< יחזקאל 23 >

ויהי דבר יהוה אלי לאמר 1
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
בן אדם--שתים נשים בנות אם אחת היו 2
အချင်းလူသား ၊ အမိ မ ကွဲပြားသော ညီအစ်မ နှစ် ယောက်ရှိ ၏။
ותזנינה במצרים בנעוריהן זנו שמה מעכו שדיהן ושם עשו דדי בתוליהן 3
သူ တို့သည် အသက် ငယ်စဉ်အခါ၊ အဲဂုတ္တု ပြည်၌ မတရား သောမေထုန် ကို ပြုကြ၏။ ထို ပြည်၌ သူ တို့၏ သားမြတ် ကို ပွတ်နယ် ၍ အပျိုမ အသရေ ကို ရှုတ်ချကြ၏။
ושמותן אהלה הגדולה ואהליבה אחותה ותהיינה לי ותלדנה בנים ובנות ושמותן--שמרון אהלה וירושלם אהליבה 4
အစ်မ ကား အဟောလ ၊ ညီမ ကား အဟောလိဗ အမည် ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ ၏ခင်ပွန်းဖြစ် ၍သား သမီး တို့ကို ဘွားမြင် ကြ၏။ အဟောလ အမည်သည် ရှမာရိ ဟူ၍၎င်း ၊ အဟောလိဗ အမည်သည် ယေရုရှလင် ဟူ၍၎င်း ဆိုလိုသတည်း။
ותזן אהלה תחתי ותעגב על מאהביה אל אשור קרובים 5
အဟောလ သည် ငါ ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရား သောမေထုန် ကိုပြု၏။
לבשי תכלת פחות וסגנים בחורי חמד כלם פרשים רכבי סוסים 6
မိမိ ရည်းစား တည်းဟူသော၊ ပြာ သောအဝတ် ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိ အမျိုးသားဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ်သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
ותתן תזנותיה עליהם מבחר בני אשור כלם ובכל אשר עגבה בכל גלוליהם נטמאה 7
ထိုအာရှုရိ လူကောင်း လူမြတ်အပေါင်း တို့နှင့် မတရား သောမေထုန်ကိုပြု၏။ တပ်မက် သော သူအပေါင်း တို့၏ ရုပ်တု များနှင့် ကိုယ်ကိုညစ်ညူး စေ၏။
ואת תזנותיה ממצרים לא עזבה--כי אותה שכבו בנעוריה והמה עשו דדי בתוליה וישפכו תזנותם עליה 8
အသက် ငယ်စဉ်အခါ အဲဂုတ္တု ပြည်၌ သူနှင့် သင့်နေ ၍၊ အပျိုမ အသရေ ကို ရှုတ်ချသဖြင့်၊ အထပ်ထပ်မတရားသောမေထုန် ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မ စွန့်ပစ် ၊ မှီဝဲလျက်နေ၏။
לכן נתתיה ביד מאהביה--ביד בני אשור אשר עגבה עליהם 9
ထိုကြောင့် ၊ သူတပ်မက် သော ရည်းစား၊ အာရှုရိ လူ တို့၌ သူ့ ကိုငါ အပ် ၍၊
המה גלו ערותה--בניה ובנותיה לקחו ואותה בחרב הרגו ותהי שם לנשים ושפוטים עשו בה 10
၁၀သူတို့သည် အဝတ်ကို ချွတ် ကြ၏။ သူ ၏ သား သမီး တို့ကို သိမ်း သွား၍ ၊ သူ့ ကိုထား နှင့် ကွပ်မျက် ကြ ၏။ ထိုသို့အပြစ် စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စော သောမိန်းမဖြစ် လေ၏။
ותרא אחותה אהליבה ותשחת עגבתה ממנה ואת תזנותיה--מזנוני אחותה 11
၁၁ထိုအမှုကို ညီမ အဟောလိဗ သည် မြင် သောအခါ ၊ အစ်မ ထက် သာ၍တပ်မက် သောစိတ် ရှိသည်နှင့်၊ အစ်မ ထက် သာ၍မတရား သောမေထုန်ကို ပြု၏။
אל בני אשור עגבה פחות וסגנים קרבים לבשי מכלול פרשים רכבי סוסים--בחורי חמד כלם 12
