< Na Helu 7 >

1 EIA hoi, I ka la a Mose i hoopau ai i ke kukulu ana i ka halelewa, a pau ia i ka poniia a me ka hoolaaia, oia a me na mea paahana a pau ona, o ke kuahu a me kona mau ipu a pau, a poni iho oia ia mau mea, a hoolaa hoi;
မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့၌၊
2 Alaila kaumaha aku la na luna o ka Iseraela, na luna o ka hale o ko lakou poe kupuna, o lakou na luna ohana, na mea i ku maluna o ka poe i heluia;
စာရင်းဝင်သောသူတို့ကို အုပ်၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေ အမျိုးသူကြီးမင်းတို့သည်၊
3 Lawe mai la lakou i ka lakou mau mohai imua o Iehova, i eono mau kaa i uhiia, a me na bipikauo he umikumamalua: hookahi kaa a na luna elua, a me ka bipi i pakahiia mai e kela mea keia mea: a lawe mai la lakou ia mau mea imua o ka halelewa.
မင်းတပါးနွားထီးတ ကောင်စီ၊ မင်းနှစ်ပါးအမိုး ပါသော ရထားတခုစီ၊ ရထားခြောက်ခု၊ နွားဆယ် နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ ဆောင်ခဲ့၍ ထာဝရ ဘုရားအား ပူဇော်သက္ကာပြုကြ၏။
4 Olelo mai la o Iehova ia Mose, i mai la,
ထာဝရဘုရားကလည်း သင်သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာတို့ ခံယူ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း လောဝိသား အသီးသီးတို့ အား ပေးလော့ဟု မိန့်တော်မူ၏။
5 E lawe oe [ia mau mea] na lakou mai, i lilo ia e hana i ka hana o ka halelewa o ke anaina; a e haawi aku oe ia mau mea no na Levi, i kela kanaka keia kanaka e like me kana e hana'i.
6 A lawe ae la o Mose i na kaa a me na bipi, a haawi aku la no na Levi.
မောရှေသည်ရထားနှင့် နွားတို့ကိုခံယူ၍ လေဝိသားတို့အား ပေးသဖြင့်
7 Haawi aku la ia i na kaa elua a me na bipi eha no na mamo a Geresona, e like me ka lakou mea e hana'i.
အမှုဆောင်ရွက်စရာရှိသည်အတိုင်း၊ ယဇ်ပုရော ဟိတ် အာရုန်၏သား ဣသမာအုပ်သော ဂေရရှုန်သားတို့ အား ရထားနှစ်ခုနှင့် နွားလေးကောင်တို့ကို၎င်း၊
8 Eha na kaa me na bipi ewalu kana i haawi aku ai no na mamo a Merari, e like me ka lakou mea e hana'i, malalo o ka lima o Itamara ke keiki a Aarona ke kahuna.
မေရာရိသားတို့အား ရထားလေးခုနှင့် နွားရှစ် ကောင်တို့ကို၎င်း ပေးလေ၏။
9 Aole ia i haawi aku no na mamo a Kohata, no ka mea, o ka oihana o ke keenakapu i pili ia lakou, he mea ia e amo ai maluna o ko lakou mau poohiwi.
သန်ရှင်းရာဌာနတော်မူကို စောင့်ရသော ကော ဟတ်သားတို့သည် မိမိတို့ ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့် နွားတို့ကိုမပေး။
10 Kaumaha aku la na luna i ka mohai hoolaa i ke kuahu, i ka la i poniia'i ia, a mohai aku la na luna i ka lakou mohai imua o ke kuahu.
၁၀ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင်ရှေ့မှာ အခြားသော ပူဇော်သက္ကာကို ပြုကြ၏။
11 Olelo mai la o Iehova ia Mose, E kaumaha lakou i ka lakou mohai, o kela luna keia luna i kona la iho, no ka hoolaa ana i ke kuahu.
