< מלכים א 4 >
ויהי המלך שלמה מלך על כל ישראל | 1 |
၁ရှောလမုန် မင်းကြီး သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ လျက် နေတော်မူ၏။
ואלה השרים אשר לו עזריהו בן צדוק הכהן | 2 |
၂မှူး တော်မတ်တော်ဟူမူကား ၊ ယဇ်ပုရောဟိတ် ဇာဒုတ် သား အာဇရိ၊
אליחרף ואחיה בני שישא ספרים יהושפט בן אחילוד המזכיר | 3 |
၃ရှိရှ သား ဧလိဟောရပ် နှင့် အဟိယ တို့သည် စာရေး တော်ကြီးဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
ובניהו בן יהוידע על הצבא וצדוק ואביתר כהנים | 4 |
၄ယောယဒ သား ဗေနာယ သည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ တို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
ועזריהו בן נתן על הנצבים וזבוד בן נתן כהן רעה המלך | 5 |
၅နာသန် သား အာဇရိ သည် ဝန် စာရေးအုပ်ဖြစ် ၏။ နာသန် သား ဇာဗုဒ် သည် မင်းသား အရာနှင့် တိုင်ပင် မတ်ဖြစ်၏။
ואחישר על הבית ואדנירם בן עבדא על המס | 6 |
၆အဟိရှာ သည် နန်းတော် အုပ်ဖြစ်၏။ အာဗဒ သား အဒေါနိရံ သည် အခွန် တော်ဝန်ဖြစ်၏။
ולשלמה שנים עשר נצבים על כל ישראל וכלכלו את המלך ואת ביתו חדש בשנה יהיה על אחד (האחד) לכלכל | 7 |
၇ရှောလမုန် သည် ဣသရေလ နိုင်ငံအရပ်ရပ် ၌ ခန့်ထား သော ဝန်စာရေးတကျိပ် နှစ် ယောက်တို့သည် တယောက်တလ စီ ရှင်ဘုရင် နှင့် နန်းတော် သားတို့ အဘို့ စားစရာကို ပြင်ဆင် ရကြ၏။
ואלה שמותם בן חור בהר אפרים | 8 |
၈သူ တို့အမည် ဟူမူကား ၊ ဧဖရိမ် တောင် ရပ်မှာ ဟုရ ၏သား၊
בן דקר במקץ ובשעלבים ובית שמש ואילון בית חנן | 9 |
၉မာကတ် မြို့၊ ရှာလဗိမ် မြို့၊ ဗက်ရှေမက် မြို့၊ ဧလုမ္ဘေသနန် မြို့မှာ ဒေကာ ၏သား၊
בן חסד בארבות לו שכה וכל ארץ חפר | 10 |
၁၀စောခေါ မြို့၊ ဟေဖာ ပြည် လုံး နှင့်တကွ အရုဗုတ် မြို့မှာ ဟေသက် ၏သား၊
בן אבינדב כל נפת דאר טפת בת שלמה היתה לו לאשה | 11 |
၁၁ဒေါရ ပြည် လုံး ကိုစီရင်သောသူ ရှောလမုန် ၏ သမီး တော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ် ၏သား၊
בענא בן אחילוד תענך ומגדו וכל בית שאן אשר אצל צרתנה מתחת ליזרעאל מבית שאן עד אבל מחולה עד מעבר ליקמעם | 12 |
၁၂တာနက် မြို့၊ မေဂိဒ္ဒေါ မြို့နှင့်တကွ ဗက်ရှန် မြို့မှ အာဗေလမဟောလ မြို့တိုင်အောင် မက၊ ယုတ်နန် မြို့ အလွန် ၊ ယေဇရေလ မြို့ အောက် ဇာတန မြို့နှင့်နီးစပ် သော ဗက်ရှန် မြို့နယ်လုံး ကို စီရင်သော အဟိလုပ် ၏သား ဗာန၊
בן גבר ברמת גלעד לו חות יאיר בן מנשה אשר בגלעד לו חבל ארגב אשר בבשן--ששים ערים גדלות חומה ובריח נחשת | 13 |
