< שמואל א 14 >
ויהי היום ויאמר יונתן בן שאול אל הנער נשא כליו לכה ונעברה אל מצב פלשתים אשר מעבר הלז ולאביו לא הגיד | 1 |
၁တစ်နေ့သ၌ယောနသန်သည် မိမိ၏လက် နက်ကိုသယ်ဆောင်သူလူငယ်အား``ဖိလိတ္တိ တပ်စခန်းသို့ငါတို့ဝင်ရောက်ကြအံ့'' ဟု ဆို၏။ ယင်းသို့ဆိုသော်လည်းဂိဗာမြို့နှင့် မလှမ်းမကမ်းရှိမိဂြုန်ရွာ၊ သလဲပင်အောက် တွင်စခန်းချလျက်နေသောခမည်းတော် ထံမှခွင့်ပန်ခြင်းမပြုခဲ့။ မင်းကြီး၏ထံ တွင်လူခြောက်ရာခန့်ရှိသတည်း။-
ושאול יושב בקצה הגבעה תחת הרמון אשר במגרון והעם אשר עמו כשש מאות איש | 2 |
၂
ואחיה בן אחטוב אחי איכבוד בן פינחס בן עלי כהן יהוה בשלו--נשא אפוד והעם לא ידע כי הלך יונתן | 3 |
၃(သင်တိုင်းကိုဝတ်ဆင်သောယဇ်ပုရောဟိတ် မှာအဟိယဖြစ်သည်။ သူ၏အဖကား ဣခဗုဒ်၏အစ်ကိုအဟိတုပ်ဖြစ်သည်။ အဟိတုပ်သည်ဖိနဟတ်၏သားဖြစ်၏။ ရှိလောမြို့၊ ထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဧလိ၏မြေးဖြစ်၏။) စစ်သည်တပ်သား တို့သည်ယောနသန်ထွက်ခွာသွားသည်ကို မသိကြ။
ובין המעברות אשר בקש יונתן לעבר על מצב פלשתים--שן הסלע מהעבר מזה ושן הסלע מהעבר מזה ושם האחד בוצץ ושם האחד סנה | 4 |
၄မိတ်မတ်တောင်ကြားလမ်း တစ်ဘက်တစ်ချက် တွင် ကျောက်အငူကြီးတစ်ခုစီရှိ၏။ ကျောက် အငူကြီးတစ်ခုမှာဗောဇက်ဟုနာမည် တွင်၏။ ယင်းသည်တောင်ကြားလမ်း၏မြောက် ဘက်တွင်တည်ရှိ၍ မိတ်မတ်မြို့ကိုမျက်နှာ မူလျက်နေ၏။ အခြားကျောက်အငူကြီး မှာသေနေဟုနာမည်တွင်၏။ ယင်းသည်တောင် ကြားလမ်း၏တောင်ဘက်တွင်တည်ရှိ၍ ဂိဗာ မြို့ကိုမျက်နှာမူလျက်နေ၏။ ယောနသန် သည်ဖိလိတ္တိတပ်စခန်းသို့ဝင်ရာ၌ ဤ တောင်ကြားလမ်းကိုဖြတ်သွားရ၏။
השן האחד מצוק מצפון מול מכמש והאחד מנגב מול גבע | 5 |
၅
ויאמר יהונתן אל הנער נשא כליו לכה ונעברה אל מצב הערלים האלה--אולי יעשה יהוה לנו כי אין ליהוה מעצור להושיע ברב או במעט | 6 |
၆ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
ויאמר לו נשא כליו עשה כל אשר בלבבך נטה לך הנני עמך כלבבך | 7 |
၇လူငယ်က``အရှင်အလိုရှိရာပြုတော်မူ ပါ။ အကျွန်ုပ်သည်အရှင်နှင့်အတူလိုက် ပါမည်'' ဟုဆိုလျှင်၊
ויאמר יהונתן הנה אנחנו עברים אל האנשים ונגלינו אליהם | 8 |
၈ယောနသန်က``ကောင်းပြီ။ ငါတို့သွား၍ ဖိလိတ္တိအမျိုးသားတို့အားကိုယ်ရိပ်ပြ ကြအံ့။-
אם כה יאמרו אלינו דמו עד הגיענו אליכם--ועמדנו תחתינו ולא נעלה אליהם | 9 |
