< דניאל 11 >

ואני בשנת אחת לדריוש המדי--עמדי למחזיק ולמעוז לו 1
ငါသည်လည်း မေဒိအမျိုး ဒါရိမင်းကြီးနန်းစံ ပဌမနှစ်တွင် သူ့ကို နှိုးဆော်၍ ခိုင်ခံ့မြဲမြံစေခြင်းငှါ ကြိုးစားအားထုတ်လေ၏။
ועתה אמת אגיד לך הנה עוד שלשה מלכים עמדים לפרס והרביעי יעשיר עשר גדול מכל וכחזקתו בעשרו יעיר הכל את מלכות יון 2
ယခုမူကား၊ မှန်သောအရာကိုငါပြမည်။ ပေရသိ နိုင်ငံကို အစိုးရသော ရှင်ဘုရင် သုံးပါးပေါ် လေဦးမည်။ စတုတ္ထရှင်ဘုရားမူကား၊ ထိုသူ ရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေ ခြင်းငှါ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။
ועמד מלך גבור ומשל ממשל רב ועשה כרצונו 3
ထိုအခါ တန်ခိုးကြီးသော ရှင်ဘုရင်တပါးလည်း ပေါ်လာလိမ့်မည်။ အာဏာတော်ကြီးလျက် အစိုးရ၍ မိမိအလိုရှိသည်အတိုင်း ပြုလိမ့်မည်။
וכעמדו תשבר מלכותו ותחץ לארבע רוחות השמים ולא לאחריתו ולא כמשלו אשר משל--כי תנתש מלכותו ולאחרים מלבד אלה 4
ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတပါးတို့သည် မိုဃ်းကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေ ကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ နိုင်ငံတော်ကို နှုတ်ပစ်၍ အမျိုးအနွယ်တော်မှတပါး အခြားသော သူတို့သည် ရကြလိမ့်မည်။
ויחזק מלך הנגב ומן שריו ויחזק עליו ומשל ממשל רב ממשלתו 5
ထိုအခါ တောင်ရှင်ဘုရင်သည် တန်ခိုးကြီးလိမ့် မည်။ မင်းစုထဲ၌ မင်းတပါးသည် ထိုသူထက်တန်ခိုးကြီး၍ အာဏာတည်လိမ့်မည်။ သူ၏အာဏာလည်း အလွန် ကျယ်လိမ့်မည်။
ולקץ שנים יתחברו ובת מלך הנגב תבוא אל מלך הצפון לעשות מישרים ולא תעצר כוח הזרוע ולא יעמד וזרעו ותנתן היא ומביאיה והילדה ומחזקה בעתים 6
ကာလလွန်သောအခါ သူတို့သည် အဆွေဖွဲ့ကြ လိမ့်မည်။ အသင့်အတင့်ဖြစ်စေခြင်းငှါ တောင်ရှင်ဘုရင် ၏ သမီးသည် မြောက်ရှင်ဘုရင်ထံသို့ ရောက်လိမ့်မည်။ သို့သော်လည်း၊ ထိုမင်းသမီး၏ အာဏာသည် မတည်ရ။ ထိုမင်းနှင့်တကွ အမျိုးအနွယ်တော်သည်လည်း မတည်ရ။ မင်း သမီးကို၎င်း၊ ဆောင်ခဲ့သော သူတို့ကို၎င်း၊ သူ၏သား ကို၎င်း၊ ထိုကာလ၌ သူ့ကိုထောက်ပင့်သော သူများကို၎င်း ဆုံးရှုံးခြင်းသို့အပ်ရလိမ့်မည်။
ועמד מנצר שרשיה כנו ויבא אל החיל ויבא במעוז מלך הצפון ועשה בהם והחזיק 7
ထိုမင်းသမီး၏ အဆွေအမျိုးဖြစ်သော သူ တယောက်သည် အဘ၏ အရိပ်အရာကိုရသဖြင့် စစ်ချီ ၍ လာလိမ့်မည်။ မြောက်ရှင်ဘုရင်၏ မြို့တော်သို့ ရောက် လျှင်၊ မြို့သားတို့ကို တိုက်၍နိုင်လိမ့်မည်။
וגם אלהיהם עם נסכיהם עם כלי חמדתם כסף וזהב בשבי--יבא מצרים והוא שנים יעמד ממלך הצפון 8
သူတို့၏ဘုရားများ၊ သွန်းသောရုပ်တုများ၊ အဘိုး ထိုက်သောငွေဖလား၊ ရွှေဖလားများကို အဲဂုတ္တုပြည်သို့ သိမ်းသွားလိမ့်မည်။ သူသည်လည်း မြောက်ရှင်ဘုရင် ထက် အသက်ရှည်လိမ့်မည်။
ובא במלכות מלך הנגב ושב אל אדמתו 9
တဖန်မြောက်ရှင်ဘုရင်သည် တောင်ရှင်ဘုရင် ၏နိုင်ငံသို့ ဝင်သော်လည်း မိမိပြည်သို့ ပြန်သွားရလိမ့် မည်။
