< Ruta 4 >

1 A LAILA pii aku la o Boaza i ka puka pa, a noho iho la ilaila; aia hoi, hele ae la ka hoahanau a Boaza i olelo ai. I aku la keia ia ia, E, o mea, e huli mai oe, a e noho iho maanei. Huli mai la ia a noho iho la.
ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား၍ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင်၊ အိုမည်သူလှည့်၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
2 Lawe ae la ia i na lunakahiko o ke kulanakauhale he umi, i aku la, E noho mai oukou maanei; a noho mai la lakou.
တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ၏။
3 I aku la ia i ka hoahanau, O Naomi, ka mea i hoi mai, mai ka aina i Moaba mai, ke kuai nei oia i ka aina o ke kaikuana o kaua, o Elimeleka.
အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ်၍၊
4 I iho la au, E hai aku no au ma kou pepeiao, me ka i ana aku, E kii aku oe imua o ke alo o na kanaka, a me na lunakahiko o ko'u poe kanaka. Ina i kuai oe, e kuai no, a i ole oe e kuai, e hai mai oe ia'u, i ike au; no ka mea, aole mea e ae nana e kuai, o oe wale no, a owau ka mea mahope ou. I mai la kela, E kuai no au.
သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှ တပါးရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
5 I aku la o Boaza, I ka la au e kuai ai i ka aina ma ka lima o Naomi, ma o Ruta la no kekahi e kuai aku ai, ma ka wahine no Moaba, ka wahine a ka mea i make, i mea e mau ai ka inoa o ka mea i make ma kona hooilina.
ဗောဇကလည်း၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကိုထောက်မခြင်းငှါ၊ သူ၏မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော်၊
6 Olelo mai la ka hoahanau, Aole hiki ia'u ke kuai no'u iho, o hoolilo auanei au i ko'u hooilina. Nau no e kuai i ko'u kuleana nou, no ka mea, aole hiki ia'u ke kuai.
အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။
7 Eia ko ka aoao kahiko o ka Iseraela ma ke kuai ana, a me ka hoonohonoho hou ana, i paa na mea a pau. Wehe ke kanaka i kona kamaa, a haawi ae la i kona hoalauna, i mea e hoike ai iwaena o ka Iseraela.
ဣသရေလရှေးထုံးစံ ဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ်၍ တယောက်သောသူအားအပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
8 Olelo mai la ka hoahanau ia Boaza, E kuai oe nou iho; a wehe ae la ia i kona kamaa.
သို့ဖြစ်၍အမျိုးသားချင်းက၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
9 Olelo ae la o Boaza i na lunakahiko, a i na kanaka a pau, He poe ike oukou i keia la, ua kuai au ma ka lima o Naomi i na mea a pau o Elimeleka a me na mea a pau o Kiliona, a me Mahelona.
ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ်၍၊
10 A o Ruta no hoi, no Moaba ka wahine a Mahelona, ka'u i kuai nei, i wahine na'u, i mea e paa ai ka inoa o ka mea i make ma kona hoilina, i mea hoi e hooki ole ia'i ka inoa o ka mea i make, mai kona hoahanau aku, a mai kona wahi aku. He poe ike oukou i keia la.
၁၀သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲက၎င်း၊ သူနေရာမြို့တံခါးထဲက၎င်းမပြတ်စေခြင်းငှါ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည် အကြောင်း၊ မဟာလုန်၏ မယားမောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အားပြောဆို၏။
11 I mai la na kanaka a pau, ma ka puka pa, a me na lunakahiko, He poe ike makou. Na Iehova no e hoolilo mai i ka wahine i hele mai iloko o kou hale e like me Rahela a me Lea, na laua elua i kukulu i ka hale o ka Iseraela, a e waiwai hoi oe ma Eperata, a e kaulana no kou inoa ma Betelehema.
၁၁တံခါးဝ၌ရှိသောအသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည်သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌အသရေကျော်စောခြင်းရှိပါစေသော။
12 E like hoi kou hale me ka hale o Pareza, ka mea a Tamara i hanau ai na Iuda, ma ke kauhua a Iehova e haawi mai ai ia oe na keia kaikamahine.
၁၂အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင်၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ၏။
13 Lawe ae la o Boaza ia Ruta, a lilo mai ia i wahine nana. A i kona komo ana io na la, na Iehova i haawi mai i ka hapai ana, a hanau mai la ia, he keikikane.
၁၃ဗောဇသည် ရုသကိုသိမ်း၍ စုံဘက်လျက်ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်လေ၏။
14 I aku la na wahine ia Naomi, Ua pomaikai oe ia Iehova, ka mea i hoonele ole ia oe i ka hoahanau nou, i keia la, i kaulana kona inoa iloko o ka Iseraela.
၁၄မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
15 Nana no e hoola hou aku ia oe, i kona malama ana ia oe, i kou wa e poohina ai; no ka mea, o kau hunonawahine, i hanau mai ia ia, nana oe i aloha aku, a ua oi aku kona maikai nou, mamua o na keikikane ehiku.
၁၅သူသည်သင်၏အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ၍ကောင်းသောသင်၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ၏။
16 Lawe ae la o Naomi i ua keiki la, a waiho iho la ma kona poli, a lilo iho la ia i kahu nona.
၁၆နောမိသည်ထိုသူငယ်ကိုယူ၍ပိုက်ချီလျက်ထိန်းလေ၏။
17 Kapa aku la kona poe hoalauna wahine i kona inoa, i ae la, Ua hanauia ke keikikane na Naomi; a kapa aku lakou i kona inoa, o Obeda; oia ka makuakane o Iese, o ka makuakane o Davida.
၁၇အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက်၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ၏။ ဩဗက် သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ်တည်း။
18 Eia na hanauna o Pareza; na Pareza o Hezerona,
၁၈ဖာရက်၏သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သားဟေဇရုံ၊
19 Na Hezerona o Rama, na Rama o Aminadaba,
၁၉ဟေဇရုံသားအာရံ၊ အာရံသား အမိနဒပ်၊
20 Na Aminadaba o Nahasona, a na Nahasona o Salemona,
၂၀အမိနဒပ်သားနာရှုန်၊ နာရှုန်သား စာလမုန်၊
21 Na Salemona o Boaza, a na Boaza o Obeda,
၂၁စာလမုန်သားဗောဇ၊ ဗောဇသားဩဗက်၊
22 Na Obeda o Iese, na Iese o Davida.
၂၂ဩဗက်သားယေရှဲ၊ ယေရှဲသားဒါဝိဒ်တည်း။

< Ruta 4 >