< דברים 22 >
לא תראה את שור אחיך או את שיו נדחים והתעלמת מהם השב תשיבם לאחיך | 1 |
၁သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။
ואם לא קרוב אחיך אליך ולא ידעתו--ואספתו אל תוך ביתך והיה עמך עד דרש אחיך אתו והשבתו לו | 2 |
၂ညီအစ်ကို ဝေးသော်၎င်း၊ သူ့ကို မသိသော်၎င်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကို သည်မရှာ၊ သူ၌ မအပ်မှီတိုင်အောင် ကိုယ်အိမ်၌ ထားရ မည်။
וכן תעשה לחמרו וכן תעשה לשמלתו וכן תעשה לכל אבדת אחיך אשר תאבד ממנו ומצאתה לא תוכל להתעלם | 3 |
၃မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစုံတခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူ ပြုရမည်။
לא תראה את חמור אחיך או שורו נפלים בדרך והתעלמת מהם הקם תקים עמו | 4 |
၄ညီအစ်ကို မြည်းနွားသည် လမ်း၌ လဲလျက်ရှိ သည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။
לא יהיה כלי גבר על אשה ולא ילבש גבר שמלת אשה כי תועבת יהוה אלהיך כל עשה אלה | 5 |
၅မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရ ဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။
כי יקרא קן צפור לפניך בדרך בכל עץ או על הארץ אפרחים או ביצים והאם רבצת על האפרחים או על הביצים--לא תקח האם על הבנים | 6 |
၆သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ ငှက်မ သည် အဥများ၊ သားငယ်များကို ဝပ်လျက် နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။
שלח תשלח את האם ואת הבנים תקח לך למען ייטב לך והארכת ימים | 7 |
၇သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကို လွှတ်လိုက်ရမည်။
כי תבנה בית חדש ועשית מעקה לגגך ולא תשים דמים בביתך כי יפל הנפל ממנו | 8 |
၈လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သော အပြစ်မရောက်မည်အကြောင်း၊ အိမ်အသစ် ကို ဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအ တားကို လုပ်ရမည်။
לא תזרע כרמך כלאים פן תקדש המלאה הזרע אשר תזרע ותבואת הכרם | 9 |
၉စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီး နှစ်ပါးစလုံး ပျက်လိမ့်မည်။
לא תחרש בשור ובחמר יחדו | 10 |
၁၀နွားနှင့် မြည်းကို ဘက်၍ လယ်မထွန်ရ။
לא תלבש שעטנז צמר ופשתים יחדו | 11 |
၁၁ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ် ကို မဝတ်ရ။
גדלים תעשה לך על ארבע כנפות כסותך אשר תכסה בה | 12 |
၁၂သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ ကို ဆွဲရမည်။
כי יקח איש אשה ובא אליה ושנאה | 13 |
၁၃လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တဖန် ထိုမိန်းမကို မုန်း၍၊
ושם לה עלילת דברים והוצא עליה שם רע ואמר את האשה הזאת לקחתי ואקרב אליה ולא מצאתי לה בתולים | 14 |
၁၄ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသော အခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကို ပြု၍ သူ့အသရေကို ဖျက်လျှင်၊
ולקח אבי הנער ואמה והוציאו את בתולי הנער אל זקני העיר--השערה | 15 |
၁၅ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာ သက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ သွား၍၊
ואמר אבי הנער אל הזקנים את בתי נתתי לאיש הזה לאשה--וישנאה | 16 |
၁၆ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကို မုန်း၍၊
והנה הוא שם עלילת דברים לאמר לא מצאתי לבתך בתולים ואלה בתולי בתי ופרשו השמלה לפני זקני העיר | 17 |
၁၇သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟု ဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာ လက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။
ולקחו זקני העיר ההוא את האיש ויסרו אתו | 18 |
၁၈ထိုအခါ မြို့၌ အသက်ကြီးသူတို့သည် ထိုလူကို ယူ၍ ရိုက်ပြီးမှ၊
וענשו אתו מאה כסף ונתנו לאבי הנערה--כי הוציא שם רע על בתולת ישראל ולו תהיה לאשה לא יוכל לשלחה כל ימיו | 19 |
၁၉ငွေတပိဿာကို လျော်စေ၍၊ မိန်းမ၏ အဘ အား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုး ကညာ၏ အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တသက်လုံး ထိုမိန်းမနှင့်မကွာရ။
ואם אמת היה הדבר הזה לא נמצאו בתולים לנער | 20 |
၂၀သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာ လက္ခဏာသက်သေ မရှိလျှင်၊
והוציאו את הנער אל פתח בית אביה וסקלוה אנשי עירה באבנים ומתה--כי עשתה נבלה בישראל לזנות בית אביה ובערת הרע מקרבך | 21 |
၂၁မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘ အိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘ အိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
כי ימצא איש שכב עם אשה בעלת בעל ומתו גם שניהם--האיש השכב עם האשה והאשה ובערת הרע מישראל | 22 |
၂၂လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမ နှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။
כי יהיה נער בתולה מארשה לאיש ומצאה איש בעיר ושכב עמה | 23 |
၂၃အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင် နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊
והוצאתם את שניהם אל שער העיר ההוא וסקלתם אתם באבנים ומתו--את הנער על דבר אשר לא צעקה בעיר ואת האיש על דבר אשר ענה את אשת רעהו ובערת הרע מקרבך | 24 |
၂၄ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင် ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာ ရှိလျက်ပင် မအော်မဟစ်သော ကြောင့်၎င်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသော ကြောင့်၎င်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်း ကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှား ရကြမည်။
ואם בשדה ימצא האיש את הנער המארשה והחזיק בה האיש ושכב עמה ומת האיש אשר שכב עמה--לבדו | 25 |
၂၅အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီး မှ အခြားသော ယောက်ျားသည် တော၌ တွေ့၍ အနိုင် အထက်ပြုလျှင်၊ ထိုယောက်ျား တယောက်တည်းကိုသာ အသေသတ်ရမည်။
ולנער לא תעשה דבר אין לנער חטא מות כי כאשר יקום איש על רעהו ורצחו נפש--כן הדבר הזה | 26 |
၂၆သေထိုက်သော အပြစ်မရှိသော ထိုမိန်းမကို သင်သည် အဘယ်သို့မျှ မပြုရ။
כי בשדה מצאה צעקה הנער המארשה ואין מושיע לה | 27 |
၂၇အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူ မရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတယောက်ကို တယောက် ရန်ပြု၍ သတ်သောအမှုနှင့်တူ၏။
כי ימצא איש נער בתולה אשר לא ארשה ותפשה ושכב עמה ונמצאו | 28 |
၂၈ယောက်ျားနှင့် မထိမ်းမြား မဆောင်နှင်းသေး သော အပျိုကညာကို အခြားသောယောက်ျားသည် တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊
ונתן האיש השכב עמה לאבי הנער--חמשים כסף ולו תהיה לאשה תחת אשר ענה--לא יוכל שלחה כל ימיו | 29 |
၂၉ထိုယောက်ျားသည် မိန်းမ၏ အဘအား ငွေ ငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏ မယားဖြစ်ရမည်။ သူ့ကို ရှုတ်ချသောကြောင့် တသက်လုံး မကွာရ။
לא יקח איש את אשת אביו ולא יגלה כנף אביו | 30 |
၃၀လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏ မယားကို မသိမ်းရ။