ובנו יתגרו ואספו המון חילים רבים ובא בוא ושטף ועבר וישב ויתגרו (ויתגרה) עד מעזה 10
၁၀သားတော်တို့သည် ထပြန်၍ များစွာသော အလုံးအရင်းကို စုဝေးကြလိမ့်မည်။ သားတယောက် လည်း ဆက်ဆက်လာ၍ လွှမ်းမိုးချင်းနင်းလိမ့်မည်။ တဖန် ပြန်လာ၍ သူ၏မြို့တိုင်အောင် လုပ်ကြံလိမ့်မည်။
ויתמרמר מלך הנגב ויצא ונלחם עמו עם מלך הצפון והעמיד המון רב ונתן ההמון בידו 11
၁၁တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍ တိုက်လိမ့်မည်။ မြောက်ရှင် ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်း တို့ကိုစီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံး အရင်းတို့ကို သိမ်းယူလိမ့်မည်။
ונשא ההמון ירום (ורם) לבבו והפיל רבאות ולא יעוז 12
၁၂ထိုအလုံး အရင်းတို့ကို ပယ်ရှင်းပြီးမှ မာနစိတ်ပေါက်လျက်၊ အထောင်သောင်းမက များစွာသော လူတို့ကို လုပ်ကြံ သော်လည်း၊ မိမိအာဏာကို မတည်စေရ။
ושב מלך הצפון והעמיד המון רב מן הראשון ולקץ העתים שנים יבוא בוא בחיל גדול וברכוש רב 13
၁၃အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန် ပေါ်လာ၍၊ အရင်ထက်များစွာသောအလုံးအရင်း တို့ကို စီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။
ובעתים ההם רבים יעמדו על מלך הנגב ובני פריצי עמך ינשאו להעמיד חזון--ונכשלו 14
၁၄ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြု သောသူတို့သည် များကြလိမ့်မည်။ သင်၏အမျိုးသားချင်း ဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်း ငှါ ထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
ויבא מלך הצפון וישפך סוללה ולכד עיר מבצרות וזרעות הנגב לא יעמדו ועם מבחריו ואין כח לעמד 15
၁၅မြောက်ရှင်ဘုရင်သည် လာ၍ မြို့ရိုးကို တည် ပြီးလျှင် ခိုင်ခံ့သော မြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင် ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါး ခွန်အားမရှိသောကြောင့် မဆီးတားရ ကြ။
ויעש הבא אליו כרצונו ואין עומד לפניו ויעמד בארץ הצבי וכלה בידו 16
၁၆တိုက်လာသောသူသည် မိမိအလိုအလျောက် ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်ဘဲ၊ သာယာ သော ပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည်။
וישם פניו לבוא בתקף כל מלכותו וישרים עמו--ועשה ובת הנשים יתן לו להשחיתה ולא תעמד ולא לו תהיה 17
၁၇ဖြောင့်မတ်သော သူတို့သည် လိုက်လျက် ထိုမင်း သည် မိမိနိုင်ငံ၏ အလုံးအရင်းရှိသမျှတို့နှင့်တကွ ဝင်စား ခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ်အားဖြင့် ဖျက်ဆီး ခြင်းငှါပေးစားလိမ့်မည်။ သို့သော်လည်း သူသည် အကြံ မမြောက်၊ အကျိုးမရှိရ။
וישב (וישם) פניו לאיים ולכד רבים והשבית קצין חרפתו לו בלתי חרפתו ישיב לו 18
