< דברי הימים ב 31 >
וככלות כל זאת יצאו כל ישראל הנמצאים לערי יהודה וישברו המצבות ויגדעו האשרים וינתצו את הבמות ואת המזבחות מכל יהודה ובנימן ובאפרים ומנשה עד לכלה וישובו כל בני ישראל איש לאחזתו--לעריהם | 1 |
၁ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
ויעמד יחזקיהו את מחלקות הכהנים והלוים על מחלקותם איש כפי עבדתו לכהנים וללוים לעלה ולשלמים--לשרת ולהדות ולהלל בשערי מחנות יהוה | 2 |
၂ဟေဇကိမင်းသည်ယဇ်ပုရောဟိတ်နှင့်လေဝိ အနွယ်ဝင်အဖွဲ့ကိုပြန်လည်ဖွဲ့စည်းတော်မူ၍ သူတို့အသီးသီးအတွက်တိကျသောတာဝန် ဝတ္တရားများကိုသတ်မှတ်ပေးတော်မူ၏။ ထို တာဝန်ဝတ္တရားများတွင်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်များကိုပူဇော်ခြင်း၊ ဗိမာန်တော်၌ဝတ်ပြုကိုးကွယ်ရာတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဗိမာန်တော်ဌာန အသီးသီးတွင်ဂုဏ်တော်နှင့်ကျေးဇူး တော်ချီးမွမ်းခြင်းတို့ပါဝင်လေသည်။-
ומנת המלך מן רכושו לעלות לעלות הבקר והערב והעלות לשבתות ולחדשים ולמעדים--ככתוב בתורת יהוה | 3 |
၃မင်းကြီးသည်ထာဝရဘုရား၏ပညတ်ကျမ်း အရ နေ့စဉ်နံနက်တိုင်း၊ ညနေတိုင်း၊ ဥပုသ်နေ့ လဆန်းပွဲတော်နေ့နှင့်အခြားပွဲတော်များ၌ မီးရှို့ပူဇော်ရန် လိုအပ်သောသိုးနွားများကို မိမိပိုင်သိုးအုပ်နွားအုပ်များမှပေးလှူတော် မူ၏။
ויאמר לעם ליושבי ירושלם לתת מנת הכהנים והלוים--למען יחזקו בתורת יהוה | 4 |
၄ထိုအပြင်ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ထာဝရဘုရား၏ပညတ် ကျမ်းပြဋ္ဌာန်းချက်များကိုအချိန်ပြည့် တာဝန်ယူဆောင်ရွက်နိုင်ကြစေခြင်းငှာ သူ တို့ခံယူထိုက်သောလှူဖွယ်ပစ္စည်းများကို ယေရုရှလင်မြို့သူမြို့သားတို့ယူဆောင် လာကြရန်အမိန့်ပေးတော်မူ၏။-
וכפרץ הדבר הרבו בני ישראל ראשית דגן תירוש ויצהר ודבש וכל תבואת שדה ומעשר הכל לרב הביאו | 5 |
၅အမိန့်တော်ကိုကြားလျှင်ကြားချင်းဣသရေလ ပြည်သူတို့သည်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ပျားရည်နှင့်အခြားလယ်ယာထွက်သီးနှံ လက်ဦးလက်ဖျားများ ကိုလည်းကောင်း၊ ရှိသမျှသောဥစ္စာများ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်းယူဆောင်လာ ကြလေသည်။-
ובני ישראל ויהודה היושבים בערי יהודה--גם הם מעשר בקר וצאן ומעשר קדשים המקדשים ליהוה אלהיהם הביאו ויתנו ערמות ערמות | 6 |
၆ယုဒမြို့များတွင်နေထိုင်သူအပေါင်းတို့သည် လည်း မိမိတို့၏သိုးနွားဆယ်ပုံတစ်ပုံနှင့် လှူဖွယ်ပစ္စည်းအမြောက်အမြားကိုယူဆောင် လာပြီးလျှင် ထာဝရဘုရားအားဆက်ကပ် လှူဒါန်းကြ၏။-
