< דברי הימים א 17 >

ויהי כאשר ישב דויד בביתו ויאמר דויד אל נתן הנביא הנה אנכי יושב בבית הארזים וארון ברית יהוה תחת יריעות 1
ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည် မိ​မိ​နန်း​တော်​တွင် စံ​မြန်း​လျက်​နေ​တော်​မူ​လေ​ပြီ။ တစ်​နေ့​သ​၌ သူ​သည်​ပ​ရော​ဖက်​နာ​သန်​အား​ခေါ်​ပြီး​လျှင်``ငါ သည်​အာ​ရစ်​သား​နှင့်​တည်​ဆောက်​သော​နန်း​တော် တွင်​စံ​နေ​ရ​၏။ ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​မူ​ကား တဲ​တော်​၌​ပင်​ရှိ​နေ​ပေ သည်'' ဟု​မိန့်​တော်​မူ​၏။
ויאמר נתן אל דויד כל אשר בלבבך עשה כי האלהים עמך 2
နာ​သန်​က``အ​ကြံ​အ​စည်​တော်​ရှိ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင်​မင်း ကြီး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​၏'' ဟု​လျှောက်​၏။
ויהי בלילה ההוא ויהי דבר אלהים אל נתן לאמר 3
သို့​ရာ​တွင်​ထို​ည​၌​ဘု​ရား​သ​ခင်​သည်​နာ​သန် အား၊
לך ואמרת אל דויד עבדי כה אמר יהוה לא אתה תבנה לי הבית לשבת 4
``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ​သည် ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို​တည်​ဆောက် ရ​မည့်​သူ​မ​ဟုတ်​ကြောင်း​ပြော​ကြား​လော့။-
כי לא ישבתי בבית מן היום אשר העליתי את ישראל עד היום הזה ואהיה מאהל אל אהל וממשכן 5
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ ငါ​သည်​အ​ဘယ် အ​ခါ​မျှ​ဗိ​မာန်​တော်​တွင်​မ​ကျိန်း​မ​ဝပ်​ခဲ့။ တဲ တော်​များ​တွင်​သာ​လျှင်​ကျိန်း​ဝပ်​၍ တစ်​နေ​ရာ မှ​တစ်​နေ​ရာ​သို့​ပြောင်း​ရွှေ့​ခဲ့​၏။-
בכל אשר התהלכתי בכל ישראל הדבר דברתי את אחד שפטי ישראל אשר צויתי לרעות את עמי לאמר למה לא בניתם לי בית ארזים 6
ဣ​သ​ရေ​လ​ပြည်​သား​တို့​နှင့်​အ​တူ​လှည့်​လည် သွား​လာ​လေ​သ​မျှ​သော​အ​ရပ်​တို့​တွင် ငါ​သည် မိ​မိ​ခန့်​ထား​သော​မည်​သည့်​ခေါင်း​ဆောင်​ကို မျှ`သင်​တို့​သည်​ငါ​၏​အ​တွက်​အာ​ရစ်​သား ဗိ​မာန်​တော်​ကို အ​ဘယ်​ကြောင့်​မ​တည်​မ​ဆောက် သ​နည်း' ဟု​မေး​မြန်း​ခဲ့​ဖူး​သည်​မ​ရှိ။''
ועתה כה תאמר לעבדי לדויד כה אמר יהוה צבאות אני לקחתיך מן הנוה מן אחרי הצאן--להיות נגיד על עמי ישראל 7
``သို့​ဖြစ်​၍​ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား၊ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား`ငါ​သည်​သင့်​အား​သိုး​တို့​ကို​ထိန်း​ကျောင်း ရာ​မှ​ခေါ်​ယူ​၍ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး မြှောက်​တော်​မူ​ခဲ့​၏။-
ואהיה עמך בכל אשר הלכת ואכרית את כל אויביך מפניך ועשיתי לך שם כשם הגדולים אשר בארץ 8