၁၁ထာဝရဘုရားကလည်း၊ ယဇ်ပလ္လင်ကို အနု မောဒနာပြုစရာဘို့၊ မင်းအသီးအသီးတို့သည် နေ့ရက်အစဉ်အတိုင်း မိမိ ပူဇော်သက္ကာကိုပြုရကြမည်ဟု မောရှေအား မိန့်တော် မူ၏။
12 A o ka mea nana i kaumaha aku i kaua mohai i ka la mua, oia o Nahesona ko keiki a Aminadaba, no ka ohana a Iuda:
၁၂ထိုသို့နှင့်အညီ၊ ပဌမနေ့၌ ယုဒအမျိုး၊ အမိနဒပ် သားနာရှန်သည် ဆက်သော ပူဇော်သက္ကာဟူမူကား၊
13 A o kana mohai, hookahi ia pa kala, he haneri ia me kanakolu na sekela ma ke kau paona ana; hookahi bola kala, ho kanahiku na sekela, ma ka sekela o ke keenakapu, a ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၁၃အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
14 Hookahi puna, he umi sekela gula, ua piha i ka mea ala:
၁၄မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
15 Hookahi bipikeikikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၁၅မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
16 Hookahi keikikao i mohaihala:
၁၆အပြစ်ဖြေရာယဇ်ဘို့ဆိတ်သငယ်တကောင်၊
17 A no ka mohaihoomalu, elua bipi, elima hipakane, elima kaokane, elima hoi keikihipa o ka makahiki mua. Oia ka mohai a Nahesona ke keiki a Aminadaba.
၁၇မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို အမိနဒပ်သား နာရှုန်သည် ပူဇော်လေ ၏။
18 I ka lua o ka la, mohai aku la o Netaneela ke keiki a Zuara, ka luna o ka Isakara.
၁၈ဒုတိယနေ့၌ ဣသခါအမျိုးတွင် မင်းဖြစ်သော ဇုအာသား နာသနေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
19 Kaumaha aku la ia i kana mohai, hookahi ia pa kala, he haneri a mo kanakolu na sekela ma ke kau paona ana, hookahi bola kala, he Kanahiku sekela ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၁၉အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသောငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
20 Hookahi puna gula, he umi na sekela, ua piha i ka mea ala:
၂၀မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
21 Hookahi keikibipikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၂၁မီးရှို့ရာ ယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
22 Hookahi keikikao i mohaihala:
၂၂အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်၊
23 A no ka mohaihoomalu, i elua mau bipi, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Netaneela ke keiki a Zuara.
၂၃မိဿဟာယ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ ၏။
24 I ke kolu o ka la, kaumaha aku la o Eliaba ke keiki a Helona, ka luna o na mamo a Zebuluna.
၂၄တတိယနေ့၌ ဇာဗုလုန် အမျိုးတွင် မင်းဖြစ် သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သက္ကာ ဟူမူကား၊
25 O kana mohai, hookahi ia pa kala, he haneri a me kanakolu sekela ma ke kau paona ana, hookahi bola kala, he kanahiku sekela, ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၂၅အကျပ်တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေ ဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
26 Hookahi puna gula, he umi sekela, ua piha i ka mea ala.
၂၆မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း -
27 Hookahi keikibipikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၂၇မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊
28 Hookahi keikikao i mohaihala:
၂၈အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
29 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua Oia ka mohai a Eliaba ke keiki a Helona.
၂၉မိဿဟာယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဟေလုန်သား ဧလျာဘသည်ပူဇော်လေ၏။
30 I ka ha o ka la, kaumaha aku la o Elizura ke keiki a Sedeura, ka luna o na mamo a Reubena.
၃၀စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊
31 O kana mohai, hookahi pa kala, he haneri me ke kanakolu na sekela o ke kau paona ana, hookahi bola, he kanahiku na sekela, ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai.
၃၁အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
32 Hookahi puna gula, he umi na sekela, ua piha i ka mea ala.
၃၂မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
33 Hookahi keikibipikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni;
၃၃မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
34 Hookahi keikikao i mohaihala:
၃၄အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
35 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Elizura ke keiki a Sedeura.
