< Roma 1 >

1 NA Paulo, na ke kauwa a Iesu Kristo i waeia i lunaolelo, a i hookaa waleia hoi no ka euanelio a ke Akua,
လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊
2 Ana i hoike e mai ai mamua ma kana poe kaula, maloko o na palapala hemolele,
သေခြင်းမှထမြောက်တော်မူ၍၊
3 No kana Keiki Iesu Kristo ko kakou Haku, i hoohanauia na ka hua a Davida, ma ke kino,
သန့်ရှင်းသောဝိညာဉ်အားဖြင့် ၊
4 A i hoomaopopoia hoi o ke Keiki a ke Akua me ka mana, ma ka uhane hoano, mahope o ke alahouana mai waena mai o ka poe make;
တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင် သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊
5 Ma ona la i loaa mai ai ia makou ke aloha, a me ka lunaolelo ana, no ka malama ana o ka manaoio iwaena o na lahuikanaka a pau no kona inoa;
ဘုရားသခင်ချစ်တော်မူ၍၊
6 Iwaena o lakou no hoi oukou na mea i waeia no Iesu Kristo:
သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။
7 I ka poe a pau ma Roma, i alohaia e ke Akua, i waeia hoi i mau haipule; no oukou hoi ke aloha a me ka pomaikai, mai ke Akua mai, o ko kakou Makua, a mai ka Haku mai hoi, o Iesu Kristo.
သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။
8 O ka mua, ke hoomaikai aku nei au i ke Akua, ma o Iesu Kristo la no oukou a pau, no ka mea, ua hookaulanaia ko oukou manaoio, ma ka honua a pau.
သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊ သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။
9 O ke Akua, o ka'u mea e malama nei me kuu uhane ma ka olelo maikai no kana Keiki, oia ka mea ike no'u, i ko'u hoomanao mau ana ia oukou, ma ka'u pule,
ငါသည်သင်တို့ကို မခြားမလပ်အောက်မေ့၍ အစဉ်မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ ဧဝံဂေလိတရားကို ဟောလျက်၊ အမှုတော်ကို စိတ် ဝိညာဉ်နှင့်တကွ ငါဆောင်ရွက်၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏အသက်သေခံဖြစ်တော်မူ၏။
10 E noi mau ana, ina e hiki i kekahi manawa, i keia wa aku nei paha, e hele pomaikai aku wau me ka ae ana mai o ke Akua, a hiki io oukou la.
၁၀မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။
11 No ka mea, ke ake nei au e ike aku ia oukou, e haawi aku au i kekahi pono ma ka uhane no oukou, i hookupaaia'i oukou.
၁၁သင်တို့သည် မြဲမြံခိုင်ခံ့မည့်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကိုအလွန်တွေ့မြင်ချင်ပါ၏။
12 Eia kekahi, e hooluoluia mai hoi au iwaena o oukou, ma ka manao lokahi ana o oukou a me au.
၁၂ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သော အားဖြင့် အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြ မည်အကြောင်းကို ဆိုလိုသတည်း။
13 Eia hoi, aole o'u makemake e ike ole oukou, e na hoahanau, i kuu manao pinepine ana e hele io oukou la, (aka, ua kaohiia a hiki i keia wa, ) i loaa mai hoi ia'u kekahi hua mawaena o oukou, e like me ia mawaena o na lahuikanaka e.
၁၃ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစုံတခုကိုရခြင်းငှါ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။
14 He aie au na ka poe Helene a me na kanaka hemahema; na ka poe i aoia, a me ka poe i ao ole ia.
၁၄ဟေလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ကြွေးသည် ငါ၌တင်လျက်ရှိ၏။
15 Pela hoi, ma ka mea hiki ia'u, ua makaukau wau e hai aku i ka euanelio ia oukou no hoi ma Roma.
၁၅သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။
16 No ka mea, aole au i hilahila i ka euanelio no Kristo; no ka mea, o ko ke Akua mana ia e ola'i, no kela mea, no keia mea manaoio; no ka Iudaio mua, a no ka Helene hoi.
၁၆ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
17 No ka mea, ua hoikeia mai ilaila ko ke Akua hoapono ana mai ma ka manaoio, a i manaoio; e like me ka mea i palapalaia, O ka mea pono, ma ka manaoio, e ola ia.
၁၇အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။
18 A ua hoikeia mai no hoi ka inaina o ke Akua, mai ka lani mai, i ka aia, a me ka haua ino a pau a na kanaka, i keakea me ka haua hewa, i ka olelo oiaio.
