< שמות 39 >
ומן התכלת והארגמן ותולעת השני עשו בגדי שרד לשרת בקדש ויעשו את בגדי הקדש אשר לאהרן כאשר צוה יהוה את משה | 1 |
၁သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ၊ ဝတ်ရသောအဝတ်ကို၎င်း၊ အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်ကို၎င်း၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်နှင့် လုပ်လေ၏။
ויעש את האפד זהב תכלת וארגמן ותולעת שני--ושש משזר | 2 |
၂ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့် ယဇ်ပုရောဟိတ် သင်တိုင်းကို လုပ်ရာတွင်၊
וירקעו את פחי הזהב וקצץ פתילם לעשות בתוך התכלת ובתוך הארגמן ובתוך תולעת השני ובתוך השש--מעשה חשב | 3 |
၃ရွှေကို အပြားခတ်၍ ရွှေကြိုးကို လှီးပြီးမှ၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့ကို ထူးဆန်းစွာ အပြောက်ထိုးလေ၏။
כתפת עשו לו חברת--על שני קצוותו (קצותיו) חבר | 4 |
၄သိုင်းကြိုးနှစ်ပင်ကို လုပ်၍ သင်တိုင်းအပေါ် နားချင်းတွဲမိစေခြင်းငှာ၊ တဘက်တချက်ကို ဆွဲချုပ်လေ၏။
וחשב אפדתו אשר עליו ממנו הוא כמעשהו זהב תכלת וארגמן ותולעת שני ושש משזר--כאשר צוה יהוה את משה | 5 |
၅ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ သင်တိုင်းအပေါ်နား၌ ထူးဆန်းသော ရင်စည်းကိုလည်း သင်တိုင်းကိုယ်ကဲ့သို့ ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောတို့နှင့်၎င်း လုပ်လေ၏။
ויעשו את אבני השהם מסבת משבצת זהב מפתחת פתוחי חותם על שמות בני ישראל | 6 |
၆ရှဟံကျောက်နှစ်လုံးကို သွေး၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့ ဣသရေလအမျိုး၏ နာမတို့ကို အက္ခရာတင်ပြီးမှ၊ ရွှေကျောက်အိုး၌ ထည့်လေ၏။
וישם אתם על כתפת האפד--אבני זכרון לבני ישראל כאשר צוה יהוה את משה | 7 |
၇ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့ကို အောက်မေ့ဘို့ရာ၊ ထိုကျောက်နှစ်လုံးကို သင်တိုင်းသိုင်းကြိုးအပေါ်မှာ တပ်လေ၏။
ויעש את החשן מעשה חשב כמעשה אפד זהב תכלת וארגמן ותולעת שני--ושש משזר | 8 |
၈ရွှေနှင့်၎င်း၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်၎င်း၊ သင်တိုင်းကို လုပ်သည်နည်းတူ၊ ရင်ဖုံးကို ထူးဆန်းစွာ လုပ်လေ၏။
רבוע היה כפול עשו את החשן--זרת ארכו וזרת רחבו כפול | 9 |
၉ရင်ဖုံးနှစ်ထပ်ခေါက်လျက်၊ အလျားတထွာ၊ အနံတထွာ၊ စတုရန်းလေးထောင့်ဖြစ်၏။
וימלאו בו--ארבעה טורי אבן טור אדם פטדה וברקת--הטור האחד | 10 |
၁၀ထိုရင်ဖုံး၌ ကျောက်မြတ်ကို လေးတန်း စီလေ၏။ ပဌမ အတန်းကား ကျောက်နီ၊ ဥဿဘယား၊ ပတ္တမြား။
והטור השני--נפך ספיר ויהלם | 11 |
၁၁ဒုတိယအတန်းကား မြ၊ နီလာ၊ စိန်။
והטור השלישי--לשם שבו ואחלמה | 12 |
၁၂တတိယအတန်းကား ဝှါကိနသု၊ မဟူရာ၊ ဂေါမိတ်။
והטור הרביעי--תרשיש שהם וישפה מוסבת משבצת זהב במלאתם | 13 |
၁၃စတုတ္ထအတန်းကား မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့ဖြစ်၍၊ အသီးအသီးတို့ကို ရွှေအိုး၌ စီလေ၏။
והאבנים על שמת בני ישראל הנה שתים עשרה--על שמתם פתוחי חתם איש על שמו לשנים עשר שבט | 14 |
၁၄ဣသရေလအမျိုး တဆယ်နှစ်မျိုးရှိသည်အတိုင်း တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထိုကျောက်တို့၌ ထိုတဆယ်နှစ်ပါးသော နာမည်အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီပါ၏။
