< יחזקאל 12 >

ויהי דבר יהוה אלי לאמר 1
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
בן אדם בתוך בית המרי אתה ישב אשר עינים להם לראות ולא ראו אזנים להם לשמע ולא שמעו--כי בית מרי הם 2
အချင်းလူသား၊ သင်သည်ပုန်ကန်တတ်သော အမျိုးထဲမှာနေ၏။ သူတို့သည် မြင်ရသော မျက်စိ ရှိသော်လည်း မမြင်တတ်။ ကြားရသော နားရှိသော် လည်း မကြားတတ်။ ပုန်ကန်တတ်သော အမျိုးဖြစ်ကြ၏။
ואתה בן אדם עשה לך כלי גולה וגלה יומם לעיניהם וגלית ממקומך אל מקום אחר לעיניהם--אולי יראו כי בית מרי המה 3
သို့ဖြစ်၍၊ အချင်းလူသား၊ အခြားသို့ ပြောင်း သွားခြင်းငှါ ဥစ္စာပရိကံများကို ပြင်ဆင်၍၊ နေ့အချိန်၌ သူတို့မျက်မှောက်တွင် ပြောင်းသွားလော့။ သူတို့မျက် မှောက်တွင် အခြားတပါးသို့နေရာပြောင်းလော့။ ပုန်ကန် တတ်သော အမျိုးဖြစ်သော်လည်း၊ သတိရကောင်းရကြ လိမ့်မည်။
והוצאת כליך ככלי גולה יומם--לעיניהם ואתה תצא בערב לעיניהם כמוצאי גולה 4
နေရာပြောင်းစရာဘို့ ပြင်ဆင်သော ဥစ္စာပရိကံ များကဲ့သို့၊ သင်၏ ဥစ္စာပရိကံများကို နေ့အချိန်၌ သူတို့ မျက်မှောက်တွင် ထုတ်ရမည်။ သိမ်းသွားခြင်းကို ခံရသော သူကဲ့သို့၊ ညအချိန်၌ သူတို့မျက်မှောက်တွင် ထွက်သွား ရမည်။
לעיניהם חתר לך בקיר והוצאת בו 5
သူတို့မျက်မှောက်၌ အုတ်ရိုးကိုတူးဖောက်၍၊ ဥစ္စာ ပရိကံများကို ထုတ်သွားလော့။
לעיניהם על כתף תשא בעלטה תוציא--פניך תכסה ולא תראה את הארץ כי מופת נתתיך לבית ישראל 6
ညဦးယံအချိန်၌ သူတို့မျက်မှောက်တွင် ပခုံး ပေါ်မှာထမ်း၍ ထုတ်ရမည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရမည်။ အကြောင်းမူကား၊ သင့်ကို ဣသရေလအမျိုးအား နိမိတ်လက္ခဏာဖြစ်စေခြင်းငှါ ငါခန့်ထားပြီဟု မိန့်တော်မူသည်အတိုင်း၊
ואעש כן כאשר צויתי כלי הוצאתי ככלי גולה יומם ובערב חתרתי לי בקיר ביד בעלטה הוצאתי על כתף נשאתי לעיניהם 7
ငါသည် သိမ်းသွားခြင်းကို ခံရသောသူ၏ ဥစ္စာပရိကံများကဲ့သို့၊ ငါ၏ဥစ္စာပရိကံများကို နေ့အချိန်၌ ထုတ်၍၊ ညအချိန်၌အုတ်ရိုးကို ကိုယ်လက်နှင့် တူးဖော် ပြီးမှ၊ ညဦးယံအချိန်၌သူတို့မျက်မှောက်တွင် ပခုံးပေါ်မှာ ထမ်းသွား၏။
ויהי דבר יהוה אלי בבקר לאמר 8
နံနက်အချိန်၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ငါ့ဆီသို့ရောက်လာ၍၊
בן אדם הלא אמרו אליך בית ישראל בית המרי מה אתה עשה 9
အချင်းလူသား၊ ပုန်ကန်တတ်သော ဣသရေလ အမျိုးက၊ သင်သည်အဘယ်သို့ပြုသနည်းဟု သင့်အား မေးသည်ရှိသော်၊
אמר אליהם כה אמר אדני יהוה הנשיא המשא הזה בירושלם וכל בית ישראל אשר המה בתוכם 10
၁၀အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရ မည်။ ဤဗျာဒိတ်တော်သည် ယေရုရှလင်မြို့ကို အစိုးရ သော မင်းမှစ၍၊ ထိုမြို့၌ရှိသော ဣသရေလအမျိုးသား အပေါင်းတို့နှင့်ဆိုင်ပေ၏။
אמר אני מופתכם כאשר עשיתי כן יעשה להם--בגולה בשבי ילכו 11
၁၁ငါသည်သင်တို့၏ နိမိတ်လက္ခဏာဖြစ်၏။ ငါပြု သကဲ့သို့ သင်တို့သည် ပြုရကြလိမ့်မည်။ နေရာပြောင်း၍ သိမ်းသွားခြင်းကို ခံရကြလိမ့်မည်။
והנשיא אשר בתוכם אל כתף ישא בעלטה ויצא--בקיר יחתרו להוציא בו פניו יכסה--יען אשר לא יראה לעין הוא את הארץ 12
၁၂သင်တို့၏ မင်းသည်လည်း၊ မိမိပခုံး၌ထမ်း၍ ညဦးယံအချိန်၌ ထုတ်သွားရလိမ့်မည်။ ထုတ်သွားစရာဘို့ အုတ်ရိုးကိုတူးဖော်ရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးရလိမ့်မည်။
ופרשתי את רשתי עליו ונתפש במצודתי והבאתי אתו בבלה ארץ כשדים ואותה לא יראה ושם ימות 13
၁၃ထိုမင်းကိုလည်း ငါ၏ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ ကျော့ကွင်း၌ ကျော့မိစေသည်။ ခါလဒဲပြည်ဗာဗုလုန်မြို့သို့ ဆောင်သွားမည်။ ထိုမြို့၌ သေရသော်လည်း မြို့ကို မမြင်ရ။
וכל אשר סביבתיו עזרה וכל אגפיו אזרה לכל רוח וחרב אריק אחריהם 14