בחדש השלשי החלו הערמות ליסוד ובחדש השביעי כלו | 7 |
၇ထိုလှူဖွယ်ပစ္စည်းများသည်တတိယလမှ အစပြု၍ နောက်လေးလတိုင်တိုင်ဆက်လက် ရောက်ရှိလာကာစုပုံလျက်နေလေ၏။-
ויבאו יחזקיהו והשרים ויראו את הערמות ויברכו את יהוה ואת עמו ישראל | 8 |
၈မင်းကြီးနှင့်မှူးမတ်တို့သည်စုပုံလျက်နေ သောပစ္စည်းများကိုတွေ့မြင်ကြသောအခါ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ကိုယ်တော်၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အားချီးကူးကြကုန်၏။-
וידרש יחזקיהו על הכהנים והלוים--על הערמות | 9 |
၉မင်းကြီးသည်ထိုလှူဖွယ်ပစ္စည်းများနှင့် ပတ်သက်၍ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့အားမိန့်ကြားတော်မူသော အခါ၊-
ויאמר אליו עזריהו הכהן הראש--לבית צדוק ויאמר מהחל התרומה לביא בית יהוה אכול ושבוע והותר עד לרוב--כי יהוה ברך את עמו והנותר את ההמון הזה | 10 |
၁၀ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။
ויאמר יחזקיהו להכין לשכות בבית יהוה--ויכינו | 11 |
၁၁မင်းကြီး၏အမိန့်တော်အရဗိမာန်တော် အနီးတွင် ပစ္စည်းသိုလှောင်ခန်းများကိုပြင် ဆင်ပြီးလျှင်၊-
ויביאו את התרומה והמעשר והקדשים באמונה ועליהם נגיד כונניהו (כנניהו) הלוי ושמעי אחיהו משנה | 12 |
၁၂ထိုလှူဖွယ်ပစ္စည်းများနှင့်ဆယ်ပုံတစ်ပုံ အလှူများကိုသိမ်းဆည်းထားကြ၏။ သူ တို့သည်ပစ္စည်းသိုလှောင်ခန်းများအတွက် လေဝိအနွယ်ဝင်ကောနနိအားတာဝန်ခံ အဖြစ်ဖြင့်လည်းကောင်း၊ သူ၏ညီရှိမိအား လက်ထောက်တာဝန်ခံအဖြစ်ဖြင့်လည်း ကောင်းခန့်အပ်ကြလေသည်။-
ויחיאל ועזזיהו ונחת ועשהאל וירימות ויוזבד ואליאל ויסמכיהו ומחת ובניהו--פקידים מיד כונניהו (כנניהו) ושמעי אחיו במפקד יחזקיהו המלך ועזריהו נגיד בית האלהים | 13 |
၁၃သူတို့၏လက်အောက်တွင်အမှုထမ်းရန် လေဝိ အနွယ်ဝင်ဆယ်ဦးဖြစ်ကြသောယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ် နှင့်ဗေနာယတို့ကိုလည်းခန့်ထားကြ၏။ ဤရာထူးများကိုဟေဇကိမင်းနှင့်ယဇ် ပုရောဟိတ်မင်းအာဇရိတို့၏အမိန့်အရ ခန့်ထားခြင်းဖြစ်သတည်း။-
וקורא בן ימנה הלוי השוער למזרחה על נדבות האלהים--לתת תרומת יהוה וקדשי הקדשים | 14 |
၁၄လေဝိအနွယ်ဝင်ဣမန၏သား၊ ဗိမာန်တော် အရှေ့တံခါးမှူးကောရသည်ထာဝရဘုရား အား ပေးလှူသည့်ပူဇော်သကာများကိုလက် ခံရန်နှင့်ဝေမျှရန်တာဝန်ယူဆောင်ရွက်ရ၏။-
ועל ידו עדן ומנימן וישוע ושמעיהו אמריהו ושכניהו בערי הכהנים--באמונה לתת לאחיהם במחלקות כגדול כקטן | 15 |
