< דברי הימים א 16 >
ויביאו את ארון האלהים ויציגו אתו בתוך האהל אשר נטה לו דויד ויקריבו עלות ושלמים לפני האלהים | 1 |
၁သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
ויכל דויד מהעלות העלה והשלמים ויברך את העם בשם יהוה | 2 |
၂ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
ויחלק לכל איש ישראל מאיש ועד אשה--לאיש ככר לחם ואשפר ואשישה | 3 |
၃အစားအစာများကိုဝေပေးတော်မူ၏။ မင်း ကြီးသည်ဣသရေလနိုင်ငံရှိအမျိုးသား အမျိုးသမီးအပေါင်းတို့အားမုန့်တစ်လုံး၊ အမဲသားတစ်တုံးနှင့် စပျစ်သီးခြောက် အနည်းငယ်စီပေးတော်မူ၏။
ויתן לפני ארון יהוה מן הלוים--משרתים ולהזכיר ולהודות ולהלל ליהוה אלהי ישראל | 4 |
၄ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။-
אסף הראש ומשנהו זכריה יעיאל ושמירמות ויחיאל ומתתיה ואליאב ובניהו ועבד אדם ויעיאל בכלי נבלים ובכנרות ואסף במצלתים משמיע | 5 |
၅သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
ובניהו ויחזיאל הכהנים--בחצצרות תמיד לפני ארון ברית האלהים | 6 |
၆ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလ တို့ကတံပိုးခရာများကိုပဋိညာဉ်သေတ္တာ တော်၏ရှေ့တွင်အချိန်မှန်မှန်မှုတ်ရကြ၏။-
ביום ההוא אז נתן דויד בראש להדות ליהוה--ביד אסף ואחיו | 7 |
၇ဤကားထာဝရဘုရားအားထောမနာပြု ၍သီချင်းဆိုကြရန် အာသပ်နှင့်မိမိ၏အဖော် လေဝိအနွယ်ဝင်တို့ကို ဒါဝိဒ်မင်းပထမဆုံး အကြိမ်တာဝန်ပေးခြင်းပင်ဖြစ်သတည်း။
הודו ליהוה קראו בשמו-- הודיעו בעמים עלילתיו | 8 |
၈ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
שירו לו זמרו לו-- שיחו בכל נפלאתיו | 9 |
၉ကိုယ်တော်ပြုတော်မူသောအံ့သြဘွယ်ရာတို့ ကို ပြောကြားလျက် ကိုယ်တော်၏ဂုဏ်တော်ကိုသီချင်းဆို၍ ချီးမွမ်းကြလော့။
התהללו בשם קדשו-- ישמח לב מבקשי יהוה | 10 |
၁၀ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူအပေါင်း တို့သည် ဝမ်းမြောက်ရွှင်မြူးကြစေ။
דרשו יהוה ועזו-- בקשו פניו תמיד | 11 |
၁၁ကူမတော်မူရန်ထာဝရဘုရား၏ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်အားအစဉ်အမြဲဝတ်ပြု ကိုးကွယ်ကြလော့။
זכרו נפלאתיו אשר עשה-- מפתיו ומשפטי פיהו | 12 |
၁၂ဘုရားသခင်၏အစေခံယာကုပ်၏သား မြေးတို့၊ ဘုရားသခင်ရွေးကောက်တော်မူသော ဣသရေလ၏သားမြေးတို့၊ ကိုယ်တော်ပြတော်မူသည့်ကြီးမြတ်အံ့သြဖွယ် ကောင်းသောနိမိတ်လက္ခဏာတို့ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရား စီရင်ချက်တို့ကိုလည်းကောင်း အောက်မေ့သတိရကြလော့။
זרע ישראל עבדו-- בני יעקב בחיריו | 13 |
၁၃
הוא יהוה אלהינו-- בכל הארץ משפטיו | 14 |
၁၄ထာဝရဘုရားသည်ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်၏ပညတ်တော်တို့သည် ကမ္ဘာတစ်ဝန်းလုံးအတွက်ဖြစ်၏။
זכרו לעולם בריתו-- דבר צוה לאלף דור | 15 |
၁၅ထာဝစဉ်တည်မြဲစေရန်ကိုယ်တော်ပြုတော် မူသော ပဋိညာဉ်တော်တည်းဟူသော အာဗြဟံနှင့်ကိုယ်တော်ပြုတော်မူသော ပဋိညာဉ်တော်ကိုလည်းကောင်း၊ ဣဇာက်အားပေးတော်မူသောကတိတော် ကိုလည်းကောင်း၊ အဘယ်အခါ၌မျှမမေ့မလျော့ကြနှင့်။
