< שמואל ב 6 >

ויסף עוד דוד את כל בחור בישראל שלשים אלף 1
တဖန် ဒါဝိဒ် သည် ရွေးချယ် သောဣသရေလ လူသုံး သောင်းတို့ကို စုဝေး စေပြီးလျှင်၊
ויקם וילך דוד וכל העם אשר אתו מבעלי יהודה--להעלות משם את ארון האלהים אשר נקרא שם שם יהוה צבאות ישב הכרבים עליו 2
ခေရုဗိမ် ကြားမှာကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်နှင့် ဆိုင်သော ဘုရား သခင်၏သေတ္တာ တော်ကို ယုဒ ပြည် ဗာလာမြို့မှ ဆောင် ခဲ့ခြင်းငှါ ၊ မိမိ ၌ ပါသော သူ အပေါင်း တို့နှင့်တကွ ထ သွား လေ၏။
וירכבו את ארון האלהים אל עגלה חדשה וישאהו מבית אבינדב אשר בגבעה ועזא ואחיו בני אבינדב נהגים את העגלה חדשה 3
ဘုရား သခင်၏ သေတ္တာ တော်ကို လှည်း သစ် ပေါ် မှာတင် ၍ တောင် ပေါ် အဘိနဒပ် အိမ် ထဲက ထုတ် ကြ၏။ အဘိနဒပ် ၏သား ဩဇ နှင့် အဟိဩ တို့သည် လှည်း သစ် ကိုနှင် ရကြ၏။
וישאהו מבית אבינדב אשר בגבעה עם ארון האלהים ואחיו הלך לפני הארון 4
ဩဇသည်ဘုရား သခင်၏ သေတ္တာ တော်အနား ၌၎င်း၊ အဟိဩ သည် သေတ္တာ တော်ရှေ့ ၌၎င်း သွား ကြ၏။
ודוד וכל בית ישראל משחקים לפני יהוה בכל עצי ברושים ובכנרות ובנבלים ובתפים ובמנענעים ובצלצלים 5
ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် စောင်း ၊ တယော ၊ ပတ်သာ ၊ နှဲခရာ ၊ ခွက်ကွင်း တို့ကို ကိုင်လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အားထုတ်၍ တီးမှုတ် ကြ၏။
ויבאו עד גרן נכון וישלח עזה אל ארון האלהים ויאחז בו--כי שמטו הבקר 6
နာခုန်ကောက်နယ်သလင်းသို့ ရောက် သောအခါ ၊ နွား တို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှား သောကြောင့် ၊ ဩဇ သည် လက်ကိုဆန့် ၍ သေတ္တာ တော်ကို ကိုင် ၏။
ויחר אף יהוה בעזה ויכהו שם האלהים על השל וימת שם עם ארון האלהים 7
ထာဝရဘုရား သည် ဩဇ ကို အမျက် ထွက် ၍ သူ၏အပြစ် ကြောင့် ဘုရား သခင်ဒဏ်ခတ် တော်မူသဖြင့် ၊ သူသည်သေတ္တာ တော်နား မှာ သေ လေ၏။
ויחר לדוד על אשר פרץ יהוה פרץ בעזה ויקרא למקום ההוא פרץ עזה עד היום הזה 8
ဩဇ ကို ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ ဒါဝိဒ် သည် ညှိုးငယ် သောစိတ်ရှိ၏။ ထို အရပ် သည် ယနေ့ တိုင်အောင် ပေရဇာဇ အမည် ဖြင့်တွင်သတည်း။
וירא דוד את יהוה ביום ההוא ויאמר איך יבוא אלי ארון יהוה 9
ထို နေ့၌ ဒါဝိဒ် သည် ထာဝရဘုရား ကိုကြောက် ၍ ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် အဘယ်သို့ ငါ့ ထံသို့ ရောက် ရမည်နည်းဟု ဆို လျက်၊
ולא אבה דוד להסיר אליו את ארון יהוה--על עיר דוד ויטהו דוד בית עבד אדם הגתי 10
၁၀မိမိနေရာဒါဝိဒ် မြို့ ထဲသို့ သေတ္တာ တော်ကို မ ဆောင် ဘဲ ဂိတ္တိ လူဩဗဒေဒုံ အိမ် သို့ လမ်းလွဲ၍ ဆောင် သွားလေ၏။
וישב ארון יהוה בית עבד אדם הגתי--שלשה חדשים ויברך יהוה את עבד אדם ואת כל ביתו 11
၁၁ထာဝရဘုရား ၏သေတ္တာ တော်သည် သုံး လ ပတ်လုံးဂိတ္တိ လူဩဗဒေဒုံ အိမ် ၌ရှိ ၏။ ထာဝရဘုရား သည်လည်း ၊ ဩဗဒေဒုံ နှင့် အိမ်သူ အိမ်သားအပေါင်း တို့ကို ကောင်းကြီး ပေးတော်မူ၏။
ויגד למלך דוד לאמר ברך יהוה את בית עבד אדם ואת כל אשר לו בעבור ארון האלהים וילך דוד ויעל את ארון האלהים מבית עבד אדם עיר דוד--בשמחה 12
၁၂ထာဝရဘုရား သည် သေတ္တာ တော်ကြောင့် ဩဗဒေဒုံ နှင့် သူ ၌ ရှိသမျှ ကို ကောင်းကြီး ပေးတော်မူကြောင်းကို ဒါဝိဒ် မင်းကြီး ကြား သောအခါ ၊ တဖန် သွား ၍ ဘုရား သခင်၏ သေတ္တာ တော်ကိုဩဗဒေဒုံ အိမ် မှ ဒါဝိဒ် မြို့ သို့ ဝမ်းမြောက် သောစိတ်နှင့် ဆောင် ခဲ့လေ၏။
ויהי כי צעדו נשאי ארון יהוה--ששה צעדים ויזבח שור ומריא 13
