< שמואל א 17 >

ויאספו פלשתים את מחניהם למלחמה ויאספו שכה אשר ליהודה ויחנו בין שוכה ובין עזקה באפס דמים 1
ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ များကို နှိုးဆော်၍ ယုဒ ခရိုင် ရှောခေါ မြို့၌ စုဝေး သဖြင့် ၊ ရှောခေါ မြို့နှင့် အဇေကာ မြို့စပ်ကြား ဒမိမ် အရပ်မှာ တပ်ချ ကြ၏။
ושאול ואיש ישראל נאספו ויחנו בעמק האלה ויערכו מלחמה לקראת פלשתים 2
ရှောလု နှင့် ဣသရေလ လူ တို့သည် စုဝေး ၍ ဧလာချိုင့် နားမှာ တပ်ချ ၍ ဖိလိတ္တိ လူတို့ကို တိုက် မည်ဟု စစ်ခင်းကျင်း ကြ၏။
ופלשתים עמדים אל ההר מזה וישראל עמדים אל ההר מזה והגיא ביניהם 3
ဖိလိတ္တိ လူအချို့တို့သည် ချိုင့်တစ်ဘက်၌ တောင် ပေါ် မှာရပ် လျက်၊ ဣသရေလ လူအချို့တို့သည် ချိုင့် တစ်ဘက် ၌ တောင် ပေါ် မှာ ရပ် လျက်ရှိကြ၏။
ויצא איש הבנים ממחנות פלשתים גלית שמו מגת גבהו שש אמות וזרת 4
ခြောက် တောင် နှင့် တထွာ အရပ် မြင့်သော ဂါသ မြို့သားဂေါလျတ် အမည် ရှိသောသူရဲသည် ဖိလိတ္တိ တပ် ထဲက ထွက် လာ၏။
וכובע נחשת על ראשו ושריון קשקשים הוא לבוש ומשקל השריון--חמשת אלפים שקלים נחשת 5
သူသည် ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကို ဆောင်း၍ အခွက်ငါးဆယ်အချိန် ရှိသောကြေးဝါချပ်အင်္ကျီကို ဝတ် ၏။
ומצחת נחשת על רגליו וכידון נחשת בין כתפיו 6
ကြေးဝါ ခြေ စွပ်ကို စွပ်လျက် ပခုံး ကြား မှာ ကြေးဝါ ကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။
וחץ (ועץ) חניתו כמנור ארגים ולהבת חניתו שש מאות שקלים ברזל ונשא הצנה הלך לפניו 7
လှံ ရိုး ကား ရက်ကန်း လက်လိပ်နှင့်အမျှ ကြီး၏။ လှံ ကိုယ်ကား သံ ခြောက် ပိဿာ အချိန်ရှိ၏။ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူတယောက်သည် သွား ရ၏။
ויעמד ויקרא אל מערכת ישראל ויאמר להם למה תצאו לערך מלחמה הלוא אנכי הפלשתי ואתם עבדים לשאול--ברו לכם איש וירד אלי 8
ထိုသူရဲသည် ရပ် လျက် သင်တို့သည် စစ် ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက် လာကြသနည်း။ ငါ သည် ဖိလိတ္တိ လူ၊ သင် တို့သည် ရှောလု ၏ ကျွန် ဖြစ်ကြသည် မ ဟုတ်လော။ လူ တယောက်ကို ရွေးကောက် ၍ ငါ နှင့်တိုက်ခြင်းငှါလာ ပါစေ။
אם יוכל להלחם אתי והכני--והיינו לכם לעבדים ואם אני אוכל לו והכיתיו--והייתם לנו לעבדים ועבדתם אתנו 9
