< יחזקאל 44 >
וישב אתי דרך שער המקדש החיצון הפנה קדים והוא סגור | 1 |
၁ထိုလူသည်ငါ့အားဗိမာန်တော်မြေယာ၏ အရှေ့ဘက်ပိုင်း၌ရှိသော အပြင်မုခ်ပေါက် သို့ခေါ်ဆောင်သွား၏။ မုခ်တံခါးသည်ပိတ် လျက်ရှိ၏။-
ויאמר אלי יהוה השער הזה סגור יהיה לא יפתח ואיש לא יבא בו--כי יהוה אלהי ישראל בא בו והיה סגור | 2 |
၂ထာဝရဘုရားကငါ့အား``ဤတံခါးကို ပိတ်ထားရမည်။ အဘယ်အခါ၌မျှဖွင့်ရ မည်မဟုတ်။ လူသားမှန်သမျှဤတံခါးကို အသုံးပြုခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် ဣသရေလအမျိုသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုတံခါးဖြင့်ဝင်တော် မူခဲ့သောကြောင့်တည်း။-
את הנשיא נשיא הוא ישב בו לאכול (לאכל) לחם--לפני יהוה מדרך אולם השער יבוא ומדרכו יצא | 3 |
၃သို့ရာတွင်ယခုနန်းစံလျက်ရှိသည့်မင်းသား သည်ကား ထိုအရပ်သို့သွား၍ငါ၏ရှေ့တော် တွင်သန့်ရှင်းမြင့်မြတ်သည့်စားဖွယ်ခဲဖွယ်ကို စားသောက်နိုင်ခွင့်ရှိ၏။ သူသည်အစွန်ဆုံးရှိ အခန်းကြီးကိုဖြတ်၍ဤတံခါးဖြင့်ဝင် ထွက်သွားလာရန်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ויביאני דרך שער הצפון אל פני הבית וארא והנה מלא כבוד יהוה את בית יהוה ואפל אל פני | 4 |
၄ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
ויאמר אלי יהוה בן אדם שים לבך וראה בעיניך ובאזניך שמע את כל אשר אני מדבר אתך לכל חקות בית יהוה ולכל תורתו ושמת לבך למבוא הבית בכל מוצאי המקדש | 5 |
၅ထာဝရဘုရားကလည်းငါ့အား``အချင်း လူသား၊ သင်မြင်ရကြားရသောအရာမှန် သမျှကိုဂရုပြုလော့။ ငါသည်ဗိမာန်တော် နှင့်ဆိုင်သောစည်းမျဉ်းဥပဒေများကိုသင့် အားပြောမည်။ အဘယ်သူတို့သည်ဗိမာန် တော်သို့ဝင်ထွက်ခွင့်ရှိသည်ကိုသေချာ စွာမှတ်သားလော့။''
ואמרת אל מרי אל בית ישראל כה אמר אדני יהוה רב לכם מכל תועבותיכם בית ישראל | 6 |
၆``ပုန်ကန်တတ်သောဣသရေလအမျိုးသား တို့အား မိမိတို့ပြုကျင့်လျက်ရှိသည့်စက် ဆုပ်ရွံရှာဖွယ်အမှုတို့ကိုငါအရှင်ထာဝရ ဘုရားသည်ဆက်လက်သည်းခံလျက်နေတော့ မည်မဟုတ်ကြောင်းဆင့်ဆိုလော့။-
בהביאכם בני נכר ערלי לב וערלי בשר להיות במקדשי לחללו את ביתי--בהקריבכם את לחמי חלב ודם ויפרו את בריתי אל כל תועבותיכם | 7 |
၇ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
ולא שמרתם משמרת קדשי ותשימון לשמרי משמרתי במקדשי--לכם | 8 |
၈သူတို့သည်ငါ၏ဗိမာန်တော်တွင်သန့်ရှင်း မြင့်မြတ်သည့်ဝတ်တို့ကိုတာဝန်ယူ၍ ဆောင်ရွက်မည့်အစားလူမျိုးခြားတို့ အားဆောင်ရွက်စေကြ၏။
כה אמר אדני יהוה כל בן נכר ערל לב וערל בשר לא יבוא אל מקדשי לכל בן נכר--אשר בתוך בני ישראל | 9 |