၁၈တဖန်ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများ တို့ကို လုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထို အသရေဖျက်ခြင်းကို တိုက်လာသော မင်းအပေါ်သို့ ပြန်ရောက်စေလိမ့် မည်။
וישב פניו למעוזי ארצו ונכשל ונפל ולא ימצא 19
၁၉ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန် သွားပြီးလျှင် ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။
ועמד על כנו מעביר נוגש הדר מלכות ובימים אחדים ישבר ולא באפים ולא במלחמה 20
၂၀ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ ဘုန်းစည်း စိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသော သူသည် ပေါ်လာ၍ ခဏရှိပြီးမှ၊ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံး ခြင်းသို့ရောက်လိမ့်မည်။
ועמד על כנו נבזה ולא נתנו עליו הוד מלכות ובא בשלוה והחזיק מלכות בחלקלקות 21
၂၁ထိုသူအရာ၌လည်း မင်းစည်းစိမ်းကို ခံထိုက် သော သူမဟုတ်၊ ယုတ်မာသော သူပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု ချော့မော့ခြင်းအားဖြင့် နိုင်ငံ ကို ရလိမ့်မည်။
וזרעות השטף ישטפו מלפניו וישברו וגם נגיד ברית 22
၂၂လွှမ်းမိုးသော လက်နက်တို့သည် သူရှေ့မှာ မြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိဿဟာယခံသော မင်းလည်း ဆုံးရှုံး လိမ့်မည်။
ומן התחברות אליו יעשה מרמה ועלה ועצם במעט גוי 23
၂၃အကြောင်းမူကား၊ မိဿဟာယ ပြုသောမင်းသည် သစ္စာပျက်သဖြင့်၊ တက်လာ၍ လူအနည်းငယ်မျှ ပါသော် လည်း တန်ခိုးကြီးလိမ့်မည်။
בשלוה ובמשמני מדינה יבוא ועשה אשר לא עשו אבתיו ואבות אבתיו בזה ושלל ורכוש להם יבזור ועל מבצרים יחשב מחשבתיו ועד עת 24
၂၄အသီးအနှံများသောပြည်ကို အနိုင်အထက် မပြုဘဲ ဝင်လိမ့်မည်။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ် များကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့် မည်။ ခိုင်ခံ့သော မြို့ပြတို့ကို ရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည်။
ויער כחו ולבבו על מלך הנגב בחיל גדול ומלך הנגב יתגרה למלחמה בחיל גדול ועצום עד מאד ולא יעמד כי יחשבו עליו מחשבות 25
၂၅ကြီးစွာသော အလုံးအရင်းနှင့်တကွ တောင်ရှင် ဘုရင်ကို ဆန့်ကျင်ဘက်ပြု၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော် လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံရပ်နိုင်။ အကြောင်းမူကား၊ သူတဘက်၌ မကောင်းသောအကြံကို ကြံစည်ကြလိမ့် မည်။
ואכלי פת בגו ישברוהו וחילו ישטוף ונפלו חללים רבים 26
၂၆ထိုသူကျွေးမွေးခြင်းကို ခံရသော သူတို့သည် လည်း၊ ထိုသူ၏ အကျိုးကိုဖျက်ဆီးသောအားဖြင့်၊ သူ၏ တပ်မြှုပ်၍၊ စစ်သူရဲများတို့သည် အသက်ဆုံးကြလိမ့်မည်။
ושניהם המלכים לבבם למרע ועל שלחן אחד כזב ידברו ולא תצלח כי עוד קץ למועד 27
၂၇ထိုရှင်ဘုရင် နှစ်ပါးတို့သည် မကောင်းသော အကြံကိုကြံ၍၊ တခုသောစားပွဲ၌ မုသာစကားကို ပြောကြလိမ့်မည်။ သို့သော်လည်း၊ အကြံမမြောက်ရ။ ချိန်းချက်သော အချိန် ကာလ၌ အဆုံးဖြစ်ရလိမ့်မည်။