၃၅မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ရှေဒုရသားဧလိ ဇုရသည်ပူဇော်လေ၏။
36 I ka lima o ka la, kaumaha aku la o Selumiela ke keiki a Zurisadai, ka luna o na mamo a Simeona.
၃၆ပဥ္စမနေ့၌ ရှိ မောင်အမျိုးတွင် မင်းဖြစ်သော ဇုရိရှဒ္ဒဲသား၊ ရှေလုမျေလဆက်သော ပူဇော်သက္ကာဟူ မူကား၊
37 O kana mohai, hookahi ia pa kala, he haneri me kanakolu sekela o ke kau paona ana, hookahi bola kala, he kanahiku na sekela, ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai.
၃၇အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
38 Hookahi puna gula, he umi na sekela, ua piha i ka mea ala.
၃၈မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ် တဆယ်အချိန်ရှိသော ရွှေဇွန်း
39 Hookahi keikibipikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၃၉မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
40 Hookahi kaokeiki i mohaihala:
၄၀အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
41 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Selumiela ke keiki a Zerusadai.
၄၁မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေ လုမျေလသည် ပူဇော် လေ၏။
42 I ke ono o ka la, kaumaha aku la o Eliasapa ke keiki a Deuela, ka luna o na mamo a Gada.
၄၂ဆဌမနေ့၌ ဂဒ်အမျိုးတွင် မင်းဖြစ်သော ဒွေလ သား၊ ဧလျာသပ် ဆက်သော ပူဇော်သက္ကယဟူမူကား၊
43 O kana mohai, hookahi ia ipu kala, he haneri me ke kanakolu na sekela ma ke kau paona ana, hookahi bola kala he kanahiku na sekela, ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawiliia me ka aila, i mohaiai:
၄၃အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊
44 Hookahi puna gula, he umi na sekela, ua piha i na mea ala:
၄၄မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
45 Hookahi keikibipikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni.
၄၅မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊ အခါမလည်သောသိုးသငယ်တကောင်၊
46 Hookahi keikikao i mohaihala:
၄၆အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်။
47 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua Oia ka mohai a Eliasapa ke keiki a Deuela.
၄၇မိဿဟာယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင် တို့ကို ဒွေလသား ဧလျာသပ်သည် ပူဇော်လေ၏။
48 I ka hiku o ka la, kaumaha aku la o Elisama, ke keiki a Amihuda, ka luna o na mamo a Eperaima.
၄၈သတ္တမနေ့၌ ဧဖရိမ်အမျိုးတွင် မင်းဖြစ်သော အမိဟုဒ်သား ဧလိရှမာဆက်သော ပူဇော်သက္ကာဟူ မူကား၊
49 O kana mohai, hookahi pa kala, hookahi ia haneri a me ke kanakolu na sekela ma ke kau paona ana, hookahi bola kala, he kanahiku na sekela ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၄၉အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သောမုန့်ညက်၊
50 Hookahi puna gula, he umi na sekela, ua piha i ka mea ala:
၅၀မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
51 Hookahi bipikeikikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၅၁မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
52 Hookahi keikikao i mohaihala:
၅၂အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်
53 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Elisama ke keiki a Amihuda.
၅၃မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို၊ အမိဟုဒ်သားဧလိရှာမာသည် ပူဇော် လေ၏။
54 I ka walu o ka la, kaumaha aku la o Gamaliela ke keiki a Pedazura, ka luna o na mamo a Manase.
၅၄
55 O kana mohai, hookahi pa kala, hookahi haneri a me kanakolu na sekela o ke kau paona ana, hookahi bola kala, he kanahiku na sekela, ma ka sekela o ke keenakapu, ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila i mohaiai:
၅၅အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇသ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့် ရော၍ အပြည့်ထည့်သော မုန့်ညက်၊
56 Hookahi puna gula, he umi na sekela, ua piha i ka mea ala:
၅၆မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း။
57 Hookahi bipikeikikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၅၇မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
58 Hookahi keikikao i mohaihala:
၅၈အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
59 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Gamaliela ke keiki a Pedazura.