၁၃ဂိလဒ် ပြည်၌ မနာရှေ ၏သား ယာဣရ ပိုင်သော မြို့ များ၊ ဗာရှန် ပြည်၊ အာဂေါဘ အရပ် ၌မြို့ရိုး ၊ ကြေးဝါ တံခါးကျင် နှင့်ပြည့်စုံသော မြို့ ကြီး ခြောက် ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ် မြို့မှ ဂေဗာ ၏သား၊
၁၄မဟာနိမ် မြို့မှာ ဣဒေါ ၏သား အဟိနဒပ်၊
אחימעץ בנפתלי גם הוא לקח את בשמת בת שלמה--לאשה | 15 |
၁၅နဿလိ ခရိုင်ကိုစီရင်သောသူ၊ ရှောလမုန် ၏ သမီး တော် ဗာသမတ် နှင့်စုံဘက် သောအဟိမတ်၊
בענא בן חושי באשר ובעלות | 16 |
၁၆အာရှာ ခရိုင်နှင့် အာလုပ် မြို့မှာ ဟုရှဲ ၏သား ဗာနာ၊
၁၇ဣသခါ ခရိုင်မှာ ပါရွာ ၏သား ယောရှဖတ်၊
၁၈ဗင်္ယာမိန် ခရိုင်မှာ ဧလာ ၏သား ရှိမိ၊
גבר בן ארי בארץ גלעד--ארץ סיחון מלך האמרי ועג מלך הבשן ונציב אחד אשר בארץ | 19 |
၁၉အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏နိုင်ငံ၊ ဂိလဒ် ပြည် မှာ အခြားသောမင်း မရှိ။ တပါး တည်းစီရင်သော ဥရိ ၏သား ဂေဗ တည်း။
יהודה וישראל רבים כחול אשר על הים לרב אכלים ושתים ושמחים | 20 |
၂၀ထိုကာလ၌၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များပြား ၍ စား သောက် ပျော်မွေ့ လျက် နေကြ၏။
ושלמה היה מושל בכל הממלכות--מן הנהר ארץ פלשתים ועד גבול מצרים מגשים מנחה ועבדים את שלמה כל ימי חייו | 21 |
၂၁ရှောလမုန် သည်လည်း မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တု ပြည် တိုင်အောင် တိုင်း နိုင်ငံလုံး ကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက် ရကြ၏။
ויהי לחם שלמה ליום אחד שלשים כר סלת וששים כר קמח | 22 |
၂၂တနေ့ တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခါ ဟူမူကား၊ ဂျုံမုန့်ညက် ကောရ သုံး ဆယ်၊ မုယောမုန့်ညက် ကောရ ခြောက် ဆယ်၊
עשרה בקר בראים ועשרים בקר רעי--ומאה צאן לבד מאיל וצבי ויחמור וברברים אבוסים | 23 |
၂၃ဆူဖြိုး အောင်ကျွေးသောနွား တဆယ် ၊ ကျက်စား ရာထဲက နွား နှစ် ဆယ်၊ ဆတ် သမင် ဒရယ် အမျိုးမျိုးကို မဆိုဘဲသိုး တရာ ၊ ဆူဖြိုး အောင် ကျွေးသောငှက် မျိုး တည်း။
כי הוא רדה בכל עבר הנהר מתפסח ועד עזה--בכל מלכי עבר הנהר ושלום היה לו מכל עבריו--מסביב | 24 |
၂၄ရှောလမုန်သည် မြစ် ကြီးအနောက် ဘက်၊ တိဖသ မြို့မှ အဇ္ဇာ မြို့တိုင်အောင် ရှင် ဘုရင်အပေါင်း တို့ကို အစိုးရ သဖြင့် ပတ်ဝန်းကျင် အရပ် တို့၌ စစ်မှု စစ်ရေးမရှိ။
וישב יהודה וישראל לבטח איש תחת גפנו ותחת תאנתו מדן ועד באר שבע--כל ימי שלמה | 25 |
