< שמואל ב 4 >
וישמע בן שאול כי מת אבנר בחברון וירפו ידיו וכל ישראל נבהלו | 1 |
၁ရှောလု၏သားဣရှဗောရှက်သည်ဟေဗြုန်မြို့ တွင် အာဗနာအသတ်ခံရကြောင်းကြားသော အခါကြောက်လန့်လေ၏။ ဣသရေလပြည် သားအပေါင်းတို့သည်လည်းကြောက်လန့် ကြကုန်၏။-
ושני אנשים שרי גדודים היו בן שאול שם האחד בענה ושם השני רכב בני רמון הבארתי--מבני בנימן כי גם בארות תחשב על בנימן | 2 |
၂ဣရှဗောရှက်တွင်လုယက်တိုက်ခိုက်သည့်အဖွဲ့ များ၏ခေါင်းဆောင်နှစ်ယောက်ရှိ၏။ သူတို့၏ နာမည်မှာဗာနာနှင့်ရေခပ်ဖြစ်၍ဗေရုတ်မြို့ မှဗင်္ယာမိန်အနွယ်ဝင်ရိမ္မုန်၏သားများဖြစ် ကြ၏။ (ဗေရုတ်မြို့သည်ဗင်္ယာမိန်နယ်တွင် အပါအဝင်ဖြစ်၏။-
ויברחו הבארתים גתימה ויהיו שם גרים עד היום הזה | 3 |
၃ထိုမြို့တွင်လက်ဦးနေထိုင်ခဲ့ကြသောလူ တို့သည်ဂိတ္တိမ်မြို့သို့ထွက်ပြေးကာ ယနေ့တိုင် အောင်နေထိုင်လျက်ရှိသတည်း။)
וליהונתן בן שאול בן נכה רגלים בן חמש שנים היה בבא שמעת שאול ויהונתן מיזרעאל ותשאהו אמנתו ותנס ויהי בחפזה לנוס ויפל ויפסח ושמו מפיבשת | 4 |
၄ရှောလု၏သားယောနသန်တွင်မေဖိဗောရှက် ဟုနာမည်တွင်သောသားတစ်ယောက်ကျန်ရစ်၏။ အသက်ငါးနှစ်ရှိသောသားငယ်ကိုအထိန်း တော်သည်ယေဇရေလမြို့မှ ရှောလုနှင့်ယော နသန်တို့အသတ်ခံရကြောင်းသတင်းကို ကြားလျှင်သူ့အားချီပွေ့၍ထွက်ပြေးလေ သည်။ သို့ရာတွင်အလျင်အမြန်ပြေးရသည့် အတွက်ကလေးသည်အထိန်းတော်၏လက် မှလွတ်ကျသဖြင့်ခြေဆွံ့လေ၏။
וילכו בני רמון הבארתי רכב ובענה ויבאו כחם היום אל בית איש בשת והוא שכב את משכב הצהרים | 5 |
၅ရေခပ်နှင့်ဗာနာတို့သည်ဣရှဗောရှက်၏အိမ် တော်သို့သွားရာ ဣရှဗောရှက်နေ့လယ်အိပ် စက်အနားယူနေချိန်မွန်းတည့်ခန့်၌ရောက် ရှိလာကြ၏။-
והנה באו עד תוך הבית לקחי חטים ויכהו אל החמש ורכב ובענה אחיו נמלטו | 6 |
၆တံခါးဝတွင်ရှိသောအမျိုးသမီးသည်လည်း ဂျုံဆန်ကိုဆန်ကာချရင်း ငိုက်မြည်းအိပ်ပျော် လျက်နေ၏။ ထို့ကြောင့်ရေခပ်နှင့်ဗာနာတို့ သည်အိမ်ထဲသို့တိတ်တဆိတ်ဝင်ကြ၏။-
ויבאו הבית והוא שכב על מטתו בחדר משכבו ויכהו וימתהו ויסירו את ראשו ויקחו את ראשו וילכו דרך הערבה כל הלילה | 7 |
၇အိမ်တွင်းသို့ရောက်သည်နှင့်တစ်ပြိုင်နက်ကောင်း စွာအိပ်ပျော်နေသော ဣရှဗောရှက်၏အိမ်ခန်း သို့ဝင်၍သူ့အားလုပ်ကြံကြ၏။ ထိုနောက်သူ ၏ဦးခေါင်းကိုဖြတ်၍ယူဆောင်ကာ တစ်ညဥ့် လုံးယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍လာကြ၏။-