וישב ארצו ברכוש גדול ולבבו על ברית קדש ועשה ושב לארצו 28
၂၈တဖန်မြောက်ရှင်ဘုရင်သည် များစွာသော စည်းစိမ်ဥစ္စာပါလျက် မိမိပြည်သို့ ပြန်၍သွားစဉ်တွင်၊ သန့်ရှင်းသော ပဋိညာဉ်တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြုပြီးမှ မိမိပြည်သို့ ပြန်သွားလိမ့်မည်။
למועד ישוב ובא בנגב ולא תהיה כראשנה וכאחרונה 29
၂၉ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့ မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်းမဟုတ်။
ובאו בו ציים כתים ונכאה ושב וזעם על ברית קודש ועשה ושב ויבן על עזבי ברית קדש 30
၃၀အကြောင်းမူကား ခိတ္တိမ်သင်္ဘောတို့သည် ထိုသူ ကို ဆီးတားကြလိမ့်မည်။ ထိုကြောင့် စိတ်နာလျက် ပြန် သွား၍ သန့်ရှင်းသော ပဋိညာဉ်တရားကို အမျက်ထွက် သည်။ အတိုင်းပြုပြီးမှ ပြန်သွားစဉ်တွင် သန့်ရှင်းသော ပဋိညာဉ်တရားကို စွန့်ပစ်သော သူတို့နှင့် အဆွေဖွဲ့လိမ့် မည်။
וזרעים ממנו יעמדו וחללו המקדש המעוז והסירו התמיד ונתנו השקוץ משמם 31
၃၁ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာ သဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရေးဌာနတော်ကို ညစ် ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်းကြ လိမ့်မည်။ ဖျက်ဆီးတတ်သောရွံ့ရှာဘွယ် အရာကိုလည်း တည်ထားကြလိမ့်မည်။
ומרשיעי ברית יחניף בחלקות ועם ידעי אלהיו יחזקו ועשו 32
၃၂ပဋိညာဉ်တရားကို ပြစ်မှားသော သူတို့သည် ချော့မော့ရာသို့ လိုက်၍ ယိုယွင်းကြလိမ့်မည်။ မိမိတို့ ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားနှင့် ပြုကြလိမ့်မည်။
ומשכילי עם יבינו לרבים ונכשלו בחרב ובלהבה בשבי ובבזה--ימים 33
၃၃လူစုထဲမှာ ပညာရှိသော သူတို့သည် အများ သော သူတို့ကို သွန်သင်ကြရလိမ့်မည်။ ထားနှင့်ကွယ်မျက် ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်း အားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။
ובהכשלם יעזרו עזר מעט ונלוו עליהם רבים בחלקלקות 34
၃၄လဲကြသောအခါ အနည်းငယ်သော မစခြင်းကို တဖန်ခံရကြလိမ့်မည်။ လူအများတို့သည် ချော့မော့ရာသို့ လိုက်၍ဆည်းကပ်ကြလိမ့်မည်။
ומן המשכילים יכשלו לצרוף בהם ולברר וללבן--עד עת קץ כי עוד למועד 35
၃၅အမှုဆုံးရသည် ကာလတိုင်အောင်၊ ပညာရှိသောသူအချို့တို့သည်လည်း စုံစမ်းခြင်းကိုခံ၍၊ သန့်ရှင်းဖြူစင်ရမည် အကြောင်းလဲကြလိမ့်မည်။ ထိုအမှုသည် ချိန်းချက်သော ကာလတိုင်အောင် ဖြစ်ရသတည်း။
ועשה כרצנו המלך ויתרומם ויתגדל על כל אל ועל אל אלים ידבר נפלאות והצליח עד כלה זעם כי נחרצה נעשתה 36
၃၆ရှင်ဘုရင်တပါးသည် မိမိအလိုအလျောက်ပြု၍၊ ဘုရားအပေါင်းတို့ထက် ကိုယ်ကို ကိုယ်ချီးပင့်မြှောက်စား လျက်၊ ဘုရားတို့၏ဘုရားကို ဆန့်ကျင်ဘက်ပြု၍ အံ့ဘွယ် သောစကားကို ပြောလိမ့်မည်။ ဒေါသအမျက်စေ့စုံသည် ကာလတိုင်အောင် ကောင်းစားလိမ့်မည်။ စီရင်ဆုံးဖြတ် သမျှ အတိုင်းဖြစ်ရလိမ့်မည်။
