< בראשית 13 >
ויעל אברם ממצרים הוא ואשתו וכל אשר לו ולוט עמו--הנגבה | 1 |
၁အာဗြံဇနီးမောင်နှံတို့သည်ပိုင်သမျှပစ္စည်းတို့ကိုယူ၍ အီဂျစ်ပြည်မြောက်ပိုင်းမှခါနာန်ပြည်တောင်ပိုင်းသို့ထွက်ခွာခဲ့သည်။ လောတလည်းလိုက်ပါလာခဲ့လေသည်။-
ואברם כבד מאד במקנה בכסף ובזהב | 2 |
၂အာဗြံသည် သိုး၊ နွား၊ ဆိတ်၊ ရွှေ၊ ငွေစသည်တို့ကိုပိုင်သဖြင့်အလွန်ကြွယ်ဝချမ်းသာသူဖြစ်၏။-
וילך למסעיו מנגב ועד בית אל--עד המקום אשר היה שם אהלה בתחלה בין בית אל ובין העי | 3 |
၃တစ်ဖန်ထိုအရပ်မှထွက်ခွာ၍ခရီးအဆင့်ဆင့်ဆက်သွားပြီးနောက် ဗေသလမြို့သို့ရှေ့ရှုလာခဲ့လေသည်။ သူသည်ဗေသလမြို့နှင့်အာဣမြို့စပ်ကြားအရပ်သို့ရောက်ရှိလာ၏။-
אל מקום המזבח אשר עשה שם בראשנה ויקרא שם אברם בשם יהוה | 4 |
၄ထိုအရပ်တွင်ယခင်ကစခန်းချ၍ယဇ်ပလ္လင်တည်ခဲ့ဖူး၏။ ထိုအရပ်၌သူသည်ထာဝရဘုရားကိုဝတ်ပြုကိုးကွယ်လေသည်။
וגם ללוט--ההלך את אברם היה צאן ובקר ואהלים | 5 |
၅အာဗြံနှင့်အတူလိုက်ပါလာသောလောတသည်လည်း သိုး၊ ဆိတ်စသည့်တိရစ္ဆာန်တို့အပြင်ကျေးကျွန်များကိုပိုင်၏။-
ולא נשא אתם הארץ לשבת יחדו כי היה רכושם רב ולא יכלו לשבת יחדו | 6 |
၆သူတို့နှစ်ဦးတွင်တိရစ္ဆာန်များ၍စားကျက်မလုံလောက်သည့်အတွက်ကြောင့် အတူတူနေထိုင်ရန်မဖြစ်နိုင်တော့ချေ။-
ויהי ריב בין רעי מקנה אברם ובין רעי מקנה לוט והכנעני והפרזי אז ישב בארץ | 7 |
၇သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။)
ויאמר אברם אל לוט אל נא תהי מריבה ביני ובינך ובין רעי ובין רעיך כי אנשים אחים אנחנו | 8 |
၈ထိုအခါအာဗြံကလောတအား``ငါတို့သည်ဆွေမျိုးသားချင်းများဖြစ်ကြ၍ သင့်လူစုနှင့်ငါ့လူစုတို့သည်ခိုက်ရန်ဖြစ်ပွားနေရန်မသင့်ချေ။-
הלא כל הארץ לפניך הפרד נא מעלי אם השמאל ואימנה ואם הימין ואשמאילה | 9 |
၉ထို့ကြောင့်သင်နှင့်ငါခွဲခွာကြပါစို့။ သင့်ရှေ့မှောက်တွင်မြေတစ်ပြင်လုံးရှိ၏။ သင်ကြိုက်နှစ်သက်ရာကိုရွေးယူလော့။ သင်ကတစ်ဘက်သို့သွားလျှင်ငါကတခြားတစ်ဘက်သို့သွားမည်'' ဟုပြောလေ၏။
וישא לוט את עיניו וירא את כל ככר הירדן כי כלה משקה--לפני שחת יהוה את סדם ואת עמרה כגן יהוה כארץ מצרים באכה צער | 10 |