၁၂တင့်တယ် သော အဝတ် ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိ အမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ် သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
וארא כי נטמאה דרך אחד לשתיהן 13
၁၃ထိုအခါ သူသည် ညစ်ညူး ကြောင်းနှင့်၊ အစ်မလိုက် သောလမ်း သို့ လိုက်ကြောင်း ကို ငါသိမြင် ၏။
ותוסף אל תזנותיה ותרא אנשי מחקה על הקיר צלמי כשדיים (כשדים) חקקים בששר 14
၁၄အထူးသဖြင့်မတရား သောမေထုန်ကို ပြုသောအကြောင်းအရာဟူမူကား၊ ခါးစည်း ကိုစည်း လျက်၊ ထူးဆန်းသော ပုဆိုးခေါင်းပေါင်း ကို ပေါင်းလျက်၊ မွေးဘွား ရာဌာန ခါလဒဲ ပြည် ဗာဗုလုန် မြို့သား ကဲ့သို့၊ မင်း ၏အသွင် ကိုဆောင်လျက်၊
חגורי אזור במתניהם סרוחי טבולים בראשיהם--מראה שלשים כלם דמות בני בבל כשדים ארץ מולדתם 15
၁၅အုတ် ထရံ၌ ဟင်းသပြတား နှင့်ရေး သော ခါလဒဲ လူ၏ ရုပ်ပုံ တို့ကို မြင် သောအခါ ၊
ותעגב (ותעגבה) עליהם למראה עיניה ותשלח מלאכים אליהם כשדימה 16
၁၆တပ်မက် သောစိတ်ရှိ၍ ၊ ခါလဒဲ ပြည်သို့ တမန် ကို စေလွှတ် လေ၏။
ויבאו אליה בני בבל למשכב דדים ויטמאו אותה בתזנותם ותטמא בם--ותקע נפשה מהם 17
၁၇ဗာဗုလုန် မြို့သား တို့သည် သူနှင့်သံဝါသပြု ရာခုတင်သို့ လာ ၍ ၊ မတရား သောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူး စေကြ၏။ သူသည်လည်း ထိုသူ တို့ကို ရွံရှာ သည် တိုင်အောင်ညစ်ညူး ခြင်းကိုခံလေ၏။
ותגל תזנותיה ותגל את ערותה ותקע נפשי מעליה כאשר נקעה נפשי מעל אחותה 18
၁၈ထိုသို့ မတရား သောမေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား ဘော်ပြ သောကြောင့် ၊ ငါသည် သူ့ အစ်မ ကိုရွံရှာ သကဲ့သို့ ၊ သူ့ ကိုလည်းရွံရှာ ၏။
ותרבה את תזנותיה לזכר את ימי נעוריה אשר זנתה בארץ מצרים 19
၁၉အသက်ငယ် စဉ်အခါအဲဂုတ္တု ပြည် ၌ မှားယွင်း သောကာလ ကို အောက်မေ့ သဖြင့်၊ မှားယွင်း ခြင်းကို အထပ်ထပ် ပြု၏။
ותעגבה על פלגשיהם אשר בשר חמורים בשרם וזרמת סוסים זרמתם 20
၂၀မြည်း အင်္ဂါ နှင့်တူသော အင်္ဂါ ၊ မြင်း သုတ်ရည် နှင့် တူသောသုတ်ရည် ရှိသောထိုရည်းစား တို့ကိုပင် တပ်မက် လေသည်တကား။
ותפקדי את זמת נעוריך בעשות ממצרים דדיך למען שדי נעוריך 21
၂၁သို့ဖြစ်၍ ၊ အိုအဟောလိဗ၊ အဲဂုတ္တု လူတို့သည် သင့် အသရေ ကို ရှုတ်ချ ၍၊ အပျိုမ သားမြတ် တို့ကို ပွတ်နယ်ကြသဖြင့်၊ သင် အသက်ငယ် စဉ်အခါသင်ပြုသောအဓမ္မ အမှုကို အထပ်ထပ် ပြုသောကြောင့်၊
לכן אהליבה כה אמר אדני יהוה הנני מעיר את מאהביך עליך את אשר נקעה נפשך מהם והבאתים עליך מסביב 22
၂၂အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ရွံရှာ သော ရည်းစား တို့ကို ငါ ထ စေပြီးလျှင်၊ အရပ်ရပ် တို့က လာ ၍ တိုက်စေမည်။
