< בראשית 14 >

ויהי בימי אמרפל מלך שנער אריוך מלך אלסר כדרלעמר מלך עילם ותדעל מלך גוים 1
ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဗာ​ဗု​လုန်​ဘု​ရင် အံ​ရ​ဖေ​လ၊ ဧ​လာ​သာ​ဘု​ရင်​အာ​ရုတ်၊ ဧ​လံ ဘု​ရင်​ခေ​ဒေါ​ရ​လော​မာ​နှင့်​ဂေါ​အိမ်​ဘု​ရင် တိ​ဒ​လ​တို့​သည်၊-
עשו מלחמה את ברע מלך סדם ואת ברשע מלך עמרה שנאב מלך אדמה ושמאבר מלך צביים ומלך בלע היא צער 2
ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​သော​ဒုံ​ဘု​ရင်​ဗေ​ရ၊ ဂေါ​မာ​ဘု​ရင်​ဗိ​ရ​ရှ၊ အာ​ဋ္ဌ​မာ​ဘု​ရင်​ရှိ​နပ်၊ ဇေ​ဘိုင်​ဘု​ရင်​ရှေ​မ​ဘာ​နှင့်​ဗေ​လာ(သို့​မ​ဟုတ် ဇော​ရ) ဘု​ရင်​တို့​အား​စစ်​ချီ​တိုက်​ခိုက်​ကြ လေ​၏။-
כל אלה חברו אל עמק השדים הוא ים המלח 3
ဤ​ဘု​ရင်​ငါး​ပါး​တို့​သည်​မ​ဟာ​မိတ်​ဖွဲ့​၍ ယ​ခု​အ​ခါ​ပင်​လယ်​သေ​ဟု​ခေါ်​သော စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စစ်​စ​ခန်း​ချ​လျက်​ရှိ​ကြ​၏။-
שתים עשרה שנה עבדו את כדרלעמר ושלש עשרה שנה מרדו 4
ထို​ဘု​ရင်​တို့​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင် လက်​အောက်​တွင် တစ်​ဆယ့်​နှစ်​နှစ်​မျှ​အ​အုပ် အ​ချုပ်​ခံ​နေ​ရ​ပြီး တစ်​ဆယ့်​သုံး​နှစ်​ကြာ သော​အ​ခါ ထို​မင်း​အား​ပုန်​ကန်​ကြ​လေ​သည်။-
ובארבע עשרה שנה בא כדרלעמר והמלכים אשר אתו ויכו את רפאים בעשתרת קרנים ואת הזוזים בהם ואת האימים בשוה קריתים 5
တစ်​ဆယ့်​လေး​နှစ်​သို့​ရောက်​လျှင်​ခေ​ဒေါ​ရ​လော​မာ ဘု​ရင်​သည် မ​ဟာ​မိတ်​တပ်​ဖွဲ့​တို့​နှင့်​အ​တူ​စစ်​ချီ လာ​၍ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့​တွင်​ရေ​ဖိမ်​အ​မျိုး သား​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့​တွင်​ဇူ​ဇိမ် အ​မျိုး​သား​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ် လွင်​ပြင်​တွင်​ဧ​မိမ်​အ​မျိုး​သား​များ​ကို​လည်း ကောင်း၊-
ואת החרי בהררם שעיר עד איל פארן אשר על המדבר 6
ဧ​ဒုံ​စိ​ရ​တောင်​များ​ပေါ်​တွင်​ဟော​ရိ​အ​မျိုး သား​များ​ကို​လည်း​ကောင်း တိုက်​ခိုက်​အောင်​မြင်​၍ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​လ​ပါ​ရန်​မြို့​အ​ထိ လိုက်​လံ​တိုက်​ခိုက်​လေ​သည်။-
וישבו ויבאו אל עין משפט הוא קדש ויכו את כל שדה העמלקי--וגם את האמרי הישב בחצצן תמר 7
ထို​နောက်​အ​ပြန်​ခ​ရီး​တွင်​ကာ​ဒေ​ရှ​မြို့(ထို​စဉ်​က အင်​မိ​ရှ​ပတ်​ဟု​တွင်​သည်) သို့​ရောက်​ပြီး​လျှင် အာ​မ​လက်​ပြည်​တစ်​ခု​လုံး​နှင့်​ဟာ​ဇ​ဇုန္တာ​မာ မြို့​၌​နေ​ထိုင်​ကြ​သော အာ​မော​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။
ויצא מלך סדם ומלך עמרה ומלך אדמה ומלך צביים ומלך בלע הוא צער ויערכו אתם מלחמה בעמק השדים 8
