< מלכים א 5 >
וישלח חירם מלך צור את עבדיו אל שלמה כי שמע כי אתו משחו למלך תחת אביהו כי אהב היה חירם לדוד--כל הימים | 1 |
၁တုရုဘုရင်ဟိရံသည် ဒါဝိဒ်မင်း၏အဆွေ တော်အဖြစ်နှင့်အစဉ်နေထိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ခမည်းတော်ဒါဝိဒ်၏အရိုက်အရာ ကိုရှောလမုန်ဆက်ခံ၍ နန်းတက်သည့်အကြောင်း ကိုကြားသိသောအခါသံတမန်များကို ရှောလမုန်ထံသို့စေလွှတ်လေသည်။-
וישלח שלמה אל חירם לאמר | 2 |
၂ရှောလမုန်သည်ဟိရံအား``ကျွန်ုပ်ခမည်း တော်ဒါဝိဒ်သည် မိမိပတ်လည်ရှိရန်သူ နိုင်ငံများကိုအမြဲတစေတိုက်ခိုက်လျက် နေရသဖြင့် သူ၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုရန်အတွက် ဗိမာန်တော် ကိုမတည်မဆောက်နိုင်ခဲ့ကြောင်းအဆွေ တော်သိပါ၏။ သူ၏ရန်သူအပေါင်းတို့ အား ထာဝရဘုရားမနှိမ်နင်းမချင်း သူသည်ဗိမာန်တော်ကိုမတည်မဆောက် နိုင်ပါ။-
אתה ידעת את דוד אבי כי לא יכל לבנות בית לשם יהוה אלהיו מפני המלחמה אשר סבבהו--עד תת יהוה אתם תחת כפות רגלו (רגלי) | 3 |
၃
ועתה הניח יהוה אלהי לי מסביב אין שטן ואין פגע רע | 4 |
၄သို့ရာတွင်ယခုအခါ၌ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် ပတ်ဝန်းကျင် အရပ်ရပ်၌ငြိမ်းချမ်းသာယာမှုကိုပေး တော်မူပါပြီ။ ကျွန်ုပ်မှာရန်သူမရှိပါ။ ရန် သူတိုက်ခိုက်မည့်အန္တရာယ်လည်းမရှိပါ။-
והנני אמר--לבנות בית לשם יהוה אלהי כאשר דבר יהוה אל דוד אבי לאמר בנך אשר אתן תחתיך על כסאך הוא יבנה הבית לשמי | 5 |
၅ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
ועתה צוה ויכרתו לי ארזים מן הלבנון ועבדי יהיו עם עבדיך ושכר עבדיך אתן לך ככל אשר תאמר כי אתה ידעת כי אין בנו איש ידע לכרת עצים--כצדנים | 6 |
၆သို့ဖြစ်၍ကျွန်ုပ်အတွက်သစ်ကတိုးပင် များကိုခုတ်လှဲပေးရန် လေဗနုန်တောသို့ အဆွေတော်၏လူတို့ကိုစေလွှတ်ပေးစေ လိုပါသည်။ ကျွန်ုပ်အစေခံများသည်လည်း ကူညီစေပါမည်။ အဆွေတော်ဆုံးဖြတ် သည့်အခကြေးငွေကိုကျွန်ုပ်ပေးပါမည်။ အဆွေတော်သိသည့်အတိုင်း ကျွန်ုပ်၏လူ တို့သည်အဆွေတော်၏လူတို့ကဲ့သို့သစ် ခုတ်မှုတွင်မကျွမ်းကျင်ကြပါ'' ဟုမှာ ကြားလိုက်၏။
ויהי כשמע חירם את דברי שלמה--וישמח מאד ויאמר ברוך יהוה היום אשר נתן לדוד בן חכם על העם הרב הזה | 7 |
၇ရှောလမုန်မင်းမှာကြားသောစကားကို ကြားရသောအခါ ဟိရံမင်းသည်လွန်စွာ အားရနှစ်သက်သဖြင့်``ဤသို့ကြီးမားသည့် နိုင်ငံတော်ကိုအုပ်စိုးရန်အတွက် ဒါဝိဒ် အားဤမျှပညာရှိသောသားကိုပေးတော် မူသောထာဝရဘုရားအား ယနေ့ထော မနာပြုကြလော့'' ဟုမြွက်ဆိုတော်မူ၏။-
וישלח חירם אל שלמה לאמר שמעתי את אשר שלחת אלי אני אעשה את כל חפצך בעצי ארזים ובעצי ברושים | 8 |
၈ထိုနောက်ဟိရံသည် ရှောလမုန်ထံသို့``အဆွေ တော်ပေးပို့သောအမှာတော်စကားကိုကြား သိပါပြီ။ ကျွန်ုပ်သည်အဆွေတော်မှာကြား လိုက်သည့်အတိုင်းဆောင်ရွက်ရန်အသင့်ရှိ ပါ၏။ အဆွေတော်၏ထံသို့သစ်ကတိုး နှင့်ထင်းရှူးသစ်များကိုပေးပို့လိုက်ပါ မည်။-
