< דברים 20 >
כי תצא למלחמה על איבך וראית סוס ורכב עם רב ממך--לא תירא מהם כי יהוה אלהיך עמך המעלך מארץ מצרים | 1 |
၁``သင်တို့သည်ရန်သူကိုချီတက်တိုက်ခိုက် ရာ၌ သင်တို့ထက်အင်အားကြီးမားသော ရထားတပ်၊ မြင်းတပ်နှင့်ခြေလျင်တပ်တို့ နှင့်ရင်ဆိုင်ရသောအခါမကြောက်ကြနှင့်။ သင်တို့ကိုအီဂျစ်ပြည်မှကယ်တင်ခဲ့သော ဘုရားသခင်ထာဝရဘုရားသည်သင် တို့နှင့်အတူရှိတော်မူလိမ့်မည်။-
והיה כקרבכם אל המלחמה ונגש הכהן ודבר אל העם | 2 |
၂စစ်ပွဲမဝင်မီယဇ်ပုရောဟိတ်တစ်ပါးသည် စစ်တပ်ရှေ့သို့ထွက်၍၊-
ואמר אלהם שמע ישראל אתם קרבים היום למלחמה על איביכם אל ירך לבבכם אל תיראו ואל תחפזו ואל תערצו--מפניהם | 3 |
၃`ဣသရေလအမျိုးသားတို့နားထောင်လော့။ ယနေ့သင်တို့သည်စစ်ပွဲထဲသို့ဝင်ရအံ့။ စိတ် ပျက်ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြနှင့်။-
כי יהוה אלהיכם ההלך עמכם--להלחם לכם עם איביכם להושיע אתכם | 4 |
၄သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
ודברו השטרים אל העם לאמר מי האיש אשר בנה בית חדש ולא חנכו ילך וישב לביתו פן ימות במלחמה ואיש אחר יחנכנו | 5 |
၅``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-
ומי האיש אשר נטע כרם ולא חללו--ילך וישב לביתו פן ימות במלחמה ואיש אחר יחללנו | 6 |
၆သင်တို့တွင်စပျစ်ခြံကိုစိုက်၍အသီးကိုမစု သိမ်းရသေးသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍သူ သည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြားသူ တစ်ယောက်ကခြံထွက်စပျစ်သီးကိုစားရ လိမ့်မည်။-
ומי האיש אשר ארש אשה ולא לקחה--ילך וישב לביתו פן ימות במלחמה ואיש אחר יקחנה | 7 |
၇သင်တို့တွင်အမျိုးသမီးနှင့်ထိမ်းမြားရန် စေ့စပ်ထားသူရှိသလော။ ရှိလျှင်ထိုသူသည် အိမ်သို့ပြန်စေ။ သို့မဟုတ်လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံးခဲ့သော် အခြား သူတစ်ယောက်ကထိုအမျိုးသမီးကိုထိမ်း မြားလက်ထပ်လိမ့်မည်' ဟုတပ်သားတို့အား ပြောဆိုရမည်။
ויספו השטרים לדבר אל העם ואמרו מי האיש הירא ורך הלבב ילך וישב לביתו ולא ימס את לבב אחיו כלבבו | 8 |
၈``စစ်ဗိုလ်များကဆက်လက်၍`သင်တို့တွင် သူရဲဘောနည်း၍ကြောက်ရွံ့သောသူရှိ သလော။ ရှိလျှင်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်သူ့ကြောင့် အခြားသူတို့စိတ်ဋ္ဌာတ်ကျ ဆင်းလိမ့်မည်ဟုတပ်သားတို့အားပြော ဆိုရမည်။-
והיה ככלת השטרים לדבר אל העם ופקדו שרי צבאות בראש העם | 9 |
၉စစ်ဗိုလ်များကတပ်သားတို့အားပြောဆိုပြီး နောက်တပ်ခွဲတစ်ခုစီမှခေါင်းဆောင်များကို ရွေးချယ်ခန့်ထားရမည်။
כי תקרב אל עיר להלחם עליה--וקראת אליה לשלום | 10 |
၁၀``သင်တို့သည်မြို့တစ်မြို့ကိုစစ်ချီတိုက်ခိုက် သောအခါ ပထမဦးစွာမြို့သားတို့အား လက်နက်ချခွင့်ပေးရမည်။-
