< דברי הימים ב 26 >
ויקחו כל עם יהודה את עזיהו והוא בן שש עשרה שנה וימליכו אתו תחת אביו אמציהו | 1 |
၁ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည်၊ အသက် တဆယ် ခြောက် နှစ်ရှိသောသား တော်ဩဇိ ကို ယူ ၍ ခမည်းတော် အာမဇိ အရာ ၌ နန်းတင် ကြ၏။
הוא בנה את אילות וישיבה ליהודה אחרי שכב המלך עם אבתיו | 2 |
၂ထိုမင်း သည် ခမည်းတော် သေ သောနောက် ၊ ဧလုတ် မြို့ကို ပြုစု ၍ ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏။
בן שש עשרה שנה עזיהו במלכו וחמשים ושתים שנה מלך בירושלם ושם אמו יכיליה (יכליה) מן ירושלם | 3 |
၃ဩဇိ သည် အသက် တဆယ် ခြောက် နှစ်ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ ငါးဆယ် နှစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယေခေါလိ အမည် ရှိ၏။
ויעש הישר בעיני יהוה ככל אשר עשה אמציהו אביו | 4 |
၄ထိုမင်း သည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏။
ויהי לדרש אלהים בימי זכריהו המבין בראת האלהים ובימי דרשו את יהוה הצליחו האלהים | 5 |
၅ဘုရားသခင် ၏ဗျာဒိတ် ရူပါရုံကို နားလည် သော ဇာခရိ လက်ထက် ၌ ၊ ဩဇိမင်းသည် ဘုရားသခင် ကို ဆည်းကပ် ၏။ ထာဝရဘုရား ကို ဆည်းကပ် သော ကာလ ပတ်လုံး၊ ဘုရားသခင် သည် အကြံ ထမြောက်ရသောအခွင့်ကိုပေးတော်မူ၏။
ויצא וילחם בפלשתים ויפרץ את חומת גת ואת חומת יבנה ואת חומת אשדוד ויבנה ערים באשדוד ובפלשתים | 6 |
၆ထိုမင်းသည် စစ်ချီ ၍ ဖိလိတ္တိ လူတို့ကို တိုက် သဖြင့် ၊ ဂါသ မြို့ရိုး ၊ ယာဗနေ မြို့ရိုး ၊ အာဇုတ် မြို့ရိုး တို့ကို ဖြိုဖျက် ပြီးမှ ၊ အာဇုတ် မြို့ပတ်လည် ၊ ဖိလိတ္တိ ပြည်အရပ်ရပ်၌ မြို့ သစ်တို့ကို တည်ထောင် လေ၏။
ויעזרהו האלהים על פלשתים ועל הערביים (הערבים) הישבים בגור בעל--והמעונים | 7 |
၇ဘုရားသခင် သည် ဖိလိတ္တိ လူ၊ ဂုရဗာလ မြို့မှာ နေ သောအာရပ် လူ၊ မဟုနိမ် လူတို့တစ်ဘက် ၌ သူ့ ကို မစ တော်မူ၏။
ויתנו העמונים מנחה לעזיהו וילך שמו עד לבוא מצרים כי החזיק עד למעלה | 8 |
၈အမ္မုန် အမျိုးသားတို့သည်လည်း ၊ ဩဇိ မင်းအား လက်ဆောင် ပဏ္ဏာတို့ကို ဆက် ကြ၏။ သူသည် အလွန် ကိုယ်ကိုယ်ခိုင်ခံ့ စေသဖြင့် ၊ သိတင်း တော်သည် အဲဂုတ္တု ပြည်တိုင်အောင် ကျော်စော လေ၏။
ויבן עזיהו מגדלים בירושלם על שער הפנה ועל שער הגיא ועל המקצוע ויחזקם | 9 |
၉ဩဇိ မင်းသည် ယေရုရှလင် မြို့ ထောင့် တံခါး ၊ ချိုင့် တံခါး ၊ မြို့ရိုးကွေ့ တံခါး၌ ရဲတိုက် တို့ကို တည် ၍ ခိုင်ခံ့ စေ၏။
ויבן מגדלים במדבר ויחצב ברות רבים--כי מקנה רב היה לו ובשפלה ובמישור אכרים וכרמים בהרים ובכרמל--כי אהב אדמה היה | 10 |
