< מלכים א 15 >

ובשנת שמנה עשרה למלך ירבעם בן נבט מלך אבים על יהודה 1
ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​တစ် ဆယ့်​ရှစ်​နှစ်​မြောက်​၌ အ​ဘိ​ယ​သည်​ယု​ဒ ပြည်​တွင်​နန်း​တက်​၍၊-
שלש שנים מלך בירושלם ושם אמו מעכה בת אבישלום 2
ယေ​ရု​ရှ​လင်​မြို့​၌​သုံး​နှစ်​နန်း​စံ​တော်​မူ​၏။ သူ​၏​မယ်​တော်​မှာ​အ​ဗ​ရှ​လုံ​၏​သ​မီး​မာ​ခါ ဖြစ်​၏။-
וילך בכל חטאות אביו אשר עשה לפניו ולא היה לבבו שלם עם יהוה אלהיו כלבב דוד אביו 3
အ​ဘိ​ယ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကူး​ခဲ့​သည့် အ​ပြစ်​များ​ကို​ဆက်​လက်​၍​ကူး​လွန်​၏။ သူ​သည် မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ဘေး​တော်​ဒါ​ဝိဒ်​ကဲ့​သို့​အ​ကြွင်း​မဲ့​သစ္စာ​မ​စောင့်။-
כי למען דוד נתן יהוה אלהיו לו ניר בירושלם להקים את בנו אחריו ולהעמיד את ירושלם 4
သို့​ရာ​တွင်​သူ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် ဒါ​ဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍​အ​ဘိ​ယ​မ​ရှိ သည့်​နောက်​၌ ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​စိုး​ရန်​နှင့် ယေ​ရု​ရှ​လင်​မြို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​စောင့်​ထိန်း ရန်​သား​တော်​တစ်​ပါး​ကို​ပေး​တော်​မူ​၏။-
אשר עשה דוד את הישר בעיני יהוה ולא סר מכל אשר צוהו כל ימי חייו--רק בדבר אוריה החתי 5
အ​ဘယ်​ကြောင့်​ဆို​သော်​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သည့်​အ​မှု​တို့​ကို​သာ​လျှင်​ပြု​ခဲ့ သော​ကြောင့်​ဖြစ်​၏။ မင်း​ကြီး​သည်​ဟိတ္တိ​အ​မျိုး​သား ဥ​ရိ​ယ​၏​အ​မှု​ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ် အ​ခါ​၌​မျှ​ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​လွန်​ဆန် ခဲ့​ခြင်း​မ​ရှိ​ပေ။-
ומלחמה היתה בין רחבעם ובין ירבעם כל ימי חייו 6
အ​ဘိ​ယ​သည်​မိ​မိ​၏​နန်း​သက်​တစ်​လျှောက် လုံး​၌​ယေ​ရော​ဗောင်​နှင့်​စစ်​ဖြစ်​ခဲ့​၏။-
ויתר דברי אבים וכל אשר עשה--הלוא הם כתובים על ספר דברי הימים למלכי יהודה ומלחמה היתה בין אבים ובין ירבעם 7
အ​ဘိ​ယ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား သ​တည်း။
וישכב אבים עם אבתיו ויקברו אתו בעיר דוד וימלך אסא בנו תחתיו 8
အ​ဘိ​ယ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ဒါ​ဝိဒ်​မြို့ တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော်​အာ​သ​သည် ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။