ויבאו את ראש איש בשת אל דוד חברון ויאמרו אל המלך הנה ראש איש בשת בן שאול איבך אשר בקש את נפשך ויתן יהוה לאדני המלך נקמות היום הזה משאול ומזרעו | 8 |
၈ဟေဗြုန်မြို့သို့ရောက်သောအခါသူတို့ သည်ဒါဝိဒ်အား``အရှင်၏အသက်ကိုရန် ရှာသောအရှင့်ရန်သူရှောလု၏သားတော် ဣရှဗောရှက်၏ဦးခေါင်းကိုရှုတော်မူပါ။ ယနေ့ထာဝရဘုရားသည်အရှင်မင်းကြီး အား ရှောလုနှင့်သားမြေးတို့အပေါ်တွင် လက်စားချေခွင့်ကိုပေးတော်မူပါပြီ'' ဟုလျှောက်၍ဣရှဗောရှက်၏ဦးခေါင်း ကိုဆက်သကြ၏။
ויען דוד את רכב ואת בענה אחיו בני רמון הבארתי--ויאמר להם חי יהוה אשר פדה את נפשי מכל צרה | 9 |
၉ဒါဝိဒ်က``ငါ့အားဘေးအန္တရာယ်အပေါင်းမှ ကယ်တော်မူသောအသက်ရှင်တော်မူသော ထာဝရဘုရားကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။-
כי המגיד לי לאמר הנה מת שאול והוא היה כמבשר בעיניו ואחזה בו ואהרגהו בצקלג--אשר לתתי לו בשרה | 10 |
၁၀ရှောလုကွယ်လွန်တော်မူကြောင်းဇိကလတ် မြို့တွင်ငါ့ထံသို့လာရောက်ပြောကြားသူ သည် မိမိယူဆောင်လာသောသတင်းကို သတင်းကောင်းဟုထင်မှတ်ခဲ့သည်။ သို့ရာ တွင်ငါသည်သူ့ကိုဖမ်းဆီး၍ကွပ်မျက် လိုက်၏။ ဤကားမိမိပေးသည့်သတင်း အတွက်ထိုသူရရှိသည့်ဆုလာဘ်ပင် ဖြစ်သည်။-
אף כי אנשים רשעים הרגו את איש צדיק בביתו--על משכבו ועתה הלוא אבקש את דמו מידכם ובערתי אתכם מן הארץ | 11 |
၁၁မိမိ၏အိမ်ခန်းတွင်အိပ်စက်နေသောအပြစ်မဲ့ သူအားသတ်ဖြတ်ကြသည့်လူဆိုးတို့ကို ပို၍ ပြင်းထန်သောအပြစ်ဒဏ်စီရင်သင့်သည်မ ဟုတ်လော။ ထိုအပြစ်မဲ့သူကိုသတ်သည့်အတွက် ယခုငါသည်သင်တို့အပေါ်တွင်လက်စားချေ မည်။ သင်တို့အားမြေမျက်နှာပြင်ပေါ်မှသုတ် သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။-
ויצו דוד את הנערים ויהרגום ויקצצו את ידיהם ואת רגליהם ויתלו על הברכה בחברון ואת ראש איש בשת לקחו ויקברו בקבר אבנר בחברון | 12 |
၁၂ဒါဝိဒ်အမိန့်ပေးသဖြင့်စစ်သည်တော်တို့ သည်ရေခပ်နှင့်ဗာနာတို့အားသတ်ပြီးလျှင် သူတို့၏ခြေလက်တို့ကိုဖြတ်၍ဟေဗြုန် ရေကန်အနီးတွင်ဆွဲထားကြ၏။ ဣရှ ဗောရှက်၏ဦးခေါင်းကိုမူဟေဗြုန်မြို့ရှိ အာဗနာ၏ဂူတွင်သင်္ဂြိုဟ်ကြ၏။