< Solomona 31 >

1 NA olelo a Lemuela ke alii, ka wanana a kona makuwahine i ao mai ai ia ia.
လေမွေလ မင်းကြီး ၏ မယ်တော် သည်သား ကို ဆုံးမ သွန်သင်သော တရား စကား ဟူမူကား၊
2 Heaha, e ka'u keiki? Heaha, e ke keiki a ko'u opu? Heaha hoi, e ke keiki no ko'u hoohiki ana?
ငါ့ သား အဘယ် သို့နည်း။ ငါ ဘွား သောသား ၊ အဘယ် သို့နည်း။ ငါ့ ၏သစ္စာ ဂတိနှင့်ဆိုင်သောသား အဘယ် သို့နည်းဟု မေးမြန်းသော်၊
3 Mai haawi aku i kou ikaika i na wahine, Aole hoi i kou aoao i ka mea e make ai na alii.
သင် ၏အစွမ်း သတ္တိကို မိန်းမ တို့အား မ ပေး နှင့်။ ရှင်ဘုရင် တို့ကိုဖျက်ဆီး တတ်သောအရာ၌ သင့် ၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
4 Aole na na'lii, e Lemuela e, Aole na na'lii e inu i ka waina, Aole hoi na ka poe aialo e inu i ka mea ikaika;
အိုလေမွေလ ၊ စပျစ်ရည် သောက် သောအမှုနှင့် သေရည် သောက်သောအမှုသည် ရှင်ဘုရင် ၊ မင်းသား တို့နှင့် မ တော်မသင့်။
5 O inu lakou a hoopoina i ke kanawai, A kapae i ka pono o ka poe pilikia.
သူတို့သည်သောက် လျက် တရား တော်ကို မေ့လျော့ ၍ ၊ ဆင်းရဲသား အမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
6 E haawi i ka mea ikaika i ka mea e make ana, A i ka waina hoi i ka poe i kaumaha ka naau.
ဆုံး လုသောသူအား သေရည် သေရက်ကို၎င်း၊ စိတ်ညစ် သောသူအား စပျစ်ရည် ကို၎င်း ၊ ပေး လော့။
7 E inu iho oia a o hoopoina i kona ilihune, Aole hoi e hoomanao hou ae i kona mea kaumaha.
ထိုသူတို့သည် သောက် ၍ မိမိ ဒုက္ခ ဆင်းရဲကို မ အောက်မေ့ ဘဲ မေ့လျော့ ပါစေ။
8 E oaka oe i kou waha no ka mea kuli, No ka hoopono i na keiki makua ole a pau.
ကိုးကွယ် ရာမရှိသော သူ အပေါင်း တို့၏အမှု ကို စောင့်ခြင်းငှါ ၊ စကားအ သောသူတို့ဘက် မှာ နေ၍ပြော လော့။
9 E oaka oe i kou waha, e hooponopono ma ka pololei, E imi hoi i ka pono no ka poe ilihune a me ka mea nele.
စကားပြော လျက်၊ တရား သဖြင့်စီရင် လျက် ၊ ဆင်းရဲ ငတ်မွတ် သောသူတို့၏ အမှုကိုစောင့် လော့။
10 Owai ka mea i loaa ia ia ka wahine noho pono? He waiwai oia i oi aku i ko na momi.
၁၀သီလ နှင့်ပြည့်စုံသော မိန်းမ ကိုအဘယ်သူ တွေ့ ရ သနည်း။ ထိုသို့သောမိန်းမ သည် ပတ္တမြား ထက် အဘိုး သာ၍ထိုက်ပေ၏။
11 Paulele ia ia ka naau o kana kane, Aole e nele oia i ka loaa ole.
၁၁သူ ၏ခင်ပွန်း သည် သူ့ ကို ယုံ ၍ ၊ ဆင်းရဲ ခြင်းနှင့် ကင်းလွတ် လိမ့်မည်။
12 He maikai no kana e hana'i ia ia aole hoi ho hewa, I na la a pau loa o kona ola ana.
၁၂ထို မယားသည် မိမိ ခင်ပွန်းအကျိုး ကို မ ဖျက် ၊ တသက်လုံး ပြုစု တတ်၏။
13 Imi oia i ka huluhipa a me ke olona, Oluolu oia i ka hana me kona mau lima.
၁၃သိုးမွေး နှင့် ဝါ ကို ရှာ ၍ ၊ မိမိ လက် နှင့် အလို အလျောက်လုပ် တတ်၏။
14 Ua like no ia me na moku kalepa, Mai kahi loihi e mai i loaa'i ia ia kana ai.
၁၄ကုန်သည် သင်္ဘော ကဲ့သို့ ဖြစ်၍ ၊ စားစရာ ကို ဝေး သောအရပ်မှ ဆောင် ခဲ့တတ်၏။
15 I ka wanaao, ala oia a haawi i ka ai na ko kona hale, A me ka mea e maona ai na kana poe kauwawahine.
၁၅မိုဃ်း မလင်းမှီထ လျက် ၊ အိမ်သူ အိမ်သားတို့အား စားစရာ ကို၎င်း ၊ ကျွန်မ တို့အား အငန်း အတာကို၎င်း ပေး ဝေတတ်၏။