ובשנת עשרים לירבעם מלך ישראל מלך אסא מלך יהודה 9
ဣ​သ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​နန်း​စံ​အ​နှစ် နှစ်​ဆယ်​မြောက်​၌ အာ​သ​သည်​ယု​ဒ​ပြည်​တွင် နန်း​တက်​၍၊-
וארבעים ואחת שנה מלך בירושלם ושם אמו מעכה בת אבישלום 10
၁၀ယေ​ရု​ရှ​လင်​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​နန်း​စံ လေ​သည်။ သူ​၏​အ​ဖွား​မှာ​အ​ဗ​ရှ​လုံ​၏ သ​မီး​မာခါ​ဖြစ်​၏။-
ויעש אסא הישר בעיני יהוה כדוד אביו 11
၁၁အာ​သ​သည်​မိ​မိ​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော​အ​မှု တို့​ကို​ပြု​၏။-
ויעבר הקדשים מן הארץ ויסר את כל הגללים אשר עשו אבתיו 12
၁၂သူ​သည်​ရုပ်​တု​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ တွင် ပြည့်​တန်​ဆာ​အ​လုပ်​ကို​လုပ်​နေ​သော​အ​မျိုး သား​အ​မျိုး​သ​မီး​များ​ကို တိုင်း​ပြည်​မှ​နှင်​ထုတ် ပြီး​လျှင် မိ​မိ​၏​ဘိုး​တော်​ဘေး​တော်​ဘု​ရင်​များ ပြု​လုပ်​ခဲ့​သည့်​ရုပ်​တု​များ​ကို​ဖယ်​ရှား​ပစ်​တော် မူ​၏။-
וגם את מעכה אמו ויסרה מגבירה אשר עשתה מפלצת לאשרה ויכרת אסא את מפלצתה וישרף בנחל קדרון 13
၁၃မိ​မိ​၏​အ​ဖွား​မာ​ခါ​၏​ထံ​မှ​လည်း​မယ်​တော် ဘု​ရင်​မ​ရာ​ထူး​ကို​နုတ်​သိမ်း​တော်​မူ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မာ​ခါ​သည်​အ​သီး​အ​နှံ ဖွံ့​ဖြိုး​မှု​ဆိုင်​ရာ အာ​ရှ​ရ​ဘု​ရား​မ​အား​ဝတ်​ပြု ကိုး​ကွယ်​ရန်​အ​တွက် ရှု​မ​ကောင်း​မြင်​မ​ကောင်း​သော ရုပ်​တု​ကို​ပြု​လုပ်​ထား​သော​ကြောင့်​ဖြစ်​၏။ အာ​သ သည်​ထို​ရုပ်​တု​ကို​ခုတ်​ပြီး​လျှင်​ကေ​ဒြုန်​ချောင်း အ​နီး​တွင်​မီး​ရှို့​ပစ်​တော်​မူ​၏။-
והבמות לא סרו רק לבב אסא היה שלם עם יהוה--כל ימיו 14
၁၄ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​အ​ကုန်​အ​စင် မ​ဖျက်​ဆီး​သော်​လည်း အာ​သ​သည်​ထာ​ဝရ​ဘု​ရား အား​တစ်​သက်​လုံး​သစ္စာ​စောင့်​တော်​မူ​ပေ​သည်။-
ויבא את קדשי אביו וקדשו (וקדשי) בית יהוה כסף וזהב וכלים 15
၁၅သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ခ​မည်း​တော်​ဆက် ကပ်​လှူ​ဒါန်း​ထား​သမျှ​သော​ဥစ္စာ​ပစ္စည်း​များ​နှင့် မိ​မိ​ကိုယ်​တိုင်​ဆက်​ကပ်​လှူ​ဒါန်း​သည့် ရွှေ၊ ငွေ အ​သုံး ဆောင်​များ​ကို​ဗိ​မာန်​တော်​တွင်​ထား​ရှိ​တော်​မူ​၏။
ומלחמה היתה בין אסא ובין בעשא מלך ישראל--כל ימיהם 16