၉အကယ်၍သူတို့ကငါတို့အားသူတို့ အလာကိုစောင့်ဆိုင်းစေပါမူ ငါတို့သည် ရောက်ရာနေရာတွင်ရပ်၍နေမည်။-
ואם כה יאמרו עלו עלינו ועלינו--כי נתנם יהוה בידנו וזה לנו האות | 10 |
၁၀သို့ရာတွင်သူတို့ကမိမိတို့ထံသို့လာ ရန်ခေါ်ကြလျှင်မူကား ငါတို့သည်သူတို့ ရှိရာသို့သွားမည်။ ဤသို့ခေါ်ခြင်းသည် ငါတို့အောင်ပွဲရမည်ဖြစ်ကြောင်း ထာဝရ ဘုရားပေးတော်မူသောအမှတ်လက္ခဏာ ဖြစ်မည်'' ဟုဆို၏။
ויגלו שניהם אל מצב פלשתים ויאמרו פלשתים--הנה עברים יצאים מן החרים אשר התחבאו שם | 11 |
၁၁ထို့ကြောင့်သူတို့နှစ်ဦးသည်ဖိလိတ္တိအမျိုး သားတို့အားကိုယ်ရိပ်ပြကြ၏။ ဖိလိတ္တိ အမျိုးသားတို့က``ကြည့်လော့။ ဟေဗြဲအမျိုး သားအချို့တို့သည် မိမိတို့ပုန်းကွယ်ရာမြေ တွင်းများမှထွက်လာလေပြီ'' ဟုဆိုပြီး လျှင်၊-
ויענו אנשי המצבה את יונתן ואת נשא כליו ויאמרו עלו אלינו ונודיעה אתכם דבר ויאמר יונתן אל נשא כליו עלה אחרי--כי נתנם יהוה ביד ישראל | 12 |
၁၂ယောနသန်နှင့်သူငယ်အား``ဤအရပ်သို့ လာခဲ့လော့။ သင်တို့အားငါတို့ပြောစရာ ရှိသည်'' ဟုဟစ်အော်၍ဖိတ်ခေါ်ကြ၏။ ယောနသန်သည်သူငယ်အား``ငါ့နောက်ကို လိုက်ခဲ့လော့။ ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား အောင်ပွဲကို ပေးတော်မူပြီ'' ဟုဆိုပြီးလျှင်၊-
ויעל יונתן על ידיו ועל רגליו ונשא כליו אחריו ויפלו לפני יונתן ונשא כליו ממותת אחריו | 13 |
၁၃တောင်ကြားလမ်းထဲမှလေးဖက်တွား၍ထွက် လာခဲ့၏။ လူငယ်သည်လည်းသူ၏နောက်မှ လိုက်လာလေသည်။ ယောနသန်သည်ဖိလိတ္တိ အမျိုးသားတို့အားခုတ်လှဲ၍လူငယ်က သူတို့ကိုသတ်ဖြတ်လိုက်လေသည်။-
ותהי המכה הראשנה אשר הכה יונתן ונשא כליו--כעשרים איש כבחצי מענה צמד שדה | 14 |
၁၄ဤပထမလူသတ်ပွဲတွင်ယောနသန်နှင့် သူငယ်တို့၏လက်ချက်ဖြင့် ဧကဝက်ခန့် ရှိသောနယ်မြေတွင်လူပေါင်းနှစ်ဆယ်ခန့် သေသတည်း။-
ותהי חרדה במחנה בשדה ובכל העם--המצב והמשחית חרדו גם המה ותרגז הארץ ותהי לחרדת אלהים | 15 |
၁၅စစ်မြေပြင်တွင်ရှိသမျှသောဖိလိတ္တိ အမျိုးသားတို့သည်ကြောက်လန့်ကြကုန်၏။ တိုက်ကင်းထွက်လာကြသူများနှင့်တပ် စခန်းရှိစစ်သည်တပ်သားတို့သည် ထိတ် လန့်တုန်လှုပ်ကြကုန်၏။ မြေကြီးပင်လျှင် တုန်လှုပ်ကာရန်သူတို့သည်ကစဥ့်ကရဲ ပြေးကြကုန်၏။
ויראו הצפים לשאול בגבעת בנימן והנה ההמון נמוג וילך והלם | 16 |
၁၆ဗင်္ယာမိန်နယ်၊ ဂိဗာမြို့ရှိရှောလု၏ကင်းသမား တို့သည် ဖိလိတ္တိအမျိုးသားတို့ကစဥ့်ကရဲ ထွက်ပြေးကြသည်ကိုမြင်ကြ၏။-