ויעשו על החשן שרשרת גבלת מעשה עבת זהב טהור | 15 |
၁၅ရင်ဖုံးအပေါ်ထောင့်နှစ်ခု၌၊ ရွှေနှစ်ကွင်းကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်း ကျစ်သော ရွှေကြိုး နှစ်ပင်ကို၎င်း လုပ်ပြီးမှ၊ ထိုရွှေကွင်း၌ တပ်၍ သင်တိုင်းသိုင်းကြိုးအပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲလေ၏။
ויעשו שתי משבצת זהב ושתי טבעת זהב ויתנו את שתי הטבעת על שני קצות החשן | 16 |
၁၆
ויתנו שתי העבתת הזהב על שתי הטבעת--על קצות החשן | 17 |
၁၇
ואת שתי קצות שתי העבתת נתנו על שתי המשבצת ויתנם על כתפת האפד אל מול פניו | 18 |
၁၈
ויעשו שתי טבעת זהב וישימו על שני קצות החשן על שפתו--אשר אל עבר האפד ביתה | 19 |
၁၉တဖန် ရွှေနှစ်ကွင်းကို လုပ်၍ သင်တိုင်းအောက်နားမှာရှိသော ရင်ဖုံးအောက်ထောင့်နှစ်ခု၌ တပ်လေ၏။
ויעשו שתי טבעת זהב ויתנם על שתי כתפת האפד מלמטה ממול פניו לעמת מחברתו--ממעל לחשב האפד | 20 |
၂၀အခြားသောရွှေနှစ်ကွင်းကိုလည်း လုပ်၍ သင်တိုင်းအရှေ့ဘက်အောက်နားနှင့် ထူးဆန်းသော ရင်စည်းအပေါ်နားဆက်မှီရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ်လေ၏။
וירכסו את החשן מטבעתיו אל טבעת האפד בפתיל תכלת להית על חשב האפד ולא יזח החשן מעל האפד--כאשר צוה יהוה את משה | 21 |
၂၁ရင်ဖုံးရွှေနှစ်ကွင်းကို၊ သင်တိုင်းရွှေနှစ်ကွင်းနှင့် တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ရင်ဖုံးသည် ထူးဆန်းသော ရင်စည်းအပေါ်မှာ ဆွဲ၍ သင်တိုင်းနှင့် မကွာဘဲ အမြဲနေလေ၏။
ויעש את מעיל האפד מעשה ארג כליל תכלת | 22 |
၂၂ထိုမှတပါး၊ ပြာသောအထည်ကို ရက်ပြီးမှ၊ သင်တိုင်းနှင့်ဆိုင်သော ဝတ်လုံကို ထိုအထည်နှင့်သာ လုပ်လေ၏။
ופי המעיל בתוכו כפי תחרא שפה לפיו סביב לא יקרע | 23 |
၂၃ဝတ်လုံ၌ လည်စွပ်ပါ၍ လည်စွပ်ကို မစုတ်စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။
ויעשו על שולי המעיל רמוני תכלת וארגמן ותולעת שני--משזר | 24 |
၂၄ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောနှင့်လုပ်သော သလဲသီးများကို၎င်း၊
ויעשו פעמני זהב טהור ויתנו את הפעמנים בתוך הרמנים על שולי המעיל סביב--בתוך הרמנים | 25 |
၂၅ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊
פעמן ורמן פעמן ורמן על שולי המעיל סביב לשרת כאשר צוה יהוה את משה | 26 |
၂၆သလဲသီးတလုံး၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်း ဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသော ဝတ်လုံးကို လုပ်၍ပြီးလေ၏။
ויעשו את הכתנת שש מעשה ארג לאהרן ולבניו | 27 |
၂၇တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဘို့ ရက်သော ပိတ်ချောအင်္ကျီများကို၎င်း၊
ואת המצנפת שש ואת פארי המגבעת שש ואת מכנסי הבד שש משזר | 28 |
၂၈ပိတ်ချောဗေါင်းကို၎င်း၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို၎င်း၊ ပိတ်ချောပေါင်းဘီများကို၎င်း၊
ואת האבנט שש משזר ותכלת וארגמן ותולעת שני--מעשה רקם כאשר צוה יהוה את משה | 29 |
၂၉ချယ်လှယ်သော ပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်း လုပ်လေ၏။