၁၆ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ဗာ​ရှာ တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက်​လုံး​၌​စစ် ဖြစ်​လျက်​နေ​ကြ​လေ​သည်။-
ויעל בעשא מלך ישראל על יהודה ויבן את הרמה--לבלתי תת יצא ובא לאסא מלך יהודה 17
၁၇ဗာ​ရှာ​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​ပြီး လျှင် ယု​ဒ​ပြည်​သို့​အ​ဝင်​အ​ထွက်​လမ်း​ကို​ပိတ် စေ​ရန်​ရာ​မ​မြို့​ကို​တံ​တိုင်း​ကာ​၍​ထား​၏။-
ויקח אסא את כל הכסף והזהב הנותרים באוצרות בית יהוה ואת אוצרות בית מלך (המלך) ויתנם ביד עבדיו וישלחם המלך אסא אל בן הדד בן טברמן בן חזיון מלך ארם הישב בדמשק לאמר 18
၁၈ထို့​ကြောင့်​အာ​သ​မင်း​သည်​ဗိ​မာန်​တော်​နှင့်​နန်း တော်​တွင်​ကျန်​ရှိ​နေ​သေး​သော ရွှေ၊ ငွေ​ရှိ​သ​မျှ​ကို မှူး​မတ်​အ​ချို့​တို့​လက်​ဖြင့်​ဒ​မာ​သက်​မြို့​ရှိ ရှု​ရိ​ဘု​ရင်​ဗင်္ဟာ​ဒဒ်​ထံ​သို့​ယူ​ဆောင်​သွား​စေ တော်​မူ​၏။ ဗင်္ဟာ​ဒဒ်​ကား​ရေ​ဇုန်​၏​မြေး၊ တာ​ဗ​ရိ မုန်​၏​သား​ဖြစ်​သ​တည်း။-
ברית ביני ובינך בין אבי ובין אביך הנה שלחתי לך שחד כסף וזהב--לך הפרה את בריתך את בעשא מלך ישראל ויעלה מעלי 19
၁၉အာ​သ​သည်​သူ​၏​ထံ​သို့``အ​ကျွန်ုပ်​တို့​သည်​ကျွန်ုပ် တို့​၏​ခ​မည်း​တော်​များ​ကဲ့​သို့​မ​ဟာ​မိတ်​ဖွဲ့​ကြ ကုန်​အံ့။ ဤ​ရွှေ၊ ငွေ​များ​မှာ​အ​ဆွေ​တော်​အ​တွက် လက်​ဆောင်​ဖြစ်​ပါ​၏။ ဗာ​ရှာ​မင်း​သည်​မိမိ​၏​စစ်​တပ် များ​ကို​ကျွန်ုပ်​၏​နယ်​မြေ​မှ​ရုပ်​သိမ်း​သွား​စေ​ရန် အ​ဆွေ​တော်​သည်​သူ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​မှု​ကို​ဖျက် သိမ်း​ပစ်​ပါ​လော့'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။
וישמע בן הדד אל המלך אסא וישלח את שרי החילים אשר לו על ערי ישראל ויך את עיון ואת דן ואת אבל בית מעכה ואת כל כנרות על כל ארץ נפתלי 20
၂၀ဗင်္ဟာ​ဒဒ်​မင်း​သည် အာ​သ​အ​ကြံ​ပေး​သည့်​အ​တိုင်း ဆောင်​ရွက်​ရန်​သ​ဘော​တူ​သ​ဖြင့် မိ​မိ​၏​တပ်​မှူး များ​နှင့်​စစ်​သည်​တော်​တို့​ကို​စေ​လွှတ်​၍​ဣသ​ရေ​လ မြို့​များ​ကို​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည် န​ဿ​လိ​နယ်​မြေ​တစ်​ခု​လုံး​အ​ပြင်​ဣ​ယုန်​မြို့၊ ဒန်​မြို့၊ အာ​ဗေ​လ​ဗက်​မာ​ခါ​မြို့​နှင့်​ဂင်္နေ​သ​ရက် နယ်​တို့​ကို​သိမ်း​ဆည်း​ကြ​၏။-
ויהי כשמע בעשא ויחדל מבנות את הרמה וישב בתרצה 21