ויאמר שאול לעם אשר אתו פקדו נא וראו מי הלך מעמנו ויפקדו והנה אין יונתן ונשא כליו | 17 |
၁၇ထို့အခါရှောလုကမိမိ၏လူတို့အား``တပ် တွင်းမှပျောက်နေသူကိုသိရှိနိုင်ရန်စစ် သည်တို့ကိုစစ်ဆေးကြည့်လော့'' ဟုအမိန့် ပေးသည်အတိုင်းစစ်ဆေးကြည့်ကြရာ ယောနသန်နှင့်သူ၏လက်နက်သယ်ဆောင် သူလူငယ်တို့မရှိကြောင်းတွေ့ရကြ၏။-
ויאמר שאול לאחיה הגישה ארון האלהים כי היה ארון האלהים ביום ההוא--ובני ישראל | 18 |
၁၈ရှောလုသည်ယဇ်ပုရောဟိတ်အဟိယ အား``သင်တိုင်းတော်ကို ဤနေရာသို့ယူခဲ့လော့'' ဟုဆို၏။ (ထို နေ့၌အဟိယသည်သင်တိုင်းတော်ကို ဣသရေလအမျိုးသားတို့၏ရှေ့မှသယ် ဆောင်လျက်ရှိသတည်း။-)
ויהי עד דבר שאול אל הכהן וההמון אשר במחנה פלשתים וילך הלוך ורב ויאמר שאול אל הכהן אסף ידך | 19 |
၁၉ဤသို့ယဇ်ပုရောဟိတ်အားရှောလုပြောဆို နေစဉ် ဖိလိတ္တိတပ်စခန်း၌ကစဥ့်ကရဲဖြစ် မှုသည်ပိုမိုဆိုးရွားလာသဖြင့်ရှောလု က``ထာဝရဘုရားအားလျှောက်ထားချိန် မရှိတော့ပြီ'' ဟုဆို၏။-
ויזעק שאול וכל העם אשר אתו ויבאו עד המלחמה והנה היתה חרב איש ברעהו--מהומה גדולה מאד | 20 |
၂၀ထိုနောက်သူနှင့်သူ၏တပ်သားများသည် ရှုပ်ထွေးနေသည့်အခြေအနေတွင် အချင်း ချင်းခုတ်နေကြသောဖိလိတ္တိအမျိုးသား တို့အားဝင်ရောက်တိုက်ခိုက်လေသည်။-
והעברים היו לפלשתים כאתמול שלשום אשר עלו עמם במחנה סביב וגם המה להיות עם ישראל אשר עם שאול ויונתן | 21 |
၂၁ဖိလိတ္တိအမျိုးသားတို့ဘက်သို့ကူးပြောင်း ကာ သူတို့၏တပ်စခန်းသို့လိုက်သွားခဲ့ကြ သောဟေဗြဲအမျိုးသားတို့သည် ရှောလု နှင့်ယောနသန်တို့ဘက်သို့ဝင်ရောက်လာ ကြ၏။-
וכל איש ישראל המתחבאים בהר אפרים שמעו כי נסו פלשתים וידבקו גם המה אחריהם במלחמה | 22 |
၂၂ဧဖရိမ်တောင်ကုန်းများတွင်ပုန်းအောင်းနေ ကြသောသူတို့သည် ဖိလိတ္တိအမျိုးသားတို့ ထွက်ပြေးကြကြောင်းကိုကြားလျှင်လိုက် လံတိုက်ခိုက်ကြ၏။-
ויושע יהוה ביום ההוא את ישראל והמלחמה--עברה את בית און | 23 |
၂၃ဣသရေလအမျိုးသားတို့သည်ဖိလိတ္တိ အမျိုးသားတို့အား ဗေသဝင်မြို့လွန်အောင် လိုက်လံတိုက်ခိုက်ကြ၏။ ထိုနေ့၌ထာဝရ ဘုရားသည်ဣသရေလအမျိုးသား တို့အားကယ်တင်တော်မူသတည်း။
ואיש ישראל נגש ביום ההוא ויאל שאול את העם לאמר ארור האיש אשר יאכל לחם עד הערב ונקמתי מאיבי ולא טעם כל העם לחם | 24 |
၂၄ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-