၉``အရေဖျားလှီးမင်္ဂလာမခံသူလူမျိုး ခြားများ၊ ငါ၏စကားကိုမနာခံသူများ၊ ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်သူလူမျိုးခြားများပင်ဖြစ်စေကာမူ ငါ၏ဗိမာန်တော်သို့ဝင်ရကြမည်မဟုတ် ကြောင်းငါအရှင်ထာဝရဘုရားမိန့်ဆို ၏'' ဟုမိန့်တော်မူ၏။
כי אם הלוים אשר רחקו מעלי בתעות ישראל אשר תעו מעלי אחרי גלוליהם ונשאו עונם | 10 |
၁၀ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။-
והיו במקדשי משרתים פקדות אל שערי הבית ומשרתים את הבית המה ישחטו את העולה ואת הזבח לעם והמה יעמדו לפניהם לשרתם | 11 |
၁၁သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
יען אשר ישרתו אותם לפני גלוליהם והיו לבית ישראל למכשול עון על כן נשאתי ידי עליהם נאם אדני יהוה ונשאו עונם | 12 |
၁၂သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-
ולא יגשו אלי לכהן לי ולגשת על כל קדשי אל קדשי הקדשים ונשאו כלמתם ותועבותם אשר עשו | 13 |
၁၃သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ ၏အမှုတော်ကိုမဆောင်ရွက်ရကြ။ သန့်ရှင်း မြင့်မြတ်ရာတစ်စုံတစ်ခုအနားသို့မျှ လည်းမချဉ်းမကပ်ရကြ။ အလွန်သန့်ရှင်း ရာဌာနတော်သို့လည်းမဝင်ရကြ။ ဤ အပြစ်ဒဏ်ကားသူတို့ပြုခဲ့သည့်စက်ဆုပ် ဖွယ်ရာအမှုများအတွက်ဖြစ်၏။-
ונתתי אותם שמרי משמרת הבית--לכל עבדתו ולכל אשר יעשה בו | 14 |
၁၄ဗိမာန်တော်တွင်အစေခံများသာလုပ်ဆောင် အပ်သောအမှုခပ်သိမ်းကိုဆောင်ရွက်ရန်သူ တို့အားငါခန့်ထားမည်'' ဟုမိန့်တော်မူ၏။
והכהנים הלוים בני צדוק אשר שמרו את משמרת מקדשי בתעות בני ישראל מעלי--המה יקרבו אלי לשרתני ועמדו לפני להקריב לי חלב ודם--נאם אדני יהוה | 15 |
၁၅အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
המה יבאו אל מקדשי והמה יקרבו אל שלחני--לשרתני ושמרו את משמרתי | 16 |
၁၆သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။-
והיה בבואם אל שערי החצר הפנימית בגדי פשתים ילבשו ולא יעלה עליהם צמר בשרתם בשערי החצר הפנימית וביתה | 17 |
၁၇သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။-
פארי פשתים יהיו על ראשם ומכנסי פשתים יהיו על מתניהם לא יחגרו ביזע | 18 |
၁၈ချွေးမထွက်စေရန်ပိတ်ချောခေါင်းပေါင်းကို ပေါင်း၍ပိတ်ချောဘောင်းဘီကိုဝတ်ဆင်ရ ကြမည်။ ခါးပတ်ကိုမဝတ်ရကြ။-
ובצאתם אל החצר החיצונה אל החצר החיצונה אל העם יפשטו את בגדיהם אשר המה משרתם בם והניחו אותם בלשכת הקדש ולבשו בגדים אחרים ולא יקדשו את העם בבגדיהם | 19 |
၁၉လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
וראשם לא יגלחו ופרע לא ישלחו כסום יכסמו את ראשיהם | 20 |
၂၀``သူတို့သည်မိမိတို့၏ဦးခေါင်းကိုမရိတ်ရ ကြ။ ဆံပင်ရှည်အောင်လည်းမထားရကြ။ သင့် တော်လျောက်ပတ်သလောက်သာအရှည်ထား ရမည်။-