၂၁ဤ​သ​တင်း​ကို​ကြား​သော​အ​ခါ​ဗာ​ရှာ​မင်း သည်​ရာ​မ​မြို့​တံ​တိုင်း​ကာ​ရံ​မှု​ကို​ရပ်​စဲ​၍ တိ​ရ​ဇ​မြို့​သို့​ထွက်​ခွာ​သွား​တော်​မူ​၏။
והמלך אסא השמיע את כל יהודה אין נקי וישאו את אבני הרמה ואת עציה אשר בנה בעשא ויבן בם המלך אסא את גבע בנימן ואת המצפה 22
၂၂ထို​အ​ခါ​အာ​သ​မင်း​သည် ယု​ဒ​ပြည်​တစ်​လျှောက် လုံး​သို့​အ​မိန့်​ထုတ်​ပြန်​တော်​မူ​ပြီး​လျှင် ပြည်​သူ အ​ပေါင်း​တို့​အား​တစ်​ယောက်​မ​ကျန်​ရာ​မ​မြို့ တံ​တိုင်း​တည်​ဆောက်​ရန်​အ​တွက် ဗာ​ရှာ​မင်း​အ​သုံး ပြု​လျက်​နေ​ခဲ့​သည့်​ကျောက်​တုံး​များ​နှင့်​သစ် သား​များ​ကို​ဝိုင်း​ဝန်း​သယ်​ဆောင်​စေ​တော်​မူ​၏။ ထို​ပစ္စည်း​များ​ဖြင့်​အာ​သ​သည် မိ​ဇ​ပါ​မြို့​နှင့် ဗင်္ယာ​မိန်​နယ်​တွင်​ရှိ​သော​ဂေ​ဘ​မြို့​ကို​တံ​တိုင်း ကာ​ရံ​တော်​မူ​၏။
ויתר כל דברי אסא וכל גבורתו וכל אשר עשה והערים אשר בנה--הלא המה כתובים על ספר דברי הימים למלכי יהודה רק לעת זקנתו חלה את רגליו 23
၂၃အာ​သ​မင်း​ဆောင်​ရွက်​တော်​မူ​ခဲ့​သည့် အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​သူ​၏​စွန့်​စား​ခန်း​များ၊ မြို့​များ​ကို​တံ​တိုင်း​ကာ​ရံ​ပုံ​အ​ကြောင်း​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။ သူ​သည် အို​မင်း​ချိန်​တွင်​အ​နာ​ရော​ဂါ​စွဲ​သ​ဖြင့်၊-
וישכב אסא עם אבתיו ויקבר עם אבתיו בעיר דוד אביו וימלך יהושפט בנו תחתיו 24
၂၄ကွယ်​လွန်​သော်​သူ့​ကို​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင် သင်္ဂြိုဟ်​ကြ​၏။ ထို့​နောက်​သား​တော်​ယေ​ဟော​ရှ​ဖတ် သည်​ခ​မည်း​တော်​၏​အရိုက်​အ​ရာ​ကို​ဆက်​ခံ​၍ နန်း​တက်​လေ​သည်။
ונדב בן ירבעם מלך על ישראל בשנת שתים לאסא מלך יהודה וימלך על ישראל שנתים 25
၂၅ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​ဒု​တိ​ယ​နှစ်​၌ ယေ​ရော ဗောင်​မင်း​၏​သား​တော်​နာ​ဒဒ်​သည် ဣ​သ​ရေ​လ ပြည်​တွင်​နန်း​တက်​၍​နှစ်​နှစ်​မျှ​နန်း​စံ​တော်​မူ​၏။-
ויעש הרע בעיני יהוה וילך בדרך אביו ובחטאתו אשר החטיא את ישראל 26
၂၆သူ​သည်​မိ​မိ​၏​ခ​မည်း​တော်​ကဲ့​သို့​ပင်​ထာ​ဝ​ရ ဘု​ရား​အား​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့ အား​အ​ပြစ်​ကူး​ရန်​ရှေ့​ဆောင်​လမ်း​ပြ​ပေး​လေ သည်။
ויקשר עליו בעשא בן אחיה לבית יששכר ויכהו בעשא בגבתון אשר לפלשתים ונדב וכל ישראל צרים על גבתון 27