၅၉မိဿာဟာယ၊ ယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ပေဒါဇုရသား ဂါမလျေလသည် ပူဇော် လေ၏၊
60 I ka iwa o ka la, kaumaha aku la o Abidana ke keiki a Gideoni, ka luna o na mamo a Beniamina.
၆၀နဝမနေ့၌ ဗင်္ယာမိန်အမျိုးတွင် မင်းဖြစ်သော ဂိဒေါနိသား အဘိဒန်ဆက်သော ပူဇော်သက္ကာဟူမူကား
61 O kana mohai, hookahi pa kala, hookahi haneri a me ke kanakolu na sekela o ke kau paona ana, hookahi bola, he kanahiku na sekela ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၆၁အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန်ရှိ သော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်၊
62 Hookahi puna gula, he umi na sekela, ua piha i ka mea ala:
၆၂မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း
63 Hookahi keikibipikane, hookahi hipakane, hookahi hipakeiki o ka makahiki mua, i mohaikuni:
၆၃မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
64 Hookahi keikikao i mohaihala:
၆၄အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
65 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Abidana ke keiki a Gideoni.
၆၅မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်တို့ကို ဂိဒေါနိသားအဘိဒန်သည် ပူဇော်လေ၏၊
66 I ka umi o ka la, kaumaha aku la o Ahiezera ke keiki a Amisadai, ka luna o na mamo a Dana.
၆၆ဒသမနေ့၌ ဒန်အမျိုးတွင် မင်းဖြစ်သော အမိ ရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သက္ကာဟူမူကား၊
67 O kana mohai, hookahi ia pa kala, hookahi haneri a me ke kanakolu na sekela o ke kau paona ana, hookahi bola kala, he kanahiku na sekela, ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၆၇အကျပ်တော်အလိုက် တပိသားသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
68 Hookahi puna gula, he umi sekela, ua piha i ka mea ala:
၆၈မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
69 Hookahi bipikeikikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၆၉မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
70 Hookahi keikikao i mohaihala:
၇၀အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
71 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Ahiezera ke keiki a Amisadai.
၇၁မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။
72 I ka umikumamakahi o ka la, i kaumaha aku ai o Pagiela, ke keiki a Okerana, ka luna o na mamo a Asera.
၇၂ဧကာဒသမနေ့၌ အာရှာအမျိုးတွင် မင်းဖြစ် သော ဩကရန်သား ပါဂျေလဆက်သော ပူဇော်သက္ကာဟူ မူကား။
73 O kana mohai, hookahi ia pa kala, hookahi haneri a me ke kanakolu na sekela o ke kau paona ana, hookahi bola kala, he kanahiku sekela, ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၇၃အကျပ်တော်အလိုက် တပိဿာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
74 Hookahi puna gula, he umi na sekela, ua piha i ka mea ala:
၇၄မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
75 Hookahi keikibipikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၇၅မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊
76 Hookahi keikikao i mohaihala:
၇၆အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
77 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Pagiela ke keiki a Okerana.
၇၇မိဿဟာယယဇ်ဘို့နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဩကရန်သားပါဂျေလသည် ပူဇော် လေ၏။