သူသည် ငါ့ ကို တိုက် ၍ သတ် နိုင် လျှင် ငါတို့သည် သင် တို့၏ ကျွန် ခံ မည်။ သို့မဟုတ်ထိုသူ ကို ငါ နိုင် ၍ သတ် လျှင် ၊ သင်တို့သည် ငါ တို့၏ ကျွန် ခံ ၍ ငါ တို့အမှု ကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေ တို့ကို ဟစ် ၍ ပြော ဆို၏။
ויאמר הפלשתי אני חרפתי את מערכות ישראל היום הזה תנו לי איש ונלחמה יחד 10
၁၀တဖန် ထိုဖိလိတ္တိ လူက၊ ဣသရေလ ဗိုလ်ခြေ တို့ကို ယနေ့ ငါ ကြိမ်းပ ၏။ လူချင်းတိုက် စေခြင်းငှါလူ တယောက်ကို ပေး ကြလော့ဟု ဆို ၏။
וישמע שאול וכל ישראל את דברי הפלשתי האלה ויחתו ויראו מאד 11
၁၁ဖိလိတ္တိ လူပြောသော ထို စကား ကို ရှောလု နှင့် ဣသရေလ လူအပေါင်း တို့သည် ကြား လျှင် စိတ်ပျက် ၍ အလွန် ကြောက်ရွံ့ ကြ၏။
ודוד בן איש אפרתי הזה מבית לחם יהודה ושמו ישי ולו שמנה בנים והאיש בימי שאול זקן בא באנשים 12
၁၂ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်သော ဒါဝိဒ် ၏ အဘယေရှဲ သည် သား ရှစ် ယောက် ရှိ၏။ ရှောလု လက်ထက် ၌ ထိုသူသည် အသက် ကြီးသောသူ ၏ အရာရှိ၏။
וילכו שלשת בני ישי הגדלים--הלכו אחרי שאול למלחמה ושם שלשת בניו אשר הלכו במלחמה--אליאב הבכור ומשנהו אבינדב והשלשי שמה 13
၁၃ယေရှဲ ၏သား တို့တွင် အသက် အကြီးဆုံး သောသူ သုံး ယောက်တို့သည် စစ်မှု ကို ထမ်း၍ ရှောလု နောက် သို့ လိုက် ကြ၏။ သူတို့အမည် ကား သားဦး ဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ တည်း။
ודוד הוא הקטן ושלשה הגדלים הלכו אחרי שאול 14
၁၄ဒါဝိဒ် သည် အငယ်ဆုံး သော သားဖြစ်၏။ သားကြီး သုံး ယောက်တို့သည် ရှောလု နောက် တော်သို့ လိုက် ကြသော်လည်း၊
ודוד הלך ושב מעל שאול לרעות את צאן אביו בית לחם 15
၁၅ဒါဝိဒ် သည် မလိုက်၊ ဗက်လင် မြို့မှာ မိမိ အဘ ၏ သိုး တို့ကို ထိန်းကျောင်း ခြင်းငှါ ပြန် သွားလေ၏။
ויגש הפלשתי השכם והערב ויתיצב ארבעים יום 16
၁၆ဖိလိတ္တိ လူသည် အရက် လေး ဆယ်ပတ်လုံး၊ နံနက် တခါ၊ ညဦး တခါ ချဉ်းကပ် ၍ ကိုယ်ကို ပြ ၏။
ויאמר ישי לדוד בנו קח נא לאחיך איפת הקליא הזה ועשרה לחם הזה והרץ המחנה לאחיך 17
၁၇ထိုအခါ ယေရှဲ သည် မိမိ သား ဒါဝိဒ် ကို ခေါ်၍၊ သင့် အစ်ကို တို့အဘို့ ဤ ပေါက်ပေါက် တဧဖာ နှင့် ဤ မုန့် ဆယ် လုံးတို့ကို ယူ ၍ အစ်ကို တို့ရှိရာတပ် တော်သို့ ပြေး သွားလော့။
ואת עשרת חרצי החלב האלה תביא לשר האלף ואת אחיך תפקד לשלום ואת ערבתם תקח 18
၁၈ဤ ဒိန်ခဲ ဆယ် လုံးကိုလည်း ယူ ၍ သူတို့တပ်မှူး အား ဆက်လော့။ သင့် အစ်ကို တို့သည် ကျန်းမာ ခြင်း ရှိသည် မရှိသည်ကို ကြည့်ရှု ပြီးမှ ၊ သူ တို့ထံမှာသက်သေ တစုံတခုကို ခံယူ လော့ဟုမှာ လိုက်လေ၏။