והיה אם שלום תענך ופתחה לך והיה כל העם הנמצא בה יהיו לך למס--ועבדוך | 11 |
၁၁သူတို့ကမြို့တံခါးများကိုဖွင့်၍လက်နက် ချလျှင် သူတို့သည်သင်တို့စေခိုင်းသမျှကို ဆောင်ရွက်ရသောသင်တို့၏ကျွန်များဖြစ် ရမည်။-
ואם לא תשלים עמך ועשתה עמך מלחמה--וצרת עליה | 12 |
၁၂သို့ရာတွင်ထိုမြို့သားတို့သည်လက်နက် မချဘဲခုခံတိုက်ခိုက်မည်ဆိုလျှင် သင်တို့ ၏စစ်တပ်သည်မြို့ကိုဝိုင်းထားရမည်။-
ונתנה יהוה אלהיך בידך והכית את כל זכורה לפי חרב | 13 |
၁၃သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့အားမြို့ကိုသိမ်းယူစေသောအခါ မြို့ထဲ၌ရှိသောယောကျာ်းရှိသမျှတို့ကို သတ်ဖြတ်သုတ်သင်ရမည်။-
רק הנשים והטף והבהמה וכל אשר יהיה בעיר כל שללה--תבז לך ואכלת את שלל איביך אשר נתן יהוה אלהיך לך | 14 |
၁၄သို့ရာတွင်မိန်းမများ၊ ကလေးများ၊ သိုးနွား စသောတိရစ္ဆာန်များနှင့်မြို့တွင်း၌ရှိသမျှ သောပစ္စည်းများကို သင်တို့အတွက်သိမ်းယူ နိုင်သည်။ ထာဝရဘုရားသည်ရန်သူပိုင်သမျှ ပစ္စည်းအားလုံးကို သင်တို့သုံးစွဲရန်သင်တို့ လက်သို့ပေးအပ်တော်မူ၏။-
כן תעשה לכל הערים הרחקת ממך מאד אשר לא מערי הגוים האלה הנה | 15 |
၁၅သင်တို့နေထိုင်မည့်ပြည်နှင့်အလှမ်းဝေးသော မြို့များကို ဤနည်းအတိုင်းတိုက်ခိုက်သိမ်းပိုက် ရမည်။
רק מערי העמים האלה אשר יהוה אלהיך נתן לך נחלה--לא תחיה כל נשמה | 16 |
၁၆``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးတော်မူမည့်ပြည်ရှိမြို့များကို တိုက်ခိုက် သိမ်းယူသောအခါ၌မူကား မြို့တွင်းရှိလူ ရှိသမျှကိုသတ်ဖြတ်သုတ်သင်ရမည်။-
כי החרם תחרימם החתי והאמרי הכנעני והפרזי החוי והיבוסי--כאשר צוך יהוה אלהיך | 17 |
၁၇ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ခါနာန် အမျိုးသား၊ ဖေရဇိအမျိုးသား၊ ဟိဝိအမျိုး သား၊ ယေဗုသိအမျိုးသားအပေါင်းတို့ကို တစ်ယောက်မကျန်သတ်ဖြတ်သုတ်သင်ရမည်။-
למען אשר לא ילמדו אתכם לעשות ככל תועבתם אשר עשו לאלהיהם וחטאתם ליהוה אלהיכם | 18 |
၁၈ထိုသူတို့သည်မိမိတို့၏ကိုးကွယ်မှုဆိုင်ရာ စက်ဆုပ်ဖွယ်သောအလေ့အကျင့်များကို သင် တို့အားသင်ကြားပေးသဖြင့်သင်တို့သည် ထာဝရဘုရားကိုပြစ်မှားလိမ့်မည်။ ထို့ ကြောင့်သူတို့ကိုသတ်ဖြတ်သုတ်သင်ရမည်။
כי תצור אל עיר ימים רבים להלחם עליה לתפשה לא תשחית את עצה לנדח עליו גרזן--כי ממנו תאכל ואתו לא תכרת כי האדם עץ השדה לבא מפניך במצור | 19 |
၁၉``သင်တို့သည်မြို့တစ်မြို့ကို ကြာမြင့်စွာတပ် ချဝိုင်းထားရသည့်အခါအသီးပင်များ ကိုမခုတ်လှဲရ။ အသီးကိုစားနိုင်သည်။ ထို အပင်များသည်သင်တို့၏ရန်သူများမဟုတ် သဖြင့်မဖျက်ဆီးနှင့်။-
רק עץ אשר תדע כי לא עץ מאכל הוא--אתו תשחית וכרת ובנית מצור על העיר אשר הוא עשה עמך מלחמה--עד רדתה | 20 |
၂၀မြို့ကိုကျဆုံးသည်အထိတိုက်ခိုက်ရန်ခံတပ် ဆောက်လုပ်ရေးအတွက် အခြားသစ်ပင်များ ကိုခုတ်လှဲနိုင်သည်။