ויעשו את ציץ נזר הקדש זהב טהור ויכתבו עליו מכתב פתוחי חותם--קדש ליהוה | 30 |
၃၀မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်း ရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု အက္ခရာတင်၍၊
ויתנו עליו פתיל תכלת לתת על המצנפת מלמעלה כאשר צוה יהוה את משה | 31 |
၃၁ပြာသောကြိုးနှင့် ဗေါင်းအပေါ်နား၌ ချည်ထားလေ၏။
ותכל--כל עבדת משכן אהל מועד ויעשו בני ישראל--ככל אשר צוה יהוה את משה כן עשו | 32 |
၃၂ထိုသို့ မောရှေအား ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြု၍ ပရိသတ်စည်းဝေးရာ တဲတော်အလုပ်ရှိသမျှကို ပြီးစီးကြ၏။
ויביאו את המשכן אל משה את האהל ואת כל כליו קרסיו קרשיו בריחו ועמדיו ואדניו | 33 |
၃၃ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲတော်နှင့် အပေါ်တဲမှစ၍၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တည်းဟူသော တဲတော်တန်ဆာရှိသမျှကို၎င်း၊
ואת מכסה עורת האילם המאדמים ואת מכסה ערת התחשים ואת פרכת המסך | 34 |
၃၄အနီဆိုးသော သိုးရေအမိုး၊ တဟာရှသားရေအမိုး၊ ကွယ်ကာရာအတွင်းကုလားကာကို၎င်း၊
את ארון העדת ואת בדיו ואת הכפרת | 35 |
၃၅သက်သေခံချက်သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သူ၏အဖုံးကို၎င်း၊
את השלחן את כל כליו ואת לחם הפנים | 36 |
၃၆စားပွဲမှစ၍ စားပွဲတန်ဆာနှင့် ရှေ့တော်မုန့်ကို၎င်း၊
את המנרה הטהרה את נרתיה נרת המערכה--ואת כל כליה ואת שמן המאור | 37 |
၃၇စင်ကြယ်သော မီးခုံမှစ၍၊ ပြင်ဆင်ရသော မီးခွက်များ၊ မီးခုံတန်ဆာ ရှိသမျှနှင့် မီးထွန်းစရာ ဆီကို၎င်း၊
ואת מזבח הזהב ואת שמן המשחה ואת קטרת הסמים ואת מסך פתח האהל | 38 |
၃၈ရွှေယဇ်ပလ္လင်၊ လိမ်းရန်ဆီ၊ မီးရှို့ရာနံ့သာပေါင်းမွှေး၊ တဲတော်တံခါးဝ ကာစရာ ကုလားကာကို၎င်း၊
את מזבח הנחשת ואת מכבר הנחשת אשר לו את בדיו ואת כל כליו את הכיר ואת כנו | 39 |
၃၉ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်းဘိုး အစရှိသော တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် သူ၏ခြေထောက်ကို၎င်း၊
את קלעי החצר את עמדיה ואת אדניה ואת המסך לשער החצר את מיתריו ויתדתיה ואת כל כלי עבדת המשכן--לאהל מועד | 40 |
၄၀ဝင်းကုလားကာ၊ ဝင်းတိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကြိုးများ၊ တံသင်များကို၎င်း၊ တဲတော်အတွင်း၌ အမှုတော်ကို ဆောင်စရာတန်ဆာ၊ ပရိသတ်စည်းဝေးရာ တဲတော်တန်ဆာရှိသမျှကို၎င်း၊
את בגדי השרד לשרת בקדש את בגדי הקדש לאהרן הכהן ואת בגדי בניו לכהן | 41 |
၄၁သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်သောအခါ ဝတ်ရသောအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန်ဝတ်ဘို့ သန့်ရှင်းသော အဝတ်၊ သူ၏သားဝတ်ရသော အဝတ်ကို၎င်း
ככל אשר צוה יהוה את משה כן עשו בני ישראל את כל העבדה | 42 |
၄၂ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ်ပြီးမှ မောရှေထံသို့ ဆောင်ခဲ့ကြ၏။
וירא משה את כל המלאכה והנה עשו אתה--כאשר צוה יהוה כן עשו ויברך אתם משה | 43 |
၄၃ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ အလုပ်ရှိသမျှကို ပြီးစီးစေခြင်းငှါ၊ လုပ်ကြောင်းကို မောရှေ သိမြင်သောအခါ၊ သူတို့ကို ကောင်းကြီးပေးလေ၏။