ושאול והמה וכל איש ישראל בעמק האלה נלחמים עם פלשתים 19
၁၉ထိုကာလ၌ ရှောလု မှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလ လူ အပေါင်း တို့သည် ဧလာချိုင့် မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် လျက် ရှိကြ၏။
וישכם דוד בבקר ויטש את הצאן על שמר וישא וילך כאשר צוהו ישי ויבא המעגלה והחיל היצא אל המערכה והרעו במלחמה 20
၂၀ဒါဝိဒ် သည် နံနက် စောစောထ ၍ သိုး တို့ကို သိုးထိန်း ၌ အပ် ပြီးလျှင် ၊ အဘမှာ လိုက်သည် အတိုင်း စားစရာကိုယူသွား၍၊ ရိက္ခါလှည်းထားရာသို့ ရောက် သောအခါ၊
ותערך ישראל ופלשתים מערכה לקראת מערכה 21
၂၁ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိ တပ်သားတို့သည် စစ်ခင်းကျင်း ၍ စစ် တလင်းသို့ ချီ လျက် ၊ စစ်တိုက် မည်အသံနှင့် ကြွေးကြော် ကြ၏။
ויטש דוד את הכלים מעליו על יד שומר הכלים וירץ המערכה ויבא וישאל לאחיו לשלום 22
၂၂ဒါဝိဒ် သည် မိမိ ၌ ပါသောအရာ တို့ကို ရိက္ခါ စောင့် လက် ၌ အပ် ထားပြီးလျှင် ၊ တပ်သားစုထဲသို့ ပြေး ၍ မိမိ အစ်ကို တို့ကို နှုတ်ဆက် ၏။
והוא מדבר עמם והנה איש הבנים עולה גלית הפלשתי שמו מגת ממערות (ממערכות) פלשתים וידבר כדברים האלה וישמע דוד 23
၂၃သူ တို့နှင့် ပြော စဉ်တွင်၊ ဖိလိတ္တိ လူ၊ ဂါသ မြို့သားဂေါလျတ် အမည်ရှိသောသူရဲသည်ဖိလိတ္တိ တပ် ထဲက ထွက် လာ၍ ယမန်ကဲ့သို့ ပြောဆို သည်ကို ဒါဝိဒ် သည် ကြား လေ၏။
וכל איש ישראל בראותם את האיש וינסו מפניו וייראו מאד 24
၂၄ဣသရေလ လူ အပေါင်း တို့သည် ထိုသူ ကို မြင် သောအခါ အလွန် ကြောက်ရွံ့ ၍ ပြေး ကြ၏။
ויאמר איש ישראל הראיתם האיש העלה הזה--כי לחרף את ישראל עלה והיה האיש אשר יכנו יעשרנו המלך עשר גדול ואת בתו יתן לו ואת בית אביו יעשה חפשי בישראל 25
၂၅အချို့တို့ကလည်း၊ ထို လူ ထွက် လာသည်ကို မြင် သလော။ ဣသရေလ အမျိုးကို ကြိမ်းပ လျက်ထွက် လာ ပါသည်တကား။ သူ့ ကိုသတ် သော သူအား ရှင် ဘုရင်သည် ကြီး သော စည်းစိမ် နှင့် ချီးမြှောက် ၍ သမီး တော်ကိုလည်း ပေးစား တော်မူမည်။ ထိုသူ ၏ အဆွေအမျိုး ကိုလည်း ဣသရေလ နိုင်ငံတွင် မင်းမှုလွှတ် တော်မူမည်ဟု ပြောဆို ကြ၏။
ויאמר דוד אל האנשים העמדים עמו לאמר מה יעשה לאיש אשר יכה את הפלשתי הלז והסיר חרפה מעל ישראל כי מי הפלשתי הערל הזה כי חרף מערכות אלהים חיים 26
