< יחזקאל 37 >

היתה עלי יד יהוה ויוצאני ברוח יהוה ויניחני בתוך הבקעה והיא מלאה עצמות 1
တဖန်ထာဝရဘုရား၏ လက်တော်သည် ငါ့ အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင် သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီး လျှင်၊
והעבירני עליהם סביב סביב והנה רבות מאד על פני הבקעה והנה יבשות מאד 2
ထိုအရိုးတို့ပတ်လည်၌ ရှောက်သွားစေတော် မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွားသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။
ויאמר אלי--בן אדם התחיינה העצמות האלה ואמר אדני יהוה אתה ידעת 3
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤ အရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည် ဟု လျှောက်လေ၏။
ויאמר אלי הנבא על העצמות האלה ואמרת אליהם--העצמות היבשות שמעו דבר יהוה 4
ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အိုသွေ့ခြောက် သော အရိုးတို့၊ထာဝရဘုရား၏အမိန့်တော်ကိုနားထောင် ကြလော့။
כה אמר אדני יהוה לעצמות האלה הנה אני מביא בכם רוח--וחייתם 5
ဤသွေ့ခြောက်သော အရိုးတို့အား အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရ ကြမည်။
ונתתי עליכם גידים והעלתי עליכם בשר וקרמתי עליכם עור ונתתי בכם רוח וחייתם וידעתם כי אני יהוה 6
သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက် ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊
ונבאתי כאשר צויתי ויהי קול כהנבאי והנה רעש ותקרבו עצמות עצם אל עצמו 7
မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှား ခြင်းလည်း ရှိ၏။ အရိုးတို့သည် တခုအနီးသို့တခု ချဉ်းကြ ၏။
וראיתי והנה עליהם גדים ובשר עלה ויקרם עליהם עור מלמעלה ורוח אין בהם 8
ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်း တတ်၏။ အရေလည်းဖုံးလွှမ်း၏။ သို့ရာ တွင်၊ အသက်မရှိသေး။
ויאמר אלי הנבא אל הרוח הנבא בן אדם ואמרת אל הרוח כה אמר אדני יהוה מארבע רוחות באי הרוח ופחי בהרוגים האלה ויחיו 9
ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေ အား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အိုလေ၊ အရပ် လေးမျက်နှာတို့မှ လာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊
והנבאתי כאשר צוני ותבוא בהם הרוח ויחיו ויעמדו על רגליהם--חיל גדול מאד מאד 10
၁၀မှာထားတော်မူသည်အတိုင်း ငါသည် ပရော ဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။
ויאמר אלי בן אדם העצמות האלה כל בית ישראל המה הנה אמרים יבשו עצמותינו ואבדה תקותנו--נגזרנו לנו 11
၁၁ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မြော်လင့်စရာ မရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
לכן הנבא ואמרת אליהם כה אמר אדני יהוה הנה אני פתח את קברותיכם והעליתי אתכם מקברותיכם עמי והבאתי אתכם אל אדמת ישראל 12
၁၂သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင် မည်။
וידעתם כי אני יהוה בפתחי את קברותיכם ובהעלותי אתכם מקברותיכם--עמי 13
၁၃အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ ကို ထုတ်ပြီးလျှင်၊
ונתתי רוחי בכם וחייתם והנחתי אתכם על אדמתכם וידעתם כי אני יהוה דברתי ועשיתי--נאם יהוה 14
၁၄အသက်ရင်စေခြင်းငှါ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့် မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်း ကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ויהי דבר יהוה אלי לאמר 15
၁၅တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
ואתה בן אדם קח לך עץ אחד וכתב עליו ליהודה ולבני ישראל חברו ולקח עץ אחד וכתוב עליו ליוסף עץ אפרים וכל בית ישראל חברו 16