אשר כרת את אברהם-- ושבועתו ליצחק | 16 |
၁၆
ויעמידה ליעקב לחק-- לישראל ברית עולם | 17 |
၁၇ထာဝရဘုရားသည်ထာဝစဉ်တည်မြဲမည့် ပဋိညာဉ်တော်ကိုယာကုပ်နှင့်ပြုတော်မူခဲ့၏။
לאמר לך אתן ארץ כנען-- חבל נחלתכם | 18 |
၁၈ကိုယ်တော်က``ခါနာန်ပြည်ကိုသင့်အားငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
בהיותכם מתי מספר-- כמעט וגרים בה | 19 |
၁၉ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
ויתהלכו מגוי אל גוי-- ומממלכה אל עם אחר | 20 |
၂၀တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
לא הניח לאיש לעשקם-- ויוכח עליהם מלכים | 21 |
၂၁သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။
אל תגעו במשיחי-- ובנביאי אל תרעו | 22 |
၂၂ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံ တို့ကို ဘေးဥပဒ်မရောက်စေကြနှင့်။ ငါ၏ပရောဖက်တို့ကိုမထိကြနှင့်'' ဟုမိန့် တော်မူ၏။
שירו ליהוה כל הארץ-- בשרו מיום אל יום ישועתו | 23 |
၂၃ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ လော့။ ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်း သတင်းကောင်းကို နေ့စဉ်နေ့တိုင်းထုတ်ဖော်ကြေညာကြလော့။
ספרו בגוים את כבודו-- בכל העמים נפלאתיו | 24 |
၂၄လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
כי גדול יהוה ומהלל מאד-- ונורא הוא על כל אלהים | 25 |
၂၅ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
כי כל אלהי העמים אלילים-- ויהוה שמים עשה | 26 |
၂၆အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။
הוד והדר לפניו-- עז וחדוה במקמו | 27 |
၂၇ဘုန်းအသရေတော်နှင့်တန်ခိုးအာနုဘော် တော်သည် ကိုယ်တော်အားဝိုင်းရံလျက်ရှိ၏။ ကိုယ်တော်၏ဗိမာန်တော်သည်ဝမ်းမြောက် ရွှင်မြူးသံနှင့်ပြည့်လျက်ရှိ၏။
הבו ליהוה משפחות עמים-- הבו ליהוה כבוד ועז | 28 |
၂၈ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ထာဝရဘုရားကို ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
הבו ליהוה כבוד שמו שאו מנחה ובאו לפניו-- השתחוו ליהוה בהדרת קדש | 29 |
၂၉ဘုန်းအသရေတော်ရှင်ထာဝရဘုရား၏နာမ တော်ကို ထောမနာပြုကြလော့။ ပူဇော်သကာကိုဆောင်ယူလျက်ကိုယ်တော်၏ ဗိမာန်တော်သို့ဝင်ကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါဦးညွှတ်ပျပ်ဝပ် ကြလော့။
חילו מלפניו כל הארץ-- אף תכון תבל בל תמוט | 30 |
၃၀ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ ကြောက်လန့်တုန်လှုပ်ကြလော့။ ကမ္ဘာမြေကြီးသည်မရွှေ့မလျားနိုင်အောင် မိမိ၏နေရာတွင်ခိုင်မြဲစွာတည်နေ၏။
ישמחו השמים ותגל הארץ-- ויאמרו בגוים יהוה מלך | 31 |
၃၁အချင်းကုန်းမြေနှင့်မိုးကောင်းကင်တို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။ ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူကြောင်း လူမျိုးတကာတို့အားပြောကြားလော့။
ירעם הים ומלואו-- יעלץ השדה וכל אשר בו | 32 |
၃၂ပင်လယ်နှင့်ပင်လယ်ထဲတွင်ရှိသမျှသော သတ္တဝါတို့၊ မြည်ဟည်းသံကိုပြုကြလော့။ ပင်လယ်နှင့်လယ်ပြင်တွင်ရှိသမျှသောအရာတို့၊ ရွှင်လန်းဝမ်းမြောက်ကြလော့။