16 Noonoo oia i ka mahinaai a kuai lilo mai; Me ka hua o kona mau lima, kanu iho no oia i ka malawaina.
၁၆ကောင်းမွန်စွာ ဆင်ခြင် ၍၊ လယ်ကွက် ကိုဝယ် ယူ တတ်၏။ ကိုယ်တိုင် လုပ်၍ရသောငွေနှင့် စပျစ် ဥယျာဉ်ကို ပြုစု တတ်၏။
17 Kaei oia i kona puhaka me ka ikaika, Hooikaika hoi oia i kona mau lima.
၁၇မိမိ ခါး ကို ခွန်အား နှင့် စည်း ၍ ၊ မိမိ လက် တို့ကိုသန်မြန် စေတတ်၏။
18 Hoao oia i kona waiwai i maikai ia; Aole i pio kona kukui i ka po.
၁၈မိမိ လုပ် သောဥစ္စာကောင်း သည်ကို ရိပ်မိ ၍၊ သူ ၏မီးခွက် သည် တညလုံး မ သေ တတ်။
19 O aku kona mau lima ma kahi e kau ai ke olona, Lalau kona mau lima i ka mea milo lope.
၁၉ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ် လက် နှင့် ကိုင် ၍ လုပ်ဆောင်တတ်၏။
20 O aku oia i kona mau lima i ka poe nele; Kikoo oia i kona mau lima i ka poe ilihune.
၂၀ဆင်းရဲ သောသူတို့အား လက် ကိုဖြန့် ၍ ၊ ငတ်မွတ် သောသူတို့အား လက်ရုံး ကိုဆန့် တတ်၏။
21 Aole ona makau e ana ko kona hale; No ka mea, pau ko kona hale i ke komo kapa ulaula.
၂၁မိုဃ်းပွင့် ကျသော်လည်း ၊ မိမိ အိမ်သူ အိမ်သားတို့ အတွက် မ စိုးရိမ်။ အိမ်သူ အိမ်သားအပေါင်း တို့သည် ကတ္တီပါနီ ကို ဝတ် ကြ၏။
22 Hana oia i na kapa hoalii nona iho; O ke kilika a me ka mea ulaula, oia kona kahiko ana.
၂၂ကိုယ် အဖို့ စောင် တို့ကို ရက် ၍၊ ပိတ်ချော နှင့် မောင်း သောအထည် ကို ဝတ်တတ်၏။
23 Ua ikeia kana kane ma na ipuka, I kona noho pu ana me na lunakahiko o ka aina.
၂၃သူ ၏ခင်ပွန်း သည်လည်း မြို့တံခါး တို့၌ ပြည် သားအသက်ကြီး သူတို့နှင့် ထိုင် ၍ ၊ ထင်ရှား သောသူဖြစ် ရ၏။
24 Hana oia i ka lole olona maikai, a kuai aku; Haawi oia i na kaei i ka poe kalepa.
၂၄ချော သောအထည်အလိပ်ကို ရက် ၍ ရောင်း တတ် ၏။ ခါးစည်း တို့ကိုလည်း ကုန်သည် ၌ ချ တတ်၏။
25 O ka ikaika, a o ka hanohano, oia kona kahiko ana; E hauoli oia i ka manawa mahope aku.
၂၅သူ လုပ်သောအထည် အလိပ်သည် ခိုင်ခံ့ ၍ ၊ လှ သောအဆင်းနှင့် ပြည့်စုံသဖြင့် ၊ သူသည်နောင် ကာလ ၌ ဝမ်းမြောက် လိမ့်မည်။
26 Oaka oia i kona waha ma ka naauao; A o ke aloha oia ke kanawai o kona alelo.
၂၆ပညာ စကားကို ပြော တတ်၍ ၊ မေတ္တာ တရား အားဖြင့် နှုတ်မြွတ် တတ်၏။
27 Kiai oia i ka hele ana o ko kona hale, A o ka ai no ka palaualelo, aole oia e ai iho.
၂၇အိမ်သူ အိမ်သား ပြုမူ သမျှတို့ကို ကြည့်ရှု တတ် ၏။ ပျင်းရိ ခြင်းအစာ ကို မ စား တတ်၊
28 Ku ae kana mau keiki a hoomaikai ia ia; O kana kane hoi, mahalo oia ia ia.
၂၈သူ ၏သားသမီး တို့သည်ထ ၍ ၊ အမိ ကို ကောင်းကြီး ပေးတတ်ကြ၏။ သူ ၏ခင်ပွန်း ကလည်း၊
29 Nui na kaikamahine i hana pono, A ua oi aku oe mamua o lakou a pau.
၂၉လူမျိုးသမီး အများ တို့သည် ကောင်းမွန် စွာ ပြု ကြ ပြီ။ သို့ရာတွင် ၊ သင် သည် ထိုသူ အပေါင်း တို့ကို လွန်ကဲ ပြီ ဟု သူ့ကို ချီးမွမ်း တတ်၏။
30 He hoopunipuni ke alohaia mai, he mea ole ka maka maikai; O ka wahine hoi i makau ia Iehova, oia ke hiilaniia.
၃၀ယဉ်ကျေး သောအရာသည် လှည့်စား ခြင်းနှင့် ယှဉ်တတ်၏။ လှ သောအဆင်းသည်လည်း အချည်းနှီး ဖြစ် ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော မိန်းမ မူကား၊ ချီးမွမ်း ခြင်းကိုခံရလိမ့်မည်။
31 E haawi aku nana i ka hua o kona mau lima; O kana mau hana, oia ke hiilani ia ia ma na ipuka.
၃၁ထိုသို့သော မိန်းမ ကျင့် ရာ အကျိုး ကို ပေး လော့။ သူ ပြု သောအမှုသည် မြို့တံခါး တို့၌ သူ ၏အသရေ ကို ထင်ရှားစေသတည်း။

< Solomona 31 >