ויין לא ישתו כל כהן בבואם אל החצר הפנימית | 21 |
၂၁ယဇ်ပုရောဟိတ်တို့သည်တံတိုင်းအတွင်း ရှိဝင်းသို့မဝင်မီစပျစ်ရည်ကိုမသောက် ရကြ။-
ואלמנה וגרושה לא יקחו להם לנשים כי אם בתולת מזרע בית ישראל והאלמנה אשר תהיה אלמנה מכהן יקחו | 22 |
၂၂အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။
ואת עמי יורו בין קדש לחל ובין טמא לטהור יודעם | 23 |
၂၃``ယဇ်ပုရောဟိတ်တို့သည်သန့်ရှင်းမြင့်မြတ် သောအရာနှင့်မသန့်ရှင်းမမြင့်မြတ်သော အရာတို့ကွာခြားပုံ၊ ဘာသာရေးအရသန့် စင်သောအရာနှင့်မသန့်စင်သောအရာကွာ ခြားပုံကိုလူတို့အားသင်ကြားပေးရမည်။-
ועל ריב המה יעמדו לשפט (למשפט)--במשפטי ושפטהו (ישפטהו) ואת תורתי ואת חקתי בכל מועדי ישמרו ואת שבתותי יקדשו | 24 |
၂၄အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။
ואל מת אדם לא יבוא לטמאה כי אם לאב ולאם ולבן ולבת לאח ולאחות אשר לא היתה לאיש--יטמאו | 25 |
၂၅``ယဇ်ပုရောဟိတ်သည်လူသေအလောင်း ကိုတို့ထိခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာ ရေးအရညစ်ညမ်းအောင်မပြုရ။ သို့ရာတွင် သူသည်မိမိ၏မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မရှိသောနှမ၊ အစ်မတို့၏အလောင်း ကိုမူတို့ထိနိုင်လေသည်။-
ואחרי טהרתו--שבעת ימים יספרו לו | 26 |
၂၆ယင်းသို့မိမိကိုယ်ကိုညစ်ညမ်းစေပြီးနောက် သူသည်ခုနစ်ရက်မျှဆိုင်းငံ့လျက်နေရ မည်။-
וביום באו אל הקדש אל החצר הפנימית לשרת בקדש יקריב חטאתו--נאם אדני יהוה | 27 |
၂၇ထိုနောက်ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်း သို့ဝင်၍မိမိ၏သန့်စင်မှုအတွက်ယဇ်ကို ပူဇော်ရမည်။ သို့မှသာလျှင်သူသည်ဗိမာန် တော်တွင်ပြန်၍အမှုတော်ထမ်းဆောင်နိုင် မည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
והיתה להם לנחלה אני נחלתם ואחזה לא תתנו להם בישראל--אני אחזתם | 28 |
၂၈``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
המנחה והחטאת והאשם המה יאכלום וכל חרם בישראל להם יהיה | 29 |
၂၉ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက်ဖြေရာယဇ် တို့ကိုစားသုံးကြရမည်။ ထိုမှတစ်ပါးလည်း သူတို့သည်ဣသရေလပြည်တွင် ငါ၏အတွက် သီးသန့်ထားသမျှသောအရာမှန်သမျှကို ရရှိကြလိမ့်မည်။-
וראשית כל בכורי כל וכל תרומת כל מכל תרומותיכם--לכהנים יהיה וראשית ערסותיכם תתנו לכהן להניח ברכה אל ביתך | 30 |
၃၀ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-
כל נבלה וטרפה מן העוף ומן הבהמה--לא יאכלו הכהנים | 31 |
၃၁ယဇ်ပုရောဟိတ်တို့သည်အလိုအလျောက် ဖြစ်စေ၊ သားရဲကိုက်၍သေသောငှက်သို့မ ဟုတ်တိရစ္ဆာန်၏အသားကိုဖြစ်စေမစား ရကြ'' ဟုမိန့်တော်မူ၏။