၂၆ဒါဝိဒ် ကလည်း ၊ ထိုဖိလိတ္တိ လူကို သတ် ၍ ဣသရေလ အမျိုးခံသော အရှက်ကွဲ ခြင်းကို ပယ်ရှင်း သော သူသည် အဘယ် အကျိုး ကို ရလိမ့်မည်နည်း။ အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ ရမည်အကြောင်း ၊ အရေဖျား လှီးခြင်းကို မခံသော ထိုဖိလိတ္တိ လူသည် အဘယ်သို့ သောသူဖြစ် သနည်းဟု မိမိ အနား မှာရှိ သောသူတို့ အား မေးမြန်း လျှင်၊
ויאמר לו העם כדבר הזה לאמר כה יעשה לאיש אשר יכנו 27
၂၇သူတို့က၊ ထိုလူကို သတ် သော သူ သည် ဤ မည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြော ကြ၏။
וישמע אליאב אחיו הגדול בדברו אל האנשים ויחר אף אליאב בדוד ויאמר למה זה ירדת ועל מי נטשת מעט הצאן ההנה במדבר--אני ידעתי את זדנך ואת רע לבבך כי למען ראות המלחמה ירדת 28
၂၈ထိုသူတို့နှင့် ဒါဝိဒ်ပြော သည်ကို အစ်ကို အကြီး ဧလျာဘ ကြား လျှင် ဒါဝိဒ် ကို အမျက် ထွက် ၍ ၊ သင်သည် အဘယ်ကြောင့် ဤ အရပ်သို့ လာ သနည်း။ ထို နည်း သော သိုး တို့ကို တော တွင် အဘယ်သူ လက်၌ အပ် ခဲ့သနည်း။ သင့် မာန ကြီးခြင်း၊ သင့် စိတ် နှလုံးဆိုးညစ် ခြင်းကို ငါ သိ ၏။ စစ်ပွဲ ကို ကြည့်ရှု ခြင်းငှါ သာ လာ ပြီဟု ဆို ၏။
ויאמר דוד מה עשיתי עתה הלוא דבר הוא 29
၂၉ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် အဘယ် အမှုကို ပြု မိသနည်း။ ယခု ပြော စရာ အကြောင်းမ ရှိလော ဟု ဆို သောနောက်၊
ויסב מאצלו אל מול אחר ויאמר כדבר הזה וישבהו העם דבר כדבר הראשון 30
၃၀အခြား သောသူတို့ထံသို့ လှည့် ၍ ယမန်ကဲ့သို့ မေးမြန်း လျှင် ၊ သူတို့သည် ရှေ့အတူ ပြန် ပြောကြ၏။
וישמעו הדברים אשר דבר דוד ויגדו לפני שאול ויקחהו 31
၃၁ထိုသို့ ဒါဝိဒ် ပြော သော စကား ကို ကြား သောသူတို့ သည် ရှောလု ထံ တော်၌ ကြား လျှောက်သော်၊ ဒါဝိဒ်ကို ခေါ် တော်မူ၏။
ויאמר דוד אל שאול אל יפל לב אדם עליו עבדך ילך ונלחם עם הפלשתי הזה 32
၃၂ဒါဝိဒ် ကလည်း ထိုလူကြောင့် အဘယ်သူ မျှစိတ် မ ပျက် ပါစေနှင့်။ ကိုယ်တော် ကျွန် သွား ၍ ထို ဖိလိတ္တိ လူကို တိုက် ပါမည်ဟု ရှောလု အား လျှောက် လျှင်၊
ויאמר שאול אל דוד לא תוכל ללכת אל הפלשתי הזה להלחם עמו כי נער אתה והוא איש מלחמה מנעריו 33
၃၃ရှောလု က၊ သင်သည် ထို ဖိလိတ္တိ လူကို သွား၍ မ တိုက် နိုင်။။ သင် သည် နုပျို သောသူဖြစ်၏။ ထိုသူ သည် ပျို သောအရွယ်မှစ၍ စစ် သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ် အား ဆို သော်၊
ויאמר דוד אל שאול רעה היה עבדך לאביו בצאן ובא הארי ואת הדוב ונשא שה מהעדר 34