၁၀တော ၌ လည်း ရဲတိုက် တို့ကို တည် ၏။ ရေတွင်း များ ကိုလည်း တူး ၏။ ချိုင့်ဝှမ်း ရာအရပ် နှင့် မြေညီ ရာ အရပ်၌ များစွာ သော သိုး နွားတို့ကို ဆည်းဖူး၍ တောင် အရပ်၊ မြေ ကောင်းသောအရပ်၌ လယ် လုပ်သောသူနှင့် စပျစ် ဥယျာဉ် ပြုစုသောသူတို့ကိုလည်း စေစား၏။ ထိုသို့ သော အမှုများကို ဝါသနာ ရှိ ၏။
ויהי לעזיהו חיל עשה מלחמה יוצאי צבא לגדוד במספר פקדתם ביד יעואל (יעיאל) הסופר ומעשיהו השוטר--על יד חנניהו משרי המלך | 11 |
၁၁ဩဇိ မင်း၌ တပ်စာရေး ယေယေလ နှင့် တပ် အုပ် မာသေယ တို့သည် စာရင်း ယူ သည်အတိုင်း ၊ ရှင်ဘုရင် ၏ ဗိုလ်မင်း ဟာနနိ သည် စီရင် ၍ ၊ အသီးအသီး တပ် ဖွဲ့ သော စစ်သူရဲ ဗိုလ်ခြေများရှိ ကြ၏။
כל מספר ראשי האבות לגבורי חיל--אלפים ושש מאות | 12 |
၁၂ထိုသို့ခွန်အား ကြီးသော သူရဲ အဆွေအမျိုး အလိုက် အကြီးအကဲ လုပ်သော သူပေါင်းကား၊ နှစ်ထောင် ခြောက် ရာ တည်း။
ועל ידם חיל צבא שלש מאות אלף ושבעת אלפים וחמש מאות עושי מלחמה בכח חיל--לעזר למלך על האויב | 13 |
၁၃ထိုသို့ အကြီးအကဲလုပ်သောသူ၊ ရန်သူ တဘက် ၌ ရှင်ဘုရင် ကို ထောက်မ ခြင်းငှါ ၊ ကြီး သောခွန်အားနှင့် စစ်တိုက် သောသူရဲပေါင်းကား၊ သုံး သိန်းခုနစ် ထောင် ငါးရာ တည်း။
ויכן להם עזיהו לכל הצבא מגנים ורמחים וכובעים ושרינות וקשתות--ולאבני קלעים | 14 |
၁၄ဩဇိ မင်းသည်လည်း ၊ ဗိုလ်ခြေ အပေါင်း တို့အဘို့ ဒိုင်း လွှား၊ လှံ ၊ သံ ခမောက်လုံး၊ သံချပ် ၊ လေး ၊ ကျောက် နှင့် ပစ်စရာ လောက်လွှဲ တို့ကို ပြင်ဆင် လေ၏။
ויעש בירושלם חשבנות מחשבת חושב להיות על המגדלים ועל הפנות לירוא בחצים ובאבנים גדלות ויצא שמו עד למרחוק כי הפליא להעזר עד כי חזק | 15 |
၁၅လိမ္မာ သောသူတို့သည် ဉာဏ် ရှာ၍လုပ် သော ယန္တရား စက်တို့ကိုလည်း ၊ ယေရှုရှလင် မြို့ရဲတိုက် ၊ မြို့ပြအိုး အပေါ်က မြှား နှင့် ကျောက် ကြီး ကို ပစ် စရာဘို့ ပြင်ဆင်လေ၏။ ထိုသို့တန်ခိုး ကြီးအောင် အထူးသဖြင့်မစ ခြင်းကိုခံရသည်ဖြစ်၍၊ သိတင်း တော်သည် အနှံ့အပြား ကျော်စော၏။
וכחזקתו גבה לבו עד להשחית וימעל ביהוה אלהיו ויבא אל היכל יהוה להקטיר על מזבח הקטרת | 16 |
၁၆ဩဇိ မင်းသည် တန်ခိုး ကြီးသောအခါ ၊ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသောစိတ် ထသဖြင့်၊ မိမိ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နံ့သာပေါင်း ကို မီးရှို့ရာ ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ၊ ထာဝရဘုရား ၏ ဗိမာန် တော်ထဲသို့ ဝင် လေ၏။
ויבא אחריו עזריהו הכהן ועמו כהנים ליהוה שמונים--בני חיל | 17 |
၁၇ယဇ်ပုရောဟိတ် အာဇရိ သည် ရဲရင့်ခြင်းသတ္တိ ရှိသောထာဝရဘုရား ၏ အမှုတော် ထမ်းယဇ်ပုရောဟိတ် ရှစ်ကျိပ် တို့နှင့်တကွ ၊ ရှင်ဘုရင်ဩဇိနောက် တော်သို့ လိုက် ၍၊