၁၈သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။
19 No ka mea, o ka mea o hiki ke ikeia no ke Akua, ua akaka ia ia lakou; no ka mea, ua hoakaka mai no ke Akua ia mea ia lakou.
၁၉အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။
20 No ka mea, o kona mau mea i nana ole ia, mai ka hana ana mai o ke ao nei, ua maopopo lea ua mau mea la, oia o kona mana mau a me kona Akua ana, ma na mea i hanaia; nolaila aole o lakou mea e hoaponoia'i: (aïdios g126)
၂၀အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည် သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ (aïdios g126)
21 No ka mea, i ka wa i ike ai lakou i ke Akua, aole lakou i hoonani aku ia ia i Akua, aole hoi i aloha aku; aka, ua lapuwale lakou i ko lakou manao ana, a ua hoopouliia hoi ko lakou naau hawawa.
၂၁အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။
22 I ko lakou hoakamai ana, lilo lakou i poe naaupo,
၂၂ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည် ဖြစ်၍၊
23 A hoololi aku lakou i ka nani o ke Akua make ole, i kii e like me ke kanaka make, a me na manu, a me na holoholona wawae eha, a me na mea kolo.
၂၃မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။
24 Nolaila hoi, kuu iho la ke Akua ia lakou ma na kuko hewa o ko lakou mau uaau, i paumaele, e hoinoino ai i ko lakou mau kino iho, ia lakou lakou.
၂၄ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရား သခင်သည် သူတို့ကိုသူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော်မူ၏။
25 Haalele aku la lakou i ke Akua oiaio, no ka mea apaapa, a hoomana aku la lakou, a malama hoi i ka mea i hanaia, aole i ka Mea nana i hana, oia ka mea hoomaikai mau loa ia. Amene. (aiōn g165)
၂၅သူတို့သည် မှန်သောဘုရားသခင့်အရာ၌ အမှားကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကိုပယ်၍ ဖန်ဆင်းအပ်သောအရာကို ဝတ်ပြုကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရမင်္ဂလာ ရှိတော်မူ၏။ အာမင်။ (aiōn g165)
26 No ia mea, kuu iho la ke Akua ia lakou i na kuko ino; no ka mea, ua hoololi ae ko lakou poe wahine i ka aoao maoli i ka mea ku e i ka aoao maoli.
၂၆ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာလက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ မိန်းမတို့သည် ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။
27 Pela no hoi na kane, i haalele ai i ka aoao maoli o ka wahine, a ua wela i ke kuko hewa i kekahi i kekahi; na kane me na kane, e hana ana i ka mea hilahila, a e loaa ana iloko o lakou ka uka pono no ko lakou lalau ana.
၂၇ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်းကိလေ သာစိတ်ပူလောင်သဖြင့်၊ ရှက်ကြောက်ဘွယ်သောအမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏။
28 A no ko lakou makemake ole e hoopaa i ke Akua ma ko lakou ike, kuu iho la ke Akua ia lakou i ka naau hewa, e hana aku lakou i na mea ku ole i ka pono:
၂၈ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊
29 Ua piha lakou i na hewa a pau, i ka moe kolohe, i ka opuinoino, i ka puniwaiwai, a mo ka hana ino; ua paapu hoi i ka huahuwa, i ka pepehi kanaka, i ka hakaka, i ka hoopunipuni, a me ka manao ino:
၂၉သူတို့သည်အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်း၊ လှည့်ဖြားခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့်ပြည့်စုံသောသူ၊ ချောစားသောသူ၊
30 He poe aki, he poe olelo hoohewa wale, he poe inaina i ke Akua, he poe kuamuamu, he haaheo, he haanui, he poe imi i na mea ino, he poe malama ole i na makua,
၃၀ဆဲရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါကြွား သောသူ၊ မတတ်ကောင်းသော အတတ်ကိုစီရင်သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊
31 He poe hoohemahema, he poe lawehala i na mea i hoohikiia, he poe aloha ole, he poe makoua, he poe lokoino.
၃၁မိဘသားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသော သူဖြစ်ကြ၏။
32 Ua ike lakou i ke kanawai o ke Akua, o ka poe o hana pela, he pono lakou e make, a ke hana nei no lakou ia mau mea, a ua mahalo no hoi i ka poe e hana ana malaila.
၃၂ထိုသို့ ကျင့်သောသူတို့သည် သေပြစ်ကိုခံထိုက်သည်ဟု ဘုရားသခင်စီရင်တော်မူကြောင်းကို ထိုသူတို့ သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက၊ ထိုသို့ ကျင့်သောသူတို့၌ အားရဝမ်းမြောက်ကြ၏။

< Roma 1 >