၁၀ထိုအခါလောတသည်ပတ်ဝန်းကျင်သို့လှည့်ကြည့်ရာဇောရမြို့သို့တိုင်အောင် ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးသည်ထာဝရဘုရား၏ဥယျာဉ်တော် ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်းရေပေါများကြောင်းတွေ့ရလေသည်။ (ထာဝရဘုရားသည်သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုမဖျက်ဆီးမီကအခြေအနေဖြစ်၏။-)
ויבחר לו לוט את כל ככר הירדן ויסע לוט מקדם ויפרדו איש מעל אחיו | 11 |
၁၁ထို့ကြောင့်လောတသည်ယော်ဒန်မြစ်ဝှမ်းတစ်လျှောက်လုံးကိုရွေးယူ၍ အရှေ့ဘက်သို့ပြောင်းရွှေ့ခဲ့လေသည်။ ဤသို့အားဖြင့်သူတို့နှစ်ဦးခွဲခွာခဲ့ကြသည်။-
אברם ישב בארץ כנען ולוט ישב בערי הככר ויאהל עד סדם | 12 |
၁၂အာဗြံသည်ခါနာန်ပြည်တွင်နေထိုင်သည်။ လောတမူကားမြစ်ဝှမ်းရှိမြို့များနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ရန်ရွေးချယ်လျက်သောဒုံမြို့အနီးတွင်တဲစခန်းချလေ၏။-
ואנשי סדם רעים וחטאים ליהוה מאד | 13 |
၁၃သောဒုံမြို့သားတို့သည်ဆိုးသွမ်း၍ ထာဝရဘုရားရှေ့တော်၌အပြစ်များသောသူများဖြစ်ကြ၏။
ויהוה אמר אל אברם אחרי הפרד לוט מעמו שא נא עיניך וראה מן המקום אשר אתה שם--צפנה ונגבה וקדמה וימה | 14 |
၁၄လောတနှင့်အာဗြံတို့ခွဲခွာသွားကြပြီးနောက် ထာဝရဘုရားကအာဗြံအား``သင်ရှိရာမှအရပ်လေးမျက်နှာသို့ကြည့်ရှုလော့။-
כי את כל הארץ אשר אתה ראה לך אתננה ולזרעך עד עולם | 15 |
၁၅သင်မြင်သမျှမြေကိုငါသည်သင်၏အဆက်အနွယ်တို့အားထာဝစဉ်အပိုင်စားပေးမည်။ သင်၏အဆက်အနွယ်တို့ကိုလည်းမရေမတွက်နိုင်အောင်များပြားစေမည်။-
ושמתי את זרעך כעפר הארץ אשר אם יוכל איש למנות את עפר הארץ--גם זרעך ימנה | 16 |
၁၆မြေကြီးပေါ်ရှိမြေမှုန့်ကိုရေတွက်နိုင်ပါမှ သင်၏အဆက်အနွယ်များကိုရေတွက်နိုင်မည်။-
קום התהלך בארץ לארכה ולרחבה כי לך אתננה | 17 |
၁၇သင်သည်ယခုထ၍မြေတစ်ပြင်လုံးကိုလှည့်ပတ်ကြည့်ရှုလော့။ သင်မြင်ရသမျှသောမြေကိုသင့်အားငါပေးမည်'' ဟုမိန့်တော်မူ၏။-
ויאהל אברם ויבא וישב באלני ממרא--אשר בחברון ויבן שם מזבח ליהוה | 18 |
၁၈ထို့ကြောင့်အာဗြံသည်မိမိ၏စခန်းမှ ဟေဗြုန်မြို့ရှိမံရေသပိတ်တောသစ်ပင်များအနီးသို့ပြောင်းရွှေ့နေထိုင်ပြီးလျှင် ထိုနေရာ၌ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကိုတည်လေ၏။