သင်​သွား​လေ​ရာ​ရာ​သို့​သင်​နှင့်​အ​တူ​ငါ​ရှိ ခဲ့​၏။ သင်​၏​လမ်း​မှ​ရန်​သူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ဖျက်​ဆီး​ခဲ့​၏။ ကမ္ဘာ​မြေ​ပေါ်​တွင် အ​ကြီး​မြတ်​ဆုံး​သူ​များ​နည်း​တူ​သင့်​ကို ငါ​ထင်​ပေါ်​ကျော်​ကြား​စေ​မည်။-
ושמתי מקום לעמי ישראל ונטעתיהו ושכן תחתיו ולא ירגז עוד ולא יוסיפו בני עולה לבלתו כאשר בראשונה 9
ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နေ​ထိုင်​ရန်​အ​ရပ်​ကို​ရွေး​ချယ်​၍ သူ တို့​အား​နေ​ရာ​ချထား​ပေး​ခဲ့​၏။ သူ​တို့​သည်​နောင် အ​ဘယ်​အ​ခါ​၌​မျှ​ဖိ​စီး​နှိပ်​စက်​မှု​ကို​ခံ​ရ ကြ​လိမ့်​မည်​မ​ဟုတ်။ ဤ​ပြည်​သို့​ဝင်​ရောက်​လာ ချိန်​မှ​အ​စ​ပြု​၍​အ​ကြမ်း​ဖက်​သ​မား​တို့​၏ တိုက်​ခိုက်​မှု​ကို​ခံ​ခဲ့​ရ​သော်​လည်း နောင်​အ​ဘယ် အ​ခါ​၌​မျှ​ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ ငါ သည်​သင်​၏​ရန်​သူ​အ​ပေါင်း​ကို​နှိမ်​နင်း​မည်၊ သင်​၏​အ​မျိုး​အ​နွယ်​ကို​လည်း​တည်​မြဲ​စေ မည်​ဟူ​၍​က​တိ​ပြု​၏။-
ולמימים אשר צויתי שפטים על עמי ישראל והכנעתי את כל אויביך ואגד לך ובית יבנה לך יהוה 10
၁၀
והיה כי מלאו ימיך ללכת עם אבתיך והקימותי את זרעך אחריך אשר יהיה מבניך והכינותי את מלכותו 11
၁၁သင်​သည်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​၏​သင်္ချိုင်း များ​အ​နီး​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​သော အ​ခါ ငါ​သည်​သင့်​သား​တစ်​ယောက်​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှင့်​၍​သူ​၏​နိုင်​ငံ​ကို​တည်​တံ့ ခိုင်​မြဲ​စေ​မည်။-
הוא יבנה לי בית וכננתי את כסאו עד עולם 12
၁၂သူ​သည်​ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ မင်း​ဆက်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-
אני אהיה לו לאב והוא יהיה לי לבן וחסדי לא אסיר מעמו כאשר הסירותי מאשר היה לפניך 13
၁၃ငါ​သည်​သူ​၏​အဖ​ဖြစ်​လိမ့်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​သင့်​အား​ဘု​ရင် အ​ဖြစ်​ဖြင့်​ချီး​မြှောက်​နိုင်​ရန်​ရှော​လု​ကို​ဖယ် ရှား​၍ ငါ​၏​အ​ထောက်​အ​ကူ​ကို​သူ့​ထံ​မှ ရုတ်​သိမ်း​သ​ကဲ့​သို့ သင်​၏​သား​ထံ​မှ​ရုတ်​သိမ်း လိမ့်​မည်​မ​ဟုတ်။-
והעמדתיהו בביתי ובמלכותי עד העולם וכסאו יהיה נכון עד עולם 14
၁၄ငါ​၏​လူ​မျိုး​တော်​နှင့်​ငါ့​နိုင်​ငံ​တော်​ကို​ထာ​ဝ စဉ်​စောင့်​ရှောက်​ရန် သူ့​ကို​တာ​ဝန်​ပေး​အပ်​မည်။ သူ​၏​မင်း​ဆက်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြတ်​ရ​လိမ့်​မည်​မ​ဟုတ်' ဟု​ပြော​ကြား​လော့'' ဟူ​၍​နာ​သန်​အား​မိန့်​တော်​မူ​၏။
ככל הדברים האלה וככל החזון הזה--כן דבר נתן אל דויד 15
၁၅နာ​သန်​သည်​ဘု​ရား​သခင်​ဖွင့်​ပြ​တော်​မူ​သော ဗျာ​ဒိတ်​တော်​မှန်​သ​မျှ​ကို ဒါ​ဝိဒ်​အား​ပြန် ကြား​လျှောက်​ထား​လေ​၏။
ויבא המלך דויד וישב לפני יהוה ויאמר מי אני יהוה אלהים ומי ביתי כי הביאתני עד הלם 16
