< Halelu 103 >

1 E HOOMAIKAI ia Iehova, e kuu uhane, A me kona inoa hoano hoi, e ko loko o'u a pau.
အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေး လော့။ ငါ ၏ အထဲ မှာ ရှိသမျှ တို့၊ သန့်ရှင်း သော နာမ တော်ကို ကောင်းကြီးပေးကြလော့။
2 E hoomaikai ia Iehova, e kuu uhane, Aole hoi e hoopoina i kona lokomaikai a pau;
အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ကျေးဇူး တော်အပေါင်း ကို မ မေ့လျော့ နှင့်။
3 Ka mea i kala mai i ko'u hala a pau, Ka mea i hoola i kou mau mai a pau;
သင် ၏အပြစ် အလုံးစုံ တို့ကို ဖြေလွှတ် ၍၊ သင် ၏ အနာ ရောဂါရှိသမျှ တို့ကိုလည်း ပျောက် စေတော်မူ၏။
4 Ka mea i hoola panai i kou ola mai ka lua mai; Ka mea i kau maluna ou i ka leialii o ka lokomaikai, a me ke aloha:
သင် ၏အသက် ကို ဖျက်ဆီး ခြင်းထဲက ရွေး ၍ ကျေးဇူးတော်၊ ကရုဏာ တော်များနှင့် သင် ၏ခေါင်းကို ပတ်ရစ် တော်မူ၏။
5 Ka mea hoomaona i kou uhane i ka maikai; A hoihoiia mai kou wa opiopio, me he aito la.
သင့်ကို အသက်ကြီးစဉ်၊ ကောင်း သောအရာနှင့် ရောင့်ရဲ စေတော်မူသဖြင့်၊ သင် ၏အရွယ် သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင် ခြင်းရှိ၏။
6 Ke hana mai nei o Iehova i ka pololei, A me ka hoopono no ka poe a pau i hooluhiia.
ထာဝရဘုရား သည် ညှဉ်းဆဲ ခြင်းကိုခံရသမျှ သောသူတို့ အဘို့ တရား ပေး၍ စီရင် ဆုံးဖြတ်တော်မူ၏။
7 Hoike mai la oia i kona mau aoao ia Mose, A me kana mau hana mana i na mamo a lseraela.
ဘာသာ ဓလေ့တော်တို့ကို မောရှေ ၌ ၎င်း၊ စီရင် တော်မူသောအမှု အရာတို့ကို ဣသရေလ အမျိုးသား တို့၌ ၎င်း ပြ တော်မူပြီ။
8 He lokomaikai o Iehova, he aloha hoi, He lohi ka huhu, a ua nui hoi ke aloha.
ထာဝရဘုရား သည် သနား တတ်သောသဘော၊ ကျေးဇူး ပြုတတ်သောသဘော၊ စိတ်ရှည် ၍ ၊ ကရုဏာ ကြွယ်ဝ သော သဘောရှိတော်မူ၏။
9 Aole ia e hoomau i ka huhu mai; Aole hoi ia e hookaulua mau loa.
အစဉ် မပြတ်အပြစ်တင် တော်မူသည်မဟုတ်။ အငြိုး ကို အမြဲ ထားတော်မူသည်မဟုတ်။
10 Aole ia i hana mai ia kakou e like me ko kakou hewa. Aole hoi i hoopai mai ia kakou e like me ko kakou hala.
၁၀ငါ တို့ပြစ်မှား ခြင်းနှင့် အလျောက်ငါ တို့၌ ပြု တော် မ မူတတ်။ ငါ တို့၌ ဒုစရိုက် ရှိသည်အတိုင်း အပြစ် ကိုပေး တော်မ မူတတ်၊
11 No ka mea, e like me ke kiekie o ka lani maluna o ka honua, Pela no ka nui o kona lokomaikai i ka poe i makau aku ia ia.
