< עמוס 3 >
שמעו את הדבר הזה אשר דבר יהוה עליכם--בני ישראל על כל המשפחה אשר העליתי מארץ מצרים לאמר | 1 |
၁အို ဣသရေလပြည်သားတို့၊ သင်တို့တစ်မျိုး လုံးကိုအီဂျစ်ပြည်မှနုတ်ဆောင်ခဲ့သော ထာဝရဘုရားက သင်တို့နှင့်ပတ်သက်၍ မိန့်ဆိုသောဤစကားကိုနားထောင်လော့။-
רק אתכם ידעתי מכל משפחות האדמה על כן אפקד עליכם את כל עונתיכם | 2 |
၂ကမ္ဘာတစ်ခွင်လုံးရှိနိုင်ငံတကာတို့အနက် သင် တို့တစ်မျိုးတည်းကိုသာငါအသိအမှတ် ပြု၍ကရုဏာသက်ခဲ့၏။ ထို့ကြောင့်ပင်သင် တို့ပြုခဲ့သမျှသောအပြစ်များအတွက် သင်တို့ကိုအပြစ်ပေးရတော့မည်။
הילכו שנים יחדו בלתי אם נועדו | 3 |
၃လူနှစ်ဦးသည်တွေ့ဆုံရန်မချိန်းဆိုဘဲ အတူခရီးပြုနိုင်မည်လော။
הישאג אריה ביער וטרף אין לו היתן כפיר קולו ממענתו בלתי אם לכד | 4 |
၄ခြင်္သေ့သည်သားကောင်ကိုမတွေ့ဘဲတော ထဲ၌ အကြောင်းမဲ့ဟောက်နေမည်လော။ ခြင်္သေ့ပျိုသည်ဘယ်အရာကိုမျှမဖမ်းမိ ဘဲ မိမိဂူအတွင်း၌အကြောင်းမဲ့ကြုံး ဝါးနေမည်လော။
התפל צפור על פח הארץ ומוקש אין לה היעלה פח מן האדמה ולכוד לא ילכוד | 5 |
၅အစာမပါသောကျော့ကွင်းဖြင့်ကောင်းကင်မှ ငှက်တစ်ကောင်ကိုထောင်ဖမ်းနိုင်သလော။ တစ်စုံတစ်ရာကိုဖမ်းမိသောကြောင့်သာ ကျော့ကွင်းပြုတ်သွားရသည်မဟုတ်လော။
אם יתקע שופר בעיר ועם לא יחרדו אם תהיה רעה בעיר ויהוה לא עשה | 6 |
၆မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။
כי לא יעשה אדני יהוה דבר כי אם גלה סודו אל עבדיו הנביאים | 7 |
၇အကယ်စင်စစ်အရှင်ထာဝရဘုရားသည် မိမိ၏အကြံတော်ကို မိမိ၏ကျွန်ပရောဖက် တို့အားမဖော်ပြဘဲမည်သည့်အမှုကိုမျှ ပြုတော်မမူ။
אריה שאג מי לא יירא אדני יהוה דבר מי לא ינבא | 8 |
၈ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။
השמיעו על ארמנות באשדוד ועל ארמנות בארץ מצרים ואמרו האספו על הרי שמרון וראו מהומת רבות בתוכה ועשוקים בקרבה | 9 |
၉အာဇုတ်နှင့်အီဂျစ်ပြည်ဘုံနန်းများတွင်စံ နေသူအပေါင်းတို့အား ဤသို့ကြေငြာလော့။ ``ရှမာရိမြို့ပတ်လည်ရှိတောင်များပေါ်၌ စုရုံးလာပြီး ထိုမြို့ထဲ၌ကူးလွန်နေသော ပြစ်မှုများနှင့်ဖြစ်ပေါ်နေသည့်ယိုယွင်းမှု ကြီးကိုရှုစားကြလော့။''
ולא ידעו עשות נכחה נאם יהוה האוצרים חמס ושד בארמנותיהם | 10 |
၁၀ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။-
לכן כה אמר אדני יהוה צר וסביב הארץ והוריד ממך עזך ונבזו ארמנותיך | 11 |
၁၁သို့ကြောင့်ရန်သူတစ်နိုင်ငံသည်သူတို့၏ မြို့များကိုဝိုင်းရံ၍ သူတို့၏ခံတပ်များ ကိုဖြိုခွင်းလိုက်မည်။ သူတို့၏ဘုံနန်းများ ကိုလည်းလုယက်ဖျက်ဆီးလိမ့်မည်'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
כה אמר יהוה כאשר יציל הרעה מפי הארי שתי כרעים או בדל אזן--כן ינצלו בני ישראל הישבים בשמרון בפאת מטה ובדמשק ערש | 12 |
၁၂ထာဝရဘုရားက``သိုးထိန်းသည်ခြင်္သေ့ စာဖြစ်သွားသောသိုးတစ်ကောင်၏ခြေနှစ် ချောင်း သို့မဟုတ်နားရွက်တစ်ဖက်စသော အပိုင်းအစများကိုသာကောက်ယူနိုင် သကဲ့သို့ ရှမာရိပြည်ဒမာသက်မြို့ရှိ ကုတင်မွေ့ယာတို့ပေါ်၌ စည်းစိမ်ယစ်မူး နေသူတို့အနက်လူအနည်းငယ်သာ လျှင်ကျန်ရစ်ပေမည်။-
שמעו והעידו בבית יעקב--נאם אדני יהוה אלהי הצבאות | 13 |
၁၃ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကငါပြောသောစကားကို ယခုပင်နာယူ ပြီးယာကုပ်မျိုးနွယ်တို့အားသတိပေး ဆင့်ဆိုလော့။-
כי ביום פקדי פשעי ישראל--עליו ופקדתי על מזבחות בית אל ונגדעו קרנות המזבח ונפלו לארץ | 14 |
၁၄ငါသည်ဣသရေလအမျိုးသားတို့ကို အပြစ်ပေးသောနေ့၌ ဗေသလယဇ်ပလ္လင်တို့ ကိုဖျက်ဆီးလိုက်မည်။ ယဇ်ပလ္လင်တိုင်း၏ထောင့် များ၌ရှိသောဦးချိုတို့ကိုခုတ်လှဲ၍မြေ ပေါ်သို့ကျသွားစေမည်။-
והכיתי בית החרף על בית הקיץ ואבדו בתי השן וספו בתים רבים--נאם יהוה | 15 |
၁၅ငါသည်သူတို့ဇိမ်ခံရာနွေရာသီဂေဟာနှင့် ဆောင်းရာသီအိမ်တော်များကိုဖျက်ပစ်မည်။ ဆင်စွယ်ဖြင့်မွန်းမံသောအိမ်ရာများပြိုလဲ ကြ၍ မဟာဂေဟာမှန်သမျှပျက်စီးရ မည်'' ဟုမိန့်တော်မူ၏။