ထို့​နောက်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သည့်​သော​ဒုံ​ဘု​ရင်၊ ဂေါ​မော​ရ​ဘု​ရင်၊ အာ​ဋ္ဌ​မာ​ဘု​ရင်၊ ဇေ​ဘိုင်​ဘု​ရင် နှင့်​ဗေ​လာ​ဘု​ရင်​တို့​၏​စစ်​သည်​များ​သည်​စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စု​ရုံး​၍၊-
את כדרלעמר מלך עילם ותדעל מלך גוים ואמרפל מלך שנער ואריוך מלך אלסר--ארבעה מלכים את החמשה 9
ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဧ​လံ​ဘု​ရင်၊ ဂေါ​အိမ် ဘု​ရင်၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ဧ​လာ​သာ​ဘု​ရင်​တို့​နှင့် စစ်​တိုက်​ကြ​၏။-
ועמק השדים בארת בארת חמר וינסו מלך סדם ועמרה ויפלו שמה והנשארים הרה נסו 10
၁၀ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-
ויקחו את כל רכש סדם ועמרה ואת כל אכלם--וילכו 11
၁၁အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-
ויקחו את לוט ואת רכשו בן אחי אברם וילכו והוא ישב בסדם 12
၁၂သော​ဒုံ​မြို့​တွင်​နေ​ထိုင်​သော​အာ​ဗြံ​၏​တူ လော​တ​နှင့်​တ​ကွ သူ​၏​ပစ္စည်း​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ဆီး​ယူ​ဆောင်​သွား​ကြ​လေ​သည်။
ויבא הפליט ויגד לאברם העברי והוא שכן באלני ממרא האמרי אחי אשכל ואחי ענר והם בעלי ברית אברם 13
၁၃ထို​မြို့​သား​တစ်​ယောက်​သည် ရန်​သူ​လက်​မှ​လွတ် မြောက်​ထွက်​ပြေး​လာ​၍​ဟေ​ဗြဲ​အ​မျိုး​သား အာ​ဗြံ​အား အ​ထက်​ပါ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း စုံ​ကို​ပြော​ပြ​လေ​၏။ အာ​ဗြံ​သည်​အာ​မော​ရိ အ​မျိုး​သား မံ​ရေ​ပိုင်​သော​သစ်​ပင်​များ​အ​နီး တွင်​နေ​ထိုင်​လျက်​ရှိ​သည်။ မံ​ရေ​နှင့်​သူ​၏​ညီ များ​ဖြစ်​ကြ​သော​ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ တို့​သည်​အာ​ဗြံ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​၏။-
וישמע אברם כי נשבה אחיו וירק את חניכיו ילידי ביתו שמנה עשר ושלש מאות וירדף עד דן 14
၁၄သူ​၏​တူ​ဖမ်း​ဆီး​ခြင်း​ခံ​ရ​ကြောင်း​ကို​ကြား သိ​ရ​သော​အ​ခါ အာ​ဗြံ​သည်​သူ​၏​စ​ခန်း​မှ တိုက်​ရည်​ခိုက်​ရည်​ရှိ​သူ​သုံး​ရာ​တစ်​ဆယ့်​ရှစ် ယောက်​တို့​ကို​စု​ရုံး​ပြီး​လျှင် ဘု​ရင်​လေး​ပါး နောက်​သို့​ဒန်​မြို့​တိုင်​အောင်​လိုက်​လေ​၏။-
ויחלק עליהם לילה הוא ועבדיו ויכם וירדפם עד חובה אשר משמאל לדמשק 15
၁၅ထို​အ​ရပ်​တွင်​သူ​၏​လူ​များ​ကို​နှစ်​စု​ခွဲ​လျက် ည​အ​ချိန်​၌ ရန်​သူ​အား​တိုက်​ခိုက်​၍​အောင်​မြင် လေ​သည်။ ထို​နောက်​သူ​သည်​ရန်​သူ​ကို ဒ​မာ​သက် မြို့​မြောက်​ဘက်​ဟော​ဘ​မြို့​တိုင်​အောင်​လိုက်​လံ တိုက်​ခိုက်​၍၊-
וישב את כל הרכש וגם את לוט אחיו ורכשו השיב וגם את הנשים ואת העם 16