၁၅ယဇ်ပုရောဟိတ်များနေထိုင်ရာအခြားမြို့ များ၌ အခြားလေဝိအနွယ်ဝင်များဖြစ် ကြသောဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိနှင့်ရှေကနိတို့ကကောရအား သစ္စာရှိစွာကူညီဆောင်ရွက်ပေးကြလေသည်။ သူတို့သည်မိမိတို့၏ညီအစ်ကိုလေဝိ အနွယ်ဝင်တို့အား သားချင်းစုအလိုက် မဟုတ်ဘဲသူတို့ထမ်းဆောင်ရသည့်တာဝန် ဝတ္တရားများအလိုက် ထိုလှူဖွယ်ပစ္စည်းများ ကိုခွဲဝေပေးကြရ၏။ မိမိတို့ရာထူး အလိုက်ဗိမာန်တော်တွင်နေ့စဉ် တာဝန် ထမ်းဆောင်ရသူအသက်သုံးဆယ်နှင့် အထက်ရှိသူအပေါင်းတို့သည်ဝေစု တစ်စုစီရရှိကြလေသည်။-
מלבד התיחשם לזכרים מבן שלוש שנים ולמעלה לכל הבא לבית יהוה לדבר יום ביומו--לעבודתם במשמרותם כמחלקותיהם | 16 |
၁၆
ואת התיחש הכהנים לבית אבותיהם והלוים מבן עשרים שנה ולמעלה--במשמרותיהם במחלקותיהם | 17 |
၁၇ယဇ်ပုရောဟိတ်များသည်မိမိတို့သား ချင်းစုအလိုက် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရကြ၍အသက်နှစ်ဆယ်နှင့် အထက်ရှိလေဝိအနွယ်ဝင်များမှာမူ လုပ်ငန်း အဖွဲ့များအလိုက်တာဝန်ထမ်းဆောင်ကြ ရ၏။-
ולהתיחש בכל טפם נשיהם ובניהם ובנותיהם--לכל קהל כי באמונתם יתקדשו קדש | 18 |
၁၈ထိုသူအပေါင်းတို့သည်မိမိတို့အတွက် သီးသန့်ထားသောတာဝန်ဝတ္တရားများကို အချိန်မရွေးထမ်းဆောင်ရန်အသင့်ရှိအပ် သည်ဖြစ်၍ သားမယားများနှင့်တကွ အခြားမှီခိုသူများနှင့်အတူမှတ်ပုံ တင်ထားရကြလေသည်။-
ולבני אהרן הכהנים בשדי מגרש עריהם בכל עיר ועיר אנשים אשר נקבו בשמות--לתת מנות לכל זכר בכהנים ולכל התיחש בלוים | 19 |
၁၉အာရုန်မှဆင်းသက်လာသူတို့အားနေရာ ချထားသည့်မြို့များ၌ဖြစ်စေ၊ ထိုမြို့တို့ နှင့်သက်ဆိုင်သည့်စားကျက်များ၌ဖြစ်စေ နေထိုင်သူယဇ်ပုရောဟိတ်များတွင်ရိက္ခာ ခွဲဝေမှုတာဝန်ခံများရှိ၏။ သူတို့သည်ယဇ် ပုရောဟိတ်များ၏အိမ်ထောင်စုဝင်ယောကျာ်း မှန်သမျှနှင့် လေဝိသားချင်းစုစာရင်း ဝင်သူမှန်သမျှတို့အားစားနပ်ရိက္ခာ များကိုခွဲဝေပေးကြ၏။
ויעש כזאת יחזקיהו בכל יהודה ויעש הטוב והישר והאמת לפני יהוה אלהיו | 20 |
၂၀ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။-
ובכל מעשה אשר החל בעבודת בית האלהים ובתורה ובמצוה לדרש לאלהיו--בכל לבבו עשה והצליח | 21 |
၂၁သူသည်ဗိမာန်တော်အတွက်ပြုလေသမျှ သောအမှုတို့တွင်လည်းကောင်း၊ ပညတ်တော် ကိုစောင့်ထိန်းရာ၌လည်းကောင်း၊ မိမိ၏ ဘုရားသခင်အားစိတ်ရောကိုယ်ပါ ဆည်း ကပ်လျက်ပြုတော်မူသည့်အတွက်အောင် မြင်ထမြောက်တော်မူ၏။