< Halelu 150 >
1 E HALELU aku oukou ia Iehova: E halelu aku i ke Akua, ma kona wahi hoano; E halelu aku ia ia, ma ke aouli o kona hanohano.
၁ထာဝရဘုရားအားထောမနာပြုကြလော့။ ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။ ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
2 E halelu aku ia ia, no kana mau hana mana; E halelu aku ia ia, e like me ka manomano o kona nui;
၂ကိုယ်တော်ပြုတော်မူသည့်မဟာ အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။ အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
3 E halelu aku ia ia, me ke kani ana o ka pu; E halelu aku ia ia, me ka Violaumi a me ka Lira;
၃တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
4 E halelu aku ia ia, me ka pahukani, a me ka haa ana; E halelu aku ia ia, me ka pahu kaula, a me ka ohe.
၄ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
5 E halelu aku ia ia, me na kimebala kani nui; E halelu aku ia ia, me na kimebala kani kiekie.
၅သံလွင်များကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။ လင်းကွင်းကြီးများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
6 E halelu aku ia Iehova, na mea hanu a pau; E halelu aku oukou ia Iehova.
၆သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။