဲသို့ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လာ ၏။
ויטע יהוה אלהים גן בעדן--מקדם וישם שם את האדם אשר יצר | 8 |
၈ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် အရှေ့ဘက်ရှိဧဒင်အရပ်၌ဥယျာဉ်ကိုတည် ပြီးလျှင် ဖန်ဆင်းတော်မူသောလူကိုထိုဥယျာဉ် တွင်နေစေတော်မူ၏။-
ויצמח יהוה אלהים מן האדמה כל עץ נחמד למראה וטוב למאכל--ועץ החיים בתוך הגן ועץ הדעת טוב ורע | 9 |
၉ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။
ונהר יצא מעדן להשקות את הגן ומשם יפרד והיה לארבעה ראשים | 10 |
၁၀မြစ်တစ်မြစ်သည်ဧဒင်အရပ်တွင်စီးထွက် လျက် ဥယျာဉ်ကိုရေပေး၏။ ဧဒင်ဥယျာဉ်ကို ကျော်လွန်သောအခါမြစ်လေးသွယ်ခွဲ၍ ဖြာဆင်း၏။-
שם האחד פישון--הוא הסבב את כל ארץ החוילה אשר שם הזהב | 11 |
၁၁ပထမမြစ်သည်ကားဖိရှုန်မြစ်ဖြစ်၍ ဟာဝိလပြည်ကိုပတ်၍စီးဆင်း၏။-
וזהב הארץ ההוא טוב שם הבדלח ואבן השהם | 12 |
၁၂(ဤအရပ်တွင်ရွှေစင်ထွက်၏။ အဖိုးထိုက်တန် သောနံ့သာနှင့်ကျောက်မျက်ရတနာလည်း ထွက်၏။-)
ושם הנהר השני גיחון--הוא הסובב את כל ארץ כוש | 13 |
၁၃ဒုတိယမြစ်သည်ကားဂိဟုန်မြစ်ဖြစ်၍ကုရှ ပြည်ကိုပတ်၍စီးဆင်း၏။-
ושם הנהר השלישי חדקל הוא ההלך קדמת אשור והנהר הרביעי הוא פרת | 14 |
၁၄တတိယမြစ်သည်ကားတိဂရစ်မြစ်ဖြစ်၍ အာရှုရိပြည်အရှေ့ဘက်မှစီးဆင်း၏။ စတုတ္ထ မြစ်သည်ကားဥဖရတ်မြစ်ဖြစ်၏။
ויקח יהוה אלהים את האדם וינחהו בגן עדן לעבדה ולשמרה | 15 |
၁၅ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။-
ויצו יהוה אלהים על האדם לאמר מכל עץ הגן אכל תאכל | 16 |
၁၆ထာဝရအရှင်ဘုရားသခင်က``သင်သည် အကောင်းနှင့်အဆိုးကို ပိုင်းခြားသိမြင်နိုင်စေ သောအပင်၏အသီးမှတစ်ပါး ဥယျာဉ်ထဲ၌ ရှိသမျှသောအပင်၏အသီးကိုစားနိုင်၏။ ထိုအပင်၏အသီးကိုကားမစားရ။ စား သောနေ့၌သေရမည်'' ဟုလူအားပညတ် တော်မူ၏။
ומעץ הדעת טוב ורע--לא תאכל ממנו כי ביום אכלך ממנו--מות תמות | 17 |
၁၇
ויאמר יהוה אלהים לא טוב היות האדם לבדו אעשה לו עזר כנגדו | 18 |
၁၈ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်တစ်ယောက်တည်းနေထိုင်ရန်မသင့်။ သူ့ အားကူညီရန် သင့်တော်သောအဖော်ကိုငါ ဖန်ဆင်းပေးမည်'' ဟုမိန့်တော်မူ၏။-
ויצר יהוה אלהים מן האדמה כל חית השדה ואת כל עוף השמים ויבא אל האדם לראות מה יקרא לו וכל אשר יקרא לו האדם נפש חיה הוא שמו | 19 |
၁၉ထိုကြောင့်ထာဝရအရှင်ဘုရားသခင်သည် မြေကိုယူ၍ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကို ဖန်ဆင်းပြီးလျှင် အသီးသီးတို့အားနာမည် မှည့်ခေါ်ရန် လူ၏ထံသို့ယူဆောင်တော်မူခဲ့၏။ လူကမှည့်ခေါ်သည့်အတိုင်းနာမည်တွင်ကြ၏။-
ויקרא האדם שמות לכל הבהמה ולעוף השמים ולכל חית השדה ולאדם לא מצא עזר כנגדו | 20 |
၂၀လူသည်တိရစ္ဆာန်နှင့်ငှက်အားလုံးတို့အားနာ မည်မှည့်ခေါ်သော်လည်း ၎င်းတို့အနက်မှလူ ကိုကူညီရန်သင့်တော်သောအဖော်မပေါ် မရှိ။
ויפל יהוה אלהים תרדמה על האדם ויישן ויקח אחת מצלעתיו ויסגר בשר תחתנה | 21 |
၂၁ထို့ကြောင့်ထာဝရအရှင်ဘုရားသခင်သည် လူကိုနှစ်ခြိုက်စွာအိပ်မောကျစေတော်မူ၏။ အိပ်နေစဉ်နံရိုးတစ်ချောင်းကိုထုတ်ယူပြီး လျှင် အသားကိုပြန်၍ပိတ်တော်မူ၏။-
ויבן יהוה אלהים את הצלע אשר לקח מן האדם לאשה ויבאה אל האדם | 22 |
၂၂ထိုနောက်ထိုနံရိုးဖြင့်မိန်းမကိုဖန်ဆင်း၍ လူ၏ထံသို့ခေါ်ဆောင်ခဲ့တော်မူ၏။-
ויאמר האדם זאת הפעם עצם מעצמי ובשר מבשרי לזאת יקרא אשה כי מאיש לקחה זאת | 23 |
၂၃လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။
על כן יעזב איש את אביו ואת אמו ודבק באשתו והיו לבשר אחד | 24 |
၂၄ထိုအကြောင်းကြောင့်ယောကျာ်းသည်မိဘကို စွန့်၍ဇနီးနှင့်စုံဖက်သဖြင့် သူတို့နှစ်ဦး သည်တစ်သွေးတစ်သားတည်းဖြစ်လာ ကြ၏။
ויהיו שניהם ערומים האדם ואשתו ולא יתבששו | 25 |
၂၅ထိုသူနှစ်ဦးစလုံးတွင်အဝတ်အချည်းစည်း ဖြစ်နေသော်လည်းရှက်ကြောက်ခြင်းမရှိ။