၃၄ဒါဝိဒ် က၊ ကိုယ်တော် ကျွန် သည် အဘ ၏ သိုး တို့ကို ထိန်း ကျောင်းစဉ် အခါ၊ ခြင်္သေ့ နှင့် ဝံ သည်လာ ၍ သိုးသငယ် ကို သိုးစု ထဲက ကိုက်ချီ ပါ၏။
ויצאתי אחריו והכתיו והצלתי מפיו ויקם עלי--והחזקתי בזקנו והכתיו והמיתיו 35
၃၅ကျွန်တော်လိုက် ၍ သတ် သဖြင့် သိုးသငယ်ကို သူ့ ပစပ် ထဲက နှုတ် ပါ၏။ ဝံသည် ကျွန်တော် ကို ပြန် ၍ ကိုက်သောအခါ ၊ ဝံ၏မုတ်ဆိတ် ကို ကိုင် ၍ ရိုက် သတ် ပါ၏။
גם את הארי גם הדב הכה עבדך והיה הפלשתי הערל הזה כאחד מהם כי חרף מערכת אלהים חיים 36
၃၆ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ၊ ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။
ויאמר דוד יהוה אשר הצלני מיד הארי ומיד הדב הוא יצילני מיד הפלשתי הזה ויאמר שאול אל דוד לך ויהוה יהיה עמך 37
၃၇ခြင်္သေ့ လက် ၊ ဝံ လက် မှ ကျွန်တော် ကို ကယ်နှုတ် တော်မူသော ထာဝရဘုရား သည်၊ ထို ဖိလိတ္တိ လူလက် မှ ကယ်နှုတ် တော်မူလိမ့်မည်ဟု ရှောလုအား လျှောက် လေသော် ၊ ရှောလု ကသွား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု ဒါဝိဒ် အား ဆို လေ၏။
וילבש שאול את דוד מדיו ונתן קובע נחשת על ראשו וילבש אתו שריון 38
၃၈ရှောလု သည်လည်း ဒါဝိဒ် ကို မိမိ အဝတ် နှင့်ဝတ် စေသဖြင့် ၊ သူ ၏ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကိုတင် ၍ ၊ သံချပ် အင်္ကျီကိုလည်း ဝတ် စေ၏။
ויחגר דוד את חרבו מעל למדיו ויאל ללכת כי לא נסה ויאמר דוד אל שאול לא אוכל ללכת באלה כי לא נסיתי ויסרם דוד מעליו 39
၃၉ဒါဝိဒ် သည် ထား တော်ကို အဝတ် ပေါ် မှာ စည်း ၍ သွား မည်ဟု အားထုတ် သော်လည်း၊ ထိုလက်နက်များကို မ စုံစမ်း သေး။ သို့ဖြစ်၍ ဒါဝိဒ် က ဤ လက်နက်တို့နှင့် ကျွန်တော်မ သွား နိုင် ပါ၊ မ စုံစမ်း ပါသေး ဟု ရှောလု အား လျှောက် ၍ ချွတ် ပြန်လေ၏။
ויקח מקלו בידו ויבחר לו חמשה חלקי אבנים מן הנחל וישם אתם בכלי הרעים אשר לו ובילקוט--וקלעו בידו ויגש אל הפלשתי 40
၄၀တဖန် မိမိ တောင်ဝေး ကို ကိုင် လျက် ၊ ချော သောကျောက် ငါး လုံးကို ချောင်း ထဲက ရွေး ၍ ၊ သိုးထိန်း တန်ဆာတည်းဟူသောလွယ်အိတ် ၌ ထည့် ပြီးမှ၊ လောက်လွှဲ ကိုလည်း ကိုင်၍ ဖိလိတ္တိ လူရှိရာသို့ ချဉ်း လေ၏။
וילך הפלשתי הלך וקרב אל דוד והאיש נשא הצנה לפניו 41
၄၁ဖိလိတ္တိ လူသည်လည်း ဒါဝိဒ် ရှိရာသို့ ချဉ်း ၍ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူလည်း သွား ၏။
ויבט הפלשתי ויראה את דוד ויבזהו כי היה נער ואדמני עם יפה מראה 42
