< Hoikeana 15 >

1 I KE aku la au i kekahi hoailona hou ma ka lani, he nui a kupanaha loa, ehiku anela me na mea ino ehiku, hope loa; no ka mea, ma ia mau mea ua hookoia ko ke Akua inaina.
တဖန်တုံ၊ ဘုရားသခင်၏အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ၏။
2 A ike aku la au, he mea ua like me ka moana aniani, i hui pu ia me ke ahi; a o ka poe i lanakila maluna o ka holoholona a me kona kii, a me kona hoailona, a me ka heluna o kona inoa, e ku ana lakou maluna o ka moana aniani, a ia lakou na lira o ke Akua.
မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သော သူတို့သည်၊ ဘုရားသခင်၏ စောင်းတော်တို့ကို ကိုင်လျက်၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ၏။
3 Mele mai la lakou i ke mele a Mose, ke kauwa a ke Akua a me ke mele a ke Keikihipa, e olelo ana, He nui a he kupanaha loa kau hana, e ka Haku, ke Akua Mana loa; he pono a he oiaio kou mau aoao, e ke Alii o na lahuikanaka.
ထိုသူတို့သည် ဘုရားသခင်၏ ကျွန်မောရှေ၏ သီချင်းနှင့်သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍ အံ့ဩ ဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
4 Owai ka mea e makau ole ia oe, o ka Haku, a e hoonani ole i kou inoa? no ka mea, o oe wale no ka Hemolele; a e hele mai no hoi ko na aina a pau, a e kukuli hoomaikai imua ou; no ka mea, ua maopopo ka pono o kou hoopai ana.
အိုထာဝရဘုရား၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ်၍၊ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။
5 Mahope o keia mau mea, ike aku la au, a ua weheia ka luakini o ka halelewa hoike, ma ka lani:
ထိုနောက် ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ။
6 A puka mai la na anela ehiku mailoko mai o ka luakini, me na mea iuo ehiku, ua aahuia i ka lole olona aiai keokeo, ua kaeiia ko lakou umauma i na kaei gula.
ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။
7 Haawi mai la kekahi o na mea ola eha, na ka poe anela ehiku i ehiku huewai gula, ua piha i ka inaina o ke Akua, e ola mau ana ia ao aku ia ao aku. (aiōn g165)
သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင်၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး၏။ (aiōn g165)
8 Ua piha hoi ka luakini i ka uahi, mai ka nani mai o ke Akua a me ka mana ona: aole i hiki i kekahi ke komo iloko o ka luakini, a pau i ka hookoia na mea ino ehiku a kela poe anela ehiku.
ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့်၍ ကောင်းကင် တမန် ခုနစ်ပါး၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင်။

< Hoikeana 15 >