၁၁မြေကြီး ပေါ် တွင် ကောင်းကင် အမြင့် ရှိသည် အတိုင်း ၊ ထာဝရ ဘုရားကို ကြောက်ရွံ သောသူတို့ ၌ ကရုဏာ တော်သည် အားကြီး ပေ၏။
12 E like me ka loihi, mai ka hikina a i ke komohana, Ua hookaawale aku oia i ko kakou hewa mai o kakou aku.
၁၂အရှေ့ မျက်နှာစွန်းသည် အနောက် မျက်နှာစွန်း နှင့် ဝေး သည်အတိုင်း ၊ ငါ တို့အပြစ် များကို ငါ တို့နှင့် ဝေး စေ တော်မူ၏။
13 Me ka makua e aloha ana i kana keiki, Pela no o Iehova e aloha'i i ka poe e makau aku ia ia.
၁၃အဘ သည်သား တို့ကို သနား စုံမက်သည်နည်းတူ ၊ ထာဝရဘုရား သည် ကြောက်ရွံ့ သောသူတို့ကို သနား စုံမက်တော်မူ၏။
14 No ka mea, ua ike mai oia i ko kakou ano; Ke hoomanao nei no hoi he lepo kakou.
၁၄အကြောင်း မူကား၊ ငါ တို့ကိုယ် ခန္ဓါကို သိ တော်မူ ၏။ ငါ တို့သည် မြေမှုန့် ဖြစ်ကြောင်း ကို အောက်မေ့ တော်မူ ၏။
15 O na kanaka, ua like ko lakou mau la me ka mauu; Me ka pua hoi o ke kula, pela no kona pua ana.
၁၅လူ တို့၏ နေ့ရက် ကာလသည် မြက်ပင် ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင် ၌ရှိသောပန်းပွင့် ကဲ့သို့ ပွင့် တတ်၏။
16 No ka mea, pa mai la ka makani maluna ona, a ua ole ia; Aole e manao hou mai kona wahi ia ia.
၁၆လေ သည် လွန် သွားလျှင် အပွင့်ပျောက် ၍ ၊ သူ ၏နေရာ သည် နောက် တဖန် သူ့ ကိုမ သိ ရာ။
17 Aka, o ka lokomaikai o Iehova, mai kahiko loa mai ia, a mau loa aku no, Maluna o ka poe i makau aku ia ia, A me kona pono hoi, maluna o na keiki a na keiki:
၁၇ထာဝရဘုရား ၏ကရုဏာ တော်မူကား ၊ ကြောက်ရွံ့ သောသူတို့ အပေါ် သို့ ကာလ အစဉ်အဆက် သက်ရောက် တတ်၏။
18 Maluna hoi o ka poe e malama i kona berita, A me ka poe hoomanao i kana mau kauoha, e hana malaila.
၁၈သစ္စာ တော်ကိုစောင့် ၍ ပညတ် တော်တို့ကို ကျင့် ခြင်းငှါ ၊ သတိပြု သောသူတို့၏ သား စဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
19 Ua hoonoho paa o Iehova i kona nohoalii ma ka lani; A noho alii hoi kona aupuni maluna o na mea a pau.
၁၉ထာဝရဘုရား သည် ပလ္လင် တော်ကို ကောင်းကင် ဘုံ၌ တည် တော်မူ၍ ၊ အာဏာ တော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
20 E hoomaikai oukou ia Iehova, e kona poe anela, Na mea ikaika loa, a ua hana hoi ma kana mau kauoha, A ua hoolohe i ka leo o kana olelo.
၂၀တန်ခိုး ကြီး၍ နှုတ်ကပတ် တော်အသံ ကို နားထောင် လျက် ၊ အမိန့် တော်အတိုင်း ဆောင်ရွက် သော ကောင်းကင် တမန်တော်တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
21 E hoomaikai oukou ia Iehova, e kona poe kauwa a pau, Na mea lawelawe nana, a hana hoi i kona makemake.
၂၁အလို တော်သို့လိုက် သော အမှုတော် ထမ်း၊ ကောင်းကင်ဗိုလ်ခြေ တော်အပေါင်း တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
22 E hoomaikai oukou ia Iehova, e na mea a pau ana i hana'i. Ma na wahi a pau o kona aupuni: E hoomaikai ia Iehova, e kuu uhane.
၂၂နိုင်ငံ တော်အရပ်ရပ် ၌ စီရင် ဖန်ဆင်းတော်မူသမျှ တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။ အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။

< Halelu 103 >