ויעמדו על עזיהו המלך ויאמרו לו לא לך עזיהו להקטיר ליהוה--כי לכהנים בני אהרן המקדשים להקטיר צא מן המקדש כי מעלת ולא לך לכבוד מיהוה אלהים | 18 |
၁၈ဆီးတား သဖြင့် ၊ အိုဩဇိ မင်း ၊ ကိုယ်တော်သည် ထာဝရဘုရား အား နံ့သာပေါင်း ကို မီးရှို့ခြင်းအမှုနှင့် မ ဆိုင်ပါ။ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ ၊ ခန့်ထား သောအာရုန် သား ယဇ် ပုရောဟိတ်တို့သာ ထိုအမှုနှင့် ဆိုင်ကြပါ၏။ သန့်ရှင်း ရာဌာနထဲက ထွက် သွားလော့။ ကိုယ်တော်သည် ပြစ်မှား ပြီ။ ထာဝရ အရှင် ဘုရားသခင့် ရှေ့တော်၌ ကိုယ်တော် အသရေ ပျက် လိမ့်မည်ဟု ဆိုကြ လျှင်၊
ויזעף עזיהו ובידו מקטרת להקטיר ובזעפו עם הכהנים והצרעת זרחה במצחו לפני הכהנים בבית יהוה מעל למזבח הקטרת | 19 |
၁၉ဩဇိ မင်းသည် ဒေါသ စိတ်ရှိ၍ ၊ နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ၊ လင်ပန်း ကိုကိုင် လျက် ၊ ယဇ် ပုရောဟိတ်တို့ကို အမျက်ထွက် လျှင် ၊ ဗိမာန် တော်တွင် နံ့သာပေါင်း ကို မီးရှို့ရာယဇ် ပလ္လင်၏ အနား ၊ ယဇ်ပုရောဟိတ် တို့ ရှေ့ မှာ၊ နူနာ သည် ရှင် ဘုရင်နဖူး ၌ ပေါ် လေ၏။
ויפן אליו עזריהו כהן הראש וכל הכהנים והנה הוא מצרע במצחו ויבהלוהו משם וגם הוא נדחף לצאת כי נגעו יהוה | 20 |
၂၀ယဇ်ပုရောဟိတ် မင်း နှင့် ယဇ်ပုရောဟိတ် အပေါင်း တို့သည် ကြည့်ရှု ၍၊ နဖူး တော်၌ နူနာ စွဲသည် ကိုမြင် လျှင် ၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ၊ အလျင်အမြန် ထွက် လေ၏။
ויהי עזיהו המלך מצרע עד יום מותו וישב בית החפשות (החפשית) מצרע--כי נגזר מבית יהוה ויותם בנו על בית המלך שופט את עם הארץ | 21 |
၂၁ထိုသို့ ဩဇိ မင်းကြီးသည် သေ သည်တိုင်အောင် နူနာ စွဲ၍ ၊ ခြားနား သောနန်း ၌နေ ရ၏။ ဗိမာန် တော်သို့ ဝင်သော အခွင့်ကို မရ။ သား တော်ယောသံ သည် နန်းတော် ကို အုပ်စိုး ၍ နိုင်ငံတော်မှုကိုစီရင်ရ၏။
ויתר דברי עזיהו הראשנים והאחרנים--כתב ישעיהו בן אמוץ הנביא | 22 |
၂၂ဩဇိ ပြုမူသောအမှု အရာ ကြွင်း လေသမျှ အစ အဆုံး တို့ကို၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် ရေး ထားလေ၏။
וישכב עזיהו עם אבתיו ויקברו אתו עם אבתיו בשדה הקבורה אשר למלכים--כי אמרו מצורע הוא וימלך יותם בנו תחתיו | 23 |
၂၃ဩဇိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သူ တို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံရသော်လည်း ၊ လူနူ ဖြစ်သောကြောင့် ၊ ရှင်ဘုရင် တို့ သင်္ချိုင်း နှင့်ဆိုင် သောမြေ အကွက်၌ သာ သင်္ဂြိုလ်ကြ၏။ သား တော်ယောသံ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။