၁၄သူ့ကိုမစခြင်းငှါ ဝိုင်းသောသူတို့နှင့် တပ်သား အပေါင်းတို့ကို အရပ်ရပ်သို့ဖြန့်ကြဲမည်။ သူတို့နောက်၌ လည်း ထားကို လွှတ်လိုက်မည်။
וידעו כי אני יהוה בהפיצי אותם בגוים וזריתי אותם בארצות 15
၁၅လူအမျိုးမျိုးတို့တွင် ကွဲပြားစေ၍၊ အတိုင်းတိုင်း အပြည်ပြည်သို့ ဖြန့်ကြဲသောအခါ၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်။
והותרתי מהם אנשי מספר מחרב מרעב ומדבר--למען יספרו את כל תועבותיהם בגוים אשר באו שם וידעו כי אני יהוה 16
၁၆သို့ရာတွင်၊ ထားဘေး၊မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့နှင့် လွတ်၍၊ ငါကျန်ကြွင်းစေသော သူအချို့တို့သည် မိမိတို့ပြုဘူးသော စက်ဆုပ်ရွံ့ရှာဘွယ် အမှုရှိသမျှတို့ကို၊ နောက်ရောက်သော တပါးအမျိုးသား နေရာပြည်တို့၌ ဘော်ပြကြလိမ့်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။
ויהי דבר יהוה אלי לאמר 17
၁၇တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
בן אדם לחמך ברעש תאכל ומימיך ברגזה ובדאגה תשתה 18
၁၈အချင်းလူသား၊ တုန်လှုပ်လျက်အစာကို စား လော့။ တုန်လှုပ်လျက်၊ သတိပြုလျက် ရေကိုသောက် လော့။
ואמרת אל עם הארץ כה אמר אדני יהוה ליושבי ירושלם אל אדמת ישראל לחמם בדאגה יאכלו ומימיהם בשממון ישתו--למען תשם ארצה ממלאה מחמס כל הישבים בה 19
၁၉အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက်ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည် သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။
והערים הנושבות תחרבנה והארץ שממה תהיה וידעתם כי אני יהוה 20
၂၀လူနေသောမြို့တို့သည်လည်း ပျက်စီး၍၊ တပြည်လုံးဆိတ်ညံလျက် ရှိရလိမ့်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။
ויהי דבר יהוה אלי לאמר 21
၂၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
בן אדם מה המשל הזה לכם על אדמת ישראל לאמר יארכו הימים ואבד כל חזון 22
၂၂အချင်းလူသား၊နေ့ရက်ကာလရွေ့လျက်ရှိ၍၊ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပျက်ကြပြီဟု၊ ဣသ ရေလပြည်၌ သုံးတတ်သော စကားပုံကား အဘယ်သို့ နည်း။
לכן אמר אליהם כה אמר אדני יהוה השבתי את המשל הזה ולא ימשלו אתו עוד בישראל כי אם דבר אליהם קרבו הימים ודבר כל חזון 23
၂၃သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုစကားပုံကို ငါပျောက်စေမည်။ နောက်တဖန် ဣသရေလအမျိုး၌ မသုံးရကြ။ နေ့ရက် ကာလနီးပြီ။ ခပ်သိမ်းသော ဗျာဒိတ်ရူပါရုံလည်း ပြည့် စုံကြလိမ့်မည်ဟု ပြောလော့။
כי לא יהיה עוד כל חזון שוא--ומקסם חלק בתוך בית ישראל 24
၂၄နောက်တဖန် ဣသရေလအမျိုး၌ အချည်းနှီး သောရူပါရုံမရှိရ။ ချော့မော့စွာ ပရောဖက်ပြုခြင်းလည်း မရှိရ။
כי אני יהוה אדבר את אשר אדבר דבר ויעשה--לא תמשך עוד כי בימיכם בית המרי אדבר דבר ועשיתיו נאם אדני יהוה 25
၂၅ငါသည် ထာဝရဘုရားဖြစ်၏။ ငါပြောလျှင်၊ ပြောသည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။ အချင်းပုန်ကန်တတ်သောအမျိုး၊ သင်တို့ လက်ထက်၌ ငါပြောမည်။ ပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ויהי דבר יהוה אלי לאמר 26
၂၆တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
בן אדם הנה בית ישראל אמרים החזון אשר הוא חזה לימים רבים ולעתים רחוקות הוא נבא 27
၂၇အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေး သောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆို ကြ၏။
לכן אמר אליהם כה אמר אדני יהוה לא תמשך עוד כל דברי--אשר אדבר דבר ויעשה נאם אדני יהוה 28
၂၈သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကားပြည့်စုံချိန်မရွှေ့ရ။ ငါပြော သည်၊ အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

< יחזקאל 12 >