၄၂ဖိလိတ္တိ လူသည် ကြည့် ၍ ဒါဝိဒ် ကို မြင် သောအခါ မထီမဲ့မြင် ပြု၏။ အကြောင်း မူကား၊ သူသည် နုပျို သောသူ၊ ဆံပင်နီ ၍ မျက်နှာ လှ သောသူဖြစ် ၏။
ויאמר הפלשתי אל דוד הכלב אנכי כי אתה בא אלי במקלות ויקלל הפלשתי את דוד באלהיו 43
၄၃ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ၊ ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် ၊ မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။
ויאמר הפלשתי אל דוד לכה אלי--ואתנה את בשרך לעוף השמים ולבהמת השדה 44
၄၄တဖန် ဖိလိတ္တိ လူက လာ ခဲ့။ သင့် အသား ကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ငါပေး မည်ဟု ဒါဝိဒ် ကို ဆို ၏။
ויאמר דוד אל הפלשתי אתה בא אלי בחרב ובחנית ובכידון ואנכי בא אליך בשם יהוה צבאות אלהי מערכות ישראל אשר חרפת 45
၄၅ဒါဝိဒ် ကသင် သည် ထား ၊ လှံ ၊ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။
היום הזה יסגרך יהוה בידי והכיתך והסרתי את ראשך מעליך ונתתי פגר מחנה פלשתים היום הזה לעוף השמים ולחית הארץ וידעו כל הארץ כי יש אלהים לישראל 46
၄၆ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။
וידעו כל הקהל הזה כי לא בחרב ובחנית יהושיע יהוה כי ליהוה המלחמה ונתן אתכם בידנו 47
၄၇ထာဝရဘုရား သည် ထား လှံ အားဖြင့် ကယ်တင် တော်မ မူကြောင်း ကို၊ ဤ ပရိသတ် အပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် စစ်မှု ကို ပိုင်၍၊ ငါ တို့လက် သို့ အပ်နှံ တော်မူ မည်ဟု ဖိလိတ္တိလူအား ဆို၏။
והיה כי קם הפלשתי וילך ויקרב לקראת דוד וימהר דוד וירץ המערכה לקראת הפלשתי 48
၄၈ဖိလိတ္တိ လူသည်ထ ၍ ဒါဝိဒ် နှင့်တွေ့ ခြင်းငှါ ချဉ်း လာသောအခါ ၊ ဒါဝိဒ် သည်လည်း ဖိလိတ္တိ လူနှင့် တွေ့ ခြင်းငှါ ဗိုလ်ခြေ ရှိရာသို့ အလျင်အမြန် ပြေး ပြီးမှ၊
וישלח דוד את ידו אל הכלי ויקח משם אבן ויקלע ויך את הפלשתי אל מצחו ותטבע האבן במצחו ויפל על פניו ארצה 49
၄၉လွယ်အိတ် ထဲက ကျောက် တလုံးကို နှိုက်ယူ ၍ လွှဲပစ် ၏။ ဖိလိတ္တိ လူ၏ နဖူး ကို မှန်၍ နဖူး ပေါက် သဖြင့် သူသည် မြေ ပေါ် မှာ ငိုက်စိုက် လဲ လေ၏။
ויחזק דוד מן הפלשתי בקלע ובאבן ויך את הפלשתי וימתהו וחרב אין ביד דוד 50
၅၀ထိုသို့ ဒါဝိဒ်သည် လောက်လွှဲ နှင့် ကျောက် တလုံးအားဖြင့် နိုင်လျက် ထိခိုက် ၍ သတ် လေ၏။
וירץ דוד ויעמד אל הפלשתי ויקח את חרבו וישלפה מתערה וימתתהו ויכרת בה את ראשו ויראו הפלשתים כי מת גבורם וינסו 51