78 I ka umikumamalua o ka la, kaumaha aku la o Ahira ke keiki a Enana, ka luna o na mamo a Napetali.
၇၈ဒွါဒသမနေ့၌ နသာလိအမျိုးတွင် မင်းဖြစ်သော ဧနန်းသားအဟိရဆက်သော ပူဇော်သက္ကာ ဟူမူကား၊
79 O kana mohai, hookahi ia pa kala, hookahi haneri a me kanakolu na sekela o ke kau paona ana, hookahi bola kala, he kanahiku na sekela, ma ka sekela o ke keenakapu; ua piha ia mau mea a elua i ka palaoa i kawili pu ia me ka aila, i mohaiai:
၇၉အကျပ်တော်အလိုက် တပိဿာသုံးဆယ် အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ် ပူဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော ၍ အပြည့်ထည့်သော မုန့်ညက်။
80 Hookahi puna gula, he umi sekela, na piha i ka mea ala:
၈၀မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊
81 Hookahi keikibipikane, hookahi hipakane, hookahi keikihipa o ka makahiki mua, i mohaikuni:
၈၁မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုးသ ငယ်တကောင်၊ အခါမလည်သော သိုးသငယ်တကောင်၊
82 Hookahi keikikao i mohaihala:
၈၂အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊
83 A no ka mohaihoomalu, elua bipikane, elima hipakane, elima kaokane, elima keikihipa o ka makahiki mua. Oia ka mohai a Ahira ke keiki a Enana.
၈၃မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ဧနန်သား အဟိရသည် ပူဇော်လေ၏။
84 Oia ka hoolaa ana o ke kuahu, i ka la i poniia'i oia e na luna o ka Iseraela; he umikumamalua na pa kala, he umikumamalua na bola kala, he umikumamalua puna gula;
၈၄ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သော သူတို့ သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေ ဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်း ဆယ်နှစ်စင်း တည်း။
85 Hookahi haneri a me ke kanakolu na sekela ke kau paona ana o kela ipu kala o keia ipu kala, he kanahiku na sekela o kela bola keia bola: o na ipu kala a pau, he elua tausani eha haneri na sekela, ma ka sekela o ke keenakapu.
၈၅ငွေအင်တုံအချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ၊ ငွေဖလားအချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ်တော်အလိုက်၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။
86 O na puna gula he umikumamalua i piha i ka mea ala, he paumi na sekela, ma ka sekela o ke keenakapu: o ke gula a pau o na puna, he haneri a me ka iwakalua na sekela.
၈၆မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်း ဆယ်နှစ်စင်း အချိန်ကား၊ အကျပ်တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တပိဿာနှစ်ဆယ်ရှိသ တည်း။
87 O na bipikane a pau no ka mohaikuni, he umikumamalua na bipikane, o na hipakane he umikumamalua, o na keikihipa o ka makahiki mua, he umikumamalua, me ka lakou mohaiai: a o na keikikao no ka mohaihala, he umikumamalua.
၈၇မီးရှို့ရာယဇ်ဘို့ ဘောဇဉ် ပူဇောသက္ကာနှင့်တကွ နွားပေါင်းဆယ်နှစ်ကောင်၊ သိုးထီးဆယ်နှစ်ကောင်၊ အခါ မလည်သောသိုးသငယ် ဆယ်နှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်ပေါင်း ဆယ်နှစ်ကောင်၊
88 A o na bipikane a pau no ka mohaihoomalu, he iwakaluakumamaha na bipikane, he kanaono na hipakane, he kanaono na kaokane, he kanaono na keikihipa o ka makahiki mua. Oia ka hoolaa ana o ke kuahu mahope o kona poniia'na.
၈၈မိဿဟာယ ယဇ်ဘို့ နွားပေါင်း၊ နှစ်ဆယ် လေးကောင်၊ သိုးထီးခြောက်ဆယ်၊ ဆိတ်ထီးခြောက်ဆယ်၊ အခါမလည်သော သိုးသငယ်ခြောက်ဆယ်ရှိသတည်း။ ဤရွေ့ကား၊ယဇ်ပလ္လင် ဆီလူးသောနောက်၊ အနုမောဒနာပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။
89 A i ko Mose komo ana iloko o ka halelewa o ke anaina e olelo aku ia ia, alaila lohe ae la ia i ka leo e olelo mai ana ia ia mailuna mai o ka noho aloha, o ka mea maluna o ka pahu kanawai, mawaena o na keruba elua: a i mai la oia ia ia.
၈၉မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား၍ ထူးလေ၏။

< Na Helu 7 >