בני בבל וכל כשדים פקוד ושוע וקוע כל בני אשור אותם בחורי חמד פחות וסגנים כלם--שלשים וקרואים רכבי סוסים כלם 23
၂၃အာရှုရိ လူ များနှင့်တကွအကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန် လူ ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ် ဘွယ်သော လူပျို ၊ ဗိုလ်မင်း ၊ ဝန်မင်း ၊ မှူးကြီးမတ်ကြီး ၊ မြင်းစီး သူရဲအပေါင်း တို့သည်၊
ובאו עליך הצן רכב וגלגל ובקהל עמים--צנה ומגן וקובע ישימו עליך סביב ונתתי לפניהם משפט ושפטוך במשפטיהם 24
၂၄စစ်တိုက် လက်နက်နှင့် လှည်း ရထားပါလျက်၊ လူ အလုံးအရင်း နှင့်တကွလာ ၍ ဒိုင်း ၊ လွှား ၊ သံခမောက်လုံး တို့ကို သင့် ပတ်လည် ၌ ခင်းကျင်း ကြလိမ့်မည်။ တရား စီရင် သော အခွင့်ကိုသူ တို့၌ ငါ အပ်ပေး၍၊ သူတို့သည် မိမိ ထုံးစံ အတိုင်း စီရင် ကြလိမ့်မည်။
ונתתי קנאתי בך ועשו אותך בחמה--אפך ואזניך יסירו ואחריתך בחרב תפול המה בניך ובנותיך יקחו ואחריתך תאכל באש 25
၂၅သူတို့သည် သင့် ကို မ ယုံမည်အကြောင်း၊ ငါပြု ၍သင့် ကို ကြမ်းတမ်း စွာ စီရင် ကြလိမ့်မည်။ သင့် နှာခေါင်း ၊ နားရွက် တို့ကို ဖြတ် ၍ အကျန်အကြွင်း ကိုထား နှင့် စဉ်းကြလိမ့်မည်။ သင် ၏သား သမီး တို့ကို သိမ်း သွား ၍၊ ကျန်ကြွင်း သောသူတို့ ကို မီး ရှို့ ကြ လိမ့်မည်။
והפשיטוך את בגדיך ולקחו כלי תפארתך 26
၂၆သင့် အဝတ် ကိုလည်း ချွတ် ၍ ၊ တင့်တယ် သော တန်ဆာ တို့ကို သိမ်းယူ ကြလိမ့်မည်။
והשבתי זמתך ממך ואת זנותך מארץ מצרים ולא תשאי עיניך אליהם ומצרים לא תזכרי עוד 27
၂၇ထိုသို့သင်သည် နောက် တဖန် မျှော် မ ကြည့်၊ အဲဂုတ္တု ပြည်ကို မ အောက်မေ့ စေခြင်းငှါ၊ သင် ပြုသောအဓမ္မ အမှုနှင့် အဲဂုတ္တု ပြည် မှ ပါသောအဓမ္မ မေထုန်ကို ငါငြိမ်း စေမည်။
כי כה אמר אדני יהוה הנני נתנך ביד אשר שנאת--ביד אשר נקעה נפשך מהם 28
၂၈တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင်မုန်း သောသူ၊ သင် ရွံရှာ သောသူတို့ လက် သို့ သင့် ကိုငါ အပ် သဖြင့် ၊
ועשו אותך בשנאה ולקחו כל יגיעך ועזבוך עירם ועריה ונגלה ערות זנוניך וזמתך ותזנותיך 29
၂၉သူတို့သည် မုန်း သည်အတိုင်းပြု လျက်၊ သင် ကြိုးစား ၍ ဆည်းပူးသမျှသောဥစ္စာတို့ကိုသိမ်းယူ ၍၊ သင့် ကိုယ်၌ အဝတ် မရှိ၊ အချည်းစည်း ရှိ ရစ် စေကြလိမ့်မည်။ သင် မှားယွင်း ၍ အချည်းစည်း ရှိခြင်း၊ အဓမ္မ အမှုကို ပြုခြင်း၊ မတရား သောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။
עשה אלה לך בזנותך אחרי גוים על אשר נטמאת בגלוליהם 30
၃၀သင် သည်တပါး အမျိုးသား တို့နှင့် မှားယွင်း ၍၊ သူ တို့ရုပ်တု များနှင့် ညစ်ညူး သောကြောင့် ၊ ထိုသို့ ငါစီရင် မည်။
בדרך אחותך הלכת ונתתי כוסה בידך 31
၃၁သင်သည် အစ်မ လိုက်သော လမ်း ကိုလိုက် သောကြောင့် ၊ သူ သောက်သော ခွက် ကို သင့် လက် ၌ ငါထား မည်။