၂၇နာ​ဒဒ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည်​ဖိ​လိတ္တိ​ပြည် ဂိ​ဗေ​သုန်​မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​စဉ် ယု​ဒ​ဘု​ရင် အာ​သ​နန်း​စံ​သုံး​နှစ်​တွင် ဣ​သ​ခါ​သား​ချင်း​စု ဝင်​အ​ဟိ​ယ​၏​သား​ဗာ​ရှာ​သည် နာ​ဒဒ်​ကို​လျှို့​ဝှက် ကြံ​စည်​ကာ​လုပ်​ကြံ​လိုက်​လေ​သည်။ သို့​ဖြစ်​၍ ဗာ​ရှာ​သည်​နာ​ဒဒ်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။-
וימתהו בעשא--בשנת שלש לאסא מלך יהודה וימלך תחתיו 28
၂၈
ויהי כמלכו הכה את כל בית ירבעם--לא השאיר כל נשמה לירבעם עד השמדו כדבר יהוה--אשר דבר ביד עבדו אחיה השילני 29
၂၉ထို့​နောက်​ချက်​ချင်း​ပင်​ဗာ​ရှာ​သည်​ယေ​ရော​ဗောင် ၏​အိမ်​ထောင်​စု​သား​အ​ပေါင်း​ကို​သတ်​လေ​သည်။ ရှိ​လော​မြို့​နေ​ပ​ရော​ဖက်​အ​ဟိ​ယ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယေ​ရော​ဗောင်​၏​အိမ်​ထောင်​စု​အ​ပေါင်း​တို့​သည် တစ်​ယောက်​မ​ကျန်​အ​သတ်​ခံ​ရ​ကြ​သ​တည်း။-
על חטאות ירבעם אשר חטא ואשר החטיא את ישראל בכעסו--אשר הכעיס את יהוה אלהי ישראל 30
၃၀ယင်း​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ယေ​ရော​ဗောင်​သည် မိ​မိ​ကိုယ်​တိုင်​ကူး​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့် လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​ကူး စေ​ခဲ့​သည့်​အ​ပြစ်​များ​အား​ဖြင့်​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး သော​ကြောင့်​ဖြစ်​၏။
ויתר דברי נדב וכל אשר עשה הלא הם כתובים על ספר דברי הימים--למלכי ישראל 31
၃၁နာ​ဒဒ်​ဆောင်​ရွက်​ခဲ့​သော အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-
ומלחמה היתה בין אסא ובין בעשא מלך ישראל--כל ימיהם 32
၃၂ယု​ဒ​ဘု​ရင်​အာ​သ​နှင့်​ဣ​သ​ရေ​လ​ဘု​ရင် ဗာ​ရှာ​တို့​သည် မိ​မိ​တို့​နန်း​သက်​တစ်​လျှောက် လုံး​စစ်​ဖြစ်​ကြ​လေ​သည်။
בשנת שלש לאסא מלך יהודה--מלך בעשא בן אחיה על כל ישראל בתרצה עשרים וארבע שנה 33
၃၃ယု​ဒ​ဘု​ရင်​အာ​သ​နန်း​စံ​တ​တိ​ယ​နှစ်​၌၊ အ​ဟိ​ယ ၏​သား​ဗာ​ရှာ​သည် ဣ​သ​ရေ​လ​နိုင်​ငံ​၏​ဘု​ရင်​ဖြစ် လာ​ပြီး​လျှင်၊ တိ​ရ​ဇ​မြို့​တွင်​နှစ်​ဆယ့်​လေး​နှစ်​နန်း စံ​တော်​မူ​၏။-
ויעש הרע בעיני יהוה וילך בדרך ירבעם ובחטאתו אשר החטיא את ישראל 34
၃၄ယေ​ရော​ဗောင်​မင်း​ကဲ့​သို့​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ကို​ပြစ်​မှား​၍ ဣ​သ​ရေ​လ​ပြည်​သူ​တို့​အား​အ​ပြစ် ကူး​စေ​ရန်​ရှေ့​ဆောင်​လမ်း​ပြ​လေ​သည်။

< מלכים א 15 >