၂၅လက်ထက် တော်ကာလပတ်လုံး ၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည်ဒန် မြို့မှစ၍ ဗေရရှေဘ မြို့ တိုင်အောင် အသီးအသီးမိမိ စပျစ်ပင် ၊ မိမိ သင်္ဘောသဖန်းပင် အောက် မှာ ငြိမ်ဝပ် စွာ နေ ရကြ၏။
ויהי לשלמה ארבעים אלף ארות סוסים--למרכבו ושנים עשר אלף פרשים | 26 |
၂၆ရှောလမုန် သည်လည်း ၊ ရထား တော်များနှင့် ဆိုင်သော မြင်း တင်းကုပ် လေးထောင်၊ မြင်းစီး သူရဲ တသောင်း နှစ်ထောင်ရှိ၏။
וכלכלו הנצבים האלה את המלך שלמה ואת כל הקרב אל שלחן המלך שלמה--איש חדשו לא יעדרו דבר | 27 |
၂၇ဝန် စာရေးတို့သည်လည်း ရှောလမုန် မင်းကြီး နှင့် စားပွဲ တော်သို့ ဝင် သောသူအပေါင်း တို့အဘို့ တယောက် တလ စီစုံလင် စွာ ပြင်ဆင် ရကြ ၏။
והשערים והתבן לסוסים ולרכש--יבאו אל המקום אשר יהיה שם איש כמשפטו | 28 |
၂၈မုယော စပါးကို၎င်း ၊ မြင်း တော်များ၊ လား တော် များဘို့ မြက် ခြောက်ကို၎င်း၊ အလှည့် သင့်သည်အတိုင်း နေရာ အရပ်သို့ ဆောင် ခဲ့ရကြ၏။
ויתן אלהים חכמה לשלמה ותבונה הרבה מאד ורחב לב--כחול אשר על שפת הים | 29 |
၂၉ဘုရား သခင်သည် များစွာ သော ဉာဏ် ပညာ ကို ၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကျယ်ဝန်း သော နှလုံး ကို၎င်းပေး တော်မူသည်ဖြစ်၍၊
ותרב חכמת שלמה מחכמת כל בני קדם ומכל חכמת מצרים | 30 |
၃၀ပညာ တော်သည် အရှေ့ ပြည်သား ပညာ နှင့် အဲဂုတ္တု ပြည်သားပညာ ကို လွန်ကဲ ၏။
ויחכם מכל האדם מאיתן האזרחי והימן וכלכל ודרדע בני מחול ויהי שמו בכל הגוים סביב | 31 |
၃၁ရှောလမုန်သည် ဧဇရဟိတ် အမျိုးဧသန် ၊ မဟောလ သား ဟေမန် ၊ ခါလကောလ ၊ ဒါရဒ အစရှိသော လူ အပေါင်း တို့ထက် သာ၍ပညာ ရှိသဖြင့် ၊ ခပ်သိမ်း သော တိုင်း နိုင်ငံအရပ်ရပ် ၌ ကျော်စော လေ၏။
וידבר שלשת אלפים משל ויהי שירו חמשה ואלף | 32 |
၃၂စီရင် တော်မူသောသုတ္တံ စကားသုံး ထောင် နှင့် သီချင်း တ ထောင် ငါး ခုရှိ ၏။
וידבר על העצים מן הארז אשר בלבנון ועד האזוב אשר יצא בקיר וידבר על הבהמה ועל העוף ועל הרמש ועל הדגים | 33 |
၃၃လေဗနုန် အာရဇ် ပင်မှစ၍ အုတ်ရိုး နားမှာ ပေါက် တတ်သော ဟုဿုပ် ပင်တိုင်အောင် မြွက်ဆို ၏။ သား မျိုး၊ ငှက် မျိုး၊ ပိုးကောင် မျိုး၊ ငါး မျိုးတို့၏ အကြောင်း ကိုလည်း မြွက်ဆို ၏။
ויבאו מכל העמים לשמע את חכמת שלמה--מאת כל מלכי הארץ אשר שמעו את חכמתו | 34 |
၃၄ရှောလမုန်မင်း၏ ပညာ သိတင်းကို ကြား သော ရှင်ဘုရင် အမျိုးမျိုး စေလွှတ်သောသူတို့ သည် ပညာ စကား တော်ကို နားထောင် ခြင်းငှါ လာ ကြ၏။