၁၆အချင်းလူသား၊ တုတ်တချောင်းကိုယူ၍၊ ယုဒ အမျိုးနှင့် သူ၏အပေါင်းအဘော် ဣသရေလ အမျိုးသားအဘို့ ဟု ရေးမှတ်လော့။ တဖန် တုတ်တချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့်သူ၏ အပေါင်းအဘော် ဣသရေလ အမျိုးသားများအဘို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ် လော့။
וקרב אתם אחד אל אחד לך--לעץ אחד והיו לאחדים בידך 17
၁၇ထိုတုတ်နှစ်ချောင်းကို တချောင်းတည်းဖြစ်စေ ခြင်းငှါ ပူးထား၍၊ ထိုတချောင်းတည်းသော တုတ်ကို လက်စွဲလော့။
וכאשר יאמרו אליך בני עמך לאמר הלוא תגיד לנו מה אלה לך 18
၁၈သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊
דבר אלהם כה אמר אדני יהוה הנה אני לקח את עץ יוסף אשר ביד אפרים ושבטי ישראל חברו ונתתי אותם עליו את עץ יהודה ועשיתם לעץ אחד והיו אחד בידי 19
၁၉အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုသူတို့ အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏ တုတ်နှင့်၊ သူ၏အပေါင်းအဘော် ဣသရေလအမျိုး အနွယ်တို့ကိုငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တချောင်းတည်းဖြစ်သော တုတ်ကိုငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊
והיו העצים אשר תכתב עליהם בידך--לעיניהם 20
၂၀သင်ရေးမှတ်သော ထိုတုတ်ကိုသူတို့မျက်မှောက်၌ လက်စွဲလျက် နေလော့။
ודבר אליהם כה אמר אדני יהוה הנה אני לקח את בני ישראל מבין הגוים אשר הלכו שם וקבצתי אתם מסביב והבאתי אותם אל אדמתם 21
၂၁အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တပါး အမျိုးသားနေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေး စေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။
ועשיתי אתם לגוי אחד בארץ בהרי ישראל ומלך אחד יהיה לכלם למלך ולא יהיה (יהיו) עוד לשני גוים ולא יחצו עוד לשתי ממלכות עוד 22
၂၂ထိုပြည်တွင် ဣသရေလ တောင်တို့အပေါ်၌ လူတမျိုးတည်းဖြစ် စေ၍၊ ရှင်ဘုရင်တပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောင်တဖန် သူတို့ သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည်ကွဲပြားလျက် မရှိရ။
ולא יטמאו עוד בגלוליהם ובשקוציהם ובכל פשעיהם והושעתי אתם מכל מושבתיהם אשר חטאו בהם וטהרתי אותם והיו לי לעם ואני אהיה להם לאלהים 23
၂၃နောက်တဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ် မှားလေရာရာ အရပ်တို့မှ ငါကယ်နှုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏ လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။
ועבדי דוד מלך עליהם ורועה אחד יהיה לכלם ובמשפטי ילכו וחקותי ישמרו ועשו אותם 24
၂၄ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတဦးတည်း ရှိကြလိမ့် မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့ လိုက်၍ စောင့် ရှောက်ကြလိမ့်မည်။
וישבו על הארץ אשר נתתי לעבדי ליעקב אשר ישבו בה אבותיכם וישבו עליה המה ובניהם ובני בניהם עד עולם ודוד עבדי נשיא להם לעולם 25
၂၅ငါ၏ကျွန်ယာကုပ်အား ငါပေး၍၊ သင်တို့ ဘိုးဘေးများနေဘူးသော ပြည်၌သူတို့နှင့်သားမြေး အစဉ် အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည် လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။
וכרתי להם ברית שלום ברית עולם יהיה אותם ונתתים והרביתי אותם ונתתי את מקדשי בתוכם לעולם 26
၂၆ထိုမှတပါး၊ သူတို့နှင့်မိဿဟာယ ပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့် မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏ သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။
והיה משכני עליהם והייתי להם לאלהים והמה יהיו לי לעם 27
၂၇ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။
וידעו הגוים כי אני יהוה מקדש את ישראל--בהיות מקדשי בתוכם לעולם 28
၂၈ထိုသို့ငါ၏ သန့်ရှင်းရာဌာနသည် သူတို့အလယ် ၌အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< יחזקאל 37 >