၁၆ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​ထဲ​သို့​ဝင်​၍​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​၌​ထိုင်​ပြီး​လျှင်``အို ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​နှင့်​ကျွန် တော်​မျိုး​၏​အိမ်​ထောင်​စု​သည် ကိုယ်​တော်​ရှင် ပြု​တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​နှင့် မ​ထိုက်​တန်​ပါ။-
ותקטן זאת בעיניך אלהים ותדבר על בית עבדך למרחוק וראיתני כתור האדם המעלה--יהוה אלהים 17
၁၇သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဤ​ထက်​မ​က ပို​၍​ပင် ကျေး​ဇူး​ပြု​တော်​မူ​လျက်​ရှိ​ပါ​၏။ နောင်​လာ​လတ္တံ့​သော​နှစ်​များ​တွင်​ကျွန်​တော်​မျိုး ၏​သား​မြေး​တို့​အ​တွက် မည်​သို့​ပြု​တော်​မူ​မည် ကို​က​တိ​ထား​တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကြီး​မြတ်​သူ​တစ်​ဦး​အ​ဖြစ်​ကြို တင်​၍​သိ​မှတ်​တော်​မူ​ပါ​ပြီ။-
מה יוסיף עוד דויד אליך לכבוד את עבדך ואתה את עבדך ידעת 18
၁၈ဤ​ထက်​ပို​၍​မည်​သို့​လျှောက်​ထား​ရ​ပါ​မည် နည်း။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​ကောင်း​စွာ​သိ​တော်​မူ​သော်​လည်း ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​အား ချီး​မြှင့်​မြှောက်​စား​တော်​မူ​ပါ​၏။-
יהוה--בעבור עבדך וכלבך עשית את כל הגדולה הזאת להדיע את כל הגדלות 19
၁၉အ​နာ​ဂတ်​ကာ​လ​၌​ကျွန်​တော်​မျိုး​ကြီး​မြတ် လာ​မည်​ကို​ဖော်​ပြ​ရန် ကျွန်​တော်​မျိုး​အ​တွက် အ​လို​တော်​နှင့်​အ​ကြံ​အ​စည်​တော်​အ​ရ ဤ သို့​ပြု​တော်​မူ​ခြင်း​ပင်​ဖြစ်​ပါ​၏။-
יהוה אין כמוך ואין אלהים זולתך בכל אשר שמענו באזנינו 20
၂၀အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ​မျှ​မ​တူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​စဉ်​သိ မြင်​သည်​အ​တိုင်း ကိုယ်​တော်​ရှင်​သာ​လျှင် ဘု​ရား​သခင်​ဖြစ်​တော်​မူ​ပါ​၏။-
ומי כעמך ישראל גוי אחד בארץ אשר הלך האלהים לפדות לו עם לשום לך שם גדלות ונראות--לגרש מפני עמך אשר פדית ממצרים גוים 21
၂၁ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​နှင့် တူ​သော​လူ​မျိုး​မ​ရှိ​ပါ။ သူ​တို့​အား​ကိုယ်​တော် ရှင်​သည်​မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ် လာ​စေ​ရန် ကျွန်​ဘ​ဝ​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့ ပါ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​ပြု​တော်​မူ သော​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​များ​ကြောင့် ဂုဏ်​သတင်း​တော်​သည်​ကမ္ဘာ သို့​ပျံ့​နှံ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​စု​တော်​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် တော်​မူ​ခဲ့​ပြီး​လျှင် သူ​တို့​ချီ​တက်​လာ​ကြ သော​အ​ခါ​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့ ကို​နှင်​ထုတ်​တော်​မူ​ပါ​၏။-