וכל הארץ באו ביער ויהי דבש על פני השדה | 25 |
၂၅သူတို့သည်သစ်တောရှိရာသို့ရောက်ကြ သောအခါ နေရာအနှံ့အပြားတွင်ပျား ရည်များကိုတွေ့ရှိကြ၏။-
ויבא העם אל היער והנה הלך דבש ואין משיג ידו אל פיו כי ירא העם את השבעה | 26 |
၂၆တောထဲတွင်ပျားရည်ပေါများသော်လည်း ရှောလု၏ကျိန်ဆဲချက်ကိုကြောက်သဖြင့် အဘယ်သူမျှမစားဝံ့။-
ויונתן לא שמע בהשביע אביו את העם וישלח את קצה המטה אשר בידו ויטבל אותה ביערת הדבש וישב ידו אל פיו ותראנה (ותארנה) עיניו | 27 |
၂၇ယောနသန်မူကားခမည်းတော်ကျိန်ဆဲခဲ့ သည်ကိုမကြားခဲ့ပေ။ ထို့ကြောင့်သူသည် မိမိတွင်ပါသောတုတ်ချောင်းဖြင့် ပျားလပို့ တွင်နှစ်၍ပျားရည်အနည်းငယ်ကိုစားလေ သည်။ ထိုအခါသူသည်ချက်ချင်းပင်လန်း ဆန်း၍လာ၏။-
ויען איש מהעם ויאמר השבע השביע אביך את העם לאמר ארור האיש אשר יאכל לחם היום ויעף העם | 28 |
၂၈ထို့ကြောင့်တပ်သားတစ်ယောက်က``အကျွန်ုပ် တို့အားလုံးပင်နွမ်းနယ်လျက်နေကြပါ၏။ သို့သော်အရှင့်ခမည်းတော်က`ယနေ့အစား အစာစားသူသည်ကျိန်စာသင့်ပါစေ' ဟု ကျိန်ဆိုထားပါ၏'' ဟုဆို၏။
ויאמר יונתן עכר אבי את הארץ ראו נא כי ארו עיני--כי טעמתי מעט דבש הזה | 29 |
၂၉ယောနသန်က``ငါတို့အမျိုးသားများအား ခမည်းတော်ပြုသောအမှုသည်ဆိုးရွားလှ ပါသည်တကား။ ပျားရည်အနည်းငယ်ကို စားရသဖြင့်ငါအဘယ်မျှလန်းဆန်းလာ သည်ကိုကြည့်လော့။-
אף כי לוא אכל אכל היום העם משלל איביו אשר מצא כי עתה לא רבתה מכה בפלשתים | 30 |
၃၀အကယ်၍ငါတို့အမျိုးသားများသည် ရန်သူထံမှရရှိသည်အစားအစာကိုစား ခဲ့ရကြလျှင် အဘယ်မျှလောက်အကျိုးရှိ လိမ့်မည်နည်း။ ဖိလိတ္တိအမျိုးသားတို့ကို အဘယ်မျှပိုမိုသတ်ဖြတ်နိုင်ခဲ့မည်ကို သာစဉ်းစား၍ကြည့်ကြလော့'' ဟုပြန် ပြော၏။
ויכו ביום ההוא בפלשתים ממכמש אילנה ויעף העם מאד | 31 |
၃၁ထိုနေ့၌ဣသရေလအမျိုးသားများသည် ဖိလိတ္တိအမျိုးသားတို့အား မိတ်မတ်မြို့မှ အာဇလုန်မြို့တိုင်အောင်လိုက်လံတိုက်ခိုက် နှိမ်နင်းခဲ့ကြပြီးသည်နောက် အစာမစား ရသဖြင့်ပင်ပန်းနွမ်းနယ်လျက်ရှိကြ၏။-
ויעש (ויעט) העם אל שלל (השלל) ויקחו צאן ובקר ובני בקר וישחטו ארצה ויאכל העם על הדם | 32 |
၃၂ထို့ကြောင့်သူတို့သည်ရန်သူများလက်မှ သိမ်းဆည်းရမိသည့်ပစ္စည်းများရှိရာသို့ ပြေးပြီးလျှင် သိုး၊ ဆိတ်၊ နွားများကိုယူ ဆောင်ကာထိုနေရာ၌ပင်သတ်၍သွေး သံရဲရဲနှင့်စားကြ၏။-
ויגידו לשאול לאמר הנה העם חטאים ליהוה לאכל על הדם ויאמר בגדתם גלו אלי היום אבן גדולה | 33 |