၁၃ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း သောသူတို့သည်ခြောက် လှမ်း သွား ပြီးမှ ၊ နွား နှင့် ဆူဖြိုး သော အကောင်တို့ကို ယဇ် ပူဇော်လေ၏။
ודוד מכרכר בכל עז לפני יהוה ודוד חגור אפוד בד 14
၁၄ဒါဝိဒ် သည်လည်း ပိတ် သင်တိုင်း ကိုဝတ် လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အား ထုတ်၍က လေ၏။
ודוד וכל בית ישראל מעלים את ארון יהוה בתרועה ובקול שופר 15
၁၅ထိုသို့ ဒါဝိဒ် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် ကြွေးကြော် လျက် ၊ တံပိုး မှုတ်လျက်၊ ထာဝရဘုရား ၏သေတ္တာ တော်ကို ဆောင် ခဲ့ကြ၏။
והיה ארון יהוה בא עיר דוד ומיכל בת שאול נשקפה בעד החלון ותרא את המלך דוד מפזז ומכרכר לפני יהוה ותבז לו בלבה 16
၁၆ထာဝရဘုရား ၏သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ဝင် သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ပြတင်းပေါက် ဖြင့် ကြည့် ၍၊ ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား ရှေ့ တော်၌ က လျက် ခုန် လျက်လာသည်ကိုမြင် ၍ စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။
ויבאו את ארון יהוה ויצגו אתו במקומו בתוך האהל אשר נטה לו דוד ויעל דוד עלות לפני יהוה ושלמים 17
၁၇ထာဝရဘုရား ၏ သေတ္တာ တော်ကိုသွင်း ၍ ဒါဝိဒ် ဆောက်နှင့်သောတဲ အလယ် တွင် သူ့ နေရာ ၌ ထား ကြပြီးမှ ၊ ဒါဝိဒ် သည်မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်တို့ကို ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လေ၏။
ויכל דוד מהעלות העולה והשלמים ויברך את העם בשם יהוה צבאות 18
၁၈မီး ရှို့ရာယဇ်နှင့် မိဿဟာယ ယဇ်ပူဇော် ခြင်း အမှုကို ပြီးစီး စေသောအခါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နာမ တော်ကိုမြွက်၍ ပရိသတ် တို့ကို ကောင်းကြီး ပေးလေ၏။
ויחלק לכל העם לכל המון ישראל למאיש ועד אשה לאיש חלת לחם אחת ואשפר אחד ואשישה אחת וילך כל העם איש לביתו 19
၁၉ဣသရေလ ပရိသတ် ယောက်ျား မိန်းမ အပေါင်း တို့အား မုန့် တပြား ၊ အမဲသား တတစ်၊ စပျစ်သီးပျဉ် တပြား စီ ဝေငှ ပြီးမှ ၊ လူ အပေါင်း တို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
וישב דוד לברך את ביתו ותצא מיכל בת שאול לקראת דוד ותאמר מה נכבד היום מלך ישראל אשר נגלה היום לעיני אמהות עבדיו כהגלות נגלות אחד הרקים 20
၂၀ထိုနောက် ဒါဝိဒ် သည် နန်းတော်သား တို့ကို ကောင်းကြီး ပေးခြင်းငှါ သွား ၍ရောက်သောအခါ ၊ ရှောလု ၏သမီး မိခါလ သည် ဆီး ၍ကြိုလျက်၊ လျှပ်ပေါ် သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ် သကဲ့သို့ ၊ ယနေ့ ကျွန် ယောက်ျား ကျွန် မိန်းမများရှေ့ တွင် အဝတ်တော်ကိုချွတ် သော ဣသရေလ ရှင် ဘုရင်သည်၊ ယနေ့ အဘယ်မျှ လောက်ဘုန်းကြီး တော်မူပါသည်တကားဟုဆို ၏။
ויאמר דוד אל מיכל לפני יהוה אשר בחר בי מאביך ומכל ביתו לצות אתי נגיד על עם יהוה על ישראל ושחקתי לפני יהוה 21
၂၁ဒါဝိဒ် ကလည်း ၊ သင့် အဘ နှင့် သူ ၏ အဆွေအမျိုး အပေါင်း တို့၏ကိုယ်စား၊ ငါ့ ကိုရွေးကောက် ၍ ထာဝရဘုရား ၏လူ ၊ ဣသရေလ အမျိုးကို အုပ်စိုးသော မင်း အရာ၌ ခန့်ထား တော်မူသော ထာဝရဘုရား ရှေ့ တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရား ရှေ့ တော်တွင် ငါ ကခုန် မည်။
ונקלתי עוד מזאת והייתי שפל בעיני ועם האמהות אשר אמרת עמם אכבדה 22
၂၂ထိုမျှမက ၊ ငါသာ၍ ယုတ်မာ မည်။ ကိုယ် အထင်အတိုင်း ကိုယ်ကိုသာ၍နှိမ့်ချ မည်၊ သင်ပြော သော ကျွန် မများမူကား ၊ ငါ့ကိုချီးမွမ်း ကြလိမ့်မည်ဟု မိခါလ ကို ပြန်ပြော ၏။
ולמיכל בת שאול לא היה לה ילד--עד יום מותה 23
၂၃ရှောလု ၏သမီး မိခါလ သည် တသက်လုံးသား ကို မ ဘွား မမြင်ရ။

< שמואל ב 6 >