ותתן את עמך ישראל לך לעם--עד עולם ואתה יהוה היית להם לאלהים 22
၂၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကိုယ်​တော်​ရှင် ထာ​ဝ​စဉ်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​လာ​တော် မူ​ပါ​ပြီ။
ועתה יהוה--הדבר אשר דברת על עבדך ועל ביתו יאמן עד עולם ועשה כאשר דברת 23
၂၃``သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး နှင့်​သား​မြေး​တို့​အ​တွက်​ကိုယ်​တော်​ရှင်​ပြု တော်​မူ​သော​က​တိ​တော်​ကို ယ​ခု​ပင်​အ​ကောင် အ​ထည်​ပေါ်​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ပြု တော်​မူ​မည်​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း အ​စဉ်​ပင်​ပြု​တော်​မူ​ပါ။-
ויאמן ויגדל שמך עד עולם לאמר--יהוה צבאות אלהי ישראל אלהים לישראל ובית דויד עבדך נכון לפניך 24
၂၄ကိုယ်​တော်​ရှင်​၏​သ​တင်း​တော်​သည်​ထင်​ပေါ် ကျော်​ကြား​ပါ​လိမ့်​မည်။ လူ​တို့​က​လည်း`အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​၏' ဟု​အ​စဉ်​အ​မြဲ​မြွက်​ဆို​ကြ​ပါ​လိမ့် မည်။ ကျွန်​တော်​မျိုး​၏​ရာ​ဇ​ပလ္လင်​ကို​လည်း ထာ​ဝ​စဉ်​တည်​စေ​တော်​မူ​ပါ​လိမ့်​မည်။-
כי אתה אלהי גלית את אזן עבדך לבנות לו בית על כן מצא עבדך להתפלל לפניך 25
၂၅ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ​ကျွန်​တော် မျိုး​အား ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို​ဖွင့်​ပြ တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​တော် မျိုး​၏​သား​မြေး​တို့​အား​ဘု​ရင်​အ​ဖြစ်​ဖြင့် ချီး​မြှင့်​မြှောက်​စား​တော်​မူ​မည်​ဟု​မိန့်​တော် မူ​သော​ကြောင့်​လည်း​ကောင်း​ကျွန်​တော်​မျိုး သည် ဤ​ဆု​တောင်း​ပတ္ထ​နာ​ကို​ကျွန်​တော်​မျိုး ၏​ဘု​ရား​ထံ​တော်​သို့​တင်​လျှောက်​ဝံ့​ခြင်း ဖြစ်​ပါ​၏။-
ועתה יהוה אתה הוא האלהים ותדבר על עבדך הטובה הזאת 26
၂၆အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​အား ဤ​အံ့​သြ​ဖွယ်​သော​က​တိ​တော်​ကို​ပေး တော်​မူ​ပါ​ပြီ။-
ועתה הואלת לברך את בית עבדך להיות לעולם לפניך כי אתה יהוה ברכת ומברך לעולם 27
၂၇ကျွန်​တော်​မျိုး​၏​သား​မြေး​တို့​သည်​ကိုယ်​တော် ရှင်​၏​ရှေ့​တော်​၌​ဆက်​လက်​၍​မျက်​နှာ​ရ​ကြ စေ​ရန် သူ​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ ဟု​ပန်​ကြား​လျှောက်​ထား​ပါ​၏။ အို ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော် ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​အ​စဉ်​အ​မြဲ ခံ​စား​ရ​ကြ​ပါ​စေ​သော'' ဟု​ဆု​တောင်း သ​တည်း။

< דברי הימים א 17 >