כה אמר אדני יהוה כוס אחותך תשתי העמקה והרחבה תהיה לצחק וללעג מרבה להכיל 32
၃၂အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက် ၊ ကျယ် ၍စောက် သောခွက်ကို သင်သောက် ရမည်။ ထိုခွက်၌ များစွာ ဝင် သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ ခြင်းနှင့် ပျက်ချော် ခြင်းကိုခံရ မည်။
שכרון ויגון תמלאי כוס שמה ושממה כוס אחותך שמרון 33
၃၃သင့် အစ်မ ရှမာရိ သောက်သောခွက် ၊ မှိုင်တွေ စေသော ခွက် ကို သောက်၍၊ ယစ်မူး ခြင်း၊ ညှိုးငယ် ခြင်းနှင့် ဝ ရလိမ့်မည်။
ושתית אותה ומצית ואת חרשיה תגרמי--ושדיך תנתקי כי אני דברתי נאם אדני יהוה 34
၃၄ထိုခွက် ကို သောက် ၍စုတ် ပြီးမှ ခွက်ခြမ်း ကို ကိုက်ခဲ ၍ ၊ ကိုယ် သားမြတ် တို့ကို ဆွဲဖြတ် ရလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
לכן כה אמר אדני יהוה יען שכחת אותי ותשליכי אותי אחרי גוך וגם את שאי זמתך ואת תזנותיך 35
၃၅သို့ဖြစ်၍ ၊ သင်သည် ငါ့ ကို မေ့လျော့ ၍ ၊ သင့် ကျော နောက်သို့ ငါ့ ကိုပစ် လိုက်သောကြောင့် ၊ သင် သည် အဓမ္မ အမှုနှင့် မတရား သောမေထုန် အမှု၏ အပြစ်ကိုခံ လော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
ויאמר יהוה אלי בן אדם התשפוט את אהלה ואת אהליבה והגד להן את תועבותיהן 36
၃၆တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ အချင်းလူသား ၊ သင်သည်အဟောလ နှင့် အဟောလိဗ တို့ကို စစ်ကြော လော့။ အကယ်စင်စစ်သူ တို့ ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို ဘော်ပြ ရမည်။
כי נאפו ודם בידיהן ואת גלוליהן נאפו וגם את בניהן אשר ילדו לי העבירו להם לאכלה 37
၃၇အကြောင်းမူကား ၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက် ကိုသတ် သောအပြစ်ရှိကြ၏။ ရုပ်တု တို့နှင့် ပင် မျောက်မထား ကြပြီ။ ငါ့ အဘို့ ဘွားမြင် သောသား တို့ကိုပင် ရုပ်တုစားစရာ ဘို့ မီး ဖြင့်ပူဇော်ကြပြီ။
עוד זאת עשו לי טמאו את מקדשי ביום ההוא ואת שבתותי חללו 38
၃၈ထိုမှတပါး ၊ ငါ ၌ ပြု သောအမှုဟူမူကား၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေ၍ ၊ ငါ ၏ဥပုသ် နေ့တို့ကိုရှုတ်ချ ကြပြီ။
ובשחטם את בניהם לגלוליהם ויבאו אל מקדשי ביום ההוא לחללו והנה כה עשו בתוך ביתי 39
၃၉ကိုယ် သားသမီး တို့ကိုရုပ်တု ရှေ့တွင် သတ် ပြီးမှ ၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေခြင်းငှါ လာ ကြ၏။ ထိုသို့ ငါ့ အိမ် တော်အလယ် ၌ ပြု ကြပြီတကား။
ואף כי תשלחנה לאנשים באים ממרחק--אשר מלאך שלוח אליהם והנה באו לאשר רחצת כחלת עיניך ועדית עדי 40
၄၀ထိုမှတပါး ၊ သင်သည်တမန် တို့ကို စေလွှတ် ၍ ၊ ဝေး သောအရပ်မှ ယောက်ျား တို့ကိုခေါ်၍ သူတို့သည် လာ ကြ၏။ သူတို့အဘို့ သင် သည် ရေချိုးခြင်း၊ မျက်စိ ၌ ဆေး ထိုးခြင်း၊ တန်ဆာဆင် ခြင်းကို ပြုပြီးလျှင်၊