၁၆သိမ်း​ယူ​သွား​သော​ပစ္စည်း​အား​လုံး​ကို​ပြန်​လည် ရ​ရှိ​လေ​သည်။ တူ​လော​တ​နှင့်​သူ​၏​ပစ္စည်း​များ ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး​များ​နှင့်​အ​ခြား အ​ဖမ်း​ခံ​ရ​သူ​များ​ကို​လည်း​ကောင်း ပြန်​လည် ခေါ်​ဆောင်​ခဲ့​လေ​သည်။
ויצא מלך סדם לקראתו אחרי שובו מהכות את כדרלעמר ואת המלכים אשר אתו--אל עמק שוה הוא עמק המלך 17
၁၇အာ​ဗြံ​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင်​နှင့် အ​ခြား အ​ပေါင်း​ပါ​ဘု​ရင်​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​၍ ပြန်​လာ​သော​အ​ခါ သော​ဒုံ​ဘု​ရင်​သည်​ခ​ရီး​ဦး ကြို​ဆို​ရန်​ရှာ​ဝေ​ချိုင့်​ဝှမ်း(ဘု​ရင့်​ချိုင့်​ဝှမ်း​ဟု လည်း​ခေါ်​တွင်​၏) သို့​သွား​ရောက်​လေ​၏။-
ומלכי צדק מלך שלם הוציא לחם ויין והוא כהן לאל עליון 18
၁၈အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဖြစ်​၍ ရှာ​လင်​ဘု​ရင်​လည်း​ဖြစ်​သော​မေ​လ​ခိ ဇေ​ဒက်​သည် အာ​ဗြံ​ထံ​သို့​မုန့်​နှင့်​စ​ပျစ်​ရည်​ကို ယူ​ခဲ့​ပြီး​လျှင်၊-
ויברכהו ויאמר ברוך אברם לאל עליון קנה שמים וארץ 19
၁၉သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-
וברוך אל עליון אשר מגן צריך בידך ויתן לו מעשר מכל 20
၂၀သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။
ויאמר מלך סדם אל אברם תן לי הנפש והרכש קח לך 21
၂၁သော​ဒုံ​ဘု​ရင်​က``ကိုယ်​တော်​သိမ်း​ယူ​ခဲ့​သ​မျှ သော​ပစ္စည်း​များ​ကို​အ​ပိုင်​ယူ​ပါ။ ကျွန်ုပ်​၏​လူ တို့​ကို​သာ​ပြန်​ပေး​ပါ'' ဟု​အာ​ဗြံ​အား​ဆို​၏။
ויאמר אברם אל מלך סדם הרמתי ידי אל יהוה אל עליון קנה שמים וארץ 22
၂၂ထို​အ​ခါ​အာ​ဗြံ​က``သင်​၏​ဥစ္စာ​ဟူ​၍​အပ်​ချည် တစ်​မျှင်၊ ခြေ​နင်း​ကြိုး​တစ်​စ​ကို​မျှ​ငါ​မ​ယူ​လို။ သို့​မှ​သာ​လျှင်​အာ​ဗြံ​အား​ကြွယ်​ဝ​ချမ်း​သာ​စေ သော​သူ​ကား ငါ​ပင်​ဖြစ်​၏​ဟု​သင်​မ​ဆို​နိုင်။ ငါ့ အ​တွက်​မည်​သည့်​ပစ္စည်း​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ယူ။ ငါ​၏​လူ​များ​သုံး​စွဲ​ပြီး​သ​မျှ​တို့​ကို သာ ငါ​ယူ​သည်​ဟု​ထင်​မှတ်​ပါ​လော့။ သို့​ရာ​တွင် ငါ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​သော​အာ​နေ​ရ၊ ဧ​ရှ​ကော​လ​နှင့်​မံ​ရေ​တို့​ကို​မူ​ကား​သူ​တို့ ၏​ဝေ​စု​ကို​ခွဲ​ယူ​ကြ​ပါ​စေ။ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​တိုင် တည်​၍ ငါ​မြွက်​ဆို​ပါ​သည်'' ဟု​ဖြေ​ကြား လေ​၏။
אם מחוט ועד שרוך נעל ואם אקח מכל אשר לך ולא תאמר אני העשרתי את אברם 23
၂၃
בלעדי רק אשר אכלו הנערים וחלק האנשים אשר הלכו אתי ענר אשכל וממרא הם יקחו חלקם 24
၂၄

< בראשית 14 >