၃၃ယင်းသို့လူတို့သည်သွေးသံရဲရဲနှင့်စား သောက်ကာ ထာဝရဘုရားအားပြစ်မှား ကြကြောင်းကိုရှောလုအားလျှောက်ထား ကြသောအခါ၊ ရှောလုက``သင်တို့သည်သစ္စာဖောက်ကြလေ ပြီတကား။ ကျောက်တုံးကြီးကိုဤအရပ် သို့လှိမ့်ယူခဲ့ကြလော့'' ဟုဆို၏။-
ויאמר שאול פצו בעם ואמרתם להם הגישו אלי איש שורו ואיש שיהו ושחטתם בזה ואכלתם ולא תחטאו ליהוה לאכל אל הדם ויגשו כל העם איש שורו בידו הלילה--וישחטו שם | 34 |
၃၄ထိုနောက်သူက``လူတို့ထံသို့သွား၍သူ တို့၏နွားများတို့ကို ဤနေရာသို့ယူဆောင် လာစေ။ သူတို့သည်တိရစ္ဆာန်များကိုဤနေ ရာတွင်သတ်၍စားကြစေ။ သွေးပါသည့် အသားကိုစားခြင်းအားဖြင့်ထာဝရဘုရား ကိုမပြစ်မှားစေနှင့်'' ဟုမိန့်တော်မူ၏။ သို့ ဖြစ်၍ထိုည၌လူတို့သည်မိမိတို့၏သိုး နွားများကို ထိုနေရာသို့ယူဆောင်လာပြီး လျှင်သတ်ကြ၏။-
ויבן שאול מזבח ליהוה אתו החל לבנות מזבח ליהוה | 35 |
၃၅ရှောလုသည်ထာဝရဘုရားအဖို့ယဇ်ပလ္လင် ကိုတည်ဆောက်တော်မူ၏။ ထိုယဇ်ပလ္လင်ကား ပထမဆုံးအကြိမ်ရှောလုတည်ဆောက် သည့်ယဇ်ပလ္လင်ဖြစ်သတည်း။
ויאמר שאול נרדה אחרי פלשתים לילה ונבזה בהם עד אור הבקר ולא נשאר בהם איש ויאמרו כל הטוב בעיניך עשה ויאמר הכהן נקרבה הלם אל האלהים | 36 |
၃၆ရှောလုသည်မိမိ၏လူတို့အား``ငါတို့သည် ဖိလိတ္တိအမျိုးသားတို့အားညဥ့်အခါ သွား ရောက်တိုက်ခိုက်ကြကုန်အံ့။ မိုးလင်းသည်တိုင် အောင်သူတို့အားလုယက်၍တစ်ယောက်မကျန် သုတ်သင်ပစ်ကြကုန်အံ့'' ဟုမိန့်တော်မူလျှင် လူတို့က``စိတ်တော်ရှိသည်အတိုင်းပြုတော် မူပါ'' ဟုလျှောက်ထားကြ၏။ သို့ရာတွင်ယဇ်ပုရောဟိတ်က``ငါတို့သည် ဦးစွာထာဝရဘုရားအားမေးမြန်း လျှောက်ထားကြကုန်အံ့'' ဟုဆို၏။
וישאל שאול באלהים הארד אחרי פלשתים התתנם ביד ישראל ולא ענהו ביום ההוא | 37 |
၃၇ထို့ကြောင့်ရှောလုသည်ဘုရားသခင်အား``ကျွန် တော်မျိုးတို့သည်ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားအောင်ပွဲခံစေတော်မူ ပါမည်လော'' ဟုမေးလျှောက်၏။ သို့ရာတွင် ထာဝရဘုရားသည်ထိုနေ့၌ဖြေကြား တော်မမူ။-
ויאמר שאול--גשו הלם כל פנות העם ודעו וראו--במה היתה החטאת הזאת היום | 38 |
၃၈ထိုအခါရှောလုသည်လူတို့၏ခေါင်းဆောင် များအား``ချဉ်းကပ်လာကြလော့။ ယနေ့ငါ တို့အဘယ်အပြစ်ကိုကူးလွန်မိကြသည် ကိုစစ်ဆေးကြလော့။-
כי חי יהוה המושיע את ישראל--כי אם ישנו ביונתן בני כי מות ימות ואין ענהו מכל העם | 39 |