וישבת על מטה כבודה ושלחן ערוך לפניה וקטרתי ושמני שמת עליה 41
၄၁အသရေ ရှိသော ခုတင် ပေါ်၌ ထိုင် ၍ ၊ ငါ့ နံ့သာပေါင်း နှင့် ငါ့ ဆီ ကို တင် သောစားပွဲ ကို ခုတင် ရှေ့မှာ ခင်း လေ၏။
וקול המון שלו בה ואל אנשים מרב אדם מובאים סובאים (סבאים) ממדבר ויתנו צמידים אל ידיהן ועטרת תפארת על ראשיהן 42
၄၂ပျော်မွေ့ လျက် နေသောလူ အလုံးအရင်းမြည်သံ ကိုလည်း ကြားရ၏။ အခြားသောသူအများ တို့နှင့်အတူ တော က လာ ၍ ၊ လက် ၌ လက်ကောက် ၊ ခေါင်း ၌ တင့်တယ် သော သရဖူ ကို ဆောင်းသော သေသောက်ကြူး တို့လည်း ပါကြ၏။
ואמר לבלה נאופים עת (עתה) יזנה (יזנו) תזנותה והיא 43
၄၃ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမ နှင့်ပင် အကယ်၍မတရား သောမေထုန် ကို ပြုကြလိမ့်မည်လောဟု၊ အို သည်တိုင်အောင်ပြည်တန်ဆာ လုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆို သော်၊
ויבוא אליה כבוא אל אשה זונה כן באו אל אהלה ואל אהליבה--אשת הזמה 44
၄၄ပြည်တန်ဆာ မိန်းမ ရှိရာသို့ ယောက်ျား ဝင် တတ် သကဲ့သို့ ၊ သူတို့သည် ထိုအဓမ္မ မိန်းမ အဟောလ နှင့် အဟောလိဗ ရှိရာသို့ ဝင် ကြ၏။
ואנשים צדיקם המה ישפטו אותהם--משפט נאפות ומשפט שפכות דם כי נאפת הנה ודם בידיהן 45
၄၅သို့ဖြစ်၍ ၊ မျောက်မထား သောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသောမိန်းမဖြစ်သောကြောင့် ၊ မျောက်မထား သောမိန်းမ၊ လူ အသက်ကိုသတ်သော မိန်းမကို စီရင် သကဲ့သို့၊ ဖြောင့်မတ် သောသူ တို့သည် စီရင် ကြ လိမ့်မည်။
כי כה אמר אדני יהוה העלה עליהם קהל ונתן אתהן לזעוה ולבז 46
၄၆အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုမိန်းမတို့ရှိရာသို့ လူ အလုံးအရင်းကိုငါချီ စေ၍ ၊ လုယက် သိမ်း သွားစေခြင်းငှါ အခွင့်ပေး မည်။
ורגמו עליהן אבן קהל וברא אותהן בחרבותם בניהם ובנותיהם יהרגו ובתיהן באש ישרפו 47
၄၇ထိုအလုံးအရင်း သည် မိန်းမ တို့ကိုခဲ နှင့် ပစ်၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။ သား သမီး တို့ကိုသတ် ၍ အိမ် တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။
והשבתי זמה מן הארץ ונוסרו כל הנשים ולא תעשינה כזמתכנה 48
၄၈ထိုသို့အခြားသော မိန်းမ ရှိသမျှ တို့သည် သင် တို့ကဲ့သို့ အဓမ္မ အမှုကိုမ ပြု ဘဲ သတိရ စေခြင်းငှါ၊ သင်တို့အဓမ္မ အမှုကို တပြည်လုံး ၌ ငါပယ်ရှင်း မည်။
ונתנו זמתכנה עליכן וחטאי גלוליכן תשאינה וידעתם כי אני אדני יהוה 49
၄၉လူအလုံးအရင်းသည် သင် တို့အဓမ္မ အမှု၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တု များနှင့်ဆိုင်သော အပြစ် ကိုခံရ လျက်၊ ငါ သည် အရှင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< יחזקאל 23 >