၅၁ထိုအခါ ဒါဝိဒ် သည် ထား မ ပါသောကြောင့် ပြေး ၍ ဖိလိတ္တိ လူကို နင်း လျက် ၊ သူ ၏ ထား ကို ထားအိမ် မှ နှုတ် ဆွဲပြီးလျှင် လည်ပင်း ကို ဖြတ် ၍ အပြီးသတ်လေ၏။ ဖိလိတ္တိ လူတို့သည် သူ တို့၏ သူရဲ သေ ကြောင်း ကို မြင် သောအခါ ပြေး ကြ၏။
ויקמו אנשי ישראל ויהודה וירעו וירדפו את הפלשתים עד בואך גיא ועד שערי עקרון ויפלו חללי פלשתים בדרך שערים ועד גת ועד עקרון 52
၅၂ထိုအခါ ဣသရေလ အမျိုး ၊ ယုဒ အမျိုးသားတို့သည် ထ ၍ ကြွေးကြော် လျက် ချိုင့် တိုင်အောင် ၎င်း ၊ ဧကြုန် မြို့ တံခါး တိုင်အောင် ၎င်း၊ ဖိလိတ္တိ လူတို့ကို လိုက် ကြ၏။ ထိခိုက် သော ဖိလိတ္တိ လူတို့သည် ရှာရိမ် မြို့ လမ်း နားမှစ၍ဂါသ မြို့၊ ဧကြုန် မြို့တိုင်အောင် လဲ ကြ၏။
וישבו בני ישראל מדלק אחרי פלשתים וישסו את מחניהם 53
၅၃ဣသရေလ အမျိုးသား တို့သည် ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာ၍ သူ တို့တဲ များကို လုယူ ကြ၏။
ויקח דוד את ראש הפלשתי ויבאהו ירושלם ואת כליו שם באהלו 54
၅၄ဒါဝိဒ် သည် ဖိလိတ္တိ လူ၏ ဦးခေါင်း ကို ယူ ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။ သူ ၏လက်နက် များ ကို မိမိ တဲ ၌ ထား ၏။
וכראות שאול את דוד יצא לקראת הפלשתי אמר אל אבנר שר הצבא בן מי זה הנער אבנר ויאמר אבנר חי נפשך המלך אם ידעתי 55
၅၅ဒါဝိဒ် သည် ဖိလိတ္တိ လူကို တိုက် ခြင်းငှါ ထွက်သွား သည်ကို ရှောလု သည်မြင် လျှင် ၊ ထို လုလင် ကား အဘယ်သူ ၏ သား ဖြစ်သနည်းဟု ဗိုလ်ချုပ် မင်းအာဗနာ ကို မေး ၏။ အာဗနာ ကလည်း ၊ အရှင်မင်းကြီး အသက် တော် ရှင် သည်အတိုင်း ကျွန်တော်မ သိ ပါဟု လျှောက် လျှင်၊
ויאמר המלך שאל אתה בן מי זה העלם 56
၅၆ရှင်ဘုရင် က၊ ထို လုလင် သည် အဘယ်သူ ၏ သား ဖြစ်လိမ့်မည်ကို မေး စစ်လော့ဟု မိန့် တော်မူ၏။
וכשוב דוד מהכות את הפלשתי ויקח אתו אבנר ויבאהו לפני שאול וראש הפלשתי בידו 57
၅၇ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှ ၊ သူ၏ ဦးခေါင်း ကို ကိုင် လျက် ပြန် လာသောအခါ ၊ အာဗနာ သည် ခေါ်၍ ရှောလု ထံသို့ ဆောင် သွားပြီးလျှင်၊
ויאמר אליו שאול בן מי אתה הנער ויאמר דוד בן עבדך ישי בית הלחמי 58
၅၈ရှောလု က၊ အချင်း လုလင် ၊ သင် သည် အဘယ်သူ ၏ သား ဖြစ်သနည်းဟုမေး တော်မူ၏။ ဒါဝိဒ် ကလည်း ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ဗက်လင် မြို့သားယေရှဲ ၏သား ဖြစ်ပါသည်ဟု လျှောက် လေ၏။

< שמואל א 17 >