אז ירננו עצי היער מלפני יהוה--כי בא לשפוט את הארץ | 33 |
၃၃ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊ တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။
הודו ליהוה כי טוב-- כי לעולם חסדו | 34 |
၃၄ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူ၏။
ואמרו--הושיענו אלהי ישענו וקבצנו והצילנו מן הגוים להדות לשם קדשך להשתבח בתהלתך | 35 |
၃၅``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင် ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။
ברוך יהוה אלהי ישראל-- מן העולם ועד העלם ויאמרו כל העם אמן-- והלל ליהוה | 36 |
၃၆ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်အားယခုမှစ၍ကမ္ဘာအဆက်ဆက် ထောမနာပြုကြလော့။ ထိုအခါလူအပေါင်းတို့သည်``အာမင်'' ဟုဆို ၍ထာဝရဘုရားအားထောမနာပြုကြ ကုန်၏။
ויעזב שם לפני ארון ברית יהוה לאסף ולאחיו לשרת לפני הארון תמיד--לדבר יום ביומו | 37 |
၃၇ဒါဝိဒ်မင်းသည်အာသပ်နှင့်သူ၏သားချင်း လေဝိအနွယ်တို့အား ပဋိညာဉ်သေတ္တာတော် တည်ရာဌာနတွင်ကိုးကွယ်ဝတ်ပြုမှုအတွက် အမြဲတမ်းတာဝန်ပေးအပ်တော်မူ၏။ သူတို့ သည်နေ့စဉ်နေ့တိုင်းမိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရကြ၏။-
ועבד אדם ואחיהם ששים ושמונה ועבד אדם בן ידיתון וחסה לשערים | 38 |
၃၈ယေဒုသုန်၏သားသြဗဒေဒုံနှင့်သူ၏သားချင်း စုမှလူခြောက်ဆယ့်ရှစ်ယောက်တို့သည် အာသပ် နှင့်လေဝိအနွယ်ဝင်တို့အားကူညီမစရ ကြ၏။ ဟောသံနှင့်သြဗဒေဒုံတို့ကား တံခါးမှူးများဖြစ်သတည်း။
ואת צדוק הכהן ואחיו הכהנים לפני משכן יהוה--בבמה אשר בגבעון | 39 |
၃၉ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။-
להעלות עלות ליהוה על מזבח העלה תמיד--לבקר ולערב ולכל הכתוב בתורת יהוה אשר צוה על ישראל | 40 |
၄၀သူတို့သည်ဣသရေလအမျိုးသားတို့အား ထာဝရဘုရား ပေးအပ်တော်မူသောပညတ် ကျမ်းတွင်ရေးသားပါရှိသည့်အတိုင်းနေ့စဉ် နံနက်၌တစ်ကြိမ်၊ ညနေ၌တစ်ကြိမ်ယဇ်ပလ္လင် ပေါ်တွင် ယဇ်ကောင်များကိုအကောင်လိုက်တင် ၍မီးရှို့ပူဇော်ရကြ၏။-
ועמהם הימן וידותון ושאר הברורים אשר נקבו בשמות--להדות ליהוה כי לעולם חסדו | 41 |
၄၁ထာဝရဘုရား၏မေတ္တာတော်သည်ထာဝရ တည်သည်ဖြစ်၍ ထောမနာသီချင်းများဖြင့် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းရန်သီးခြား သတ်မှတ်ရွေးချယ်ထားသူဟေမန်၊ ယေဒုသုန် နှင့်အခြားသူတို့သည်လည်း ထိုအရပ်တွင် ယဇ်ပုရောဟိတ်များနှင့်အတူရှိကြပေ သည်။-
ועמהם הימן וידותון חצצרות ומצלתים למשמיעים וכלי שיר האלהים ובני ידותון לשער | 42 |
၄၂ထောမနာသီချင်းများကိုသီဆိုချိန်၌ဟေမန် နှင့်ယေဒုသုန်တို့သည်တံပိုးခရာ၊ လင်းကွင်းနှင့် အခြားတူရိယာများကိုတီးမှုတ်ရာ၌လည်း တာဝန်ယူရကြ၏။ ယေဒုသုန်၏သားချင်းစု မှလူတို့သည် တံခါးများကိုတာဝန်ယူ၍ စောင့်ရသူများဖြစ်ကြ၏။
וילכו כל העם איש לביתו ויסב דויד לברך את ביתו | 43 |
၄၃ထို့နောက်လူအပေါင်းတို့သည် မိမိတို့၏အိမ် အသီးသီးသို့ပြန်သွားကြ၏။ ဒါဝိဒ်မင်း သည်လည်းမိမိ၏အိမ်ထောင်စုသားတို့ထံ သို့ပြန်သွားတော်မူ၏။