עבדי ירדו מן הלבנון ימה ואני אשימם דברות בים עד המקום אשר תשלח אלי ונפצתים שם--ואתה תשא ואתה תעשה את חפצי לתת לחם ביתי | 9 |
၉ကျွန်ုပ်၏လူတို့သည်သစ်လုံးများကိုလေ ဗနုန်တောင်မှပင်လယ်ကမ်းခြေအထိယူ ဆောင်ကာဖောင်ဖွဲ့၍ အဆွေတော်အလိုရှိ ရာဆိပ်ကမ်းသို့မျှောချပေးပါမည်။ သူ တို့သည်ထိုဆိပ်ကမ်းတွင်ဖောင်များကို ဖျက်၍ သစ်လုံးများကိုအဆွေတော်၏လူ တို့အားပေးအပ်ကြပါမည်။ အဆွေတော် အနေဖြင့်ကျွန်ုပ်၏လူများအတွက်စား နပ်ရိက္ခာကိုထောက်ပံ့စေလိုပါသည်'' ဟု ပြန်ကြားလိုက်၏။
ויהי חירום נתן לשלמה עצי ארזים ועצי ברושים--כל חפצו | 10 |
၁၀ထို့ကြောင့်ဟိရံကရှောလမုန်လိုသမျှ သော သစ်ကတိုးနှင့်ထင်းရှူးသစ်ကိုပေးပို့၍၊-
ושלמה נתן לחירם עשרים אלף כר חטים מכלת לביתו ועשרים כר שמן כתית כה יתן שלמה לחירם שנה בשנה | 11 |
၁၁ရှောလမုန်ကလည်းဟိရံ၏လူများစားသုံး ရန်အတွက် တစ်နှစ်လျှင်ဂျုံဆန်တင်းတစ်သိန်း နှင့်သံလွင်ဆီအစစ်ဂါလံတစ်သိန်းတစ် သောင်းကိုပေးပို့လေသည်။
ויהוה נתן חכמה לשלמה כאשר דבר לו ויהי שלם בין חירם ובין שלמה ויכרתו ברית שניהם | 12 |
၁၂ထာဝရဘုရားသည်ကတိတော်ရှိသည့်အတိုင်း ရှောလမုန်အားဉာဏ်ပညာကိုပေးတော်မူ၏။ ဟိရံနှင့်ရှောလမုန်တို့သည်ငြိမ်းချမ်းစွာ နေထိုင်လျက် မဟာမိတ်စာချုပ်ချုပ်ဆိုကြ လေသည်။
ויעל המלך שלמה מס מכל ישראל ויהי המס שלשים אלף איש | 13 |
၁၃ရှောလမုန်သည်ဣသရေလပြည်တစ်ပြည်လုံး မှ လူသုံးသောင်းကိုချွေးတပ်သားအဖြစ်ဖြင့် ဆင့်ခေါ်တော်မူပြီးလျှင်၊-
וישלחם לבנונה עשרת אלפים בחדש חליפות--חדש יהיו בלבנון שנים חדשים בביתו ואדנירם על המס | 14 |
၁၄အဒေါနိရံအားသူတို့ကိုအုပ်ချုပ်စေတော် မူ၏။ မင်းကြီးသည်ထိုသူတို့အားလူတစ် သောင်းစီအဖွဲ့သုံးဖွဲ့ဖွဲ့တော်မူ၍ တစ်ဖွဲ့ကို တစ်လကျလေဗနုန်တောင်သို့စေလွှတ်ပြီး လျှင် နှစ်လမျှအိမ်သို့ပြန်၍နေထိုင်ခွင့်ပြု တော်မူ၏။-
ויהי לשלמה שבעים אלף נשא סבל ושמנים אלף חצב בהר | 15 |
၁၅ရှောလမုန်သည်ကျောက်ဆစ်ရန်လူရှစ်သောင်း ကိုလည်းကောင်း၊ ကျောက်သယ်မည့်သူလူခုနစ် သောင်းနှင့်အတူတောင်ပေါ်ဒေသသို့စေ လွှတ်တော်မူ၏။-
לבד משרי הנצבים לשלמה אשר על המלאכה שלשת אלפים ושלש מאות--הרדים בעם העשים במלאכה | 16 |
၁၆ထို့နောက်မင်းကြီးသည်ထိုသူတို့၏အလုပ် ကိုကြီးကြပ်သူ လူသုံးထောင်သုံးရာကိုခန့် ထားတော်မူ၏။-
ויצו המלך ויסעו אבנים גדלות אבנים יקרות ליסד הבית--אבני גזית | 17 |
၁၇ရှောလမုန်မင်း၏အမိန့်တော်အရထို ချွေးတပ်သားတို့သည် ဗိမာန်တော်တိုက်မြစ် အတွက်ကျောက်တုံးကြီးများကိုဆစ်ရ ကြ၏။-
ויפסלו בני שלמה ובני חירום--והגבלים ויכינו העצים והאבנים לבנות הבית | 18 |
၁၈ရှောလမုန်၏အလုပ်သမားများနှင့်ဟိရံ၏ အလုပ်သမားများသည်ဗိမာန်တော်ဆောက်လုပ် ရန်အတွက် ဂေဗာလမြို့သားများနှင့်အတူ ကျောက်များနှင့်သစ်များကိုပြင်ဆင်ကြ လေသည်။