< מלכים א 4 >
ויהי המלך שלמה מלך על כל ישראל | 1 |
၁ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။
ואלה השרים אשר לו עזריהו בן צדוק הכהן | 2 |
၂မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊
אליחרף ואחיה בני שישא ספרים יהושפט בן אחילוד המזכיר | 3 |
၃ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
ובניהו בן יהוידע על הצבא וצדוק ואביתר כהנים | 4 |
၄ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
ועזריהו בן נתן על הנצבים וזבוד בן נתן כהן רעה המלך | 5 |
၅နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။
ואחישר על הבית ואדנירם בן עבדא על המס | 6 |
၆အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
ולשלמה שנים עשר נצבים על כל ישראל וכלכלו את המלך ואת ביתו חדש בשנה יהיה על אחד (האחד) לכלכל | 7 |
၇ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။
ואלה שמותם בן חור בהר אפרים | 8 |
၈သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
בן דקר במקץ ובשעלבים ובית שמש ואילון בית חנן | 9 |
၉မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
בן חסד בארבות לו שכה וכל ארץ חפר | 10 |
၁၀စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊
בן אבינדב כל נפת דאר טפת בת שלמה היתה לו לאשה | 11 |
၁၁ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
בענא בן אחילוד תענך ומגדו וכל בית שאן אשר אצל צרתנה מתחת ליזרעאל מבית שאן עד אבל מחולה עד מעבר ליקמעם | 12 |
၁၂တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
בן גבר ברמת גלעד לו חות יאיר בן מנשה אשר בגלעד לו חבל ארגב אשר בבשן--ששים ערים גדלות חומה ובריח נחשת | 13 |
၁၃ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
၁၄မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
אחימעץ בנפתלי גם הוא לקח את בשמת בת שלמה--לאשה | 15 |
၁၅နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
בענא בן חושי באשר ובעלות | 16 |
၁၆အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊
၁၇ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
၁၈ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
גבר בן ארי בארץ גלעד--ארץ סיחון מלך האמרי ועג מלך הבשן ונציב אחד אשר בארץ | 19 |
၁၉အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
יהודה וישראל רבים כחול אשר על הים לרב אכלים ושתים ושמחים | 20 |
၂၀ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
ושלמה היה מושל בכל הממלכות--מן הנהר ארץ פלשתים ועד גבול מצרים מגשים מנחה ועבדים את שלמה כל ימי חייו | 21 |
၂၁ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
ויהי לחם שלמה ליום אחד שלשים כר סלת וששים כר קמח | 22 |
၂၂တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊
עשרה בקר בראים ועשרים בקר רעי--ומאה צאן לבד מאיל וצבי ויחמור וברברים אבוסים | 23 |
၂၃ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။
כי הוא רדה בכל עבר הנהר מתפסח ועד עזה--בכל מלכי עבר הנהר ושלום היה לו מכל עבריו--מסביב | 24 |
၂၄ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။
וישב יהודה וישראל לבטח איש תחת גפנו ותחת תאנתו מדן ועד באר שבע--כל ימי שלמה | 25 |
၂၅လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။
ויהי לשלמה ארבעים אלף ארות סוסים--למרכבו ושנים עשר אלף פרשים | 26 |
၂၆ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။
וכלכלו הנצבים האלה את המלך שלמה ואת כל הקרב אל שלחן המלך שלמה--איש חדשו לא יעדרו דבר | 27 |
၂၇ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။
והשערים והתבן לסוסים ולרכש--יבאו אל המקום אשר יהיה שם איש כמשפטו | 28 |
၂၈မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
ויתן אלהים חכמה לשלמה ותבונה הרבה מאד ורחב לב--כחול אשר על שפת הים | 29 |
၂၉ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊
ותרב חכמת שלמה מחכמת כל בני קדם ומכל חכמת מצרים | 30 |
၃၀ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။
ויחכם מכל האדם מאיתן האזרחי והימן וכלכל ודרדע בני מחול ויהי שמו בכל הגוים סביב | 31 |
၃၁ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
וידבר שלשת אלפים משל ויהי שירו חמשה ואלף | 32 |
၃၂စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။
וידבר על העצים מן הארז אשר בלבנון ועד האזוב אשר יצא בקיר וידבר על הבהמה ועל העוף ועל הרמש ועל הדגים | 33 |
၃၃လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။
ויבאו מכל העמים לשמע את חכמת שלמה--מאת כל מלכי הארץ אשר שמעו את חכמתו | 34 |
၃၄ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။