၃၉အပြစ်ရှိသူသည်ငါ၏သားယောနသန်ပင် ဖြစ်စေကာမူသေဒဏ်ခံရလိမ့်မည်ဖြစ် ကြောင်း ဣသရေလအမျိုးသားတို့၏ကယ် တင်ရှင်တည်းဟူသော အသက်ရှင်တော်မူ သောဘုရားကိုတိုင်တည်၍ငါကတိပြုပါ ၏'' ဟုမိန့်တော်မူ၏။ ထိုအခါအဘယ်သူ မျှပြန်လည်လျှောက်ထားခြင်းမပြုကြ သဖြင့်၊-
ויאמר אל כל ישראל אתם תהיו לעבר אחד ואני ויונתן בני נהיה לעבר אחד ויאמרו העם אל שאול הטוב בעיניך עשה | 40 |
၄၀ရှောလုက``သင်တို့သည်ထိုနေရာတွင်ရပ် ၍နေကြလော့။ ယောနသန်နှင့်ငါမူကား ဤနေရာတွင်ရပ်၍နေကြအံ့'' ဟုဆို၏။ လူတို့ကလည်း``အရှင်စိတ်တော်ရှိသည် အတိုင်းပြုတော်မူပါ'' ဟုလျှောက်ကြ၏။
ויאמר שאול אל יהוה אלהי ישראל--הבה תמים וילכד יונתן ושאול והעם יצאו | 41 |
၄၁ရှောလုသည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအားယနေ့ဖြေကြား တော်မမူပါသနည်း။ အို ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၊ ကျောက်တော် များအားဖြင့်ကျွန်တော်မျိုးအားဖြေကြားတော် မူပါ။ ယောနသန်၌ဖြစ်စေ၊ ကျွန်တော်မျိုး၌ ဖြစ်စေအပြစ်ရှိပါလျှင်ဥရိမ်ကျောက် မဲကျစေတော်မူပါ။ ကိုယ်တော်ရှင်၏လူမျိုးတော် ဣသရေလအမျိုးသားတို့၌အပြစ်ရှိပါလျှင် သုမိမ်ကျောက်ကိုမဲကျစေတော်မူပါ'' ဟုလျှောက် ထား၏။ ထိုအခါရှောလုနှင့်ယောနသန်တို့တွင် အပြစ်ရှိကြောင်းမဲကျသဖြင့် ဣသရေလ အမျိုးသားတို့အပြစ်လွတ်ကြကုန်၏။-
ויאמר שאול--הפילו ביני ובין יונתן בני וילכד יונתן | 42 |
၄၂ထိုအခါရှောလုက``ငါ့သားယောနသန်နှင့် ငါ့အားမဲချဦးလော့'' ဟုဆိုလျှင်ယောန သန်မဲကျလေ၏။-
ויאמר שאול אל יונתן הגידה לי מה עשיתה ויגד לו יונתן ויאמר טעם טעמתי בקצה המטה אשר בידי מעט דבש--הנני אמות | 43 |
၄၃ထိုအခါရှောလုသည်ယောနသန်အား``သင် အဘယ်အမှုကိုပြုသနည်း'' ဟုမေး၏။ ယောနသန်က``အကျွန်ုပ်သည်ပျားရည်အနည်း ငယ်ကိုစားမိပါ၏။ အမိန့်တော်အတိုင်းသေ ဒဏ်ခံရန်အကျွန်ုပ်အသင့်ရှိပါ၏'' ဟုလျှောက် လျှင်၊
ויאמר שאול כה יעשה אלהים וכה יוסף כי מות תמות יונתן | 44 |
၄၄ရှောလုက``ငါသည်သင့်အားသေဒဏ်မပေး ခဲ့သော် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုဆို၏။
ויאמר העם אל שאול היונתן ימות אשר עשה הישועה הגדולה הזאת בישראל--חלילה חי יהוה אם יפל משערת ראשו ארצה כי עם אלהים עשה היום הזה ויפדו העם את יונתן ולא מת | 45 |