ועל אלהי אבתיו לא יבין ועל חמדת נשים ועל כל אלוה לא יבין כי על כל יתגדל 37
၃၇ထိုမင်းသည် ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားကို၎င်း၊ မိန်းမ၌ တပ်မက်သောအလိုကို၎င်း၊ တပါးသော ဘုရားများကို၎င်း ပမာဏမပြု။ သူတကာတို့ထက် ကိုယ်ကို ကိုယ်ချီးမြှောက်လိမ့်မည်။
ולאלה מעזים על כנו יכבד ולאלוה אשר לא ידעהו אבתיו יכבד בזהב ובכסף ובאבן יקרה--ובחמדות 38
၃၈ထိုဘုရားအရာ၌ ရဲတိုက်တို့၏ဘုရားနှင့်၊ ဘိုးဘေးတို့မသိသောဘုရားကိုချီးမြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နှစ်သက်ဘွယ်သော တန်ဆာများကို ပူဇော်လိမ့်မည်။
ועשה למבצרי מעזים עם אלוה נכר אשר הכיר (יכיר) ירבה כבוד והמשילם ברבים ואדמה יחלק במחיר 39
၃၉ခိုင်ခံ့သော ရဲတိုက်များကို၎င်း၊ မိမိဝန်ခံသောတပါးအမျိုးသားဘုရားကို၎င်း ပြုစု၍ ဂုဏ်အသရေ တိုးပွားစေလိမ့်မည်။ လူများတို့အပေါ်မှာအုပ်စိုးရသော အခွင့်ကိုပေး၍ စီးပွားဖြစ်ခြင်းအလိုငှါ မြေကို ဝေဖန်လိမ့် မည်။
ובעת קץ יתנגח עמו מלך הנגב וישתער עליו מלך הצפון ברכב ובפרשים ובאניות רבות ובא בארצות ושטף ועבר 40
၄၀အမှုကုန်ရသည်ကာလ၌ တောင်ရှင်ဘုရင်သည် ထိုမင်းကို တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည်လည်း ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများတို့နှင့်တကွ လေးဘွေကဲ့သို့ တိုက်လာလျက်၊ ထိုပြည်တို့ကို ဝင်၍ ချင်းနင်းလွှမ်းမိုးလိမ့်မည်။
ובא בארץ הצבי ורבות יכשלו ואלה ימלטו מידו--אדום ומואב וראשית בני עמון 41
၄၁သာယာသောပြည်ကိုလည်းဝင်၍ အများသော သူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင်၊ သူ၏ လက်မှ လွတ်သော သူဟူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်အမျိုးသားအကြီးတို့သည် လွတ်ကြလိမ့်မည်။
וישלח ידו בארצות וארץ מצרים לא תהיה לפליטה 42
၄၂ထိုမင်းသည် အပြည်ပြည်တို့ကို အောင်မြင်ရ လိမ့်မည်။ အဲဂုတ္တုပြည်လည်း မလွတ်ရ။
ומשל במכמני הזהב והכסף ובכל חמדות מצרים--ולבים וכשים במצעדיו 43
၄၃ထိုပြည်မှာရှိသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ အဘိုးထိုက်သော ဥစ္စာများကို အပိုင်ရလိမ့်မည်။ လိဗုပြည် သားနှင့် ကုရှပြည်သားတို့သည် သူ့နောက်သို့ လိုက်ရကြလိမ့်မည်။
ושמעות יבהלהו ממזרח ומצפון ויצא בחמא גדלה להשמיד ולהחרים רבים 44
၄၄သို့ရာတွင် သူသည် အရှေ့မျက်နှာ၊ မြောက်မျက်နှာအရပ်မှ သိတင်းကိုကြား၍ စိတ်ပူပန်သဖြင့်၊ လူ အများတို့ကို ဖျက်ဆီးသုတ်သင်ပယ်ရှင်းခြင်းငှါ၊ ကြီးစွာသော ဒေါသအမျက်နှင့် ထွက်သွားလိမ့်မည်။
ויטע אהלי אפדנו בין ימים להר צבי קדש ובא עד קצו ואין עוזר לו 45
၄၅ပင်လယ်ကြားမှာ ဘုန်းကြီး၍ သန့်ရှင်းသော တောင်ပေါ်၌စံရာ တဲတော်ကို တည်ဆောက်ပြီးလျှင် အဘယ်သူမျှ မစခြင်းငှါ မတတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။

< דניאל 11 >