< יחזקאל 2 >
ויאמר אלי בן אדם עמד על רגליך ואדבר אתך | 1 |
၁ထိုဗျာဒိတ်ရူပါရုံကို ငါသည် မြင်သောအခါ ပြပ်ဝပ်လျက်နေ၏။ တဦးသောသူကလည်း၊ အချင်း လူသား ၊ မတ်တတ် နေလော့။ သင့် အားငါ ပြော မည်ဟု ငါ့ အား ဆို သံကိုငါကြား ၏။
ותבא בי רוח כאשר דבר אלי ותעמדני על רגלי ואשמע את מדבר אלי | 2 |
၂ထိုသို့ ဆို သောအခါ ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကိုငါကြားသည်ကား၊
ויאמר אלי בן אדם שולח אני אותך אל בני ישראל--אל גוים המורדים אשר מרדו בי המה ואבותם פשעו בי עד עצם היום הזה | 3 |
၃အချင်းလူသား ၊ ငါ့ ကို ပုန်ကန် တတ်သော အမျိုး တည်းဟူသော ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့နှင့်တကွ ငါ့ ကိုအစဉ်ပုန်ကန် ၍၊ ပြစ်မှား သော ဣသရေလ အမျိုးသား တို့ ရှိရာသို့ သင့် ကို ငါ စေလွှတ် မည်။
והבנים קשי פנים וחזקי לב--אני שולח אותך אליהם ואמרת אליהם כה אמר אדני יהוה | 4 |
၄ရဲ သောမျက်နှာ နှင့် ခိုင်မာ သော နှလုံး ရှိသောအမျိုးသား တို့ရှိရာသို့ သင့် ကို ငါ စေလွှတ် ၍ ၊ သင် က၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ဟု သူ တို့အား ပြော ရမည်။
והמה אם ישמעו ואם יחדלו כי בית מרי המה--וידעו כי נביא היה בתוכם | 5 |
၅သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ မိမိ တို့တွင် ပရောဖက် ရှိ သည်ကို သိ ရကြမည်။
ואתה בן אדם אל תירא מהם ומדבריהם אל תירא כי סרבים וסלונים אותך ואל עקרבים אתה יושב מדבריהם אל תירא ומפניהם אל תחת כי בית מרי המה | 6 |
၆အချင်းလူသား ၊ သင် သည် ဆူး ပင်အမျိုးမျိုးနှင့် တွေ့၍ ၊ ကင်းမြီးကောက် တို့တွင် နေ ရသော်လည်း သူ တို့ကိုမ ကြောက် နှင့်။ သူ တို့စကား ကိုလည်း မ ကြောက် နှင့်။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သူ တို့ စကား ကိုမ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်။
ודברת את דברי אליהם אם ישמעו ואם יחדלו כי מרי המה | 7 |
၇သူ တို့သည် အလွန်ပုန်ကန် တတ်သော သဘောရှိသည်ဖြစ်၍ ၊ နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည် ဖြစ်စေ ၊ ငါ့ စကား ကိုသူ တို့အား ဟောပြော ရမည်။
ואתה בן אדם שמע את אשר אני מדבר אליך--אל תהי מרי כבית המרי פצה פיך--ואכל את אשר אני נתן אליך | 8 |
၈အချင်းလူသား ၊ ငါ ပြော သောစကားကို နားထောင် လော့။ ထိုပုန်ကန် တတ်သော အမျိုး ကဲ့သို့ ပုန်ကန် သော သဘောမ ရှိ နှင့်။ သင့် ပစပ် ကို ဖွင့် ၍ ငါ ပေး သော အရာ ကိုစား လော့ဟု မိန့် တော်မူလျှင် ၊
ואראה והנה יד שלוחה אלי והנה בו מגלת ספר | 9 |
၉ငါကြည့် ၍ စာလိပ် ပါသောလက် သည် ငါ့ ဆီ သို့ ဆန့် လျက်ရှိ၏။
ויפרש אותה לפני והיא כתובה פנים ואחור וכתוב אליה קנים והגה והי | 10 |
၁၀ထိုစာလိပ်ကို ငါ့ ရှေ့ မှာ ဖွင့်ဖြန့် သောအခါ၊ တဘက်တချက် ၌ အက္ခရာတင် ၍ ငိုကြွေးမြည်တမ်းခြင်းအချက် ၊ စိတ်မသာညည်းတွားခြင်းအချက် ၊ အမင်္ဂလာအချက် များပါသတည်း။