၄၅သို့ရာတွင်လူတို့ကရှောလုအား``ဣသရေလ အမျိုးသားတို့ကိုအောင်ပွဲကိုခံစေသော ယောနသန်အားသေဒဏ်ပေးပါမည်လော။ သူ၏ဦးခေါင်းမှဆံခြည်တစ်ပင်မျှမြေသို့ မကျစေရန် အကျွန်ုပ်တို့သည်အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကတိပြုပါ၏။ ယနေ့သူပြုသောအမှု သည် ဘုရားသခင်၏အကူအညီဖြင့်ပြု သောအမှုဖြစ်ပါ၏'' ဟုလျှောက်ထားကြ ၏။ ဤသို့လျှင်လူတို့သည်ယောနသန်အား သေဘေးမှကယ်လိုက်ကြသတည်း။
ויעל שאול מאחרי פלשתים ופלשתים הלכו למקומם | 46 |
၄၆ထိုနောက်ရှောလုသည်ဖိလိတ္တိအမျိုးသား တို့အား လိုက်လံတိုက်ခိုက်မှုကိုရပ်စဲလိုက် ၏။ လူတို့သည်လည်းမိမိတို့နယ်အသီး သီးသို့ပြန်ကြကုန်၏။
ושאול לכד המלוכה על ישראל וילחם סביב בכל איביו במואב ובבני עמון ובאדום ובמלכי צובה ובפלשתים ובכל אשר יפנה ירשיע | 47 |
၄၇ရှောလုသည်ဣသရေလပြည်တွင်နန်းတက် ပြီးနောက် နေရာအနှံ့အပြားတွင်ရန်သူ များဖြစ်ကြသောမောဘပြည်သားများ၊ အမ္မုန်ပြည်သားများနှင့်ဧဒုံပြည်သား များကိုလည်းကောင်း၊ ဇောဘမင်းများနှင့် ဖိလိတ္တိအမျိုးသားများကိုလည်းကောင်း စစ်တိုက်ရလေသည်။ သူသည်မည်သည့် အရပ်တွင်တိုက်ပွဲဖြစ်သည်မဆိုအောင် မြင်သည် သာဖြစ်၏။-
ויעש חיל ויך את עמלק ויצל את ישראל מיד שסהו | 48 |
၄၈သူသည်ရွပ်ရွပ်ချွံချွံတိုက်ပွဲများဝင်ခဲ့ သည်။ အာမလက်အမျိုးသားတို့ကိုပင် တိုက်ခိုက်နှိမ်နင်းခဲ့လေသည်။ သူသည် ဣသရေလအမျိုးသားတို့အား ရန်သူ အပေါင်းတို့၏ဘေးမှကယ်ဆယ်ခဲ့၏။
ויהיו בני שאול יונתן וישוי ומלכישוע ושם שתי בנתיו--שם הבכירה מרב ושם הקטנה מיכל | 49 |
၄၉ရှောလု၏သားတော်များကားယောနသန်၊ ဣရွှိ၊ မေလခိရွှတည်း။ သူ၏သမီးတော်အကြီးသည် မေရပ်ဟုနာမည်တွင်၍ သမီးတော်အငယ်မှာ မိခါလဟုနာမည်တွင်လေသည်။-
ושם אשת שאול אחינעם בת אחימעץ ושם שר צבאו אבינר בן נר דוד שאול | 50 |
၅၀သူ၏ကြင်ယာတော်ကားအဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သေနာပတိမှာ ဦးရီးတော်နေရ၏သားအာဗနာဖြစ်သည်။-
וקיש אבי שאול ונר אבי אבנר בן אביאל | 51 |
၅၁ရှောလု၏ခမည်းတော်ကိရှနှင့်အာဗနာ ၏ဖခင်နေရတို့သည် အဗျေလ၏သားများ ဖြစ်သတည်း။
ותהי המלחמה חזקה על פלשתים כל ימי שאול וראה שאול כל איש גבור וכל בן חיל ויאספהו אליו | 52 |
၅၂ရှောလုသည်အသက်ရှင်သမျှကာလပတ်လုံး ဖိလိတ္တိအမျိုးသားတို့နှင့်အပြင်းအထန်တိုက် ပွဲဝင်ခဲ့ရ၏။ ထို့ကြောင့်သူသည်ခွန်အားကြီး သူသို့မဟုတ်ရဲစွမ်းသတ္တိရှိသူကိုတွေ့ရှိရ သည့်အခါတိုင်း မိမိ၏တပ်မတော်တွင်ဝင် ရောက်အမှုထမ်းစေတော်မူ၏။